Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, June 26, 2016

မိခင္က သားမုိက္အရင္းကုိ ထင္းခုတ္ဓါးမျဖင့္ ခုတ္သတ္ ဆုံးမလုိက္ေသာ လူသတ္မႈ


စစ္ကုိင္းတုိင္းေဒသႀကီး ေရႊဘုိခရုိင္ ခင္ဦးၿမိဳ႔နယ္ သာဝတၳိေက်းရြာ၌ ဇြန္(၂၅)ရက္ေန႔ ည(၁၁)နာရီခြဲခန္႔က မိခင္က သားမုိက္အရင္းကုိ ဓါးျဖင့္ ဆုံးမလုိက္ေသာ လူသတ္မႈ တစ္ခုျဖစ္ပြားခဲ႔သည္။

ျဖစ္စဥ္မွာ အဖဦးစိန္လင္း+အမိေဒၚျမျမေမာ္တုိ႔၏သား သန္းမင္းဦးမွာ အရက္ေသစာမ်ား ေသာက္စားမႈးယစ္ၿပီး ပတ္ဝန္က်င္ေဆြမ်ဳိးမ်ား မိဘညီအစ္ကုိေမာင္ႏွမမ်ားအေပၚ ေန႔စဥ္ရက္ဆက္လုိလုိ ဒုကၡအမ်ဳိးမ်ဳိးေပးလ်က္ရွိၿပီး သီးခံလာခဲ႔က်ရာမွ ဇြန္(၂၅)ရက္ေန႔ ညေန(၄)နာရီခန္႔က ဖခင္ျဖစ္သူဦးစိန္လင္းမွာ စုိက္/ဘဏ္ေခ်းေငြထုတ္ၿပီးျပန္လာစဥ္ မိခင္ျဖစ္သူေဒၚျမျမေမာ္နွင့္သားျဖစ္သူသန္းမင္းဦးတုိ႔မွာ ဖုန္းေပ်ာက္သည့္ကိစၥႏွင့္ပတ္သက္၍ေနအိမ္၌ စကားမ်ားရန္ျဖစ္ေနက်သည္ကုိ ဝင္ေရာက္ျဖန္ေျဖျခင္း မျပဳေတာ့ဘဲ တူမေတာ္သူအိမ္သုိ႔ သြားေရာက္ေနခဲ႔ၿပီး။ ည(၁၁)နာရီခန္႔မွ ေနအိမ္သုိ႔ျပန္လာခဲ႔ရာ သားျဖစ္သူကေတာင္းဘက္ခုံတန္းလ်ား၌အိပ္ေနၿပီး ဇနီးျဖစ္သူမွာေျမာက္ဘက္ခုံတန္းလ်ားတြင္ မ်က္နွာခ်င္းဆုိင္အိပ္ေနက်သည္ကုိေတြ႔ရွိရသျဖင့္ အိပ္ယာဝင္ခဲ႔သည္။ ၎ေနာက္ နာရီဝက္ခန္႔အၾကာတြင္ "တခြပ္ ခြပ္"ခုတ္သံၾကား၍ လန္႔ၿပီထၾကည့္ရာ ဇနီးျဖစ္သူေဒၚျမျမေမာ္မွာ သားျဖစ္သူသန္းမင္းဦး၏လည္ပင္ကုိ ထင္းခုတ္ဓါးမျဖင့္ ခုတ္သတ္ေနသည္ကုိေတြ႔ရွိသျဖင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးထံအေၾကာင္းၾကားၿပီး ရဲစခန္းသုိ႔တရားလုိုျပဳလုပ္တုိင္တန္းခဲ႔ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ခင္ဦးၿမိဳ႔မရဲစခန္းမွ အမႈမွတ္(ပ)၁၆၃/၂၀၁၆ ပုဒ္မ-၃၀၂ အရ တရားခံေဒၚျမျမေမာ္(၅၀)ႏွစ္(ဘ)ဦးသန္းစိန္ ေတာင္သူ သာဝတၳိေက်းရြာေနသူအား အမႈဖြင့္ဖမ္းဆီးအေရးယူထားေၾကာင္း သတင္း႐ရွိသည္။

Chit San
........


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် သာဝတ္ထိကျေးရွာ၌ ဇွန်(၂၅)ရက်နေ့ ည(၁၁)နာရီခွဲခန့်က မိခင်က သားမိုက်အရင်းကို ဓါးဖြင့် ဆုံးမလိုက်သော လူသတ်မှု တစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အဖဦးစိန်လင်း+အမိဒေါ်မြမြမော်တို့၏သား သန်းမင်းဦးမှာ အရက်သေစာများ သောက်စားမှုးယစ်ပြီး ပတ်ဝန်ကျင်ဆွေမျိုးများ မိဘညီအစ်ကိုမောင်နှမများအပေါ် နေ့စဉ်ရက်ဆက်လိုလို ဒုက္ခအမျိုးမျိုးပေးလျက်ရှိပြီး သီးခံလာခဲ့ကျရာမှ ဇွန်(၂၅)ရက်နေ့ ညနေ(၄)နာရီခန့်က ဖခင်ဖြစ်သူဦးစိန်လင်းမှာ စိုက်/ဘဏ်ချေးငွေထုတ်ပြီးပြန်လာစဉ် မိခင်ဖြစ်သူဒေါ်မြမြမော်နှင့်သားဖြစ်သူသန်းမင်းဦးတို့မှာ ဖုန်းပျောက်သည့်ကိစ္စနှင့်ပတ်သက်၍နေအိမ်၌ စကားများရန်ဖြစ်နေကျသည်ကို ဝင်ရောက်ဖြန်ဖြေခြင်း မပြုတော့ဘဲ တူမတော်သူအိမ်သို့ သွားရောက်နေခဲ့ပြီး။ ည(၁၁)နာရီခန့်မှ နေအိမ်သို့ပြန်လာခဲ့ရာ သားဖြစ်သူကတောင်းဘက်ခုံတန်းလျား၌အိပ်နေပြီး ဇနီးဖြစ်သူမှာမြောက်ဘက်ခုံတန်းလျားတွင် မျက်နှာချင်းဆိုင်အိပ်နေကျသည်ကိုတွေ့ရှိရသဖြင့် အိပ်ယာဝင်ခဲ့သည်။ ၎င်းနောက် နာရီဝက်ခန့်အကြာတွင် "တခွပ် ခွပ်"ခုတ်သံကြား၍ လန့်ပြီထကြည့်ရာ ဇနီးဖြစ်သူဒေါ်မြမြမော်မှာ သားဖြစ်သူသန်းမင်းဦး၏လည်ပင်ကို ထင်းခုတ်ဓါးမဖြင့် ခုတ်သတ်နေသည်ကိုတွေ့ရှိသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံအကြောင်းကြားပြီး ရဲစခန်းသို့တရားလိုုပြုလုပ်တိုင်တန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ခင်ဦးမြို့မရဲစခန်းမှ အမှုမှတ်(ပ)၁၆၃/၂၀၁၆ ပုဒ်မ-၃၀၂ အရ တရားခံဒေါ်မြမြမော်(၅၀)နှစ်(ဘ)ဦးသန်းစိန် တောင်သူ သာဝတ္ထိကျေးရွာနေသူအား အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

Chit San

No comments:

Post a Comment