Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 20, 2016

Donald Trumpကိုလုပ္ၾကံဖို႔ၾကိဳးစားခဲ့တဲ့ ျဗိတိန္ႏိုင္ငံသား

Donald Trumpကိုလုပ္ၾကံဖို႔ၾကိဳးစားခဲ့တဲ့ ျဗိတိန္ႏိုင္ငံသား


By Shwemom - June 21, 2016

အသက္ ၂၀အရြယ္ ျဗိတိန္ႏိုုင္ငံသား Michael Sandford ဟာ Donald Trumpရဲ့ Autographကို
လိုခ်င္သေယာင္ဟန္ေဆာင္ကာ ေဘးမွာရွိတဲ့ရဲအရာရွိဆီက ေသနတ္ကိုလုယူျပီး လုပ္ၾကံဖို႔ၾကိဳးစား
ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ထိုလူငယ္ကိုေမးျမန္းခဲ့ျပီး ထိုလူငယ္ကိုယ္တိုင္ကလည္း ေဒၚနယ္ထရမ့္ကို
သတ္ဖို႔ဆိုတာ ဝန္ခံခဲ့ပါတယ္။

ရီဘာပလီကန္သမၼတေလာင္းျဖစ္တဲ့ ေဒၚနယ္ထရမ့္ကိုသတ္ဖို႔စီစဥ္ေနတာ တစ္ႏွစ္ခန္႔ရွိျပီျဖစ္ေၾကာင္း
လည္း ဝန္ခံခဲ့ပါတယ္။ အဆိုပါလူငယ္ဟာ Treasure Island Casinoမွာ ရဲအရာရွိတစ္ေယာက္နားကို
ခ်ဥ္းကပ္ျပီး ေဒၚနယ္ထရမ့္ရဲ့လက္မွတ္လိုခ်င္ေၾကာင္း ေျပာခဲ့ပါတယ္။

 သူ႕အေနနဲ႔ အေျခအေနေကာင္းတယ္လို႔ထင္ျပီး ရဲဆီက ေသနတ္ကိုဆြဲျပီး ထရမ့္ကိုသတ္ဖို႔ ၾကိဳးစား
ခဲ့ပါတယ္။ အဆိုပါလူငယ္ဟာ အေမရိကန္မွာေနထိုင္ေနတာ ၁၈လခန္႔ရွိျပီျဖစ္ေၾကာင္းလည္း သိရပါတယ္။ ဒီလိုလုုပ္ၾကံဖိုု႔ မၾကိဳးစားမီမွာMichael Sanfordဟာ Battlefield Vegasဆိုတဲ့ ေသနတ္ပစ္ကြင္းမွာ
အခ်က္၂၀ေလာက္သြားေရာက္ပစ္ခတ္ေလ့က်င့္ခဲ့တယ္လို႔ ေနာက္ပိုင္းစံုစမ္းမႈေတြအရသိခဲ့ရပါတယ္။

Sanfordဟာ သူကိုယ္တိုင္လည္း ထရမ့္ကိုလုုပ္ၾကံရင္ ေသသြားမယ္လို႔ ယူဆခဲ့ေၾကာင္းဝန္ခံခဲ့ပါတယ္။
သူဟာ USမွာတရားမဝင္ေနထိုင္ေနသူျဖစ္ျပီး အိမ္မရွိပဲ ကားထဲမွာပဲေနထိုုင္သူျဖစ္ပါတယ္။
လူငယ္ရဲ့ေရွ႕ေနကေတာ့ လူငယ္ဟာ စိတ္မမွန္တဲ့ေရာဂါရွိျပိး အရင္ကလည္း မိမိကိုယ္ကိုေသေၾကာင္း
ၾကံစည္ဖူးတယ္လို႔ ထြက္ဆိုခဲ့ပါတယ္။ အခုထက္ထိေတာ့ျပစ္ဒဏ္မခ်မွတ္ရေသးပဲ စံုစမ္းေနဆဲျဖစ္ပါတယ္။

Source: thesun

Shwemom

..................................................

Donald Trumpကိုလုပ်ကြံဖို့ကြိုးစားခဲ့တဲ့ ဗြိတိန်နိုင်ငံသား
By Shwemom - June 21, 2016

အသက် ၂၀အရွယ် ဗြိတိန်နိုုင်ငံသား Michael Sandford ဟာ Donald Trumpရဲ့ Autographကို
လိုချင်သယောင်ဟန်ဆောင်ကာ ဘေးမှာရှိတဲ့ရဲအရာရှိဆီက သေနတ်ကိုလုယူပြီး လုပ်ကြံဖို့ကြိုးစား
ခဲ့ပါတယ်။ နောက်ပိုင်းမှာ ထိုလူငယ်ကိုမေးမြန်းခဲ့ပြီး ထိုလူငယ်ကိုယ်တိုင်ကလည်း ဒေါ်နယ်ထရမ့်ကို
သတ်ဖို့ဆိုတာ ဝန်ခံခဲ့ပါတယ်။

ရီဘာပလီကန်သမ္မတလောင်းဖြစ်တဲ့ ဒေါ်နယ်ထရမ့်ကိုသတ်ဖို့စီစဉ်နေတာ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း
လည်း ဝန်ခံခဲ့ပါတယ်။ အဆိုပါလူငယ်ဟာ Treasure Island Casinoမှာ ရဲအရာရှိတစ်ယောက်နားကို
ချဉ်းကပ်ပြီး ဒေါ်နယ်ထရမ့်ရဲ့လက်မှတ်လိုချင်ကြောင်း ပြောခဲ့ပါတယ်။

 သူ့အနေနဲ့ အခြေအနေကောင်းတယ်လို့ထင်ပြီး ရဲဆီက သေနတ်ကိုဆွဲပြီး ထရမ့်ကိုသတ်ဖို့ ကြိုးစား
ခဲ့ပါတယ်။ အဆိုပါလူငယ်ဟာ အမေရိကန်မှာနေထိုင်နေတာ ၁၈လခန့်ရှိပြီဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီလိုလုုပ်ကြံဖိုု့ မကြိုးစားမီမှာMichael Sanfordဟာ Battlefield Vegasဆိုတဲ့ သေနတ်ပစ်ကွင်းမှာ
အချက်၂၀လောက်သွားရောက်ပစ်ခတ်လေ့ကျင့်ခဲ့တယ်လို့ နောက်ပိုင်းစုံစမ်းမှုတွေအရသိခဲ့ရပါတယ်။

Sanfordဟာ သူကိုယ်တိုင်လည်း ထရမ့်ကိုလုုပ်ကြံရင် သေသွားမယ်လို့ ယူဆခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။
သူဟာ USမှာတရားမဝင်နေထိုင်နေသူဖြစ်ပြီး အိမ်မရှိပဲ ကားထဲမှာပဲနေထိုုင်သူဖြစ်ပါတယ်။
လူငယ်ရဲ့ရှေ့နေကတော့ လူငယ်ဟာ စိတ်မမှန်တဲ့ရောဂါရှိပြိး အရင်ကလည်း မိမိကိုယ်ကိုသေကြောင်း
ကြံစည်ဖူးတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ အခုထက်ထိတော့ပြစ်ဒဏ်မချမှတ်ရသေးပဲ စုံစမ်းနေဆဲဖြစ်ပါတယ်။

Source: thesun

Shwemom


No comments:

Post a Comment