Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 20, 2016

မႏၱေလးမွာ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ (၃၆) စီးသိမ္းဆည္းရမိ



မႏၱေလးတိုင္းေဒသႀကီး ၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၊ ခ်မ္းျမသာစည္ေတာင္ ရပ္ကြက္ အကြက္(၉၀၂)၊ (၇၈)လမ္း၊ စစ္ကုိင္းလမ္းခြဲနဲ႔ ပညာပ်ဳိးခင္း လမ္းၾကားရွိေအာင္ေျမေရႊဘံုေက်ာင္းတိုက္ရွိ သာသနာ့ဗိမာန္ ေက်ာင္း၀န္း အတြင္းမွာ ဇြန္လ(၂၀)ရက္က လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ (၃၆) စီးသိမ္း ဆည္းရမိခဲ့တယ္လို႔ သိရပါတယ္။

 ဇြန္လ(၂၀)ရက္ နံနက္(၈)နာရီခြဲခန္႕က သတင္းအရ ၀င္ေရာက္ရွာေဖြစစ္ေဆးရာမွာ အခုလို လိုင္စင္ မဲ့ ေမာ္ေတာ္ယာဥ္ေတြ သိမ္းဆည္းရမိခဲ့တာျဖစ္တယ္လို႔ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၊ နယ္ေျမရဲတပ္ဖြဲ႕ကေန သိရပါတယ္။ “သတင္းအရ ပူးေပါင္းအဖဲြ႕ေတြနဲ႕ ရွာေဖြပံုစံနဲ႕ ၀င္စစ္တဲ့အခ်ိန္ မနက္ပိုင္းမွာ (၂၇)စီး ဖမ္းမိခဲ့ၿပီး ကားနဲ႕အတူ ဖမ္းမိခဲ့တဲ့ လူႏွစ္ေယာက္ကို စစ္ေဆးေမးျမန္းခ်က္အရ ေနာက္ထပ္ (၉)စီးထပ္မံ ဖမ္းမိခဲ့တယ္လို႔ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ ၊ တာ၀န္ရွိသူတစ္ဦးက ေျပာပါတယ္။ ဒါေၾကာင့္ စုစုေပါင္း (၃၆)စီး ဖမ္းမိခဲ့ၿပီး စစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္” လို႔ တာ၀န္ရွိသူက ေျပာပါတယ္။


 ရဲမွတ္တမ္းေတြအရ ေအာင္ေျမေရႊဘံုေက်ာင္းတိုက္ရွိ သာသနဗိမာန္ေက်ာင္း၀န္းအတြင္း နံနက္(၈)နာရီခြဲ၀န္းက်င္က စစ္ေဆးေတြ႕ရွိတဲ့ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္(၂၇)စီးကို ရွာေဖြပံုစံနဲ႔ သိမ္းဆည္းခဲ့ၿပီး ၀င္ေရာက္စစ္ေဆးစဥ္ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ေတြနဲ႔အတူ အေရာင္းအ၀ယ္လုပ္ကိုင္သူ ကိုႏိုင္(ခ)ေအာင္ႏိုင္ဦး (၄၇)ႏွစ္ (ဘ) ဦးသန္းေအာင္ နဲ႔ ရဲမင္းထက္(၂၁)ႏွစ္(ဘ)ဦးကိုႀကီးတို႔ ႏွစ္ဦး ကိုေတြ႔ရွိခဲ့တယ္လို႔ သိရပါတယ္။

 ကိုႏုိင္(ခ)ေအာင္ႏုိင္ဦး ႏွင့္ ရဲမင္းထက္ တို႔ကို ထပ္မံစစ္ေဆးေမးျမန္းရာမွာ ေအာင္ေျမေရႊဘံုေက်ာင္းတိုက္၊ သာသနဗိမာန္ေက်ာင္း၀န္းအတြင္းထားရွိတဲ့ ေမာ္ေတာ္ယာဥ္ေတြအနက္မွ (၉)စီးကို ဇြန္(၁၉)ရက္ ည(၇)နာရီခန္႕က ရန္ကုန္-မႏၱေလးလမ္းေဘးမွာ ရွိတဲ့ ေက်ာင္းရဲ႕ေျမာက္ဘက္ေက်ာင္း၀န္းအတြင္း ေရႊ႕ေျပာင္းထားရွိေၾကာင္း ထပ္မံစစ္ေဆးေပၚေပါက္ခဲ့တယ္လို႔လည္း သိရပါတယ္။ ထြက္ဆိုခ်က္ကို အတည္ျပဳႏိုင္ဖို႔ ထြက္ဆိုခဲ့တဲ့က်ာင္းတိုက္အတြင္း စစ္ေဆးခဲ့ ရာ ေမာ္ေတာ္ယာဥ္ (၉)စီးကို ရွာေဖြပံုစံနဲ႔ ထပ္မံ သိမ္းဆည္း ရမိခဲ့တာျဖစ္ပါတယ္။


 လက္ရွိမွာ လိုင္စင္မဲ့ကားေတြကို မႏၱေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ တမၼ၀တီရပ္ကြက္၊ မႏၱေလး-စစ္ကိုင္းလမ္းေဘးရွိ ခ်မ္းျမသာစည္ၿမိဳ႕နယ္ၿမိဳ႕နယ္ရဲတပ္ဖဲြ႕ရံုးကို ေရႊေျပာင္းသယ္ေဆာင္ ထိန္းသိမ္းထားၿပီး ခ်မ္းျမသာစည္ၿမိဳ႕နယ္ အမွတ္(၁၁)ရဲစခန္းက (ပ)၂၉၁/၁၆ ပို႕ကုန္၊ သြင္းကုန္ ဥပေဒပုဒ္မ ၈ နဲ႔ အမႈဖြင့္ထားကာ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ေတြကို ယာဥ္အမ်ဳိးအစားစိစစ္ၿပီး ဥပေဒ ႏွင့္ အညီအမႈဖြင့္အေရးယူေဆာင္ရြက္ႏိုင္ေရး စီစဥ္ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

သတင္း ၊ ဓာတ္ပံု - ရဲရင့္မာန္
5 Plus News
https://www.facebook.com/5plusnews
..........



မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ် ၊ ချမ်းမြသာစည်တောင် ရပ်ကွက် အကွက်(၉၀၂)၊ (၇၈)လမ်း၊ စစ်ကိုင်းလမ်းခွဲနဲ့ ပညာပျိုးခင်း လမ်းကြားရှိအောင်မြေရွှေဘုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန် ကျောင်းဝန်း အတွင်းမှာ ဇွန်လ(၂၀)ရက်က လိုင်စင်မဲ့မော်တော်ယာဉ် (၃၆) စီးသိမ်း ဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


 ဇွန်လ(၂၀)ရက် နံနက်(၈)နာရီခွဲခန့်က သတင်းအရ ၀င်ရောက်ရှာဖွေစစ်ဆေးရာမှာ အခုလို လိုင်စင် မဲ့ မော်တော်ယာဉ်တွေ သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ချမ်းမြသာစည်မြို့နယ် ၊ နယ်မြေရဲတပ်ဖွဲ့ကနေ သိရပါတယ်။ “သတင်းအရ ပူးပေါင်းအဖွဲ့တွေနဲ့ ရှာဖွေပုံစံနဲ့ ၀င်စစ်တဲ့အချိန် မနက်ပိုင်းမှာ (၂၇)စီး ဖမ်းမိခဲ့ပြီး ကားနဲ့အတူ ဖမ်းမိခဲ့တဲ့ လူနှစ်ယောက်ကို စစ်ဆေးမေးမြန်းချက်အရ နောက်ထပ် (၉)စီးထပ်မံ ဖမ်းမိခဲ့တယ်လို့ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ ၊ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါကြောင့် စုစုပေါင်း (၃၆)စီး ဖမ်းမိခဲ့ပြီး စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်” လို့ တာဝန်ရှိသူက ပြောပါတယ်။



 ရဲမှတ်တမ်းတွေအရ အောင်မြေရွှေဘုံကျောင်းတိုက်ရှိ သာသနဗိမာန်ကျောင်းဝန်းအတွင်း နံနက်(၈)နာရီခွဲဝန်းကျင်က စစ်ဆေးတွေ့ရှိတဲ့ လိုင်စင်မဲ့မော်တော်ယာဉ်(၂၇)စီးကို ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့ပြီး ၀င်ရောက်စစ်ဆေးစဉ် လိုင်စင်မဲ့ မော်တော်ယာဉ်တွေနဲ့အတူ အရောင်းအဝယ်လုပ်ကိုင်သူ ကိုနိုင်(ခ)အောင်နိုင်ဦး (၄၇)နှစ် (ဘ) ဦးသန်းအောင် နဲ့ ရဲမင်းထက်(၂၁)နှစ်(ဘ)ဦးကိုကြီးတို့ နှစ်ဦး ကိုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။


 ကိုနိုင်(ခ)အောင်နိုင်ဦး နှင့် ရဲမင်းထက် တို့ကို ထပ်မံစစ်ဆေးမေးမြန်းရာမှာ အောင်မြေရွှေဘုံကျောင်းတိုက်၊ သာသနဗိမာန်ကျောင်းဝန်းအတွင်းထားရှိတဲ့ မော်တော်ယာဉ်တွေအနက်မှ (၉)စီးကို ဇွန်(၁၉)ရက် ည(၇)နာရီခန့်က ရန်ကုန်-မန္တလေးလမ်းဘေးမှာ ရှိတဲ့ ကျောင်းရဲ့မြောက်ဘက်ကျောင်းဝန်းအတွင်း ရွှေ့ပြောင်းထားရှိကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့လည်း သိရပါတယ်။ ထွက်ဆိုချက်ကို အတည်ပြုနိုင်ဖို့ ထွက်ဆိုခဲ့တဲ့ကျာင်းတိုက်အတွင်း စစ်ဆေးခဲ့ ရာ မော်တော်ယာဉ် (၉)စီးကို ရှာဖွေပုံစံနဲ့ ထပ်မံ သိမ်းဆည်း ရမိခဲ့တာဖြစ်ပါတယ်။



 လက်ရှိမှာ လိုင်စင်မဲ့ကားတွေကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္မဝတီရပ်ကွက်၊ မန္တလေး-စစ်ကိုင်းလမ်းဘေးရှိ ချမ်းမြသာစည်မြို့နယ်မြို့နယ်ရဲတပ်ဖွဲ့ရုံးကို ရွှေပြောင်းသယ်ဆောင် ထိန်းသိမ်းထားပြီး ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)ရဲစခန်းက (ပ)၂၉၁/၁၆ ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်ထားကာ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို ယာဉ်အမျိုးအစားစိစစ်ပြီး ဥပဒေ နှင့် အညီအမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း ၊ ဓာတ်ပုံ - ရဲရင့်မာန်
5 Plus News
https://www.facebook.com/5plusnews

No comments:

Post a Comment