Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 10, 2016

ဘုရားဆင်းတုတော်မျက်လုံးပွင့်တဲ့အကြောင်းရင်း..

.
Via: အိအိဆွေ
........
သြော်. . .(မျက်လုံးပွင့်လာတဲ့ဘုရားတဲ့)
မီဒီယာကလည်းတင် စိတ်ဝင်စားသူကလည်းစိတ်ဝင်စားကြ။ ဘာလို့ဖြစ်ရတယ်ဆိုတာကို သေချာမစုံစမ်းကြတော့ဘူး။
သိပ်သိချင်ရင် မန္တလေး မဟာမုနိဘုရားကြီး တောင်ဘက် အာနန္ဒာစောင်းတန်းမှာ ဘုရားဆင်းတု မျက်လုံးတွေလုပ်တဲ့လုပ်ငန်းရှိတယ်။
ဘယ်လိုထည့်ရတယ်ဆိုတာလေ့လာလို့ရတယ်။
ဘုရားမျက်လုံးတွေကို ကျောက်တို့ဖန်တို့နဲ့ လုပ်ရတယ်။
ဆင်းတုရုပ်ပွားတော်မှာ မျက်လုံးထည့်ပြီးရင် အပေါ်ကနေ ကြေးတစ်လွှာပါးပြန်အုပ်ရတယ်။ မျက်လွှာချနေသယောင်ဖြစ်အောင်လို့
အဲ့အလွှာက အဆင်မသင့်ရင် ကြာရင်ကွာတတ်တယ်။ အဲ့ဒီတော့ မျက်လုံးတော်ပွင့်တယ်ဖြစ်တာပဲ။
လက်ရာချို့ယွင်းမှုတစ်ခုလို့ပဲ ယူဆတယ်။
ခရက်ဒစ် ယဉ်ယဉ်နှောင်း
.
ပိုင်းခြားဝေဖန်နိုင်တဲ့သူတွေ ဖြစ်ကြပါစေ။
Via: အိအိဆွေ

No comments:

Post a Comment