Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 11, 2016

၉၆၉ အမှတ်တံဆိပ် အသုံးပြုလှုပ်ရှားမှုများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ စည်းမျဉ်းဥပဒေများနှင့်မညီဟုဆို



Byမင်းဟိန်းကျော်အောင်ခိုင်On  Sat, 2013-09-07 13:52Locationရန်ကုန်Issue No.No.136 Saturday, September 7, 2013
ဗုဒ္ဓဘာသာ၏ အမှတ်တံဆိပ်အဖြစ် ၉၆၉ ကို အသုံးပြုလှုပ်ရှားနေခြင်းနှင့် သံဃာ့ကွန်ရက်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေခြင်းသည် သံဃမဟာနာယကအဖွဲ့မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ ဥပဒေများအရ ဖွဲ့စည်းဆောင်ရွက်ခွင့်မရှိကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်သည်။

အဆိုပါညွှန်ကြားလွှာကို သြဂုတ် ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်များသို့ ပေးပို့ထားသည်ဟု သိရသည်။
““အဲဒီစာ မရောက်သေးဘူး။ နာယကဆရာတော်ကြီးတွေဆီလည်း ရောက်တာမကြားသေးဘူး။ ဟိုတစ်ခါ တိုင်းဝန်ကြီးချုပ်ပို့တဲ့ အခမ်းအနားလုပ်ရင် နှစ်ပတ်ကြိုအသိပေးရမယ်ဆိုတဲ့စာတော့ ရတယ်။ ဘုန်းကြီးတို့ကတော့ ဘာသာရေးပဲလုပ်တာ၊ နိုင်ငံရေးမလုပ်ဘူး။ ငြိမ်းချမ်းစွာပဲ ဆောင်ရွက်တယ်။ အကြမ်းမဖက်ဘူး။ ထိပ်တိုက်ရင်ဆိုင်တာမလုပ်ဘူး။ ၉၆၉ ဆိုတာက ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော်ကတည်းက ပေါ်တာ။ နံပါတ်သင်္ကေတကတော့ အခုမှလုပ်တာပေါ့။ ဘုန်းကြီးတို့ လှုပ်ရှားမှုတွေက အမြဲတမ်း ငြိမ်းချမ်းစွာပဲ။ သက်ဆိုင်သူ ၀န်ကြီးတွေကိုတွေ့ရင် ရှင်းပြချင်ပါတယ်”” ဟု ဆရာတော်ဦးကေသရ(ထေရ၀ါဒဓမ္မကွန်ရက်)က မိန့် ကြားသည်။
ဇူလိုင် ၁၅ ရက်တွင် ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီဒုတိယအစည်းအဝေးမှ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၉၆၉ သာသနပါလက ဂဏ၀ါစကနှင့် သံဃာ့ကွန်ရက်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှုကို လိုအပ်သလို သြ၀ါဒပေးနိုင်ပါရန် လျှောက်ထားတင်ပြလာမှုအပေါ် ညွှန်ကြားချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သိရသည်။
သံဃမဟာနာယကအဖွဲ့ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်း အခန်း ၂၊ အပိုဒ် ၄၊ ၅၊ ၈ အရ လည်းကောင်း၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ အခန်း ၂၊ အပိုဒ် ၃၊ ၅ နှင့် အခန်း ၃ အပိုဒ် ၈၊ ၉ တို့အရလည်းကောင်း ညွှန်ကြားလွှာ ၈၁ အရ လည်းကောင်း ထိုကဲ့သို့ ဖွဲ့စည်းပိုင်ခွင့်မရှိခြင်းဖြစ်ကြောင်း ညွှန်ကြားလွှာတွင် ဖော်ပြထားသည်။

၉၆၉ အမှတ်တံဆိပ်နှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်း ကျယ်ပြန့်စွာ အသုံးပြုလာကြပြီးနောက် အဆိုပါအမှတ်တံဆိပ်သင်္ကေတကို ဗုဒ္ဓသာသနာတော် ညှိုးနွမ်းစေမည့်နေရာဌာနများတွင် အသုံးမပြုရန် ဇွန် ၁၄ ရက်က ပြုလုပ်ခဲ့သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲ၌ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း လှုံ့ဆော်မှုများပြုလုပ်နေသော ၉၆၉ လှုပ်ရှားသူအဖွဲ့များကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ယခုနှစ် ဇွန်လအတွင်းက အမေရိကန်နိုင်ငံသို့  သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။
7daydaily

No comments:

Post a Comment