Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, June 11, 2016

အေကာင္းဆုံး စမတ္ဖုန္းဆုကို ရရွိခဲ့တဲ့ Huawei Mate 8 ရဲ့ ထူးျခားခ်က္မ်ား


Huawei Mate 8 ကို အေမရိကန္နိုင္ငံ လက္စ္ဗီးဂတ္စ္ၿမိဳ႕မွာ က်င္းပတဲ့ Consumer Electronics Show (CES) ပြဲမွာ စတင္မိတ္ဆက္ခဲ့ၿပီး ထိုပြဲကို တက္ေရာက္ခဲ့ၾကတဲ့ နိုင္ငံတကာမွ မီဒီယာ ၁၄ ခုက ေပးအပ္တဲ့ အေကာင္းဆုံး စမတ္ဖုန္းဆုကို ရရွိခဲ့တယ္လို႔ သိရပါတယ္။ အေကာင္းဆုံး စမတ္ဖုန္းဆုကို ရရွိသြားနိုင္ေအာင္ထိ ဆန္းသစ္မွုမ်ားစြာကို ထည့္သြင္း ထုတ္လုပ္ခဲ့တဲ့ Huawei Mate 8 ရဲ့ ထူးျခားမွုမ်ားကို ေလ့လာၾကည့္ ရေအာင္။

၁။ ကိုယ္ထည္၊ မ်က္ႏွာျပင္နဲ႔ ဗားရွင္း
ဖုန္းကိုယ္ထည္ကို ေလယာဥ္တည္ေဆာက္ရာမွာ အသုံးျပဳေလ့ရွိတဲ့ သတၱဳနဲ႔ အလူမီနီယံကို ႏွစ္မ်ိဳးစပ္ အသုံးျပဳ ထားပါတယ္။ မ်က္ႏွာျပင္ ၆ လက္မရွိၿပီး ႐ုပ္ထြက္ ၾကည္လင္ ျပတ္သားေစရန္ 1920x1080 resolution ရွိတဲ့ FHD display ကိုအသုံးျပဳထားပါတယ္။ ေနာက္ဆုံးေပၚ Android 6.0 (Marshmallow) ႏွင့္အတူ Huawei ကုမၸဏီပိုင္ UI ျဖစ္သည့္ ေနာက္ဆုံးေပၚ EMUI 4.0 ကို ထည့္သြင္း အသုံးျပဳထားတဲ့အတြက္ လုပ္ေဆာင္ခ်က္မ်ားကို လြယ္ကူစြာ အသုံးျပဳနိုင္မွာလဲ ျဖစ္ပါတယ္။ EMUI 4.0 တြင္ ျမန္မာစာ (ယူနီကုဒ္) စနစ္ ပါရွိပါတယ္။

၂။ ဘထၳရီ၊ Memory နဲ႔ ႏွစ္ကဒ္သုံး
ဘတၳရီမွာ 4000mAh ျဖစ္ၿပီး ပုံမွန္ အသုံးျပဳရင္ ၂.၃၆ ရက္ႏွင့္ အလြန္အမင္း အသုံးျပဳပါက ၁.၆၅ ရက္ အသုံးခံ နိုင္ပါတယ္။ HD ဗီဒီယိုၾကည့္ရင္ ၁၇နာရီ၊ 4G အင္တာနက္ အသုံးျပဳရင္ နာရီ၂၀၊ 3G ကြန္ယက္နဲ႔ ဖုန္းေျပာရင္ ၂၈နာရီႏွင့္ သီခ်င္းနားေထာင္ရင္ ၉၈နာရီ ဆက္တိုက္ အသုံးျပဳနိုင္မွာပါ။ ၂နာရီခြဲခန႔္ အားသြင္းတာနဲ႔ ဘက္ထရီကို ၀% မွ ၁၀၀% အျပည့္ ျဖည့္ေပးနိုင္မွာျဖစ္ပါတယ္။ 4GB RAM ပါ၀င္ၿပီး 128GB အထိရွိတဲ့ microSD ကို ထည့္သြင္းနိုင္မွာ ျဖစ္ပါတယ္။ SD Card ကို password နဲ႔ ပိတ္ထားနိုင္တာေၾကာင့္ microSD ကတ္ ေပ်ာက္ရင္လည္း အတြင္းရွိ အခ်က္အလက္ေတြ ခိုးယူခံရျခင္းကို ကာကြယ္ေပးနိုင္မွာ ျဖစ္ပါတယ္။

၃။ ကင္မရာ
အေရွ႕ကင္မရာ 8MP ႏွင့္ အေနာက္ကင္မရာ 16MP ရွိၿပီး အေနာက္ ကင္မရာ မွာ SONY ရဲ့ BSI ကင္မရာ တပ္ဆင္ထားတဲ့အတြက္ ကင္မရာ ရိုက္ခ်က္ေတြ အလြန္ေကာင္းမြန္ပါတယ္။ OIS 1.5˚ နည္းပညာသစ္က လက္တုန္ခါ မွုေၾကာင့္ ျဖစ္ေပၚတတ္တဲ့ ပုံရိပ္ ေဝဝါးျခင္း ျပႆနာကို ေျဖရွင္းေပးမွာပါ။ Image Signal Processor (ISP) ႏွင့္ Digital Signal Processor (DSP) တို႔ကို ထပ္မံထည့္သြင္းထားတဲ့အတြက္ ဓာတ္ပုံ၊ ဗီဒီယို ရိုက္ကူးေရး လုပ္ေဆာင္ခ်က္မ်ားကို လုပ္ေဆာင္ရာတြင္ ပုံမွန္ထက္ ၄ဆ ပိုမိုျမန္ဆန္ေစမွာ ျဖစ္ပါတယ္။ Professional mode ပါဝင္လာတာေၾကာင့္ DSLR ကင္မရာ တစ္လုံးကဲ့သို႔ ခ်ိန္ညႇိခ်က္ကို လိုအပ္ သလို ခ်ိန္ညႇိ ရိုက္ကူးနိုင္ပါတယ္။ Slow-mo mode ကို အသုံးျပဳၿပီး ပုံမွန္ ရိုက္ကူးထားတဲ့ ဗီဒီယိုေတြကို အေႏွးျပကြက္လို ၾကည့္ရွုနိုင္မွာ ျဖစ္ပါတယ္။

၄။ ထူးျခားမွုမ်ား
ဒုတိယ မ်ိဳးဆက္သစ္ လက္ေဗြစနစ္ - အာ႐ုံခံကိရိယာ အေပၚ လက္တင္လိုက္တာနဲ႔ ၀.၅ စကၠန႔္အတြင္း ဖုန္းကို lock ဖြင့္ ေပးနိုင္မွာပါ။ ဒါ့အျပင္ လက္ေဗြစနစ္ အာ႐ုံခံကိရိယာျဖင့္ ဓာတ္ပုံရိုက္ျခင္း၊ ဖုန္းအဝင္ေခၚဆိုမွု လက္ခံျခင္း၊ ႏွိုးစက္ ပိတ္ျခင္း၊ ဖုန္းကို Owner mode ႏွင့္ Visitor mode ႏွစ္မ်ိဳးခြဲၿပီး လက္ေဗြစနစ္ ၂ခုနဲ႔ အသုံးျပဳနိုင္ျခင္း၊ ဖိုင္၊ ဓာတ္ပုံ၊ ဗီဒီယိုႏွင့္ သီခ်င္းမ်ားကို ဖြက္ထားနိုင္ျခင္းႏွင့္ app မ်ားကို လက္ေဗြစနစ္ျဖင့္ lock ခ်နိုင္ျခင္းစတဲ့ လုပ္ေဆာင္ခ်က္မ်ားကိုလဲ အသုံးျပဳနိုင္ပါတယ္။

အသံဖမ္းအားေကာင္းတဲ့ စပီကာ - speaker ဖြင့္ၿပီး ဖုန္းေျပာပါက ၃မီတာ အကြာအေဝးမွ ေျပာတဲ့ အသံကိုပင္ ၾကည္လင္ ျပတ္သားစြာ ဖမ္းယူေပးနိုင္မွာျဖစ္ ပါတယ္။ အစည္းအေဝး ႏွင့္ ေဟာေျပာပြဲ အခန္းထဲမွာ အသံဖမ္းလို႔ အလြန္အဆင္ေျပေစမွာ ျဖစ္ပါတယ္။

လက္ဆစ္ေကြးၿပီး စခရင္ေရွာ့ယူနိုင္ - ဖုန္းမ်က္ႏွာျပင္ကို လက္ဆစ္နဲ႔ ၂ခ်က္ ဆက္တိုက္ေခါက္လိုက္တာနဲ႔ စခရင္ေရွာ့ ရိုက္ယူေပးမွာျဖစ္ပါတယ္။ ဒါ့အျပင္ Facebook post (သို႔) PDF ဖိုင္လို အေပၚေအာက္ဆြဲၿပီး ၾကည့္ရတဲ့ အေနအထားမ်ိဳးမွာ လက္ဆစ္နဲ႔ တစ္ခ်က္ေခါက္ၿပီး S ပုံစံဆြဲလိုက္႐ုံနဲ႔ ေအာက္ဘက္ကို အလိုအေလ်ာက္ စခရင္ေရွာ့ ရိုက္ေပးမွာ ျဖစ္ပါတယ္။ အြန္လိုင္းေပၚရွိ MTV တစ္ခု (သို႔) ဗီဒီယို တစ္ကားရဲ့ တစ္စိတ္တစ္ပိုင္းကို သိမ္းထားခ်င္တဲ့အခါ လက္ဆစ္၂ေခ်ာင္းေပါင္း၍ ၂ခ်က္ ဆက္တိုက္ေခါက္လိုက္ျခင္းျဖင့္ ၅မိနစ္စာ ဗီဒီယိုတစ္ခုအျဖစ္ ဖန္တီးနိုင္ပါတယ္။

နိုင္ငံတကာနဲ႔ ခ်ိတ္ဆက္နိုင္ - နိုင္ငံ တစ္ခုခ်င္းစီရဲ့ ဖုန္းလိုင္းမ်ားကို သုံးစြဲနိုင္ေအာင္ ျပဳလုပ္ေပးထားတာ ေၾကာင့္ နိုင္ငံေပါင္း ၂၁၇နိုင္ငံသို႔ သယ္ေဆာင္ အသုံးျပဳနိုင္ပါတယ္။

၅။ ေစ်းႏွုန္း
ျမန္မာနိုင္ငံတြင္ ေဖေဖာ္ဝါရီ ၄ရက္ေန႔မွ ၅၉၉,၀၀၀ က်ပ္ျဖင့္ စတင္ေရာင္းခ်လ်က္ရွိၿပီး Champagne Gold အေရာင္နဲ႔ Mocha Gold အေရာင္တို႔မွ စိတ္ႀကိဳက္ ေရြးခ်ယ္နိုင္မွာ ျဖစ္ပါတယ္။

စံဝန္းနီ(ရိုးရာေလး)
www.yoyarlay.com

‪#‎swn_yyl‬
‪#‎tech_yyl‬
‪#‎HuaweiMate8‬










(Unicode Version)
အကောင်းဆုံး စမတ်ဖုန်းဆုကို ရရှိခဲ့တဲ့ Huawei Mate 8 ရဲ့ ထူးခြားချက်များ

Huawei Mate 8 ကို အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်စ်မြို့မှာ ကျင်းပတဲ့ Consumer Electronics Show (CES) ပွဲမှာ စတင်မိတ်ဆက်ခဲ့ပြီး ထိုပွဲကို တက်ရောက်ခဲ့ကြတဲ့ နိုင်ငံတကာမှ မီဒီယာ ၁၄ ခုက ပေးအပ်တဲ့ အကောင်းဆုံး စမတ်ဖုန်းဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ အကောင်းဆုံး စမတ်ဖုန်းဆုကို ရရှိသွားနိုင်အောင်ထိ ဆန်းသစ်မှုများစွာကို ထည့်သွင်း ထုတ်လုပ်ခဲ့တဲ့ Huawei Mate 8 ရဲ့ ထူးခြားမှုများကို လေ့လာကြည့် ရအောင်။

၁။ ကိုယ်ထည်၊ မျက်နှာပြင်နဲ့ ဗားရှင်း
ဖုန်းကိုယ်ထည်ကို လေယာဉ်တည်ဆောက်ရာမှာ အသုံးပြုလေ့ရှိတဲ့ သတ္တုနဲ့ အလူမီနီယံကို နှစ်မျိုးစပ် အသုံးပြု ထားပါတယ်။ မျက်နှာပြင် ၆ လက်မရှိပြီး ရုပ်ထွက် ကြည်လင် ပြတ်သားစေရန် 1920x1080 resolution ရှိတဲ့ FHD display ကိုအသုံးပြုထားပါတယ်။ နောက်ဆုံးပေါ် Android 6.0 (Marshmallow) နှင့်အတူ Huawei ကုမ္ပဏီပိုင် UI ဖြစ်သည့် နောက်ဆုံးပေါ် EMUI 4.0 ကို ထည့်သွင်း အသုံးပြုထားတဲ့အတွက် လုပ်ဆောင်ချက်များကို လွယ်ကူစွာ အသုံးပြုနိုင်မှာလဲ ဖြစ်ပါတယ်။ EMUI 4.0 တွင် မြန်မာစာ (ယူနီကုဒ်) စနစ် ပါရှိပါတယ်။

၂။ ဘထ္ထရီ၊ Memory နဲ့ နှစ်ကဒ်သုံး
ဘတ္ထရီမှာ 4000mAh ဖြစ်ပြီး ပုံမှန် အသုံးပြုရင် ၂.၃၆ ရက်နှင့် အလွန်အမင်း အသုံးပြုပါက ၁.၆၅ ရက် အသုံးခံ နိုင်ပါတယ်။ HD ဗီဒီယိုကြည့်ရင် ၁၇နာရီ၊ 4G အင်တာနက် အသုံးပြုရင် နာရီ၂၀၊ 3G ကွန်ယက်နဲ့ ဖုန်းပြောရင် ၂၈နာရီနှင့် သီချင်းနားထောင်ရင် ၉၈နာရီ ဆက်တိုက် အသုံးပြုနိုင်မှာပါ။ ၂နာရီခွဲခန့် အားသွင်းတာနဲ့ ဘက်ထရီကို ၀% မှ ၁၀၀% အပြည့် ဖြည့်ပေးနိုင်မှာဖြစ်ပါတယ်။ 4GB RAM ပါ၀င်ပြီး 128GB အထိရှိတဲ့ microSD ကို ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ SD Card ကို password နဲ့ ပိတ်ထားနိုင်တာကြောင့် microSD ကတ် ပျောက်ရင်လည်း အတွင်းရှိ အချက်အလက်တွေ ခိုးယူခံရခြင်းကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

၃။ ကင်မရာ
အရှေ့ကင်မရာ 8MP နှင့် အနောက်ကင်မရာ 16MP ရှိပြီး အနောက် ကင်မရာ မှာ SONY ရဲ့ BSI ကင်မရာ တပ်ဆင်ထားတဲ့အတွက် ကင်မရာ ရိုက်ချက်တွေ အလွန်ကောင်းမွန်ပါတယ်။ OIS 1.5˚ နည်းပညာသစ်က လက်တုန်ခါ မှုကြောင့် ဖြစ်ပေါ်တတ်တဲ့ ပုံရိပ် ဝေဝါးခြင်း ပြဿနာကို ဖြေရှင်းပေးမှာပါ။ Image Signal Processor (ISP) နှင့် Digital Signal Processor (DSP) တို့ကို ထပ်မံထည့်သွင်းထားတဲ့အတွက် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးရေး လုပ်ဆောင်ချက်များကို လုပ်ဆောင်ရာတွင် ပုံမှန်ထက် ၄ဆ ပိုမိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။ Professional mode ပါဝင်လာတာကြောင့် DSLR ကင်မရာ တစ်လုံးကဲ့သို့ ချိန်ညှိချက်ကို လိုအပ် သလို ချိန်ညှိ ရိုက်ကူးနိုင်ပါတယ်။ Slow-mo mode ကို အသုံးပြုပြီး ပုံမှန် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို အနှေးပြကွက်လို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

၄။ ထူးခြားမှုများ
ဒုတိယ မျိုးဆက်သစ် လက်ဗွေစနစ် - အာရုံခံကိရိယာ အပေါ် လက်တင်လိုက်တာနဲ့ ၀.၅ စက္ကန့်အတွင်း ဖုန်းကို lock ဖွင့် ပေးနိုင်မှာပါ။ ဒါ့အပြင် လက်ဗွေစနစ် အာရုံခံကိရိယာဖြင့် ဓာတ်ပုံရိုက်ခြင်း၊ ဖုန်းအဝင်ခေါ်ဆိုမှု လက်ခံခြင်း၊ နှိုးစက် ပိတ်ခြင်း၊ ဖုန်းကို Owner mode နှင့် Visitor mode နှစ်မျိုးခွဲပြီး လက်ဗွေစနစ် ၂ခုနဲ့ အသုံးပြုနိုင်ခြင်း၊ ဖိုင်၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့် သီချင်းများကို ဖွက်ထားနိုင်ခြင်းနှင့် app များကို လက်ဗွေစနစ်ဖြင့် lock ချနိုင်ခြင်းစတဲ့ လုပ်ဆောင်ချက်များကိုလဲ အသုံးပြုနိုင်ပါတယ်။

အသံဖမ်းအားကောင်းတဲ့ စပီကာ - speaker ဖွင့်ပြီး ဖုန်းပြောပါက ၃မီတာ အကွာအဝေးမှ ပြောတဲ့ အသံကိုပင် ကြည်လင် ပြတ်သားစွာ ဖမ်းယူပေးနိုင်မှာဖြစ် ပါတယ်။ အစည်းအဝေး နှင့် ဟောပြောပွဲ အခန်းထဲမှာ အသံဖမ်းလို့ အလွန်အဆင်ပြေစေမှာ ဖြစ်ပါတယ်။

လက်ဆစ်ကွေးပြီး စခရင်ရှော့ယူနိုင် - ဖုန်းမျက်နှာပြင်ကို လက်ဆစ်နဲ့ ၂ချက် ဆက်တိုက်ခေါက်လိုက်တာနဲ့ စခရင်ရှော့ ရိုက်ယူပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Facebook post (သို့) PDF ဖိုင်လို အပေါ်အောက်ဆွဲပြီး ကြည့်ရတဲ့ အနေအထားမျိုးမှာ လက်ဆစ်နဲ့ တစ်ချက်ခေါက်ပြီး S ပုံစံဆွဲလိုက်ရုံနဲ့ အောက်ဘက်ကို အလိုအလျောက် စခရင်ရှော့ ရိုက်ပေးမှာ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်ရှိ MTV တစ်ခု (သို့) ဗီဒီယို တစ်ကားရဲ့ တစ်စိတ်တစ်ပိုင်းကို သိမ်းထားချင်တဲ့အခါ လက်ဆစ်၂ချောင်းပေါင်း၍ ၂ချက် ဆက်တိုက်ခေါက်လိုက်ခြင်းဖြင့် ၅မိနစ်စာ ဗီဒီယိုတစ်ခုအဖြစ် ဖန်တီးနိုင်ပါတယ်။

နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင် - နိုင်ငံ တစ်ခုချင်းစီရဲ့ ဖုန်းလိုင်းများကို သုံးစွဲနိုင်အောင် ပြုလုပ်ပေးထားတာ ကြောင့် နိုင်ငံပေါင်း ၂၁၇နိုင်ငံသို့ သယ်ဆောင် အသုံးပြုနိုင်ပါတယ်။

၅။ စျေးနှုန်း
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၄ရက်နေ့မှ ၅၉၉,၀၀၀ ကျပ်ဖြင့် စတင်ရောင်းချလျက်ရှိပြီး Champagne Gold အရောင်နဲ့ Mocha Gold အရောင်တို့မှ စိတ်ကြိုက် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

စံဝန်းနီ(ရိုးရာလေး)

No comments:

Post a Comment