Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 20, 2016

Taxi တစ္စီးထဲ၌ ပါးစပ္ကုိ တိတ္ျဖင့္ပိတ္လ်က္ အသတ္ခံ ထားရေသာ အငွားယာဥ္ေမာင္း တစ္ဦး၏ အေလာင္း မဂၤလာဒုံၿမိဳ႕နယ္ ယႏၲရားတပ္အနီးတြင္ ေတြ႕ရွိ

မဂၤလာဒုံၿမိဳ႕နယ္ BE ယႏၲရားတပ္အနီး အငွားယာဥ္ တစ္စီးအတြင္း ပါးစပ္ကုိတိတ္ျဖင့္ပိတ္လ်က္ အသတ္ခံထားရသည့္ အမ်ိဳး သားတစ္ဦး၏ အေလာင္းကို ေတြ႕ရွိေၾကာင္း ဇြန္ ၂၀ ရက္တြင္ ေျမာက္ပုိင္းခ႐ုိင္ ရဲတပ္ဖြဲ႕မွ သိရသည္။
ဇြန္ ၁၉ ရက္ နံနက္ ၈ နာရီေက်ာ္ခန္႔က မဂၤလာဒုံၿမိဳ႕နယ္ ျပည္လမ္းမေပၚရွိ ၉၈၁ BE ယႏၲရားတပ္အနီး အငွားယာဥ္ တစ္စီးအတြင္း အမ်ဳိးသားတစ္ဦး၏ အေလာင္းအား ေတြ႕ရွိေၾကာင္း သတင္းရရွိသျဖင့္ သက္ဆုိင္ရာ ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူမ်ား သြားေရာက္ စစ္ေဆးခဲ့ရာ ယာဥ္အတြင္း ေသဆုံးေနသည့္ အဆုိပါ အမ်ဳိးသား အေလာင္းအား ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။
အေလာင္းအား စစ္ေဆးရာ ပါးစပ္ကိုတိတ္ျဖင့္ အပိတ္ခံထားရၿပီး ယာဘက္ရင္အုံတြင္ ထိုးသြင္းဒဏ္ရာ ႏွစ္ခ်က္၊ လက္သန္းတြင္ ျပတ္ရွဒဏ္ရာတစ္ခ်က္ ရရွိကာ ေသဆုံးေနျခင္းျဖစ္ေၾကာင္း သိရသည္။
"ကြၽန္ေတာ္တုိ႔ သတင္းၾကားလုိ႔ သြားၾကည့္ေတာ့ ရဲေတြေရာက္ေနၿပီ။ ရင္ဘတ္မွာလည္း ေသြးေတြရႊဲေနၿပီး ပါးစပ္မွာလည္း တိတ္အၾကည္ကပ္ၿပီး ပိတ္ထားတာေတြ႕ရတယ္။ အသက္ကေတာ့ ၄၀ ၀န္းက်င္ေလာက္ ခန္႔မွန္းရပါတယ္။ အဲဒီနား လာၾကည့္တဲ့သူေတြ ေျပာၾကတာေတာ့ ဒီ၀ါယာလက္ေစ်းနားက ဆုိင္ကယ္တက္စီဆြဲတဲ့ ေကာင္ေလးေတြက အဲဒီကားက မနက္ေလးငါးနာရီ ကတည္းက မီးေတြဖြင့္ၿပီး ရပ္ထားတာ ေတြ႕တယ္လုိ႔ေတာ့ ေျပာၾကတယ္" ဟု ျဖစ္စဥ္အား သြားေရာက္ၾကည့္႐ႈခဲ့သူ တစ္ဦးက ေျပာၾကားသည္။
ျဖစ္စဥ္အား ဆက္လက္စုံစမ္းရာ ေသဆုံးသူမွာ ကမာရြတ္ၿမိဳ႕နယ္တြင္ ေနထုိင္သူ ျဖစ္ေၾကာင္း သိရၿပီး အငွားယာဥ္ ေမာင္းႏွင္သူျဖစ္ေၾကာင္း သိရသည္။ ဇြန္ ၁၈ ရက္ မြန္းတည့္ ၁၂ နာရီခန္႔က အငွားယာဥ္ေမာင္းရန္ ေနအိမ္မွ ထြက္ခြာသြားရာတြင္ ျပန္လည္ေရာက္ရွိလာျခင္း မရွိေၾကာင္း သိရသည္။
"ကြၽန္ေတာ္တို႔ ဒီျဖစ္စဥ္ကုိ သတင္းရ ရခ်င္းပဲ ခ်က္ခ်င္းေဆာင္ရြက္ ခဲ႔ပါတယ္။ အခုလည္း တုိင္း၊ ခ႐ုိင္၊ ၿမိဳ႕နယ္က မႈခင္းရဲတပ္ဖြဲ႕၀င္ေတြ ပူးေပါင္းၿပီး စုံစမ္းစစ္ေဆး သင့္တာေတြကုိ ဆက္လက္ေဆာင္ရြက္ ေနပါတယ္" ဟု ေျမာက္ပုိင္းခ႐ုိင္ ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ဆိုသည္။ ျဖစ္စဥ္အား မဂၤလာဒုံၿမိဳ႕မ ရဲစခန္းမွ (ပ) ၄၈၆/၁၆၊ ျပစ္မႈပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ထားၿပီး က်ဴးလြန္သူအား ဖမ္းဆီးရမိေရး ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။
ေနမ်ဳိး၀င္း (EMG)
...........
Taxi တစ်စီးထဲ၌ ပါးစပ်ကို တိတ်ဖြင့်ပိတ်လျက် အသတ်ခံ ထားရသော အငှားယာဉ်မောင်း တစ်ဦး၏ အလောင်း မင်္ဂလာဒုံမြို့နယ် ယန္တရားတပ်အနီးတွင် တွေ့ရှိ
---------------------------------------------------------------------------
မင်္ဂလာဒုံမြို့နယ် BE ယန္တရားတပ်အနီး အငှားယာဉ် တစ်စီးအတွင်း ပါးစပ်ကိုတိတ်ဖြင့်ပိတ်လျက် အသတ်ခံထားရသည့် အမျိုး သားတစ်ဦး၏ အလောင်းကို တွေ့ရှိကြောင်း ဇွန် ၂၀ ရက်တွင် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။
ဇွန် ၁၉ ရက် နံနက် ၈ နာရီကျော်ခန့်က မင်္ဂလာဒုံမြို့နယ် ပြည်လမ်းမပေါ်ရှိ ၉၈၁ BE ယန္တရားတပ်အနီး အငှားယာဉ် တစ်စီးအတွင်း အမျိုးသားတစ်ဦး၏ အလောင်းအား တွေ့ရှိကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်းမှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ရာ ယာဉ်အတွင်း သေဆုံးနေသည့် အဆိုပါ အမျိုးသား အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အလောင်းအား စစ်ဆေးရာ ပါးစပ်ကိုတိတ်ဖြင့် အပိတ်ခံထားရပြီး ယာဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ လက်သန်းတွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိကာ သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ သတင်းကြားလို့ သွားကြည့်တော့ ရဲတွေရောက်နေပြီ။ ရင်ဘတ်မှာလည်း သွေးတွေရွှဲနေပြီး ပါးစပ်မှာလည်း တိတ်အကြည်ကပ်ပြီး ပိတ်ထားတာတွေ့ရတယ်။ အသက်ကတော့ ၄၀ ၀န်းကျင်လောက် ခန့်မှန်းရပါတယ်။ အဲဒီနား လာကြည့်တဲ့သူတွေ ပြောကြတာတော့ ဒီဝါယာလက်စျေးနားက ဆိုင်ကယ်တက်စီဆွဲတဲ့ ကောင်လေးတွေက အဲဒီကားက မနက်လေးငါးနာရီ ကတည်းက မီးတွေဖွင့်ပြီး ရပ်ထားတာ တွေ့တယ်လို့တော့ ပြောကြတယ်" ဟု ဖြစ်စဉ်အား သွားရောက်ကြည့်ရှုခဲ့သူ တစ်ဦးက ပြောကြားသည်။
ဖြစ်စဉ်အား ဆက်လက်စုံစမ်းရာ သေဆုံးသူမှာ ကမာရွတ်မြို့နယ်တွင် နေထိုင်သူ ဖြစ်ကြောင်း သိရပြီး အငှားယာဉ် မောင်းနှင်သူဖြစ်ကြောင်း သိရသည်။ ဇွန် ၁၈ ရက် မွန်းတည့် ၁၂ နာရီခန့်က အငှားယာဉ်မောင်းရန် နေအိမ်မှ ထွက်ခွာသွားရာတွင် ပြန်လည်ရောက်ရှိလာခြင်း မရှိကြောင်း သိရသည်။
"ကျွန်တော်တို့ ဒီဖြစ်စဉ်ကို သတင်းရ ရချင်းပဲ ချက်ချင်းဆောင်ရွက် ခဲ့ပါတယ်။ အခုလည်း တိုင်း၊ ခရိုင်၊ မြို့နယ်က မှုခင်းရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး စုံစမ်းစစ်ဆေး သင့်တာတွေကို ဆက်လက်ဆောင်ရွက် နေပါတယ်" ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။ ဖြစ်စဉ်အား မင်္ဂလာဒုံမြို့မ ရဲစခန်းမှ (ပ) ၄၈၆/၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
နေမျိုးဝင်း (EMG)

No comments:

Post a Comment