Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, June 15, 2016
နယ်/လုံဝန်ကြီး အဟောက်ခံရတဲ့ စည်ပင်ဝန်ထမ်း အရာရှိ နဲ့ facebook ပေါ်မှ ရိုက်ခတ်သံ
Kyaw Myo Min (facebook)
..........
တရားဝင် စာလေး ထွက်ပေးပါလို ့ ပြောတဲ့ စည်ပင်ဝန်ထမ်းအရာရှိကို နယ်/လုံဝန်ကြီး ဗိုလ်မှုးကြီး တင်အောင်ထွန်းက နည်းနည်း ဟောက်ပေး လိုက်ပါတယ်။
 ဖြစ်စဉ်ကတော့  ဇွန် ၁၄ ရက်မှာ ဖြစ်ခဲ့တာပါ ။ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို နှစ်စဉ် ဖျက်ဆီးနေကျ ဖြစ်တဲ့ အတွက် ဒီနှစ်မှာလည်း ဖျက်ဆီးဖို ့အတွက် ကြိုတင်ပြင်ဆင်ခြင်း အစည်းအဝေးတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ ့ရုံးမှာ လုပ်ခဲ့ပါတယ်။
အစည်းအဝေးမှာ ကော်မတီအလိုက် တင်ပြစရာတွေ တင်ပြကြတယ်ပေ့ါ ။ အဲဒီမှာ မူးယစ်ပြတိုက်တစ်ဝိုက်က အပင်တွေ မြက်တွေကို ရှင်းဖို ့ စီစဉ်နေပါတယ်လို ့ ရဲအရာရှိတစ်ဦးက နယ်/လုံဝန်ကြီးထံ တင်ပြချိန်မှာ ...
စည်ပင်က အရာရှိတစ်ဦးက ပြောလိုက်ပါတယ် ။ " ကျွန်တော်တို ့ဆီကို အပင်တွေ မြက်တွေ ရှင်းမယ့် ကိစ္စအတွက် တရားဝင်စာလေး ထွက်ပေးစေချင်ပါတယ် " ပေ့ါ ခင်ဗျ ။
အဲဒီမှာ နယ်/လုံ ၀န်ကြီး က လေသံမာမာနဲ ့..ခင်ဗျားတို ့စည်ပင်ကို အစကတည်းက ဖိတ်ကတည်းက ဆုံးဖြတ်ပိုင်ခွင့်အရှိဆုံးလူ လာခဲ့ပါလို ့ ကျွနေ်တာ်ပြောခဲ့တယ်။ အခု ကြုံရာလူက လာတက်တယ်။ ပြီးရင် အထက်လူကြီးဆီ တင်ပြပါမယ်ဆိုပြီး တရားဝင်စာပို ့ပါဘာတို ့ကျွန်တော်တို ့ကို လာပြန် မခိုင်းနဲ ့၊ ဒီအစည်းအဝေး ပြီးရင် အစည်းအဝေး မှတ်တမ်းက အတည်ပဲ ။ အဲဒီအတိုင်းပဲ လုပ်ရမယ်။ နောက်ဆိုရင်.. ခင်ဗျားတို ့ဆီက အစည်းအဝေးကို အတွင်းရေးမှုးအဆင့်တွေပဲ လာခဲ့ ...အစည်းအဝေးတွေမှာ ရိုးနေပြီ၊ အထက်လူကြီးဆီ တင်ပြပါမယ် ဆိုပြီး ဘာမှ မဖြစ်မြောက်တာတွေ အများကြီးပဲ ။ ကျွန်တော်တို ့က အချိန်နဲ ့ တပြေးညီတည်း လုပ်နေရချိန်မှာ လာပြီး ကျွန်တော်တို ့ကို စာထွက်ပေးပါဆိုပြီး ပြန်မခိုင်းနဲ ့။ အစည်းအဝေးက တစ်ခါတည်း ဆုံးဖြတ်မှာ ။ အခုအစည်းအဝေးက ထွက်တဲ့ စာကို ပို ့လိုက်မယ်။ အဆင်ပြေအောင်သာလုပ်ပါ ။ ကျွန်တော်တို ့စာမပို ့နိုင်ဘူး ။ စသဖြင့် ခပ်မာမာ ပြောလိုက်ပါသဗျာ။
စည်ပင် အရာရှိလည်း လူပုံ အလယ်မှာ အပြောခံလိုက်ရပြီးတော့...ငြိမ်သွားပါတယ်။
ကဲ... ဒီဖြစ်စဉ်ကနေပြီးတော့.. မိတ်ဆွေတို ့ ဘယ်လိုအတွေးမျိုးများ ရခဲ့လဲ
ဆိုတာလေးလည်း.. မှတ်ချက်ပြုကြပါဦးဗျို ့....
( ဒီသတင်းက လူမှုကွန်ရက်မှာ မနေ ့ကတည်းက ပေါက်မယ် ထင်ခဲ့တာ
ဒီနေ ့အထိ မတွေ ့သေးလို ့ သိသွားအောင် တင်ပေးပါတယ်ခင်ဗျာ )
Kyaw Myo Min (facebook)
No comments:
Post a Comment