Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, June 26, 2016

အစိုးရတပ္မေတာ္ ပိတ္ခိုင္းသည့္ ထီးခီးဂိတ္ျပႆနာကို ၿငိမ္းခ်မ္းစြာေျဖရွင္းမည္ဟု KNU ဘိတ္-ထား၀ယ္ခ႐ိုင္ဥကၠ႒ ေျပာ


ဇြန္ ၂၅ရက္၊ ၂၀၁၆ခုႏွစ္။ စဖန္းေရွာင္း

ကရင္အမ်ဳိးသားအစည္းအ႐ံုး-KNU ဘိတ္-ထား၀ယ္ခ႐ိုင္အတြင္းရွိ KNU ဂိတ္တစ္ခုျဖစ္သည့္ ထီးခီးဂိတ္ကုိ ဖယ္ရွားေပးရန္ ေဒသအေျခစိုက္ အစုိးရတပ္မေတာ္ဘက္မွ ေျပာဆိုလာမႈအေပၚ ၿငိမ္းခ်မ္းသည့္နည္းျဖင့္သာ ညိႇႏိႈင္းေျဖရွင္းသြားမည္ျဖစ္ ေၾကာင္း အဆုိပါ KNU ခ႐ိုင္၏ ဥကၠဌ ပဒိုေစာဆာပိတုက ေကအုိင္စီသို႔ ေျပာသည္။

၎က “ဒီကိစၥေတြနဲ႔ပတ္သက္ၿပီးေတာ့ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္တဲ့ကာလအတြင္း က်ေနာ္တို႔လူႀကီးေတြ နားလည္မႈ ယူထား တယ္။ ဒါကလည္း က်ေနာ္တို႔ တပ္ဖြဲ႔၀င္ေတြ စား၀တ္ေနေရးေျဖရွင္းဖို႔အတြက္ ျဖစ္ပါတယ္။ ေခါင္းေဆာင္လူႀကီးေတြရဲ႕ လမ္း ညႊန္မႈနဲ႔ က်ေနာ္တို႔အေနနဲ႔က ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ပဲ တစ္ဆင့္ခ်င္း ညိႇႏိႈင္းေဆြးေႏြး အေျဖရွာသြားမွာ ျဖစ္ပါတယ္”ဟု ယေန႔ ေျပာ သည္။

လက္ရွိ ျဖစ္ေပၚေနသည့္ျပႆနာကို ယခုႏွစ္ ေဖေဖာ္၀ါရီ ၂၅ရက္ေန႔က ၿမိတ္ၿမိဳ႕၌ ဖဲြ႔စည္းခဲ့သည့္ အစိုးရဘက္မွ ကရခ (ကမ္း႐ုိး တန္းတုိင္းစစ္ဌာနခ်ဳပ္)တိုင္းမႉး အပါအ၀င္ KNU ေခါင္းေဆာင္အခ်ဳိ႕ႏွင့္ အရပ္သား ကိုယ္စားလွယ္မ်ားပါ၀င္ေသာ အဖြဲ႔၀င္ ၁၄ဦး ပါ ျပည္နယ္ (သို႔) တိုင္းေဒသႀကီးအဆင့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ JMC-S မွ ေဆြး ေႏြးအေျဖရွာရမည္ျဖစ္ေၾကာင္း ပဒိုေစာဆာပိတုက ဆက္ေျပာသည္။

ေဒသစစ္ဆင္ေရးႏွင့္ ကြပ္ကဲေရးဌာနခ်ဳပ္(ဒကစ-၃)၏ ညႊန္ၾကားမႈျဖင့္ ဇြန္လ ၂၀ရက္ေန႔၊ ညေန ၃နာရီအခ်ိန္တြင္ ခလရ(၁၇) ယာယီ တပ္ရင္းမႉး ဗိုလ္မႉးတစ္ဦး အပါအ၀င္ ဒုညြန္မႉးတစ္ဦး၊ စရဖ တာ၀န္ခံတစ္ဦးသည္ ထုိဂိတ္သုိ႔ ေရာက္ရွိလာၿပီး သုံးရက္အ တြင္း ဂိတ္ကုိ ဖယ္ရွားေပးရန္ ေျပာဆိုလာသည့္အတြက္ ယခုလိုႏွစ္ဘက္ မေက်လည္မႈမ်ား ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

၎အျပင္ နယ္လံု၀န္ႀကီး ဗိုလ္မႉးႀကီးေဇာ္လြင္က ဇြန္လ ၂၂ရက္ေန႔တြင္ ဘိတ္-ထား၀ယ္ခ႐ိုင္ ဥကၠဌ ပဒိုေစာဆာပိတုႏွင့္ ေတြ႔ ဆံုခဲ့ၿပီး အဆိုပါဂိတ္အား ဖယ္ရွားေပးရန္ ထပ္မံ ေျပာဆိုလာသည့္အတြက္ ဇြန္လ ၂၃ရက္ေန႔တြင္ KNU ဘိတ္-ထား၀ယ္ခ႐ိုင္ တာ၀န္ရွိသူမ်ားအတြင္း အေရးေပၚအစည္းအေ၀းတစ္ရပ္ ျပဳလုပ္ခဲ့ရသည္။

ထုိ႔ေနာက္ KNU ဘိတ္ထား၀ယ္ခ႐ုိင္ တာ၀န္ရွိသူအခ်ဳိ႕သည္ ဇြန္လ ၂၄ရက္ေန႔တြင္ တနသၤာရီတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ေဒါက္တာေဒၚလဲ့လဲ့ေမာ္ႏွင့္ သြားေရာက္ေတြ႔ဆုံခဲ့ရာ ၀န္ႀကီးခ်ဳပ္မွ ယင္းကိစၥကုိ ဆက္လက္ ေဆြးေႏြးညိႇႏိႈင္းၾကရန္ သေဘာ ထားမွတ္ခ်က္ေပးခဲ့သလို သူမအေနျဖင့္လည္း ဇြန္လကုန္တြင္ ၎ေနရာသို႔ သြားေရာက္ေလ့လာရန္ရွိေၾကာင္း ေျပာဆုိခဲ့သည္ ဟု သိရသည္။

တနသၤာရီတိုင္းေဒသႀကီး၊ ထား၀ယ္ၿမိဳ႕နယ္၊ ထုိင္း-ျမန္မာနယ္စပ္ရွိ ထီးခီးဂိတ္ကုိ ၿပီးခဲ့သည့္ ၂၀၁၃ခုႏွစ္က ဖြင့္လွစ္ခဲ့ျခင္းျဖစ္ သည္။ ျပႆနာျဖစ္ပြားခါစတြင္ စိုးရိမ္မႈမ်ားရွိေသာ္လည္း လက္ရွိ အေျခအေနအရ အဆိုပါဂိတ္မွာ ပံုမွန္ အေျခအေနအတိုင္း ေအးခ်မ္းစြာ ရွိေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။

 စဖန္းေရွာင္း
ေကအုိင္စီ - KIC
http://kicnews.org
.....

ဇွန် ၂၅ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း

ကရင်အမျိုးသားအစည်းအရုံး-KNU ဘိတ်-ထားဝယ်ခရိုင်အတွင်းရှိ KNU ဂိတ်တစ်ခုဖြစ်သည့် ထီးခီးဂိတ်ကို ဖယ်ရှားပေးရန် ဒေသအခြေစိုက် အစိုးရတပ်မတော်ဘက်မှ ပြောဆိုလာမှုအပေါ် ငြိမ်းချမ်းသည့်နည်းဖြင့်သာ ညှိနှိုင်းဖြေရှင်းသွားမည်ဖြစ် ကြောင်း အဆိုပါ KNU ခရိုင်၏ ဥက္ကဌ ပဒိုစောဆာပိတုက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ကာလအတွင်း ကျနော်တို့လူကြီးတွေ နားလည်မှု ယူထား တယ်။ ဒါကလည်း ကျနော်တို့ တပ်ဖွဲ့ဝင်တွေ စားဝတ်နေရေးဖြေရှင်းဖို့အတွက် ဖြစ်ပါတယ်။ ခေါင်းဆောင်လူကြီးတွေရဲ့ လမ်း ညွှန်မှုနဲ့ ကျနော်တို့အနေနဲ့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ တစ်ဆင့်ချင်း ညှိနှိုင်းဆွေးနွေး အဖြေရှာသွားမှာ ဖြစ်ပါတယ်”ဟု ယနေ့ ပြော သည်။

လက်ရှိ ဖြစ်ပေါ်နေသည့်ပြဿနာကို ယခုနှစ် ဖေဖော်ဝါရီ ၂၅ရက်နေ့က မြိတ်မြို့၌ ဖွဲ့စည်းခဲ့သည့် အစိုးရဘက်မှ ကရခ (ကမ်းရိုး တန်းတိုင်းစစ်ဌာနချုပ်)တိုင်းမှူး အပါအဝင် KNU ခေါင်းဆောင်အချို့နှင့် အရပ်သား ကိုယ်စားလှယ်များပါ၀င်သော အဖွဲ့ဝင် ၁၄ဦး ပါ ပြည်နယ် (သို့) တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S မှ ဆွေး နွေးအဖြေရှာရမည်ဖြစ်ကြောင်း ပဒိုစောဆာပိတုက ဆက်ပြောသည်။

ဒေသစစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ်(ဒကစ-၃)၏ ညွှန်ကြားမှုဖြင့် ဇွန်လ ၂၀ရက်နေ့၊ ညနေ ၃နာရီအချိန်တွင် ခလရ(၁၇) ယာယီ တပ်ရင်းမှူး ဗိုလ်မှူးတစ်ဦး အပါအဝင် ဒုညွန်မှူးတစ်ဦး၊ စရဖ တာဝန်ခံတစ်ဦးသည် ထိုဂိတ်သို့ ရောက်ရှိလာပြီး သုံးရက်အ တွင်း ဂိတ်ကို ဖယ်ရှားပေးရန် ပြောဆိုလာသည့်အတွက် ယခုလိုနှစ်ဘက် မကျေလည်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်က ဇွန်လ ၂၂ရက်နေ့တွင် ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဆာပိတုနှင့် တွေ့ ဆုံခဲ့ပြီး အဆိုပါဂိတ်အား ဖယ်ရှားပေးရန် ထပ်မံ ပြောဆိုလာသည့်အတွက် ဇွန်လ ၂၃ရက်နေ့တွင် KNU ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများအတွင်း အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ရသည်။

ထို့နောက် KNU ဘိတ်ထားဝယ်ခရိုင် တာဝန်ရှိသူအချို့သည် ဇွန်လ ၂၄ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်နှင့် သွားရောက်တွေ့ဆုံခဲ့ရာ ၀န်ကြီးချုပ်မှ ယင်းကိစ္စကို ဆက်လက် ဆွေးနွေးညှိနှိုင်းကြရန် သဘော ထားမှတ်ချက်ပေးခဲ့သလို သူမအနေဖြင့်လည်း ဇွန်လကုန်တွင် ၎င်းနေရာသို့ သွားရောက်လေ့လာရန်ရှိကြောင်း ပြောဆိုခဲ့သည် ဟု သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးဂိတ်ကို ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။ ပြဿနာဖြစ်ပွားခါစတွင် စိုးရိမ်မှုများရှိသော်လည်း လက်ရှိ အခြေအနေအရ အဆိုပါဂိတ်မှာ ပုံမှန် အခြေအနေအတိုင်း အေးချမ်းစွာ ရှိနေကြောင်း ဒေသခံများက ပြောသည်။

 စဖန်းရှောင်း
ကေအိုင်စီ - KIC
http://kicnews.org

No comments:

Post a Comment