Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 2, 2016

ေက်ာင္းထြက္လက္မွတ္အတြက္ ေငြေကာက္သည့္သတင္း အြန္လိုင္းတင္သူကို အမႈဖြင့္

ေက်ာင္းထြက္လတ္မွတ္ယူသည့္ မိဘမ်ားထံမွ ေငြေၾကးေကာက္ခံသည္ဟု ေဖစ္ဘြတ္ခ္ စာမ်က္ႏွာတြင္ ေရးသားခဲ့သူကို ေက်ာင္းတာဝန္ရွိသူတစ္ဦးက ဆက္သြယ္ေရး ဥပေဒျဖင့္ အမႈဖြင့္ တိုင္ၾကားထားေၾကာင္း ေတာင္ငူၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ရံုးမွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။
အမႈဖြင့္ခံရသူမွာ ေတာင္ငူၿမိဳ႕နယ္ အမွတ္ (၆) ရပ္ကြက္တြင္ ေနထိုင္ေသာ ဦးေဇာ္မ်ိဳးလြင္ဆိုသူျဖစ္ၿပီး ယင္းရပ္ကြက္ရွိ ပန္းဘဲတန္း အေျခခံပညာ အလယ္တန္းေက်ာင္းခြဲမွ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚေအးေအးခန္႔သည္ ေက်ာင္းထြက္လတ္မွတ္ယူေသာ မိဘမ်ားထံမွ ေငြေၾကးေကာက္ခံသည္ဟုဆိုကာ ေမလ ၂၅ ရက္ေန႔က Ko Zaw အေကာင့္ျဖင့္ ေဖစ့္ဘြတ္ခ္ စာမ်က္ႏွာေပၚတြင္ ေရးသားခဲ့ျခင္းေၾကာင့္ ဆက္သြယ္ေရးပုဒ္မ ၆၆ (ဃ) ျဖင့္ အမႈဖြင့္ တိုင္ၾကားထားျခင္းျဖစ္ေၾကာင္း ေတာင္ငူ အမွတ္ ၂ ရဲစခန္းထံမွ စံုစမ္းသိရွိရသည္။
"ေက်ာင္းအုပ္ဆရာမႀကီးရဲ႕ ညီမက Facebook မွာ ဆရာမႀကီးဓာတ္ပုံနဲ႔ ေက်ာင္းထြက္လက္မွတ္ယူတဲ့ ေက်ာင္းသားမိဘေတြကို ေငြေကာက္ခံတယ္ဆိုၿပီး ေတြ႕လို႔ အမႈဖြင့္ခဲ့တာပါ၊ တင္တဲ့သူကိုယ္တိုင္ကလည္း ပညာေရးမွဴး႐ုံးကို သြားတိုင္တယ္ဆိုတဲ့အေၾကာင္း ေရးထားတယ္။ အမႈဖြင့္ထားေပမယ့္ စစ္ေဆးေမးျမန္းတာမ်ိဳး မလုပ္ရေသးပါဘူး"ဟု အမႈစစ္အရာရွိ ရဲအုပ္ေနလင္းေအာင္က ေျပာၾကားသည္။
အမႈဖြင့္ခံထားရသူ ဦးေဇာ္မ်ိဳးလြင္ထံ ေမလ ၂ရက္ေန႔တြင္ The Voice က ဖုန္းျဖင့္ အႀကိမ္ႀကိမ္ ဆက္သြယ္ ေမးျမန္းခဲ့ေသာ္လည္း လက္ခံေျဖၾကားျခင္း မရွိေပ။
Ko Zaw အေကာင့္ပိုင္ရွင္ဟုဆိုသူ ဦးေဇာ္မ်ိဳးလြင္ကို ေတာင္ငူၿမိဳ႕ အမွတ္ ၂ နယ္ေျမရဲစခန္းတြင္ (ပ)၁၅၅/ ၂၀၁၆ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ) ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ထားေၾကာင္း ယင္းရဲစခန္းမွ စံုစမ္းသိ႐ွိရသည္။
=================
The Voice Weekly
.......
ကျောင်းထွက်လက်မှတ်အတွက် ငွေကောက်သည့်သတင်း အွန်လိုင်းတင်သူကို အမှုဖွင့်

ကျောင်းထွက်လတ်မှတ်ယူသည့် မိဘများထံမှ ငွေကြေးကောက်ခံသည်ဟု ဖေစ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့သူကို ကျောင်းတာဝန်ရှိသူတစ်ဦးက ဆက်သွယ်ရေး ဥပဒေဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အမှုဖွင့်ခံရသူမှာ တောင်ငူမြို့နယ် အမှတ် (၆) ရပ်ကွက်တွင် နေထိုင်သော ဦးဇော်မျိုးလွင်ဆိုသူဖြစ်ပြီး ယင်းရပ်ကွက်ရှိ ပန်းဘဲတန်း အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခန့်သည် ကျောင်းထွက်လတ်မှတ်ယူသော မိဘများထံမှ ငွေကြေးကောက်ခံသည်ဟုဆိုကာ မေလ ၂၅ ရက်နေ့က Ko Zaw အကောင့်ဖြင့် ဖေစ့်ဘွတ်ခ် စာမျက်နှာပေါ်တွင် ရေးသားခဲ့ခြင်းကြောင့် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်ကြားထားခြင်းဖြစ်ကြောင်း တောင်ငူ အမှတ် ၂ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
"ကျောင်းအုပ်ဆရာမကြီးရဲ့ ညီမက Facebook မှာ ဆရာမကြီးဓာတ်ပုံနဲ့ ကျောင်းထွက်လက်မှတ်ယူတဲ့ ကျောင်းသားမိဘတွေကို ငွေကောက်ခံတယ်ဆိုပြီး တွေ့လို့ အမှုဖွင့်ခဲ့တာပါ၊ တင်တဲ့သူကိုယ်တိုင်ကလည်း ပညာရေးမှူးရုံးကို သွားတိုင်တယ်ဆိုတဲ့အကြောင်း ရေးထားတယ်။ အမှုဖွင့်ထားပေမယ့် စစ်ဆေးမေးမြန်းတာမျိုး မလုပ်ရသေးပါဘူး"ဟု အမှုစစ်အရာရှိ ရဲအုပ်နေလင်းအောင်က ပြောကြားသည်။
အမှုဖွင့်ခံထားရသူ ဦးဇော်မျိုးလွင်ထံ မေလ ၂ရက်နေ့တွင် The Voice က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
Ko Zaw အကောင့်ပိုင်ရှင်ဟုဆိုသူ ဦးဇော်မျိုးလွင်ကို တောင်ငူမြို့ အမှတ် ၂ နယ်မြေရဲစခန်းတွင် (ပ)၁၅၅/ ၂၀၁၆ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း ယင်းရဲစခန်းမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment