Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, July 9, 2016

မဘသႏွင့္ပတ္သက္၍ တိုင္းအစိုးရႏွင့္ ပူးေပါင္းေဖာ္ထုတ္သြားမည္ ဆိုေသာသတင္း မဟုတ္မွန္ေၾကာင္း ဦးပါေမာကၡ ေျပာၾကား


အမ်ဳိးဘာသာေစာင့္ေရွာက္ေရးအဖြဲ႕ (မဘသ) အဖြဲ႔၀င္ေဟာင္းျဖစ္သူ မေကြးေက်ာင္း တိုက္ဆရာေတာ္ ဦးပါေမာကၡက မဘသ၏ ဥေဒႏွင့္မညီေသာ လုပ္ေဆာင္ခ်က္မ်ားကို ရန္ကုန္တိုင္း အစိုးရအဖြဲ႕ႏွင့္ ပူးေပါင္းေဖာ္ထုတ္သြားမည္ဟူေသာ သတင္းမွာ မဟုတ္မွန္ေၾကာင္း ၎က News Watch သို႔ ေျပာၾကားသည္။

“အဲဒီသတင္းေတြက အမ်ားသတင္းေတြပါ။ ဆရာေတာ္အေနနဲ႔ မဘသအဖြဲ႕ကို နစ္နာေအာင္မလုပ္ပါဘူး။ အစိုးရကိုလည္း နစ္နာေအာင္ဆိုတဲ့ဆႏၵမ်ဳိး ဘုန္းႀကီးမွာ မရွိပါဘူး။ အခု တက္ေနတဲ့ သတင္းေတြ ဟာ အမွားေတြပါ” ဟု ဆရာေတာ္က မိန္႔ၾကားသည္။

ဇူလိုင္ ၈ ရက္ေန႔မွ စတင္ကာ ဆရာေတာ္ ဦးပါေမာကၡက မဘသအဖြဲ႕၏ ဥပေဒႏွင့္မညီေသာ အခ်က္မ်ားပါ၀င္ သည့္ ဗီဒီယိုဖိုင္ကို အစိုးရအဖြဲ႕ထံ ေပးပို႔ထားၿပီးျဖစ္ေၾကာင္းႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ပူးေပါင္း ကာ မဘသအဖြဲ႕၏ ဥပေဒႏွင့္မညီေသာ ေဆာင္ရြက္ခ်က္မ်ားကို ေဖာ္ထုတ္သြားမည္ျဖစ္ေၾကာင္း သတင္းမ်ား လူမႈကြန္ရက္ေဖ့ဘြတ္ခ္စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔ေနခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ဦၿဖိဳးမင္းသိန္း၏ မဘသအဖြဲ႕မရွိသင့္ေၾကာင္း ေျပာဆိုမႈွႏွင့္ပတ္သက္ ၍ အျဖဴေရာင္မဘသရွိသင့္ၿပီး အေရာင္ဆိုးထားသည့္ မဘသမရွိသင့္ေၾကာင္း ဆရာေတာ္က ဆက္လက္မိန္႔ ၾကားသည္။

မေကြးေက်ာင္းတိုက္ဆရာေတာ္ ဦးပါေမာကၡသည္ မဘသ(ဗဟို) မွ ၂၀၁၆ ခုႏွစ္ ဇြန္လ ၂၇ ရက္တြင္ တရား၀င္ ႏုတ္ထြက္ခဲ့ၿပီး ဇူလိုင္ ၄ ရက္တြင္ မဘသ (ဗဟို) က ႏုတ္ထြက္ေၾကာင္းအသိအမွတ္ျပဳသည့္စာကို လက္ခံရရွိခဲ့ သည္ဟု ဆရာေတာ္ဦးပါေမာကၡက မိန္႔ၾကားသည္။

နႏၵမ်ဳိးေဆာင္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.......

အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အဖွဲ့ဝင်ဟောင်းဖြစ်သူ မကွေးကျောင်း တိုက်ဆရာတော် ဦးပါမောက္ခက မဘသ၏ ဥဒေနှင့်မညီသော လုပ်ဆောင်ချက်များကို ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် ပူးပေါင်းဖော်ထုတ်သွားမည်ဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း ၎င်းက News Watch သို့ ပြောကြားသည်။

“အဲဒီသတင်းတွေက အများသတင်းတွေပါ။ ဆရာတော်အနေနဲ့ မဘသအဖွဲ့ကို နစ်နာအောင်မလုပ်ပါဘူး။ အစိုးရကိုလည်း နစ်နာအောင်ဆိုတဲ့ဆန္ဒမျိုး ဘုန်းကြီးမှာ မရှိပါဘူး။ အခု တက်နေတဲ့ သတင်းတွေ ဟာ အမှားတွေပါ” ဟု ဆရာတော်က မိန့်ကြားသည်။

ဇူလိုင် ၈ ရက်နေ့မှ စတင်ကာ ဆရာတော် ဦးပါမောက္ခက မဘသအဖွဲ့၏ ဥပဒေနှင့်မညီသော အချက်များပါ၀င် သည့် ဗီဒီယိုဖိုင်ကို အစိုးရအဖွဲ့ထံ ပေးပို့ထားပြီးဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်း ကာ မဘသအဖွဲ့၏ ဥပဒေနှင့်မညီသော ဆောင်ရွက်ချက်များကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းများ လူမှုကွန်ရက်ဖေ့ဘွတ်ခ်စာမျက်နှာများတွင် ပျံ့နှံ့နေခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦဖြိုးမင်းသိန်း၏ မဘသအဖွဲ့မရှိသင့်ကြောင်း ပြောဆိုမှုှနှင့်ပတ်သက် ၍ အဖြူရောင်မဘသရှိသင့်ပြီး အရောင်ဆိုးထားသည့် မဘသမရှိသင့်ကြောင်း ဆရာတော်က ဆက်လက်မိန့် ကြားသည်။

မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခသည် မဘသ(ဗဟို) မှ ၂၀၁၆ ခုနှစ် ဇွန်လ ၂၇ ရက်တွင် တရားဝင် နုတ်ထွက်ခဲ့ပြီး ဇူလိုင် ၄ ရက်တွင် မဘသ (ဗဟို) က နုတ်ထွက်ကြောင်းအသိအမှတ်ပြုသည့်စာကို လက်ခံရရှိခဲ့ သည်ဟု ဆရာတော်ဦးပါမောက္ခက မိန့်ကြားသည်။

နန္ဒမျိုးဆောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment