Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 2, 2016

ေငြစကၠဴ အပါအ၀င္ အေရးႀကီး စာရြက္စာတမ္းမ်ား ႐ိုက္ႏွိပ္သည့္ ၀ါဇီစက္႐ံုမွာ ကာကြယ္ေရး၀န္ႀကီးဌာန၏ လက္ေအာက္၌သာ ရွိေနၿပီး ဗဟိုဘဏ္၏ လက္ေအာက္သို႔ လႊဲေျပာင္းေပးမႈ မရွိသျဖင့္ ေငြေၾကး႐ိုက္ထုတ္မႈကို ထိန္းခ်ဳပ္ရန္ ခက္ခဲေၾကာင္း ေထာက္ျပ


ေငြစကၠဴ အပါအ၀င္ အေရးႀကီး စာရြက္စာတမ္းမ်ား ႐ိုက္ႏွိပ္သည့္ ၀ါဇီစက္႐ံုမွာ ကာကြယ္ေရး၀န္ႀကီးဌာန၏ လက္ေအာက္၌သာ ရွိေနၿပီး ျမန္မာႏုိင္ငံေတာ္ ဗဟိုဘဏ္၏ လက္ေအာက္သို႔ လႊဲေျပာင္းေပးထားမႈ မရွိေၾကာင္း အမ်ဳိးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္မွ စာရင္းစစ္ခ်ဳပ္ ဦးေအာင္သိန္းက ရန္ကုန္ၿမိဳ႕ ေတာ္၀င္ႏွင္းဆီခန္းမတြင္ ဇန္န၀ါရီ ၃၁ ရက္က က်င္းပသည့္ ႏုိင္ငံေတာ္၏ အမ်ဳိးသားစီမံကိန္း ႏွစ္စဥ္ရသံုးမွန္းေျခ ေငြစာရင္းႏွင့္ အခြန္အေကာက္ဆိုင္ရာ ေဆြးေႏြးပြဲတြင္ ေျပာၾကားသည္။
“ဗဟိုဘဏ္သည္ ႏိုင္ငံေတာ္ရဲ႕ ေငြေၾကးေပးေခ်ရမွာ။ ရတာကို ယူရမယ္။ အားလံုးကို တာ၀န္ယူရမယ္။ ဆက္ခံရမယ္လို႔ ဗဟိုဘဏ္ ဥပေဒမွာ ျပ႒ာန္းထားတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီး ဘ႑ာေရးဒု၀န္ႀကီး ေဒါက္တာေမာင္ေမာင္သိမ္းကို “အားလံုးကို ဆက္ခံရမယ္ဆိုရင္ ေငြေၾကး႐ိုက္ထုတ္တာေရာ၊ ေငြေၾကးလဲတာေရာ၊ အစုတ္နဲ႔အေကာင္း လဲေပးတာေရာ အားလံုး တာ၀န္ယူရမွာေပါ့” လို႔ေမးေတာ့ သူက “ဟုတ္ပါတယ္။ အားလံုး တာ၀န္ယူရပါတယ္” လို႔ ေျပာပါတယ္။ သို႔ေသာ္လည္း ဘ႑ာေရးဒု၀န္ႀကီး ေဒါက္တာေမာင္ေမာင္သိမ္းက အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ စာရင္းစစ္ခ်ဳပ္ကို ၀ါဇီစက္႐ံုကေတာ့ ဗဟိုဘဏ္ကို လႊဲေပးတဲ့အထဲ မပါဘူးလို႔ ေျပာပါတယ္။ ဒါျဖင့္ရင္ ၀ါဇီက ကာကြယ္ေရး၀န္ႀကီးဌာနေအာက္မွာ ရွိပါတယ္။ ျပည္ေထာင္စုဗဟိုဘဏ္ကို လႊဲေပးတဲ့အထဲမွာ ၀ါဇီ က်န္ေနခဲ့ပါတယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ မသိဘဲနဲ႔ ေငြေတြ႐ိုက္ထုတ္ေနရင္ ဘယ္လိုလုပ္ၿပီး ေငြေၾကးမူ၀ါဒကို ထိန္းခ်ဳပ္မလဲ” ဟု ဦးေအာင္သိန္းက ေထာက္ျပသည္။
၀ါဇီစက္႐ံုကို လံုျခံဳေရးႏွင့္ဆိုင္ေသာ ပံုႏွိပ္လုပ္ငန္းမ်ား စက္႐ံုဟု ေခၚဆိုၿပီး ေငြစကၠဴ၊ ထီလက္မွတ္၊ စာခ်ဳပ္မ်ားႏွင့္ တံဆိပ္ေခါင္းမ်ား ႐ိုက္ထုတ္ေနသည့္ စက္႐ံုျဖစ္သျဖင့္ အဆိုပါစက္႐ံုအား လက္ရွိအေျခအေနအတိုင္းသာ ထားရွိသင့္ေၾကာင္း စီးပြားေရးပညာရွင္ ဦးျမင့္ေသာင္းက ေျပာၾကားသည္။
အဆိုပါ ၀ါဇီစက္႐ံု၏ စက္႐ံုမွဴးျဖစ္ခဲ့သူ ဗိုလ္မွဴးႀကီးလွေဖက ဂ်ာမန္နည္းပညာျဖင့္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ေငြစကၠဴ အပါအ၀င္ လံုျခံဳေရးႏွင့္ဆိုင္ေသာ စာရြက္စာတမ္းမ်ား ထုတ္လုပ္ရန္ လုပ္ေဆာင္ရသည့္ လုပ္ငန္းစဥ္မ်ားတြင္ ၀န္ထမ္းမ်ားသည္ တစ္ခန္းမွတစ္ခန္းသို႔ သြားလာခြင့္ မရွိေၾကာင္းႏွင့္ စက္႐ံုတစ္ခု အေနႏွင့္သာ ရပ္တည္ေနၿပီး ေငြစကၠဴ ႐ိုက္ထုတ္မႈမ်ားကို ဗဟိုဘဏ္၏ မွာၾကားမႈျဖင့္သာ ႐ိုက္ထုတ္ေနျခင္း ျဖစ္သည့္အတြက္ ေငြစကၠဴမ်ားကို မလိုအပ္ဘဲ ႐ိုက္ထုတ္ေနသည့္ ျပႆနာျဖစ္လာစရာ မရွိေၾကာင္း ဦးျမင့္ေသာင္းက ဆိုသည္။
၀ါဇီစက္႐ံုကို ကာကြယ္ေရး၀န္ႀကီးဌာနက လံုျခံဳေရးႏွင့္ ထိန္းခ်ဳပ္မႈအပိုင္းကိုသာ တာ၀န္ယူထားၿပီး ဘတ္ဂ်က္အပိုင္းကုိမူ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ကသာ တာ၀န္ယူထားေၾကာင္း ျပည္သူ႔လႊတ္ေတာ္ဘဏ္မ်ားႏွင့္ ေငြေၾကးဆိုင္ရာ ဖြံ႔ၿဖိဳးတိုးတက္မႈ ေကာ္မတီ၀င္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားသည္။
ျမန္မာႏိုင္ငံတြင္ ေငြေၾကး႐ိုက္ထုတ္မႈမ်ားအျဖစ္ ၂၀၁၁-၂၀၁၂ ဘ႑ာႏွစ္တြင္ ၆၇၂၂ ဒသမ ၆၂ ဘီလ်ံႏွင့္ ၂၀၁၂-၂၀၁၃ ဘ႑ာႏွစ္တြင္ ၉၀၄၆ ဒသမ ၁၉ ဘီလ်ံ ႐ိုက္ထုတ္ခဲ့ၿပီး ၂၀၁၃-၂၀၁၄ ဘ႑ာႏွစ္တြင္မူ ၂၀၁၂-၂၀၁၃ ဘ႑ာႏွစ္ထက္ အနည္းငယ္ ေလ်ာ့နည္း႐ိုက္ထုတ္ခဲ့ေၾကာင္း မူ၀ါဒဆိုင္ရာ စီးပြားေရးပညာရွင္ျဖစ္သူ ေဒါက္တာေအာင္ကိုကိုက ေျပာၾကားထားၿပီး လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ ေငြသား႐ိုက္ထုတ္မႈ နည္းပါးေနၿပီျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံတြင္ ေနထိုင္သူ စီးပြားေရးပညာရွင္ ဦးစိန္ေဌးက ေျပာၾကားသည္။
============
Eleven Media Group
..........
ငွေစက္ကူ အပါအဝင် အရေးကြီး စာရွက်စာတမ်းများ ရိုက်နှိပ်သည့် ၀ါဇီစက်ရုံမှာ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်၌သာ ရှိနေပြီး ဗဟိုဘဏ်၏ လက်အောက်သို့ လွှဲပြောင်းပေးမှု မရှိသဖြင့် ငွေကြေးရိုက်ထုတ်မှုကို ထိန်းချုပ်ရန် ခက်ခဲကြောင်း ထောက်ပြ

ငွေစက္ကူ အပါအဝင် အရေးကြီး စာရွက်စာတမ်းများ ရိုက်နှိပ်သည့် ၀ါဇီစက်ရုံမှာ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်၌သာ ရှိနေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လက်အောက်သို့ လွှဲပြောင်းပေးထားမှု မရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ စာရင်းစစ်ချုပ် ဦးအောင်သိန်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဇန်နဝါရီ ၃၁ ရက်က ကျင်းပသည့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း နှစ်စဉ်ရသုံးမှန်းခြေ ငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားသည်။
“ဗဟိုဘဏ်သည် နိုင်ငံတော်ရဲ့ ငွေကြေးပေးချေရမှာ။ ရတာကို ယူရမယ်။ အားလုံးကို တာဝန်ယူရမယ်။ ဆက်ခံရမယ်လို့ ဗဟိုဘဏ် ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းကို “အားလုံးကို ဆက်ခံရမယ်ဆိုရင် ငွေကြေးရိုက်ထုတ်တာရော၊ ငွေကြေးလဲတာရော၊ အစုတ်နဲ့အကောင်း လဲပေးတာရော အားလုံး တာဝန်ယူရမှာပေါ့” လို့မေးတော့ သူက “ဟုတ်ပါတယ်။ အားလုံး တာဝန်ယူရပါတယ်” လို့ ပြောပါတယ်။ သို့သော်လည်း ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စာရင်းစစ်ချုပ်ကို ၀ါဇီစက်ရုံကတော့ ဗဟိုဘဏ်ကို လွှဲပေးတဲ့အထဲ မပါဘူးလို့ ပြောပါတယ်။ ဒါဖြင့်ရင် ၀ါဇီက ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ရှိပါတယ်။ ပြည်ထောင်စုဗဟိုဘဏ်ကို လွှဲပေးတဲ့အထဲမှာ ၀ါဇီ ကျန်နေခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ မသိဘဲနဲ့ ငွေတွေရိုက်ထုတ်နေရင် ဘယ်လိုလုပ်ပြီး ငွေကြေးမူဝါဒကို ထိန်းချုပ်မလဲ” ဟု ဦးအောင်သိန်းက ထောက်ပြသည်။
၀ါဇီစက်ရုံကို လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ စက်ရုံဟု ခေါ်ဆိုပြီး ငွေစက္ကူ၊ ထီလက်မှတ်၊ စာချုပ်များနှင့် တံဆိပ်ခေါင်းများ ရိုက်ထုတ်နေသည့် စက်ရုံဖြစ်သဖြင့် အဆိုပါစက်ရုံအား လက်ရှိအခြေအနေအတိုင်းသာ ထားရှိသင့်ကြောင်း စီးပွားရေးပညာရှင် ဦးမြင့်သောင်းက ပြောကြားသည်။
အဆိုပါ ၀ါဇီစက်ရုံ၏ စက်ရုံမှူးဖြစ်ခဲ့သူ ဗိုလ်မှူးကြီးလှဖေက ဂျာမန်နည်းပညာဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ငွေစက္ကူ အပါအဝင် လုံခြံုရေးနှင့်ဆိုင်သော စာရွက်စာတမ်းများ ထုတ်လုပ်ရန် လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များတွင် ၀န်ထမ်းများသည် တစ်ခန်းမှတစ်ခန်းသို့ သွားလာခွင့် မရှိကြောင်းနှင့် စက်ရုံတစ်ခု အနေနှင့်သာ ရပ်တည်နေပြီး ငွေစက္ကူ ရိုက်ထုတ်မှုများကို ဗဟိုဘဏ်၏ မှာကြားမှုဖြင့်သာ ရိုက်ထုတ်နေခြင်း ဖြစ်သည့်အတွက် ငွေစက္ကူများကို မလိုအပ်ဘဲ ရိုက်ထုတ်နေသည့် ပြဿနာဖြစ်လာစရာ မရှိကြောင်း ဦးမြင့်သောင်းက ဆိုသည်။
၀ါဇီစက်ရုံကို ကာကွယ်ရေးဝန်ကြီးဌာနက လုံခြံုရေးနှင့် ထိန်းချုပ်မှုအပိုင်းကိုသာ တာဝန်ယူထားပြီး ဘတ်ဂျက်အပိုင်းကိုမူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကသာ တာဝန်ယူထားကြောင်း ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ငွေကြေးရိုက်ထုတ်မှုများအဖြစ် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၆၇၂၂ ဒသမ ၆၂ ဘီလျံနှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၉၀၄၆ ဒသမ ၁၉ ဘီလျံ ရိုက်ထုတ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်မူ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ထက် အနည်းငယ် လျော့နည်းရိုက်ထုတ်ခဲ့ကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင်ဖြစ်သူ ဒေါက်တာအောင်ကိုကိုက ပြောကြားထားပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ငွေသားရိုက်ထုတ်မှု နည်းပါးနေပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံတွင် နေထိုင်သူ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောကြားသည်။
Eleven Media Group

No comments:

Post a Comment