Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 2, 2016

ေခါင္မုိး မလုံလို႔ ဒီေန႔ပိတ္လိုက္ရတဲ့ ေက်ာင္း

 ပညာေရး၀န္ႀကီးဌာနက ဇြန္လ ၁ ရက္ေန႔ကစၿပီး တစ္ႏိုင္ငံလံုးက
အေျခခံပညာေက်ာင္းေတြကုိ ၂၀၁၆-၂၀၁၇ ပညာသင္ႏွစ္အတြက္
စတင္ဖြင့္လွစ္လိုက္ေပမယ့္ စစ္ကုိင္းတုိင္းေဒသႀကီး၊
ပုလဲၿမိဳ႕နယ္က မုိးေကာင္းအလယ္တန္းေက်ာင္းခြဲ စာသင္ေက်ာင္းေလး
ကေတာ့ မေန႔က ဖြင့္ခဲ့တဲ့ ေက်ာင္းကို ဒီေနံမွာ ပိတ္လိုက္ရပါတယ္။

အမုိးမလုံတာေၾကာင့္ ဒီေန႔ပိတ္လိုက္ရတာလို႔ အ့ဲဒီ စာသင္ေက်ာင္းက
ေက်ာင္းဆရာတစ္ဦးျဖစ္သူက ေျပာပါတယ္။

အဲဒီေက်ာင္းေလးဟာ မိုးမ်ားတဲ့ ရက္တိုင္း ပိတ္ေနရတာ လြန္ခဲ့တဲ့
ႏွစ္ႏွစ္ေလာက္ကတည္းကလို႔ သူကဆိုပါတယ္။

''မုိးမရြာတ့ဲ ေန႔ဆုိရင္ ဖြင့္တယ္။မုိးရြာလာရင္ ခဏေတာ့ ေစာင့္ၾကည့္တယ္။
မုိးမ်ားလာရင္ ကေလးေတြကုိ အိမ္ျပန္လႊတ္လိုက္ရတယ္။
မူလတန္းကေလးေတြရိွတ့ဲ အတန္းေတြဘက္မွာ မိုးပိုယုိတယ္
။ျပန္လြတ္ရင္လည္း နည္းနည္းႀကီးတ့ဲ ကေလးေတြက
ကေလးငယ္ေလးေတြနဲ႔ တြဲၿပီး ျပန္လိုက္ပုိ႔ခိုင္းတယ္။ဒါမွမဟုတ္
အိမ္က လာႀကိဳၾကတယ္''လို႔ ေက်ာင္းဆရာတစ္ဦးျဖစ္သူက ေျပာပါတယ္။

လက္ရိွအခ်ိန္မွာေတာ့ ေက်ာင္းေဆာင္သစ္ ေဆာက္ခြင့္ရထားေပမ့ဲ
ဘယ္အခ်ိန္ေဆာက္မလဲဆိုတာသူမသိေၾကာင္းေျပာပါတယ္။
အဲဒီ မုိးေကာင္းအလယ္တန္းေက်ာင္းခြဲမွာ ေက်ာင္းသား ၄၀၀နီးပါး
ရွိေနပါတယ္။

================

News by ကိုဦး

Popular News Journal

ရန္ကုန္၊ ဇြန္ ၂


.....
ခေါင်မိုး မလုံလို့ ဒီနေ့ပိတ်လိုက်ရတဲ့ ကျောင်း

ပညာရေးဝန်ကြီးဌာနက ဇွန်လ ၁ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးက
အခြေခံပညာကျောင်းတွေကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက်
စတင်ဖွင့်လှစ်လိုက်ပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး၊
ပုလဲမြို့နယ်က မိုးကောင်းအလယ်တန်းကျောင်းခွဲ စာသင်ကျောင်းလေး
ကတော့ မနေ့က ဖွင့်ခဲ့တဲ့ ကျောင်းကို ဒီနေံမှာ ပိတ်လိုက်ရပါတယ်။

အမိုးမလုံတာကြောင့် ဒီနေ့ပိတ်လိုက်ရတာလို့ အဲ့ဒီ စာသင်ကျောင်းက
ကျောင်းဆရာတစ်ဦးဖြစ်သူက ပြောပါတယ်။

အဲဒီကျောင်းလေးဟာ မိုးများတဲ့ ရက်တိုင်း ပိတ်နေရတာ လွန်ခဲ့တဲ့
နှစ်နှစ်လောက်ကတည်းကလို့ သူကဆိုပါတယ်။

''မိုးမရွာတဲ့ နေ့ဆိုရင် ဖွင့်တယ်။မိုးရွာလာရင် ခဏတော့ စောင့်ကြည့်တယ်။
မိုးများလာရင် ကလေးတွေကို အိမ်ပြန်လွှတ်လိုက်ရတယ်။
မူလတန်းကလေးတွေရှိတဲ့ အတန်းတွေဘက်မှာ မိုးပိုယိုတယ်
။ပြန်လွတ်ရင်လည်း နည်းနည်းကြီးတဲ့ ကလေးတွေက
ကလေးငယ်လေးတွေနဲ့ တွဲပြီး ပြန်လိုက်ပို့ခိုင်းတယ်။ဒါမှမဟုတ်
အိမ်က လာကြိုကြတယ်''လို့ ကျောင်းဆရာတစ်ဦးဖြစ်သူက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကျောင်းဆောင်သစ် ဆောက်ခွင့်ရထားပေမဲ့
ဘယ်အချိန်ဆောက်မလဲဆိုတာသူမသိကြောင်းပြောပါတယ်။
အဲဒီ မိုးကောင်းအလယ်တန်းကျောင်းခွဲမှာ ကျောင်းသား ၄၀၀နီးပါး
ရှိနေပါတယ်။

================

News by ကိုဦး

Popular News Journal

ရန်ကုန်၊ ဇွန် ၂

No comments:

Post a Comment