Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 15, 2016

ထိပ္သီး သူေဌးႀကီးေတြကုိ အခြန္ရံုးက ေခၚယူစစ္ေဆးေန


ျပည္တြင္းအခြန္မ်ားဦးစီးဌာန အခြန္ထမ္းႀကီးမ်ားဆိုင္ရာ အခြန္ရုံးက ဒီရက္ပိုင္းမွာ နာမည္ႀကီးလုပ္ငန္းရွင္ သူေဌးႀကီးအခ်ိဳ႕ကို ေခၚယူ စစ္ေဆးေနတယ္လုိ႔ သိရပါတယ္။

အခြန္ေပးသြင္းမႈ မွန္မမွန္နဲ႔ အခြန္ေရွာင္တိမ္းတာေတြ ရွိမရွိကို စစ္ေဆးတာျဖစ္ၿပီး အခြန္ထမ္းႀကီး စာရင္း၀င္ကုမၸဏီေတြကို စစ္ေဆးတာလုိ႔ သိရၿပီး လူခုႏွစ္ဦးတည္းနဲ႔ အမ်ားပိုင္ ကုမၸဏီလုပ္ထားတာေတြကုိ ေတြ႕ရွိခဲ့ရတာေၾကာင့္ စည္းကမ္းေတြနဲ႔အညီ အေရးယူေနတယ္လုိ႔ ဆိုပါတယ္။


“ဒါက လုပ္ထုံးလုပ္နည္းအရ လုပ္ေနတာ အခုမွလုပ္တာ မဟုတ္ဘူး။ အရင္ကတည္းက လုပ္ေနတာ။ အခြန္႐ုံးကေတာ့ ပုံမွန္စစ္တယ္။ ဒါက လုပ္ေလ့လုပ္ထရွိတဲ့ ကိစၥျဖစ္တယ္။ အခုမွအေလးထားၿပီး လုပ္တယ္ဆိုရင္ေတာ့ တစ္ပိုင္းေပါ့” လုိ႔ သမၼတရုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာပါတယ္။

အခြန္ထမ္းႀကီးမ်ားဆိုင္ရာ အခြန္ရုံးမွာ အေမရိကန္ႏိုင္ငံသား အခြန္ကၽြမ္းက်င္ပညာရွင္ ႏွစ္ဦးကုိငွားရမ္းကာ စစ္ေဆးတာေတြ ျပဳလုပ္ေနၿပီး အခြန္တိမ္းေရွာင္တာကုိ ကုမၸဏီေတြကုိလည္း ဒဏ္ရိုက္အေရးယူတာေတြ လုပ္ေနတယ္လို႔ သိရပါတယ္။


ဒီလုိ ျပည္တြင္း ထိပ္သီးသူေဌးတခ်ိဳ႕ကို အခြန္ထမ္းႀကီးမ်ားဆိုင္ရာ အခြန္႐ုံးက ေခၚယူစစ္ေဆးခဲ့တာကို ဌာန တာ၀န္ရွိသူတစ္ဦးက အတည္ျပဳခဲ့ေပမယ့္ အခြန္ရံုးကို လာေရာက္ခဲ့တဲ့ လုပ္ငန္းရွင္ သူေဌးႀကီးေတြရဲ႕ နာမည္ကုိေတာ့ ထုတ္ေဖာ္ေျပာၾကားတာ မရွိခဲ့ပါဘူး။

Source : The Ladies News
.........
ပြည်တွင်းအခွန်များဦးစီးဌာန အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက ဒီရက်ပိုင်းမှာ နာမည်ကြီးလုပ်ငန်းရှင် သူဌေးကြီးအချို့ကို ခေါ်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။

အခွန်ပေးသွင်းမှု မှန်မမှန်နဲ့ အခွန်ရှောင်တိမ်းတာတွေ ရှိမရှိကို စစ်ဆေးတာဖြစ်ပြီး အခွန်ထမ်းကြီး စာရင်းဝင်ကုမ္ပဏီတွေကို စစ်ဆေးတာလို့ သိရပြီး လူခုနှစ်ဦးတည်းနဲ့ အများပိုင် ကုမ္ပဏီလုပ်ထားတာတွေကို တွေ့ရှိခဲ့ရတာကြောင့် စည်းကမ်းတွေနဲ့အညီ အရေးယူနေတယ်လို့ ဆိုပါတယ်။


“ဒါက လုပ်ထုံးလုပ်နည်းအရ လုပ်နေတာ အခုမှလုပ်တာ မဟုတ်ဘူး။ အရင်ကတည်းက လုပ်နေတာ။ အခွန်ရုံးကတော့ ပုံမှန်စစ်တယ်။ ဒါက လုပ်လေ့လုပ်ထရှိတဲ့ ကိစ္စဖြစ်တယ်။ အခုမှအလေးထားပြီး လုပ်တယ်ဆိုရင်တော့ တစ်ပိုင်းပေါ့” လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှာ အမေရိကန်နိုင်ငံသား အခွန်ကျွမ်းကျင်ပညာရှင် နှစ်ဦးကိုငှားရမ်းကာ စစ်ဆေးတာတွေ ပြုလုပ်နေပြီး အခွန်တိမ်းရှောင်တာကို ကုမ္ပဏီတွေကိုလည်း ဒဏ်ရိုက်အရေးယူတာတွေ လုပ်နေတယ်လို့ သိရပါတယ်။


ဒီလို ပြည်တွင်း ထိပ်သီးသူဌေးတချို့ကို အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက ခေါ်ယူစစ်ဆေးခဲ့တာကို ဌာန တာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့ပေမယ့် အခွန်ရုံးကို လာရောက်ခဲ့တဲ့ လုပ်ငန်းရှင် သူဌေးကြီးတွေရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောကြားတာ မရှိခဲ့ပါဘူး။

Source : The Ladies News

No comments:

Post a Comment