Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 20, 2016
ကျောက်စိမ်းသီးသန့် အချောထည်နှင့် အကြမ်းထည်ပစ္စည်များ ဈေးနှုန်း ၄၀ ရာခိုင်နှုန်းခန့်ကျဆင်း
မြန်မာ့ကျောက်မျက်ရတနာလောကတွင် ကျောက်စိမ်းသီးသန့် အချောထည်နှင့်အကြမ်းထည်ပစ္စည်များ ဈေးနှုန်း ၄၀ ရာခိုင်နှုန်းခန့်ကျဆင်းနေကြောင်း ကျောက်စိမ်း အရောင်းအ၀ယ်ဈေးကွက်အတွင်းမှသိရှိရသည်။
 ဈေးကွက်အတွင်း ကျောက်စိမ်း အကြမ်းထည်နှင့်အချောထည်ပစ္စည်းများကို ပြည်တွင်းမှဝယ်ယူခွင့်မရှိဘဲ၊တရုတ်လူမျိုးများသာအများဆုံးဝယ်ယူနေကြပြီးဈေးနှုန်းလျော့ကျကာဈေးကွက် တွင်ရောင်းချနေကြရကြောင်းမန္တလေးကျောက်ပွဲတန်းမှသိရသည်။
ရတနာပုံ သတင်းစာ
......
မြန်မာ့ကျောက်မျက်ရတနာလောကတွင် ကျောက်စိမ်းသီးသန့် အချောထည်နှင့်အကြမ်းထည်ပစ္စည်များ စျေးနှုန်း ၄၀ ရာခိုင်နှုန်းခန့်ကျဆင်းနေကြောင်း ကျောက်စိမ်း အရောင်းအဝယ်စျေးကွက်အတွင်းမှသိရှိရသည်။
 စျေးကွက်အတွင်း ကျောက်စိမ်း အကြမ်းထည်နှင့်အချောထည်ပစ္စည်းများကို ပြည်တွင်းမှဝယ်ယူခွင့်မရှိဘဲ၊တရုတ်လူမျိုးများသာအများဆုံးဝယ်ယူနေကြပြီးစျေးနှုန်းလျော့ကျကာစျေးကွက် တွင်ရောင်းချနေကြရကြောင်းမန္တလေးကျောက်ပွဲတန်းမှသိရသည်။
“လုပ်လို့ကိုင်လို့တောင်မရတော့ဘူး။ကျောက်လောကတစ်ခုလုံးအေးနေတာ။အခုချမှတ်ထားတဲ့ကျောက်မျက် ဥပဒေကလဲ ရှိတော့လူတွေက မလုပ်ရဲကြဘူးလေ။ရတဲ့စျေးနဲ့ရောင်း နေရတာပါ။အပေါင်ခံတဲ့ တရုတ်တွေဆီမှာ ပေးသလောက်ယူရတာ။အခြေအနေကအရမ်းဆိုးပါတယ်။”ဟု မန္တလေးမြို့မှ ကျောက်အရောင်းအဝယ် လုပ်ကိုင်သူ ဦးကျော်စိုး ကပြောသည်။
 မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာကို အထူးကုန်စည်ခွန် ဥပဒေတွင် ထည့်သွင်းထားပြီး လုပ်ငန်းမှတ်ပုံတင် ခြင်းပျက်ကွက်လျှင် ဒဏ်ငွေကျပ်သိန်း ၅၀ သတ်မှတ်ထားပြီး အခွန်မပေးဆောင်သည့်ကုန်စည်ကို လက်ဝယ် တွေ့ရှိလျှင် ဒဏ်ငွေအဖြစ် ကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းအပြင် ကုန်စည်များကို သိမ်းယူခြင်း၊ တရား စွဲဆိုခြင်းများပြုလုပ်မည်ဟု အထူးကုန်စည်ခွန်ဥပဒေတွင် သတ်မှတ်ထားကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
No comments:
Post a Comment