CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, June 2, 2016
ကဗ်ာဘြဲ႕မွဴးတို႔ ဇနီးေမာင္ႏွံကို ဂုဏ္သိကၡာ က်ဆင္းေစရန္ အြန္လိုင္းေပၚ ေရးသားခဲ့ေသာ အေကာင့္ပိုင္ရွင္ကို အမႈဖြင့္
လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတြင္ ေတးသံရွင္ ကဗ်ာဘြဲ႕မွဴး၏ ခင္ပြန္းျဖစ္သူကို ဂုဏ္သိကၡာ ထိခိုက္ေစမည့္ ဓာတ္ပုံႏွင့္စာမ်ား ေရးသားေဖာ္ျပခဲ့ေသာ အဂၢမဟာသီရိ သုဓမၼပုံပ်က္ ခင္စိန္ အေကာင့္ပိုင္ရွင္ကို ဇြန္လ ၁ ရက္ေန႔က ဆက္သြယ္ေရး ဥပေဒ ပုဒ္မျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း ကမာရြတ္ၿမိဳ႕နယ္ ရဲစခန္းထံမွ သိရွိရသည္။
“ကဗ်ာဘြဲ႕မွဴးတို႔ ဇနီးေမာင္ႏွံအေပၚ အမ်ားအျမင္ အထင္လြဲမွားေစမယ့္ မဟုတ္မမွန္ သတင္းေတြ ေရးသားေဖာ္ျပခဲ့တဲ့ ေဖ့စ္ဘြတ္ခ္ အေကာင့္ပိုင္ရွင္ကို ဖမ္းဆီး အေရးယူႏိုင္ဖို႔ စုံစမ္းေနပါတယ္။”ဟု ယင္းရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။
အဆိုပါ အဂၢမဟာသီရိ သုဓမၼ ပုံပ်က္ခင္စိန္ အေကာင့္တြင္ ေမလ ၃၁ ရက္ေန႔က ကဗ်ာဘြဲ႕မွဴးႏွင့္ ၎၏ ခင္ပြန္းျဖစ္သူ ဦးမ်ိဳးျမင့္ေအာင္တို႔သည္ ZTH ဆီဆိုင္မွ ေငြလိမ္လည္ခဲ့သူမ်ားျဖစ္ေၾကာင္း ဓာတ္ပုံႏွင့္စာမ်ား ပူးတြဲေဖာ္ျပခဲ့သျဖင့္ ယင္းသို႔ မဟုတ္မမွန္ ေရးသားေဖာ္ျပခဲ့သည့္ ေဖ့စ္ဘြတ္ခ္ အေကာင့္ပိုင္ရွင္ကို ေဖာ္ထုတ္ အေရးယူေပးရန္ ဦးမ်ိဳးျမင့္ေအာင္က တရားလိုျပဳ အမႈဖြင့္ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း ကမာရြတ္ၿမိဳ႕နယ္ ရဲစခန္းထံမွ သိရွိရသည္။
The Voice Weekly
.......
ကဗျာဘွဲ့မှူးတို့ ဇနီးမောင်နှံကို ဂုဏ်သိက္ခာ ကျဆင်းစေရန် အွန်လိုင်းပေါ် ရေးသားခဲ့သော အကောင့်ပိုင်ရှင်ကို အမှုဖွင့်
လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် တေးသံရှင် ကဗျာဘွဲ့မှူး၏ ခင်ပွန်းဖြစ်သူကို ဂုဏ်သိက္ခာ ထိခိုက်စေမည့် ဓာတ်ပုံနှင့်စာများ ရေးသားဖော်ပြခဲ့သော အဂ္ဂမဟာသီရိ သုဓမ္မပုံပျက် ခင်စိန် အကောင့်ပိုင်ရှင်ကို ဇွန်လ ၁ ရက်နေ့က ဆက်သွယ်ရေး ဥပဒေ ပုဒ်မဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကမာရွတ်မြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
“ကဗျာဘွဲ့မှူးတို့ ဇနီးမောင်နှံအပေါ် အများအမြင် အထင်လွဲမှားစေမယ့် မဟုတ်မမှန် သတင်းတွေ ရေးသားဖော်ပြခဲ့တဲ့ ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်ကို ဖမ်းဆီး အရေးယူနိုင်ဖို့ စုံစမ်းနေပါတယ်။”ဟု ယင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ အဂ္ဂမဟာသီရိ သုဓမ္မ ပုံပျက်ခင်စိန် အကောင့်တွင် မေလ ၃၁ ရက်နေ့က ကဗျာဘွဲ့မှူးနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးမျိုးမြင့်အောင်တို့သည် ZTH ဆီဆိုင်မှ ငွေလိမ်လည်ခဲ့သူများဖြစ်ကြောင်း ဓာတ်ပုံနှင့်စာများ ပူးတွဲဖော်ပြခဲ့သဖြင့် ယင်းသို့ မဟုတ်မမှန် ရေးသားဖော်ပြခဲ့သည့် ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်ကို ဖော်ထုတ် အရေးယူပေးရန် ဦးမျိုးမြင့်အောင်က တရားလိုပြု အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly
ကဗ်ာဘြဲ႕မွဴးတို႔ ဇနီးေမာင္ႏွံကို ဂုဏ္သိကၡာ က်ဆင္းေစရန္ အြန္လိုင္းေပၚ ေရးသားခဲ့ေသာ အေကာင့္ပိုင္ရွင္ကို အမႈဖြင့္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 02, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 02, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment