Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 2, 2016

ေက်ာက္မ်က္ယူရိုေငြေပ်ာက္ဆံုးကိစၥ ထိေရာက္စြာအေရးယူေပးဖို႔ ေတာင္းဆို


(ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္ ေတာ္ဝင္ႏွင္းဆီစားေသာက္ဆိုင္မွာ ျမန္မာႏိုင္ငံ ေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္က က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲကို ဇြန္လ ၂ ရက္ေန႔က ေတြ႔ရစဥ္) ဓါတ္ပံု - ထက္အာကာ/RFA
ေက်ာက္မ်က္လုပ္ငန္းရွင္ေတြထံက ေကာက္ယူထားတဲ့ ယူရိုေငြ ၉၃ သန္းကို အလဲြသံုးစားလုပ္ထားတာကို ဥပေဒအရ စစ္ေဆးၿပီး ထိေရာက္စြာ အေရးယူေပးဖို႔ ေက်ာက္မ်က္ လုပ္ငန္းရွင္ ၈၇ ဦးက ေတာင္းဆိုလိုက္ပါတယ္။

ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္ ေတာ္ဝင္ႏွင္းဆီဆိုင္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ျမန္မာႏိုင္ငံ ေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ အလုပ္အမႈေဆာင္ ဦးေက်ာ္ေက်ာ္ဦး က အ့ဲဒီေပ်ာက္ဆံုးေနတဲ့အထဲမွာ နုိင္ငံေတာ္သမၼတေဟာင္း ဦးသိန္းစိန္ကို ထုတ္ေပးခဲ့တဲ့ ယူရိုေငြ ၁ သန္းလည္း ပါတယ္လို႔ ေျပာပါတယ္။

ေက်ာက္မ်က္လုပ္ငန္းရွင္ေတြ တိုင္ၾကားမႈနဲ႔ပတ္သက္ၿပီး သတၱဳတြင္းဝန္ႀကီးေဟာင္း ေဒါက္တာျမင့္ေမာင္က ေနျပည္ေတာ္ ဇမၼဴသီရိၿမိဳ႕နယ္၊ ေက်ာက္မ်က္ရတနာသင္တန္းေက်ာင္းမွာ သတင္းစာရွင္းလင္းပြဲ က်င္းပခဲ့ပါတယ္။

ေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ားအသင္းရဲ႕ ရန္ပံုေငြ ယူရို ၈၆ သန္း ေပ်ာက္ဆံုးေနတာ မဟုတ္ဘဲ သံုးစြဲထားၿပီးသား စာရင္းေတြကိုကိုးကားၿပီး သတၱဳတြင္းဝန္ႀကီးေဟာင္း ေဒါက္တာျမင့္ေအာင္ က ျငင္းဆိုခဲ့ပါတယ္။

ယူရိုေငြ ၉၃ သန္း ေပ်ာက္ဆံုးတယ္လို႔ ေျပာတဲ့ေနရာမွာ လက္က်န္ ယူရိုေငြ ၇ သန္းရိွေနၿပီး ယူရို ၈၆ သန္းကို ေျပာၾကတာျဖစ္ပါတယ္။ အ့ဲဒီအထဲမွာ သမၼတေဟာင္း ဦးသိန္းစိန္ ကို အႏုပညာဦးစီးဌာန ေဆာက္လုပ္ရန္ ယူရိုေငြ ၇ သန္း ထုတ္ေပးတာေတြတယ္ဆိုတာ မဟုတ္ဘဲ ယူရို ၁ သန္းသာျဖစ္ၿပီး အဲ့ဒီေငြဟာလည္း ေဆာက္လုပ္ေရးနဲ႔ အိမ္ရာဖံြ႔ၿဖိဳးေရးဘဏ္စာရင္းမွာ အဲ့ဒီေငြရိွေနေၾကာင္း ေဒါက္တာျမင့္ေအာင္က ရွင္းျပပါတယ္။ ဒါ့အျပင္ သမၼတရံုးဝန္ႀကီးေဟာင္း ဦးစိုးသိန္းကို ယူရိုေငြ ၅ သန္း ေပးတာရိွတယ္ဆိုတာဟာ မရိွေၾကာင္းလည္း ေဒါက္တာျမင့္ေအာင္က ျငင္းဆိုပါတယ္။

ဖားကန္႔ၿမိဳ႕ေရွာင္လမ္းအတြက္ အေမရိကန္ေဒၚလာ ၁.၆ သန္း အ့ဲဒီလမ္းအတြက္ သံုးစဲြခဲ့ေၾကာင္းလည္း ဝန္ႀကီးေဟာင္းက ရွင္းျပတဲ့ ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

ေက်ာက္မ်က္အသင္းရံပံုေငြ ၉၃ သန္းေပ်ာက္ဆံုးတာနဲ႔ပတ္သက္ၿပီး စံုစမ္းစစ္ေဆးေပးဖို႔ ေက်ာက္မ်က္အသင္းအလုပ္မႈေဆာင္ေတြ အပါအဝင္ အသင္းသား ၈၇ ဦးက လက္မွတ္ေရးထိုးၿပီး သူရဦးေရႊမန္း ဦးေဆာင္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္မ်ား ေကာ္မတီကို တိုင္းၾကားထားလည္းျဖစ္ပါတယ္။

ေက်ာက္မ်က္အသင္းရန္ပံုေငြကို ယခင္ ျမန္မာႏိုင္ငံ ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဥကၠဌ အျဖစ္တာဝန္ယူခဲ့တဲ့ ဦးေတဇ လက္ထက္မွာ ေက်ာက္မ်က္ျပပြဲက်င္းပဖို႔အတြက္နဲ႔ ေက်ာက္မ်က္အသင္းဖြံ႔ၿဖိဳး တိုးတက္ဖို႔အတြက္ အခြန္ ၁ ရာခိုင္ႏႈန္း အခြန္ေကာက္ခံရတာျဖစ္ပါတယ္။ အဲ့ဒီေငြဟာ အစိုးရက သံုးစဲြခြင့္မရိွဘူးလို႔လည္း ေက်ာက္မ်က္လုပ္ငန္းရွင္ေတြက သူတို႔ေတာင္းဆိုတဲ့အထဲမွာ ပါရိွပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
.......


(ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်) ဓါတ်ပုံ - ထက်အာကာ/RFA
ကျောက်မျက်လုပ်ငန်းရှင်တွေထံက ကောက်ယူထားတဲ့ ယူရိုငွေ ၉၃ သန်းကို အလွဲသုံးစားလုပ်ထားတာကို ဥပဒေအရ စစ်ဆေးပြီး ထိရောက်စွာ အရေးယူပေးဖို့ ကျောက်မျက် လုပ်ငန်းရှင် ၈၇ ဦးက တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီဆိုင်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် အလုပ်အမှုဆောင် ဦးကျော်ကျော်ဦး က အဲ့ဒီပျောက်ဆုံးနေတဲ့အထဲမှာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ကို ထုတ်ပေးခဲ့တဲ့ ယူရိုငွေ ၁ သန်းလည်း ပါတယ်လို့ ပြောပါတယ်။

ကျောက်မျက်လုပ်ငန်းရှင်တွေ တိုင်ကြားမှုနဲ့ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်မောင်က နေပြည်တော် ဇမ္မူသီရိမြို့နယ်၊ ကျောက်မျက်ရတနာသင်တန်းကျောင်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရဲ့ ရန်ပုံငွေ ယူရို ၈၆ သန်း ပျောက်ဆုံးနေတာ မဟုတ်ဘဲ သုံးစွဲထားပြီးသား စာရင်းတွေကိုကိုးကားပြီး သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင် က ငြင်းဆိုခဲ့ပါတယ်။

ယူရိုငွေ ၉၃ သန်း ပျောက်ဆုံးတယ်လို့ ပြောတဲ့နေရာမှာ လက်ကျန် ယူရိုငွေ ရ သန်းရှိနေပြီး ယူရို ၈၆ သန်းကို ပြောကြတာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ သမ္မတဟောင်း ဦးသိန်းစိန် ကို အနုပညာဦးစီးဌာန ဆောက်လုပ်ရန် ယူရိုငွေ ရ သန်း ထုတ်ပေးတာတွေတယ်ဆိုတာ မဟုတ်ဘဲ ယူရို ၁ သန်းသာဖြစ်ပြီး အဲ့ဒီငွေဟာလည်း ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်စာရင်းမှာ အဲ့ဒီငွေရှိနေကြောင်း ဒေါက်တာမြင့်အောင်က ရှင်းပြပါတယ်။ ဒါ့အပြင် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းကို ယူရိုငွေ ၅ သန်း ပေးတာရှိတယ်ဆိုတာဟာ မရှိကြောင်းလည်း ဒေါက်တာမြင့်အောင်က ငြင်းဆိုပါတယ်။

ဖားကန့်မြို့ရှောင်လမ်းအတွက် အမေရိကန်ဒေါ်လာ ၁.၆ သန်း အဲ့ဒီလမ်းအတွက် သုံးစွဲခဲ့ကြောင်းလည်း ဝန်ကြီးဟောင်းက ရှင်းပြတဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ကျောက်မျက်အသင်းရံပုံငွေ ၉၃ သန်းပျောက်ဆုံးတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ ကျောက်မျက်အသင်းအလုပ်မှုဆောင်တွေ အပါအဝင် အသင်းသား ၈၇ ဦးက လက်မှတ်ရေးထိုးပြီး သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ ကော်မတီကို တိုင်းကြားထားလည်းဖြစ်ပါတယ်။

ကျောက်မျက်အသင်းရန်ပုံငွေကို ယခင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့တဲ့ ဦးတေဇ လက်ထက်မှာ ကျောက်မျက်ပြပွဲကျင်းပဖို့အတွက်နဲ့ ကျောက်မျက်အသင်းဖွံ့ဖြိုး တိုးတက်ဖို့အတွက် အခွန် ၁ ရာခိုင်နှုန်း အခွန်ကောက်ခံရတာဖြစ်ပါတယ်။ အဲ့ဒီငွေဟာ အစိုးရက သုံးစွဲခွင့်မရှိဘူးလို့လည်း ကျောက်မျက်လုပ်ငန်းရှင်တွေက သူတို့တောင်းဆိုတဲ့အထဲမှာ ပါရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

No comments:

Post a Comment