Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 7, 2016



မဘသ အဖွဲ့ ရှိရန်မလိုအပ်ကြောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ ထံ ယနေ့  ၇.၇.၂၀၁၆ ရက်နေ့  မနက်ပိုင်းက လာရောက်လျှောက်ထားခဲ့ကြောင်း သိရသည် ။

ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ လျှောက်ထားရာတွင် နိုင်ငံတော်သံဃာ့ နာယက အဖွဲ့၏ ထုတ်ပြန်ထားသော သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်း အခန်း(၂) အခြေခံမူများအရ သံဃာ့အဖွဲ့အစည်း တစ်ခုသာထားရှိရမည်ဖြစ်ကြောင်း နှင့် ညွှန်ကြားလွှာ အမှတ် ၆၅ ၊ ၈၁ ၊ ၉၃ ၊ ၉၄ နှင့် အမိန့်အမှတ် ၆/၉၀၊ ၇/၉၀ ၊ သံဃာအဖွဲ့အစည်းဆိုင်ရာဥပဒေအမှတ် ၂၀/၉၀ နှင့် ညွှန်ကြားလွှာအမှတ်(၈၁)တို့ ကို ကိုးကားခဲ့ပြီး ထို ညွှန်ကြားလွှာများအရ နိုင်ငံတော် သံဃာနာယက အဖွဲ့  တစ်ဖွဲ့ တည်း ရှိရမည် ဖြစ်ပြီး မဘသ အဖွဲ့ ရှိရန် မလိုအပ်ကြောင်း လာရောက်လျှောက်ထားခဲ့ခြင်း ဖြစ်သည် ။


လက်ရှိ အခြေအနေတွင် သတင်းထုတ်ပြန်မှု မပြုသေးသော်လည်း ထိုကိစ္စမှာ နိုင်ငံတော် သံဃာ့ မဟာနာယက ၄၇ပါး စုံညီ အစည်းအဝေးသို့ တင်ပြကာ အဆုံးအဖြတ်ခံယူသွားနိုင်ဖွယ် ရှိကြောင်း စုံစမ်းသိရှိရသည် ။


https://www.facebook.com/1568175870141382/photos/a.1569108650048104.1073741828.1568175870141382/1581296365495999/?type=3&theater
..............
 မဘသ အဖွဲ ့ ရှိရန်မလို ဟု
ရန်ကုန်တိုင်း ၀န်ကြီးချုပ် လျှောက်ထား
မဘသ အဖွဲ ့ရှိရန်မလိုအပ်ကြောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ နိူင်ငံတော် သံဃာ့မဟာနာယက အဖွဲ ့ထံ ယနေ ့ ရ.၇.၂၀၁၆ ရက်နေ ့ မနက်ပိုင်းက လာရောက်လျှောက်ထားခဲ့ကြောင်း သိရသည် ။

ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ လျှောက်ထားရာတွင် နိုင်ငံတော်သံဃာ့ နာယက အဖွဲ့၏ ထုတ်ပြန်ထားသော သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်း အခန်း(၂) အခြေခံမူများအရ သံဃာ့အဖွဲ့အစည်း တစ်ခုသာထားရှိရမည်ဖြစ်ကြောင်း နှင့် ညွှန်ကြားလွှာ အမှတ် ၆၅ ၊ ၈၁ ၊ ၉၃ ၊ ၉၄ နှင့် အမိန့်အမှတ် ၆/၉၀၊ ရ/၉၀ ၊ သံဃာအဖွဲ့အစည်းဆိုင်ရာဥပဒေအမှတ် ၂၀/၉၀ နှင့် ညွှန်ကြားလွှာအမှတ်(၈၁)တို ့ကို ကိုးကားခဲ့ပြီး ထို ညွှန်ကြားလွှာများအရ နိူင်ငံတော် သံဃာနာယက အဖွဲ ့ တစ်ဖွဲ ့တည်း ရှိရမည် ဖြစ်ပြီး မဘသ အဖွဲ ့ရှိရန် မလိုအပ်ကြောင်း လာရောက်လျှောက်ထားခဲ့ခြင်း ဖြစ်သည် ။

ယနေ ့နေ ့လည် ၂နာရီအချိန် အင်းစိန်ရွာမ ကျောင်းတိုက်တွင် မဘသဦးဆောင် ဆရာတော်များ အစည်းအဝေး ပြုလုပ်ရန်ရှိနေပြီး ထို အစည်းအဝေးပြီးမှသာ သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း မဘသ ဆရာတော်တစ်ပါးမှ The Myanmar Review Journal သို ့ ပြောကြားသည် ။

လက်ရှိ အခြေအနေတွင် သတင်းထုတ်ပြန်မှု မပြုသေးသော်လည်း ထိုကိစ္စမှာ နိူင်ငံတော် သံဃာ ့မဟာနာယက ၄၇ပါး စုံညီ အစည်းအဝေးသို ့တင်ပြကာ အဆုံးအဖြတ်ခံယူသွားနိူင်ဖွယ် ရှိကြောင်း စုံစမ်းသိရှိရသည် ။

မဘသအဖွဲ ့တွင် ဥက္ကဌ အဖြစ် အင်းစိန်ရွာမဆရာတော်ဘုရားကြီး အရှင်တိလောကဘိ၀ံသ ၊ ဒုက္ကဌ ၁ အဖြစ် သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စစ်ကိုင်း ) နှင့် ဒု ဥက္ကဌ (၂) အဖြစ် အရှင်စိန္တာသာရ (မကွေးစိန္တာရာမကျောင်းတိုက် မကွေး ) ကဲ ့သို ့သော ဆရာတော်ကြီးများ အများအပြား ပါ၀င်ကြသည် ။

ဓာတ်ပုံ - မောင်မောင်အောင်

No comments:

Post a Comment