Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 6, 2016


By netsetaw - June 1, 2016




source : mirror.co.uk

.................................

အလွန်ကြီးမားတဲ့အပေါက်ကြီးတွေကို ဖြစ်စေတဲ့Black Salve ရောဂါ
By netsetaw - June 1, 2016

အမျိုးသမီးတစ်ဦးဟာ နဖူးနဲ့နှာခေါင်းမှာ အညိုအမည်းစွဲနေလို့ နဂိုသဘာဝအတိုင်း အသားရေ ပြန်လည်ဖြစ်စေဖို့ ပရဆေးတွေနဲ့ ကုသပေးတဲ့ဆိုင်မှာ သွားရောက်ကုသမှု ခံယူခဲ့ပါတယ်။ ဒါပေမယ့် အသားရေဟာ နဂိုအတိုင်းပြန်မဖြစ်တဲ့အပြင်အခြေအနေဆိုးဝါးမှုနဲ့ ကြုံတွေ့ခဲ့ပါတယ်။ ဖြစ်စဉ်အသေးစိပ်မှာတော့ သူမဟာ အဆိုပါ အမည်းရောင်အကွက်တွေကိုလက်နဲ့ ပွတ်တိုက်လိုက်တဲ့အခါမှာတော့ အပြင်ကို ကျွတ်ပါလာပြီး သူမနရဲ့ နှာခေါင်းနဲ့ နဖူးမှာ အလွန်ကြီးမားသော အခေါင်းပေါက်ကြီးတွေ ကျန်နေဒီဖြစ်စဉ်ကြောင့် သူမဟာ အရေပြားကင်ဆာ ခံစားနေရတယ်လို့ ယူဆခဲ့ပြီး ကုသဖို့ လိုအပ်နေပြီလို့လည်း တွေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအနာကြီးတွေဟာ နီးစပ်တဲ့ ပတ်ပတ်လည်း အသားတစ်ရှူးတွေကို စားပစ်ပြီးပြီမို့ အပြင်ကို ထွင်လိုက်သလို ဖြစ်တဲ့အခါမှာ ကြီးမားတဲ့ အခေါင်းပေါက်ကြီးတွေအဖြစ် ကျန်ရစ်နေခဲ့တာ ဖြစ်ပါတယ်။ ကာယကံရှင် အမျိုးသမီးဟာ သူမရဲ့ ဖြစ်စဉ်အသေးစိပ်ကိုဗွီဒီယိုဖိုင်ကို the World’s Greatest Medical YouTube channel မှာ တင်ခဲ့ပြီး ယခုအချိန်ထိ ကြည့်ရှုသူ 3.5 သန်းအထိကျော်ကျော်အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ 1990 ခုနှစ်များဆီလောက်ကတည်းက လူတွေမှာ အလွန်ကြီးမှားတဲ့ မှဲ့ခြောက်နဲ့ယားနာတွေပေါ်ခဲ့ပြီးနောက် အဆိုပါရောဂါကို Black Salve ရောဂါ သို့မဟုတ် Cansema လို့ခေါ်ဝေါ်သမုတ်ခဲ့ကြပါတယ်။

 အရေးပြားဆဲလ်တွေကို လျှင်မြန်စွာဖျက်ဆီးပစ်တဲ့ အရေပြားအသွင်ပြောင်း ရောဂါဖြစ်ပြီး အန္တရာယ်ကြီးမားတယ်လို့ သိရပါတယ်။ အမေရိကန်အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အဆိုပါ ဗီဒီယိုမှာ
အများပြည်သူ စိတ်ကို ရွှံရှာစက်ဆုပ်စေတဲ့အတွက် Ban ပစ်သင့်ကြောင်း အကြံပေးခဲ့ပါသေးတယ်။ အဆိုပါ ဗွီဒီယို ပေါ်ထွက်လာပြီးနောက် ဘရစ္စဘင်းက အရေအပြားအထူးကုဆရာဝန် Dr Erin McMeniman က ” ကျွန်တော့်အမြင် ပြောရရင် Black Salve ရောဂါဟာ ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီလို့ ကျွန်တော်ကတော့ ထင်ပါတယ် ” ဟု Mail Online သတင်းစာနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။


source : mirror.co.uk

No comments:

Post a Comment