Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 14, 2016

Twilight Over Burma လူ႔အခြင့္အေရး ႐ုပ္ရွင္ပဲြေတာ္မွာ ျပသခြင့္ပိတ္ခံရ


Twilight Over Burma: My Life as a Shan Princess ( ဓါတ္ပံု-လူ႔အခြင့္အေရးနဲ႔ လူ႔ဂုဏ္သိကၡာ ႏိုင္ငံတကာ ႐ုပ္ရွင္ပဲြေတာ္)
ျမန္မာႏုိင္ငံမွာ က်င္းပေနတဲ့ ၂၀၁၆ ခုႏွစ္ လူ႔အခြင့္အေရးနဲ႔ လူ႔ဂုဏ္သိကၡာ ႏိုင္ငံတကာ ႐ုပ္ရွင္ပဲြေတာ္မွာ ျမန္မာႏုိင္ငံ အေၾကာင္း မွတ္တမ္းတင္ ႐ုိက္ကူးထားတဲ့ Twilight Over Burma ဇာတ္ကားကုိ ျပသခြင့္ ပိတ္ပင္လုိက္ပါတယ္။

သီေပါေစာ္ဘြားရဲ႕ မဟာေဒ၀ီျဖစ္ခဲ့တဲ့ ၾသစတီးယား အမ်ဳိးသမီးရဲ႕ ဘ၀ဇာတ္လမ္းကို ႐ိုက္ကူးထားတဲ့ ဇာတ္လမ္းထဲမွာ ရွမ္းတုိင္းရင္းသူေတြအေပၚ မတရားျပဳက်င့္မႈေတြကုိ ေဖာ္ျပရာမွာ ျမန္မာ့တပ္မေတာ္ရဲ႕ ပုံရိပ္ေတြကုိ ထိခုိက္ေစတယ္ဆုိၿပီး ျပသခြင့္ ပိတ္ပင္ခံခဲ့ရတာပါ။ သီေပါေစာ္ဘြား စ၀္ၾကာဆိုင္ရဲ႕ မဟာေဒ၀ီ စ၀္သုစႏၵီ ေခၚ Inge Sargent ကိုယ္တိုင္ေရးတဲ့ Twilight Over Burma: My life as a Shan Princess စာအုပ္ကို အေျခခံထားတဲ့ မွတ္တမ္းတင္ ဇာတ္ကားမွာေတာ့ ရွမ္းျပည္နယ္က လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံရမႈ အေျခအေနေတြကုိလည္း ထည့္သြင္း႐ုိက္ကူးထားတာ ျဖစ္ပါတယ္။

UDHR ေခၚတဲ့ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေၾကညာစာတမ္းပါ အေျခခံလူ႔အခြင့္အေရးေတြကို မွတ္တမ္းတင္ရုပ္ရွင္ကားကတဆင့္ အမ်ားျပည္သူနားလည္သိရိွလာေအာင္ ရုပ္ရွင္အတတ္ပညာကဆင့္ ေဖာ္ျပတဲ့ ပဲြေတာ္မွာျပသတဲ့ ရုပ္ရွင္ကားေတြထဲက ေဒၚေအာင္ဆန္းစုၾကည္ဆု၊ မင္းကိုႏိုင္ဆု၊ ဦး၀င္းတင္ဆုေတြကို ႏွစ္စဥ္ေရြးျခယ္ ခ်ီးျမွင့္ေနတာ ျဖစ္ပါတယ္။ ဒီႏွစ္မွာေတာ့ အဲဒီဆုေတြအျပင္ ဗီြအိုေအ အေမရိကန္အသံကလည္း ဗီြအိုေအဆုအေနနဲ႔ ဆုတစ္ဆု ခ်ီးျမင့္ဖို႔ရိွပါတယ္။ ရုပ္ရွင္ပဲြေတာ္မွာေတာ့ ျပည္တြင္းက ရိုက္ကူးတင္ဆက္တဲ့ကားနဲ႔ အၿပိဳင္၊ ႏိုင္ငံတကာ ရုပ္ရွင္ေတြလည္း ပါ၀င္မွာျဖစ္ပါတယ္။

ၿပိဳင္ပဲြ၀င္ရုပ္ရွင္ကားေတြကို ရန္ကုန္ ေနျပည္ေတာ္ရုပ္ရွင္ရံု၊ Junction ေမာ္တင္၊ Junction Square ရုပ္ရွင္ရံုေတြမွာ ဇြန္လ ၁၅ ရက္ေန႔ကေန ၁၈ ရက္ေန႔အထိ ျပသသြားမွာျဖစ္ၿပီး၊ ၁၉ ရက္ေန႔မွာေတာ့ ဆုေတြ ခ်ီးျမင့္သြားမွာျဖစ္ပါတယ္။

 ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........


Twilight Over Burma: My Life as a Shan Princess ( ဓါတ်ပုံ-လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်)
မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၆ ခုနှစ် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံ အကြောင်း မှတ်တမ်းတင် ရိုက်ကူးထားတဲ့ Twilight Over Burma ဇာတ်ကားကို ပြသခွင့် ပိတ်ပင်လိုက်ပါတယ်။

သီပေါစော်ဘွားရဲ့ မဟာဒေဝီဖြစ်ခဲ့တဲ့ သြစတီးယား အမျိုးသမီးရဲ့ ဘဝဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းထဲမှာ ရှမ်းတိုင်းရင်းသူတွေအပေါ် မတရားပြုကျင့်မှုတွေကို ဖော်ပြရာမှာ မြန်မာ့တပ်မတော်ရဲ့ ပုံရိပ်တွေကို ထိခိုက်စေတယ်ဆိုပြီး ပြသခွင့် ပိတ်ပင်ခံခဲ့ရတာပါ။ သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ မဟာဒေဝီ စဝ်သုစန္ဒီ ခေါ် Inge Sargent ကိုယ်တိုင်ရေးတဲ့ Twilight Over Burma: My life as a Shan Princess စာအုပ်ကို အခြေခံထားတဲ့ မှတ်တမ်းတင် ဇာတ်ကားမှာတော့ ရှမ်းပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေတွေကိုလည်း ထည့်သွင်းရိုက်ကူးထားတာ ဖြစ်ပါတယ်။

UDHR ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အခြေခံလူ့အခွင့်အရေးတွေကို မှတ်တမ်းတင်ရုပ်ရှင်ကားကတဆင့် အများပြည်သူနားလည်သိရှိလာအောင် ရုပ်ရှင်အတတ်ပညာကဆင့် ဖော်ပြတဲ့ ပွဲတော်မှာပြသတဲ့ ရုပ်ရှင်ကားတွေထဲက ဒေါ်အောင်ဆန်းစုကြည်ဆု၊ မင်းကိုနိုင်ဆု၊ ဦးဝင်းတင်ဆုတွေကို နှစ်စဉ်ရွေးခြယ် ချီးမြှင့်နေတာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ အဲဒီဆုတွေအပြင် ဗွီအိုအေ အမေရိကန်အသံကလည်း ဗွီအိုအေဆုအနေနဲ့ ဆုတစ်ဆု ချီးမြင့်ဖို့ရှိပါတယ်။ ရုပ်ရှင်ပွဲတော်မှာတော့ ပြည်တွင်းက ရိုက်ကူးတင်ဆက်တဲ့ကားနဲ့ အပြိုင်၊ နိုင်ငံတကာ ရုပ်ရှင်တွေလည်း ပါ၀င်မှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ရုပ်ရှင်ကားတွေကို ရန်ကုန် နေပြည်တော်ရုပ်ရှင်ရုံ၊ Junction မော်တင်၊ Junction Square ရုပ်ရှင်ရုံတွေမှာ ဇွန်လ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ပြသသွားမှာဖြစ်ပြီး၊ ၁၉ ရက်နေ့မှာတော့ ဆုတွေ ချီးမြင့်သွားမှာဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment