Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 10, 2016

၂ ရက္အတြင္း လူ ၄ သန္းေက်ာ္ ၾကည့္႐ႈခဲ့သည့္ ၁၂ ႏွစ္အရြယ္ အဆုိရွင္ (႐ုပ္သံ)



အေမရိကန္ျပည္ေထာင္စုက America’s Got Talent ၿပိဳင္ပြဲမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ အသက္ ၁၂ ႏွစ္အရြယ္ ဂေရစ့္ ဗန္ဒါေ၀ါလ္ကို ဒိုင္ေတြက နာမည္ႀကီးအဆိုေတာ္ ေတလာဆြစ္နဲ႔ တင္စားခဲ့ပါတယ္။
ဇြန္ ၇ ရက္ညက က်င္းပတဲ့ ၿပိဳင္ပြဲမွာ ယူကဲေလ့ေလ ဂစ္တာအငယ္စားနဲ႔ ကိုယ္တုိင္ေရးထားတဲ့ “ငါ့နာမည္ေတာင္ ငါမသိ” (I don’t Know My Name) သီခ်င္းကို သီဆိုၿပီး ၿပိဳင္ပြဲ၀င္ခဲ့ပါတယ္။
ၿပိဳင္ပြဲမ၀င္မီ နာမည္ႀကီး ဒိုင္ ဆုိင္မြန္ေကာ၀ဲလ္က အႏုိင္ရဖို႔ ေမွ်ာ္လင့္ထားသလားဆိုတဲ့ အေမးကုိ အေမရိကမွာ ေနတဲ့အတြက္ ဘာမဆိုျဖစ္ႏုိင္တယ္လို႔ ဂေရ႕စ္က ေျပာပါတယ္။
ဒီေနာက္ သူ႔ရဲ႕သီခ်င္းကို သီဆိုၿပီး ၿပိဳင္ပြဲ၀င္ခ်ိန္မွာေတာ့ ဒိုင္ ေဟာ့၀ီးလ္မာဒဲလ္က ေနာက္တဆင့္တက္ေရာက္ဖို႔ ေထာက္ခံမႈေပးခဲ့သလို အသက္ရွင္လ်က္ရွိေနတဲ့ လွပတဲ့ ထူးဆန္းမႈတခုလို႔ တင္စားေျပာဆိုခဲ့ပါတယ္။
ဒုိင္ဆိုင္မြန္ကလည္း ဒုတိယ ေတလာဆြစ္ျဖစ္လာမယ္လို႔ ေဟာကိန္းထုတ္လုိက္သလို ထူးခၽြန္တဲ့ ပါရမီရွင္တဦးကို ေတြ႔လိုက္ရၿပီလို႔ ဆိုပါတယ္။
ဂေရ႕စ္ ဗန္ဒါေ၀ါလ္ကလည္း ယမန္ေန႔ညက ျဖစ္ရပ္ဟာ မယုံၾကည္ႏိုင္ဘူးလို႔ လူမႈကြန္ရက္ တြစ္တာမွာ ေရးပါတယ္။
သူ၀င္ၿပိဳင္တဲ့႐ုပ္သံကို ယူက်ဳေပၚတင္လုိက္ရာမွာေတာ့ ၂ ရက္အတြင္း လူ ၄ သန္းေက်ာ္ ၀င္ေရာက္ ၾကည့္ရႈခဲ့ပါတယ္။
........
By DVB
 11 June 2016

အမေရိကန်ပြည်ထောင်စုက America’s Got Talent ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် ဂရေစ့် ဗန်ဒါဝေါလ်ကို ဒိုင်တွေက နာမည်ကြီးအဆိုတော် တေလာဆွစ်နဲ့ တင်စားခဲ့ပါတယ်။
ဇွန် ရ ရက်ညက ကျင်းပတဲ့ ပြိုင်ပွဲမှာ ယူကဲလေ့လေ ဂစ်တာအငယ်စားနဲ့ ကိုယ်တိုင်ရေးထားတဲ့ “ငါ့နာမည်တောင် ငါမသိ” (I don’t Know My Name) သီချင်းကို သီဆိုပြီး ပြိုင်ပွဲဝင်ခဲ့ပါတယ်။
ပြိုင်ပွဲမဝင်မီ နာမည်ကြီး ဒိုင် ဆိုင်မွန်ကောဝဲလ်က အနိုင်ရဖို့ မျှော်လင့်ထားသလားဆိုတဲ့ အမေးကို အမေရိကမှာ နေတဲ့အတွက် ဘာမဆိုဖြစ်နိုင်တယ်လို့ ဂရေ့စ်က ပြောပါတယ်။
ဒီနောက် သူ့ရဲ့သီချင်းကို သီဆိုပြီး ပြိုင်ပွဲဝင်ချိန်မှာတော့ ဒိုင် ဟော့ဝီးလ်မာဒဲလ်က နောက်တဆင့်တက်ရောက်ဖို့ ထောက်ခံမှုပေးခဲ့သလို အသက်ရှင်လျက်ရှိနေတဲ့ လှပတဲ့ ထူးဆန်းမှုတခုလို့ တင်စားပြောဆိုခဲ့ပါတယ်။
ဒိုင်ဆိုင်မွန်ကလည်း ဒုတိယ တေလာဆွစ်ဖြစ်လာမယ်လို့ ဟောကိန်းထုတ်လိုက်သလို ထူးချွန်တဲ့ ပါရမီရှင်တဦးကို တွေ့လိုက်ရပြီလို့ ဆိုပါတယ်။
ဂရေ့စ် ဗန်ဒါဝေါလ်ကလည်း ယမန်နေ့ညက ဖြစ်ရပ်ဟာ မယုံကြည်နိုင်ဘူးလို့ လူမှုကွန်ရက် တွစ်တာမှာ ရေးပါတယ်။
သူဝင်ပြိုင်တဲ့ရုပ်သံကို ယူကျုပေါ်တင်လိုက်ရာမှာတော့ ၂ ရက်အတွင်း လူ ၄ သန်းကျော် ၀င်ရောက် ကြည့်ရှုခဲ့ပါတယ်။

No comments:

Post a Comment