Serial Killerလူသတ္ရာဇာကုိမွ ခ်စ္မိေနတယ္ဆုိတဲ့ အမ်ိဳးသမီး
By netsetaw - June 24, 2016
တစ္ခါတေလ လူ႔စိတ္ဆုိတာ အေတာ္ခက္ပါတယ္။ မတမ္းတသင့္တာကုိမွ တမ္းတတတ္ၿပီး၊ မစားသင့္ဘူးဆုိမွ ခုိးၿပီးစားၾကည့္ခ်င္တဲ့ သေဘာပါ။ ခက္တာကုိမွ ႀကိဳးစားလုိၾကၿပီး၊ ေပါေပါေလာေလာ ရႏုိင္တာမ်ိဳးက်ေတာ့ စိတ္ထဲ သိပ္ တန္ဖုိးမထားခ်င္ၾကပါဘူး။ အခုလည္း ဆုိက္ေဘးရီးယန္းႏြယ္ဖြား Natalya အမည္ရတဲ့ အသက္ 29 ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးဟာ လူ 49 ေယာက္ကို ရက္ရက္စက္စက္သတ္ၿပီး ေထာင္ဒဏ္က်ခဲ့ေနရတဲ့ အသက္ 42 ႏွစ္အရြယ္ ႐ုရွႏုိင္ငံသား Alexander Pichushkin ကုိမွ လက္ထပ္ခ်င္တယ္လုိ႔ ဖြင့္ဟလာပါတယ္။ Alexander ဟာ လူ 49 ေယာက္ကုိ ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့သူ ျဖစ္ၿပီး မေရတြက္ႏုိင္တဲ့ ေထာင္ဒဏ္ကို က်ခံေနရသူ ျဖစ္ပါတယ္။ သူဟာ ကံေကာင္းေထာက္မလုိ႔ ေထာင္က လြတ္ခဲ့ရင္ေတာင္ လူေတြသတ္၊ မုဒိမ္းေတြက်င့္ စတဲ့ရာဇ၀တ္မႈေတြ ျပန္လုပ္မွာျဖစ္ေၾကာင္း အတိအလင္း
၀န္ခံထားၿပီး၊ လက္ရွိအခ်ိန္မွာေတာ့ ႐ုရွႏုိင္ငံရဲ႕ နာမည္အႀကီးဆုံးေထာင္ျဖစ္တဲ့ Polar Owl အက်ဥ္းေထာင္မွာ ထိန္းသိမ္းထားပါတယ္။ အဆုိပါအက်ဥ္းေထာင္ဟာ သိပ္ကုိဆုိးသြမ္းသူေတြသာ ပုိေလ့ရွိတဲ့ သီးသန္႔အက်ဥ္းေထာင္ျဖစ္ၿပီး ထြက္
ေျပးလုိ႔ ေထာင္ျပင္ကုိေရာက္ခဲ့ရင္ေတာင္မွ အလြန္ျပင္းထန္တဲ့ ေဆာင္းရာသီေၾကာင့္ နာရီပုိင္းအတြင္း ေသဆုံးႏုိင္ၿပီး German Shepherd ေခြးဆုိးႀကီးေတြရဲ႕ စက္ကြင္းကလည္း မလြတ္ႏုိင္ပါဘူး။
ဒါေပမယ့္ လြတ္လမ္းမရွိတဲ့ Alexander ဆီကို အမ်ိဳးသမီးေပါင္း အမ်ိဳးသမီး 80 ေလာက္က ေမတၱာသက္၀င္ေၾကာင္း စာေတြ ေရးပုိ႔ခဲ့ၿပီး အဲဒီအထဲမွာ Natalya လည္း အပါအ၀င္ ျဖစ္ပါတယ္။ သူမဟာ ကေလးကစားစရာ အ႐ုပ္ေရာင္တဲ့ဆုိင္မွာ အလုပ္လုပ္တာပါ။ အခုအခ်ိန္မွာ သူမဟာ Alexander ရဲ႕ ေနာက္နာမည္စာလုံးျဖစ္တဲ့ Pichushkin ကုိ ယူၿပီး Natalya Pichushkin လုိ႔ သူမကုိယ္သူမ ကင္ပြန္းတပ္ထားပါတယ္။ Alexander ကလည္း သူမဆီကို ေမတၱာစာေတြ ျပန္ေရးခဲ့ၿပီး တစ္ခ်ိန္ခ်ိန္မွာ နီးရမယ္လုိ႔ သူမက ေမွ်ာ္လင့္ထားပါတယ္။ Alexander ဟာ သူ ေထာင္ကထြက္တဲ့အခါ ေသြးသားလုိအပ္ခ်က္အရ လူ 60 ျပည့္ေအာင္အထိ သတ္ျဖတ္မွ ျဖစ္မယ္လုိ႔ တီဗြီအစီစဥ္တစ္ခုနဲ႔ အင္တာဗ်ဴးမွာ ေျဖခဲ့ပါေသးတယ္။ သူက ” ကၽြန္ေတာ့္ကိုသာ အျပင္ထြက္ခြင့္ေပးရင္ … လူႏွစ္ေယာက္ေလာက္ စိမ္ေျပနေျပထုိင္သတ္ၿပီး … ေဗာ့ဒကာေလး ေအးေအးေဆးေဆး ေသာက္ခ်င္ပါတယ္ “လုိ႔ ေျပာခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ Alexander နဲ႔ Natalya တုိ႔ဟာ စာအဆက္အသြယ္ လုပ္ခြင့္မရေတာ့ဘဲ အာဏာပုိင္ေတြရဲ႕ ပိတ္ဆုိ႔မႈကုိ ခံထားရတာ ႏွစ္ႏွစ္ေလာက္ ရွိပါၿပီ။ သူမဟာ အဲဒီအတြက္ အလြန္အမင္း ေဒါသထြက္လွ်က္ ရွိၿပီး၊ သူမက ” သူ ကၽြန္မကုိ ခ်စ္ခြင့္ေတာင္းခံၿပီးေနာက္ ဘာကုိမွ မေျပာင္းလဲပါဘူး … လူေတြ ဘာေတြပဲ ေျပာၾကပါေစ … ကၽြန္မကေတာ့ အသက္ထက္ ပုိၿပီးခ်စ္ပါတယ္ … သူနဲ႔ေ၀းဖုိ႔ ဘယ္ေတာ့မွ စိတ္မကူူးပါဘူး … ကၽြန္မတုိ႔ခ်င္း အဆက္အသြယ္မရတာ ၾကာပါၿပီ … ဒါကုိ မလုိသူေတြက ၾကား၀င္ေႏွာက္ယွက္ေနတာလုိ႔ပဲ ျမင္ပါတယ္ … ကၽြန္မတုိ႕ခ်င္း ခ်စ္တဲ့စိတ္ကေတာ့ လုံး၀ မေျပာင္းလဲပါဘူး “လုိ႔ ဖြင့္ဟခဲ့ပါတယ္။ Natalya နဲ႔ လူသတ္ရာဇာ Alexander တုိ႔ဟာ သူမ အသက္ 22 အရြယ္ကတည္းက စတင္ခ်စ္ကၽြမ္း၀င္ခဲ့တာ ျဖစ္ၿပီး၊ ထုိစဥ္က Alexander ဟာ လူသတ္မႈေတြအတြက္ ေထာင္ဒဏ္စတင္က်ခံရခ်ိန္လည္း ျဖစ္ပါတယ္။ Natalya ဟာ လူသတ္ရာဇာနဲ႔ လက္ထပ္ရလိမ့္မယ္လုိ႔ ယုံၾကည္ေနၿပီး … သတုိ႔သမီး၀တ္စုံနဲ႔ ဓာတ္ပုံ႐ုိက္ျခင္းတုိ႔ လုပ္ေနတဲ့အျပင္ လက္ရွိအခ်ိန္မွာ Alexander ရဲ႕ အေမနဲ႔လည္း ဆက္ဆံေရးအထူးေကာင္းမြန္ေနတယ္လုိ႔ သိရပါတယ္။
source : thesun.co.uk
........................................................................
Serial Killerလူသတ်ရာဇာကိုမှ ချစ်မိနေတယ်ဆိုတဲ့ အမျိုးသမီး
By netsetaw - June 24, 2016
တစ်ခါတလေ လူ့စိတ်ဆိုတာ အတော်ခက်ပါတယ်။ မတမ်းတသင့်တာကိုမှ တမ်းတတတ်ပြီး၊ မစားသင့်ဘူးဆိုမှ ခိုးပြီးစားကြည့်ချင်တဲ့ သဘောပါ။ ခက်တာကိုမှ ကြိုးစားလိုကြပြီး၊ ပေါပေါလောလော ရနိုင်တာမျိုးကျတော့ စိတ်ထဲ သိပ် တန်ဖိုးမထားချင်ကြပါဘူး။ အခုလည်း ဆိုက်ဘေးရီးယန်းနွယ်ဖွား Natalya အမည်ရတဲ့ အသက် 29 နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ လူ 49 ယောက်ကို ရက်ရက်စက်စက်သတ်ပြီး ထောင်ဒဏ်ကျခဲ့နေရတဲ့ အသက် 42 နှစ်အရွယ် ရုရှနိုင်ငံသား Alexander Pichushkin ကိုမှ လက်ထပ်ချင်တယ်လို့ ဖွင့်ဟလာပါတယ်။ Alexander ဟာ လူ 49 ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူ ဖြစ်ပြီး မရေတွက်နိုင်တဲ့ ထောင်ဒဏ်ကို ကျခံနေရသူ ဖြစ်ပါတယ်။ သူဟာ ကံကောင်းထောက်မလို့ ထောင်က လွတ်ခဲ့ရင်တောင် လူတွေသတ်၊ မုဒိမ်းတွေကျင့် စတဲ့ရာဇဝတ်မှုတွေ ပြန်လုပ်မှာဖြစ်ကြောင်း အတိအလင်း
၀န်ခံထားပြီး၊ လက်ရှိအချိန်မှာတော့ ရုရှနိုင်ငံရဲ့ နာမည်အကြီးဆုံးထောင်ဖြစ်တဲ့ Polar Owl အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ အဆိုပါအကျဉ်းထောင်ဟာ သိပ်ကိုဆိုးသွမ်းသူတွေသာ ပိုလေ့ရှိတဲ့ သီးသန့်အကျဉ်းထောင်ဖြစ်ပြီး ထွက်
ပြေးလို့ ထောင်ပြင်ကိုရောက်ခဲ့ရင်တောင်မှ အလွန်ပြင်းထန်တဲ့ ဆောင်းရာသီကြောင့် နာရီပိုင်းအတွင်း သေဆုံးနိုင်ပြီး German Shepherd ခွေးဆိုးကြီးတွေရဲ့ စက်ကွင်းကလည်း မလွတ်နိုင်ပါဘူး။
ဒါပေမယ့် လွတ်လမ်းမရှိတဲ့ Alexander ဆီကို အမျိုးသမီးပေါင်း အမျိုးသမီး 80 လောက်က မေတ္တာသက်ဝင်ကြောင်း စာတွေ ရေးပို့ခဲ့ပြီး အဲဒီအထဲမှာ Natalya လည်း အပါအဝင် ဖြစ်ပါတယ်။ သူမဟာ ကလေးကစားစရာ အရုပ်ရောင်တဲ့ဆိုင်မှာ အလုပ်လုပ်တာပါ။ အခုအချိန်မှာ သူမဟာ Alexander ရဲ့ နောက်နာမည်စာလုံးဖြစ်တဲ့ Pichushkin ကို ယူပြီး Natalya Pichushkin လို့ သူမကိုယ်သူမ ကင်ပွန်းတပ်ထားပါတယ်။ Alexander ကလည်း သူမဆီကို မေတ္တာစာတွေ ပြန်ရေးခဲ့ပြီး တစ်ချိန်ချိန်မှာ နီးရမယ်လို့ သူမက မျှော်လင့်ထားပါတယ်။ Alexander ဟာ သူ ထောင်ကထွက်တဲ့အခါ သွေးသားလိုအပ်ချက်အရ လူ 60 ပြည့်အောင်အထိ သတ်ဖြတ်မှ ဖြစ်မယ်လို့ တီဗွီအစီစဉ်တစ်ခုနဲ့ အင်တာဗျူးမှာ ဖြေခဲ့ပါသေးတယ်။ သူက ” ကျွန်တော့်ကိုသာ အပြင်ထွက်ခွင့်ပေးရင် … လူနှစ်ယောက်လောက် စိမ်ပြေနပြေထိုင်သတ်ပြီး … ဗော့ဒကာလေး အေးအေးဆေးဆေး သောက်ချင်ပါတယ် “လို့ ပြောခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ Alexander နဲ့ Natalya တို့ဟာ စာအဆက်အသွယ် လုပ်ခွင့်မရတော့ဘဲ အာဏာပိုင်တွေရဲ့ ပိတ်ဆို့မှုကို ခံထားရတာ နှစ်နှစ်လောက် ရှိပါပြီ။ သူမဟာ အဲဒီအတွက် အလွန်အမင်း ဒေါသထွက်လျှက် ရှိပြီး၊ သူမက ” သူ ကျွန်မကို ချစ်ခွင့်တောင်းခံပြီးနောက် ဘာကိုမှ မပြောင်းလဲပါဘူး … လူတွေ ဘာတွေပဲ ပြောကြပါစေ … ကျွန်မကတော့ အသက်ထက် ပိုပြီးချစ်ပါတယ် … သူနဲ့ဝေးဖို့ ဘယ်တော့မှ စိတ်မကူူးပါဘူး … ကျွန်မတို့ချင်း အဆက်အသွယ်မရတာ ကြာပါပြီ … ဒါကို မလိုသူတွေက ကြားဝင်နှောက်ယှက်နေတာလို့ပဲ မြင်ပါတယ် … ကျွန်မတို့ချင်း ချစ်တဲ့စိတ်ကတော့ လုံးဝ မပြောင်းလဲပါဘူး “လို့ ဖွင့်ဟခဲ့ပါတယ်။ Natalya နဲ့ လူသတ်ရာဇာ Alexander တို့ဟာ သူမ အသက် 22 အရွယ်ကတည်းက စတင်ချစ်ကျွမ်းဝင်ခဲ့တာ ဖြစ်ပြီး၊ ထိုစဉ်က Alexander ဟာ လူသတ်မှုတွေအတွက် ထောင်ဒဏ်စတင်ကျခံရချိန်လည်း ဖြစ်ပါတယ်။ Natalya ဟာ လူသတ်ရာဇာနဲ့ လက်ထပ်ရလိမ့်မယ်လို့ ယုံကြည်နေပြီး … သတို့သမီးဝတ်စုံနဲ့ ဓာတ်ပုံရိုက်ခြင်းတို့ လုပ်နေတဲ့အပြင် လက်ရှိအချိန်မှာ Alexander ရဲ့ အမေနဲ့လည်း ဆက်ဆံရေးအထူးကောင်းမွန်နေတယ်လို့ သိရပါတယ်။
source : thesun.co.uk
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, June 26, 2016
Serial Killerလူသတ္ရာဇာကုိမွ ခ်စ္မိေနတယ္ဆုိတဲ့ အမ်ိဳးသမီး
Serial Killerလူသတ္ရာဇာကုိမွ ခ်စ္မိေနတယ္ဆုိတဲ့ အမ်ိဳးသမီး
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 26, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 26, 2016
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment