Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 6, 2016

ထိုင္းႏိုင္ငံရိွ ျမန္မာဒုကၡသည္စခန္းသို႔ ေဒၚေအာင္ဆန္းစုၾကည္ ဒုတိယအႀကိမ္ လာေရာက္မည္


ထိုင္း - ျမန္မာနယ္စပ္ ဖို႔ဖတ္ၿမိဳ ႔နယ္အတြင္းရိွ အုန္းျဖန္ျမန္မာဒုကၡသည္စခန္း။
ဇြန္ - ၆ - ၂၀၁၆

ျမန္မာႏိုင္ငံ၏ အဓိပတိတဦးျဖစ္သည့္ ေဒၚေအာင္ဆန္းစုၾကည္သည္ ယခုလ ၂၃ မွ ၂၅ ရက္ေန႔အထိ ၾကာျမင့္မည့္ ထိုင္းႏိုင္ငံခရီးစဥ္တြင္ ျမန္မာဒုကၡသည္စခန္းတခုသို႔လည္း သြားေရာက္မည္ျဖစ္သည္။

ေဒၚေအာင္ဆန္းစုၾကည္သည္ ယခင္ကလည္း ထိုင္း-ျမန္မာ နယ္စပ္ မဲေဆာက္ၿမိဳ ႔မွ ၆၅ ကီလိမီတာအကြာတြင္ တည္ရိွေသာ ျမန္မာဒုကၡသည္ ၅ ေသာင္းခန္႔ ခိုလံႈေနသည့္ မယ္လဒုကၡသည္စခန္းသို႔ သြားေရာက္ ေလ့လာခဲ့ဖူးသည္။

ဒုတိယအႀကိမ္ ဒုကၡသည္စခန္းခရီးစဥ္သည္ ယခင္ခရီးစဥ္ကဲံသို႔မဟုတ္ဘဲ ႏိုင္ငံေတာ္ေခါင္းေဆာင္တဦးအေနႏွင့္ တရား၀င္လာေရာက္မည့္ခရီးစဥ္ျဖစ္ေသာေၾကာင့္ ျမန္မာဒုကၡသည္မ်ားအတြက္ ထူးျခားမႈရိွသည့္ ခရီးစဥ္ျဖစ္ႏိုင္သည္ဟုလည္း မဲေဆာက္အေျခစိုက္ ျမန္မာဒုကၡသည္မ်ားအေရး ေဆာင္ရြက္ေနသူမ်ားက သံုးသပ္ေျပာဆိုၾကသည္။

၂၀၁၂ ခု ဇြန္လက ျမန္မာဒုကၡသည္ခရီးစဥ္တြင္ ေဒၚေအာင္ဆန္းစုၾကည္သည္ ထိုင္းႏိုင္ငံဘက္မွ အစီအစဥ္အရ အကန္႔အသတ္ႏွင့္သြားေရာက္ရျခင္းျဖစ္သည္။

ဒုကၡသည္စခန္းခရီးစဥ္ႏွင့္ပတ္သက္ၿပီး အထက္မွမိမိတို႔ကို တစံုတရာ အေၾကာင္းၾကားလာျခင္းမရိွေသးေၾကာင္း ထိုင္းႏွင့္ျမန္မာ ဒုကၡသည္စခန္း အုပ္ခ်ဳပ္ေရးတာ၀န္ရိွသူမ်ားက ကရင္အမ်ိဳးသား မီဒီယာကို ေျပာဆိုသည္။

ေဒၚေအာင္ဆန္းစုၾကည္ ခရီးစဥ္သည္ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္သည့္ မယ္လဒုကၡစည္စခန္းျဖစ္ႏိုင္ေခ်မ်ားၿပီး မဲေဆာက္တြင္တည္ရိွသည့္ မယ္ေတာ္ေဆးခန္းသို႔လည္း ၀င္ေရာက္ႏိုင္သည္ဟု နယ္စပ္အေရးေလ့လာသူမ်ားက ေျပာဆိုသည္။

ထိုင္း-ျမန္မာနယ္စပ္တေလွ်ာက္ရိွ ထိုိင္းဘက္ျခမ္းဆက္စပ္ ၄ ခရိုင္တြင္ ျမန္မာဒုကၡသည္စခန္း ၉ ခုရိွၿပီး ျမန္မာဒုကၡသည္ ၁ သိန္းခြဲေက်ာ္ ခိုုလံႈလွ်က္ရိွသည္။

ဒုကၡသည္စခန္း ၉ ခုမွာ ထမ့္ဟင္ - ဘန္႔ဒံုယမ္း - ႏို႔ဖိုး - အုန္းျဖန္ - မယ္လ - မယ္လမို - မယ္လာအူး - ကရင္နီဒုကၡသည္စခန္း အမွတ္ ၁ ႏွင့္အမွတ္ ၂ တို႔ ျဖစ္သည္။

သတင္းႏွင့္ဓာတ္ပံု - ကရင္အမ်ိဳးသား မီဒီယာ
...........


ထိုင်း - မြန်မာနယ်စပ် ဖို့ဖတ်မြို ့နယ်အတွင်းရှိ အုန်းဖြန်မြန်မာဒုက္ခသည်စခန်း။
ဇွန် - ၆ - ၂၀၁၆

မြန်မာနိုင်ငံ၏ အဓိပတိတဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၂၃ မှ ၂၅ ရက်နေ့အထိ ကြာမြင့်မည့် ထိုင်းနိုင်ငံခရီးစဉ်တွင် မြန်မာဒုက္ခသည်စခန်းတခုသို့လည်း သွားရောက်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ကလည်း ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို ့မှ ၆၅ ကီလိမီတာအကွာတွင် တည်ရှိသော မြန်မာဒုက္ခသည် ၅ သောင်းခန့် ခိုလှုံနေသည့် မယ်လဒုက္ခသည်စခန်းသို့ သွားရောက် လေ့လာခဲ့ဖူးသည်။

ဒုတိယအကြိမ် ဒုက္ခသည်စခန်းခရီးစဉ်သည် ယခင်ခရီးစဉ်ကဲံသို့မဟုတ်ဘဲ နိုင်ငံတော်ခေါင်းဆောင်တဦးအနေနှင့် တရားဝင်လာရောက်မည့်ခရီးစဉ်ဖြစ်သောကြောင့် မြန်မာဒုက္ခသည်များအတွက် ထူးခြားမှုရှိသည့် ခရီးစဉ်ဖြစ်နိုင်သည်ဟုလည်း မဲဆောက်အခြေစိုက် မြန်မာဒုက္ခသည်များအရေး ဆောင်ရွက်နေသူများက သုံးသပ်ပြောဆိုကြသည်။

၂၀၁၂ ခု ဇွန်လက မြန်မာဒုက္ခသည်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံဘက်မှ အစီအစဉ်အရ အကန့်အသတ်နှင့်သွားရောက်ရခြင်းဖြစ်သည်။

ဒုက္ခသည်စခန်းခရီးစဉ်နှင့်ပတ်သက်ပြီး အထက်မှမိမိတို့ကို တစုံတရာ အကြောင်းကြားလာခြင်းမရှိသေးကြောင်း ထိုင်းနှင့်မြန်မာ ဒုက္ခသည်စခန်း အုပ်ချုပ်ရေးတာဝန်ရှိသူများက ကရင်အမျိုးသား မီဒီယာကို ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် မယ်လဒုက္ခစည်စခန်းဖြစ်နိုင်ချေများပြီး မဲဆောက်တွင်တည်ရှိသည့် မယ်တော်ဆေးခန်းသို့လည်း ၀င်ရောက်နိုင်သည်ဟု နယ်စပ်အရေးလေ့လာသူများက ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ထိိုင်းဘက်ခြမ်းဆက်စပ် ၄ ခရိုင်တွင် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး မြန်မာဒုက္ခသည် ၁ သိန်းခွဲကျော် ခိုုလှုံလျှက်ရှိသည်။

ဒုက္ခသည်စခန်း ၉ ခုမှာ ထမ့်ဟင် - ဘန့်ဒုံယမ်း - နို့ဖိုး - အုန်းဖြန် - မယ်လ - မယ်လမို - မယ်လာအူး - ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ နှင့်အမှတ် ၂ တို့ ဖြစ်သည်။


သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ

No comments:

Post a Comment