Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, June 11, 2016

နိုင္ငံေတာ္အဆင့္ ဧည့္သည္မ်ားအား ျမန္မာမႈ အသုံးအေဆာင္၊ ဟင္းလ်ာမ်ားျဖင့္ တည္ခင္းျခင္းကို စတင္ အေလးထား လုပ္ေဆာင္ေနၿပီ ဟု သမၼတ႐ုံးေျပာခြင့္ရ ဆို

ရန္ကုန္၊ ဇြန္ ၁ဝ

င္ငံေတာ္အဆင့္ ဧည့္သည္မ်ားအား ျမန္မာမႈ၊ ျမန္မာ့ဟန္ပါေသာ အသုံးအေဆာင္၊ ဟင္းလ်ာမ်ားျဖင့္ တည္ခင္းျခင္းကို စတင္ အေလးထားလုပ္ေဆာင္ေနၿပီဟု သမၼတ႐ုံးဝန္ႀကီးဌာန ေျပာခြင့္ရ ဦးေဇာ္ေဌးက ေျပာ သည္။ ''အခမ္းအနားေတြဆုိရင္ ႏုိင္ငံ ေတာ္တံဆိပ္ပါတဲ့ ပန္းကန္ခြက္ေယာက္ သတ္သတ္ထားတယ္။ အဲဒါကိုလည္း ကိုယ့္ရဲ႕ျမန္မာမႈ၊ ျမန္မာ့ဟန္ပါတဲ့ ဟာမ်ိဳးေလးေတြနဲ႔ အခုေျပာင္းၿပီး ေတာ့လုပ္ေနတယ္။ ပန္းကန္ခြက္ ေယာက္၊ ျမန္မာ့ပန္းတုိ႔၊ ျမန္မာ့ဟင္းတုိ႔ကေတာ့ လုပ္ေလ့လုပ္ထေတာ့ရွိပါတယ္။ အရင္တုန္းကလည္း အဲဒီလိုမ်ိဳးတစ္ခါလာရင္ တစ္မ်ိဳးေျပာင္းၿပီးေတာ့လုပ္ပါတယ္။ အခုကေတာ့ အေလးထားၿပီးလုပ္တဲ့ သေဘာေပါ့'' ဟု ဦးေဇာ္ေဌးက ဇြန္ ၉ ရက္တြင္ ေျပာသည္။

ဇြန္ ၇ ရက္က သမၼတဦးထင္ ေက်ာ္ႏွင့္ စင္ကာပူဝန္ႀကီးခ်ဳပ္ေတြ႕ဆုံသည့္ဧည့္ခန္းမကို ျမန္မာ့ပန္းမ်ား ျဖင့္သာအလွဆင္ခဲ့သလုိ ဝန္ႀကီးခ်ဳပ္လီရွန္လြန္းႏွင့္ဇနီးအား တည္ခင္းသည့္ ဂုဏ္ျပဳညစာစားပြဲတြင္ လည္း ျမန္မာ တုိ႔၏ အမွတ္တံဆိပ္ဟင္းလ်ာမ်ားျဖင့္ တည္ခင္းခဲ့သည္။ တည္ခင္းေသာ ျမန္မာဟင္း လ်ာမ်ားမွာ ခံတြင္းဖြင့္စာအျဖစ္ ကၫြန္႔ႏွင့္ ကမာကင္၊ ဟင္းခ်ိဳ အျဖစ္ ငါးက်ည္းက်ပ္တုိက္၊ ဘူးသီးႏွင့္ ပဲၾကာဇံဟင္းခါး၊ အဓိက ဟင္းလ်ာအျဖစ္ ၾကက္ကာလသား၊ သက္သတ္လြတ္ဟင္းသုတ္၊ ခရမ္းသီးမီးဖုတ္သုတ္၊ ဘာလေခ်ာင္ ေၾကာ္၊ ထမင္းျဖဴ၊ အခ်ိဳပြဲအျဖစ္ သရက္သီးေရခဲမုန္႔၊ ရွမ္းလက္ဖက္ ေျခာက္ေရေႏြးၾကမ္း၊ လစ္ပတန္ လက္ဖက္ ရည္ႏွင့္ သံပုရာသီးလႊာ (သုိ႔) အာရဘစ္ကာေကာ္ဖီတို႔ျဖစ္ ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနမွသိရသည္။ ေပက်င္းအေျခစိုက္ China Radio International မွ ျမန္မာဘာသာကြၽမ္းက်င္သူ တ႐ုတ္ဝန္ ထမ္းတစ္ဦး က တ႐ုတ္ႏုိင္ငံတြင္လည္း ႏုိင္ငံေတာ္အဆင့္ ဧည့္ သည္ေတာ္မ်ားကို တည္ခင္းရာတြင္ နာမည္ေက်ာ္တ႐ုတ္ဟင္းလ်ာမ်ား ျဖင့္ တည္ခင္းေၾကာင္းေျပာသည္။

''ဥပမာ ပီကင္းဘဲကင္လုိမ်ိဳး ေပါ့။ အဲဒီလို တ႐ုတ္ယဥ္ေက်းမႈကို ကိုယ္စားျပဳတဲ့ ဟင္းလ်ာမ်ိဳးေတြနဲ႔ တည္ခင္းတာေပါ့''ဟု ၎က ေျပာသည္။ မြန္ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ ေဒါက္တာေအာင္ႏုိင္ဦးက ျမန္မာ မႈ၊ ျမန္မာ့ဟန္ျဖင့္ တည္ခင္း ျခင္းအစဥ္အလာကို စတင္အ ေလးထားေဆာင္ရြက္ျခင္းအေပၚ အထူးတလည္ႀကိဳဆိုေၾကာင္း ေျပာသည္။ ''ကြၽန္ေတာ္လည္းၾကားပါတယ္။ ျမန္မာမႈ၊ ျမန္မာ့ဟန္ေတြနဲ႔ စင္ကာပူဝန္ႀကီး ခ်ဳပ္ကို တည္ခင္းတာ အရမ္းေကာင္းတဲ့အစီအစဥ္ ပါပဲ။ အခုလို အခမ္းအနားႀကီး ေတြမွာ ျမန္မာ့ယဥ္ေက်းမႈကို ထုတ္ျပျခင္းေၾကာင့္ ျမန္မာရဲ႕အမွတ္အသားေတြကို ကမၻာကပိုသိတာေပါ့။ အရမ္းဂုဏ္ယူတယ္။ အရမ္း လည္းႀကိဳဆိုပါတယ္''ဟု ၎က ေျပာသည္။ ယခင္က ႏိုင္ငံေတာ္အဆင့္ ဧည့္သည္မ်ားကို ဧည့္ခံရာတြင္ သက္ဆုိင္ရာႏိုင္ငံအလုိက္ အစားအစာႏွင့္ ျမန္မာအစားအစာမ်ားကိုေရာေႏွာဧည့္ခံေလ့ရိွေၾကာင္း ႏိုင္ ငံေတာ္သမၼတ႐ံုးမွ သိရသည္။
HWA

Democracy Today
..................
နိုင်ငံတော်အဆင့် ဧည့်သည်များအား မြန်မာမှု အသုံးအဆောင်၊ ဟင်းလျာများဖြင့် တည်ခင်းခြင်းကို စတင် အလေးထား လုပ်ဆောင်နေပြီ ဟု သမ္မတရုံးပြောခွင့်ရ ဆို

ရန်ကုန်၊ ဇွန် ၁ဝ

င်ငံတော်အဆင့် ဧည့်သည်များအား မြန်မာမှု၊ မြန်မာ့ဟန်ပါသော အသုံးအဆောင်၊ ဟင်းလျာများဖြင့် တည်ခင်းခြင်းကို စတင် အလေးထားလုပ်ဆောင်နေပြီဟု သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ပြော သည်။ ''အခမ်းအနားတွေဆိုရင် နိုင်ငံ တော်တံဆိပ်ပါတဲ့ ပန်းကန်ခွက်ယောက် သတ်သတ်ထားတယ်။ အဲဒါကိုလည်း ကိုယ့်ရဲ့မြန်မာမှု၊ မြန်မာ့ဟန်ပါတဲ့ ဟာမျိုးလေးတွေနဲ့ အခုပြောင်းပြီး တော့လုပ်နေတယ်။ ပန်းကန်ခွက် ယောက်၊ မြန်မာ့ပန်းတို့၊ မြန်မာ့ဟင်းတို့ကတော့ လုပ်လေ့လုပ်ထတော့ရှိပါတယ်။ အရင်တုန်းကလည်း အဲဒီလိုမျိုးတစ်ခါလာရင် တစ်မျိုးပြောင်းပြီးတော့လုပ်ပါတယ်။ အခုကတော့ အလေးထားပြီးလုပ်တဲ့ သဘောပေါ့'' ဟု ဦးဇော်ဌေးက ဇွန် ၉ ရက်တွင် ပြောသည်။

ဇွန် ရ ရက်က သမ္မတဦးထင် ကျော်နှင့် စင်ကာပူဝန်ကြီးချုပ်တွေ့ဆုံသည့်ဧည့်ခန်းမကို မြန်မာ့ပန်းများ ဖြင့်သာအလှဆင်ခဲ့သလို ဝန်ကြီးချုပ်လီရှန်လွန်းနှင့်ဇနီးအား တည်ခင်းသည့် ဂုဏ်ပြုညစာစားပွဲတွင် လည်း မြန်မာ တို့၏ အမှတ်တံဆိပ်ဟင်းလျာများဖြင့် တည်ခင်းခဲ့သည်။ တည်ခင်းသော မြန်မာဟင်း လျာများမှာ ခံတွင်းဖွင့်စာအဖြစ် ကညွန့်နှင့် ကမာကင်၊ ဟင်းချို အဖြစ် ငါးကျည်းကျပ်တိုက်၊ ဘူးသီးနှင့် ပဲကြာဇံဟင်းခါး၊ အဓိက ဟင်းလျာအဖြစ် ကြက်ကာလသား၊ သက်သတ်လွတ်ဟင်းသုတ်၊ ခရမ်းသီးမီးဖုတ်သုတ်၊ ဘာလချောင် ကြော်၊ ထမင်းဖြူ၊ အချိုပွဲအဖြစ် သရက်သီးရေခဲမုန့်၊ ရှမ်းလက်ဖက် ခြောက်ရေနွေးကြမ်း၊ လစ်ပတန် လက်ဖက် ရည်နှင့် သံပုရာသီးလွှာ (သို့) အာရဘစ်ကာကော်ဖီတို့ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှသိရသည်။ ပေကျင်းအခြေစိုက် China Radio International မှ မြန်မာဘာသာကျွမ်းကျင်သူ တရုတ်ဝန် ထမ်းတစ်ဦး က တရုတ်နိုင်ငံတွင်လည်း နိုင်ငံတော်အဆင့် ဧည့် သည်တော်များကို တည်ခင်းရာတွင် နာမည်ကျော်တရုတ်ဟင်းလျာများ ဖြင့် တည်ခင်းကြောင်းပြောသည်။

''ဥပမာ ပီကင်းဘဲကင်လိုမျိုး ပေါ့။ အဲဒီလို တရုတ်ယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ ဟင်းလျာမျိုးတွေနဲ့ တည်ခင်းတာပေါ့''ဟု ၎င်းက ပြောသည်။ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက မြန်မာ မှု၊ မြန်မာ့ဟန်ဖြင့် တည်ခင်း ခြင်းအစဉ်အလာကို စတင်အ လေးထားဆောင်ရွက်ခြင်းအပေါ် အထူးတလည်ကြိုဆိုကြောင်း ပြောသည်။ ''ကျွန်တော်လည်းကြားပါတယ်။ မြန်မာမှု၊ မြန်မာ့ဟန်တွေနဲ့ စင်ကာပူဝန်ကြီး ချုပ်ကို တည်ခင်းတာ အရမ်းကောင်းတဲ့အစီအစဉ် ပါပဲ။ အခုလို အခမ်းအနားကြီး တွေမှာ မြန်မာ့ယဉ်ကျေးမှုကို ထုတ်ပြခြင်းကြောင့် မြန်မာရဲ့အမှတ်အသားတွေကို ကမ္ဘာကပိုသိတာပေါ့။ အရမ်းဂုဏ်ယူတယ်။ အရမ်း လည်းကြိုဆိုပါတယ်''ဟု ၎င်းက ပြောသည်။ ယခင်က နိုင်ငံတော်အဆင့် ဧည့်သည်များကို ဧည့်ခံရာတွင် သက်ဆိုင်ရာနိုင်ငံအလိုက် အစားအစာနှင့် မြန်မာအစားအစာများကိုရောနှောဧည့်ခံလေ့ရှိကြောင်း နိုင် ငံတော်သမ္မတရုံးမှ သိရသည်။
HWA

Democracy Today

No comments:

Post a Comment