Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 25, 2016

ပုဂ္ဂလိက ရုပ်သံ လုပ်ငန်းအသစ်များ ခွင့်ပြုပေးတော့မည်


ရန်ကုန်၊ ဇူလိုင် ၂၅
ပုဂ္ဂလိက ရုပ်သံ ထုတ်လုပ်သည့် လုပ်ငန်းသစ်များ၏ ရုပ်သံ ထုတ်လွှင့်ခွင့်များကို ခွင့်ပြု ပေးသွားတော့မည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
ယခုလ (ဇူလိုင်လ)ကုန် သို့မဟုတ် နောက်လ သြဂုတ်လဆန်းတွင် ရုပ်သံ ထုတ်လွှင့်ရန် စိတ်ပါဝင်စားသည့် အဆိုပြုလွှာများကို ဖိတ်ခေါ်သွားမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိသူများကို တင်ဒါစနစ်ဖြင့် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ အမြဲတန်း အတွင်းဝန် ဦးမျိုးမြင့်မောင်က The Voice သို့ ပြောကြားသည်။
ရုပ်သံ ထုတ်လွှင့်မှု ဥပဒေ ရေးဆွဲမှု မပြီးဆုံးသေးသည့်အတွက် အသစ်လုပ်ကိုင်မည့် ရုပ်သံဌာနများ အနေနှင့် ထုတ်လွှင့်သည့် လိုင်းများကို ပိုင်ဆိုင်ခွင့်ရမည် မဟုတ်သော်လည်း လက်ရှိ အစိုးရက ထုတ်လွှင့်နေသည့် လိုင်းများကို ငှားရမ်း အသုံးပြုခွင့် ပေးသွားမည်ဟု ၎င်းက ဆိုသည်။
“ဥပဒေ မထွက်သေးတဲ့အတွက် လိုင်းတွေကိုတော့ အပိုင်ပေးလို့ မရသေးဘူး။ ကျွန်တော်တို့မှာ ရှိတဲ့ လိုင်းတွေထဲကမှ သင့်တင့်မျှတတဲ့ အရေအတွက်ကို မျှပေးမှာပေါ။့ မှန်းထားတာတော့ ဒီလကုန် သို့မဟုတ် နောက်လဆန်းထဲမှာ စိတ်ဝင်စားမှု အဆိုပြုလွှာ ပြုစုပြီး စိတ်ပါဝင်စားတဲ့ သူတွေကို ဖိတ်ခေါ်သွားမှာပေါ့ ပြီးရင် သတ်မှတ်ချက်တွေကို ရှင်းပြမယ်ပေါ။့ တင်ဒါစနစ် ဆိုရင်လည်း တင်ဒါစနစ်နဲ့ပေါ့” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိတွင် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း ထွက်ရှိထားပြီ ဖြစ်ပြီး နည်းဥပဒေ ထပ်မံ ထွက်ရှိရန်နှင့် ပြင်ဆင်ရန် လိုအပ်သည်များကို ပြင်ဆင်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။
ယင်းဥပဒေတွင် အစိုးရသစ်လက်ထက် ဝန်ကြီးဌာန အပြောင်းအလဲများ၊ ရုပ်သံလိုင်း ပိုင်ဆိုင်ခွင့်များ အပါအဝင် အချက် ခုနှစ်ချက်ခန့် ပြင်ဆင်ရန် ကျန်ရှိနေသေးပြီး နည်းဥပဒေ ထွက်ရှိရန် တစ်နှစ်နီးပါးခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။
Source.The voice

No comments:

Post a Comment