CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, June 10, 2016
သမိုင္း၀င္ အင္းစိန္ဂ်ီတီအုိင္ေက်ာင္းတြင္ နည္းပညာႏွင့္ သက္ေမြးပညာ သင္တန္းမ်ား ျပန္လည္ဖြင့္လွစ္ေတာ့မည္
အစိုးရသစ္လက္ထက္တြင္ သမိုင္း၀င္ အင္းစိန္ဂ်ီတီအိုင္ေက်ာင္းအား နည္းပညာႏွင့္ သက္ေမြးပညာသင္တန္းမ်ား ဖြင့္လွစ္ႏိုင္ရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း ပညာေရးဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ဇြန္လ ၁၀ ရက္ လႊတ္ေတာ္အစည္းအေ၀းတြင္ ေျပာသည္။
အင္းစိန္မဲဆႏၵနယ္မွ ဦးေမာင္ေမာင္ဦးက အင္းစိန္(GTI) ေက်ာင္းေတာ္ႀကီးကို ယခင္အစဥ္အလာေကာင္းႏွင့္ အညီ (GTI) ေက်ာင္းေတာ္ႀကီး ေပၚေပါက္လာႏိုင္ေရးအတြက္ ျပန္လည္ အေကာင္အထည္ေဖာ္ရန္ ႏွင့္ စပ္လ်ဥ္း၍ ေမးျမန္းခဲ့မႈကို ပညာေရး၀န္ႀကီးက ယင္းသို႕ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။
အင္းစိန္ဂ်ီတီအိုင္အား သိပၸံႏွင့္ နည္းပညာ၀န္ႀကီးဌာနက ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီသို႕ ၂၀၀၇ ခုႏွစ္တြင္ လႊဲေျပာင္းေပးအပ္ခဲ့ျခင္းျဖစ္ၿပီး ပညာေရး၀န္ႀကီးဌာန ၊ ၀န္ႀကီးရုံးမွ ၂၀၁၆ ခုႏွစ္ ေမလ ၁၇ ရက္တြင္ ႏိုင္ငံေတာ္သမၼတရံုးသို႔ အင္းစိန္ဂ်ီတီအိုင္ ေျမဧက ၄၁.၉၉၇ ဧကႏွင့္ ေျမေပၚရွိ အေဆာက္အအံုမ်ားအား ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔ႏွင့္ ပူးေပါင္းေဆာင္ရြက္၍ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ လက္ေအာက္မွ ပညာေရးဝန္ႀကီးဌာနသို႔ အဆင့္လိုက္ ျပန္လည္ လႊဲေျပာင္းေပးအပ္ႏိုင္ရန္ တင္ျပ စီစဥ္ေဆာင္ရြက္လ်က္ရွိသည္ဟု ပညာေရးဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက လႊတ္ေတာ္အစည္းအေ၀းတြင္ ေျပာၾကားခဲ့သည္။
အင္းစိန္ဂ်ီတီအိုင္ေက်ာင္းမွာ ျမန္မာႏိုင္ငံ၏ ပထမဆံုးေသာ စက္မႈလက္မႈ ပညာသင္ေက်ာင္း ျဖစ္ခဲ့ေသာ္လည္း ျပီးခဲ့သည့္ စစ္အစိုးရလက္ထက္တြင္ အဆိုပါ က်ယ္ေျပာလွေသာ ေက်ာင္း၀န္းအတြင္း ေရႊ၀ါေရာင္သံဃာ့ အေရးအခင္းမွ ဖမ္းဆီးထားသူမ်ားအား ပိတ္ေလွာင္ျခင္း ၊ ျဖိဳးေစတနာ ေဆးခန္းဖြင့္လွစ္ျခင္း၊ အျခားပုဂၢလိက လုပ္ငန္းရွင္းမ်ားအား ပုဂၢလိက အထက္တန္းေက်ာင္းဖြင့္ရန္ ငွားရမ္းျခင္း အပါ၀င္ စက္မႈလက္မႈ သက္ေမြးပညာသင္ေက်ာင္းနွင့္ မသက္ဆိုင္သည့္ အသံုးခ်မႈမ်ားကို ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ေဇာ္မင္းထြန္း
The Ladies News
https://www.facebook.com/News.TheLadies
......
အစိုးရသစ်လက်ထက်တွင် သမိုင်းဝင် အင်းစိန်ဂျီတီအိုင်ကျောင်းအား နည်းပညာနှင့် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဇွန်လ ၁၀ ရက် လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
အင်းစိန်မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦးက အင်းစိန်(GTI) ကျောင်းတော်ကြီးကို ယခင်အစဉ်အလာကောင်းနှင့် အညီ (GTI) ကျောင်းတော်ကြီး ပေါ်ပေါက်လာနိုင်ရေးအတွက် ပြန်လည် အကောင်အထည်ဖော်ရန် နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့မှုကို ပညာရေးဝန်ကြီးက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အင်းစိန်ဂျီတီအိုင်အား သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ၂၀၀၇ ခုနှစ်တွင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာန ၊ ၀န်ကြီးရုံးမှ ၂၀၁၆ ခုနှစ် မေလ ၁၇ ရက်တွင် နိုင်ငံတော်သမ္မတရုံးသို့ အင်းစိန်ဂျီတီအိုင် မြေဧက ၄၁.၉၉၇ ဧကနှင့် မြေပေါ်ရှိ အဆောက်အအုံများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်မှ ပညာရေးဝန်ကြီးဌာနသို့ အဆင့်လိုက် ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရန် တင်ပြ စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အင်းစိန်ဂျီတီအိုင်ကျောင်းမှာ မြန်မာနိုင်ငံ၏ ပထမဆုံးသော စက်မှုလက်မှု ပညာသင်ကျောင်း ဖြစ်ခဲ့သော်လည်း ပြီးခဲ့သည့် စစ်အစိုးရလက်ထက်တွင် အဆိုပါ ကျယ်ပြောလှသော ကျောင်းဝန်းအတွင်း ရွှေဝါရောင်သံဃာ့ အရေးအခင်းမှ ဖမ်းဆီးထားသူများအား ပိတ်လှောင်ခြင်း ၊ ဖြိုးစေတနာ ဆေးခန်းဖွင့်လှစ်ခြင်း၊ အခြားပုဂ္ဂလိက လုပ်ငန်းရှင်းများအား ပုဂ္ဂလိက အထက်တန်းကျောင်းဖွင့်ရန် ငှားရမ်းခြင်း အပါ၀င် စက်မှုလက်မှု သက်မွေးပညာသင်ကျောင်းနှင့် မသက်ဆိုင်သည့် အသုံးချမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies
သမိုင္း၀င္ အင္းစိန္ဂ်ီတီအုိင္ေက်ာင္းတြင္ နည္းပညာႏွင့္ သက္ေမြးပညာ သင္တန္းမ်ား ျပန္လည္ဖြင့္လွစ္ေတာ့မည္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 10, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 10, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment