Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, June 11, 2016

ၿမိဳ႕နယ္ႏွင့္ ရပ္/ေက်း အေထာက္အကူျပဳ ေကာ္မတီမ်ား ဖ်က္သိမ္း

ၿမိဳ႕နယ္ႏွင့္ရပ္ကြက္ သို႔မဟုတ္ ေက်းရြာအုပ္စု ဖြံၿဖိဳးတိုးတက္ေရး အေထာက္အကူျပဳ ေကာ္မတီမ်ား ဖြဲ႔စည္းရန္ တာ၀န္ေပးအပ္ျခင္းကို ဇြန္လ (၁၀) ရက္က စတင္ဖ်က္သိမ္း
အရင္အစိုးရလက္ထက္က အမိန္႔ေၾကာ္ျငာစာအမွတ္ ၂၇/၂၀၁၃ နဲ႔ တာ၀န္ေပးခဲ့တဲ့ ၿမိဳ႕နယ္ႏွင့္ ရပ္ကြက္ သို႔မဟုတ္ ေက်းရြာအုပ္စု ဖြံၿဖိဳးတိုးတက္ေရး အေထာက္အကူျပဳ ေကာ္မတီမ်ား ဖြဲ႔စည္းရန္ တာ၀န္ေပးအပ္ျခင္းကို ဇြန္လ (၁၀) ရက္က စတင္ဖ်က္သိမ္းလုိက္တယ္လုိ႔ ႏိုင္ငံေတာ္သမၼတဦးထင္ေက်ာ္က အမိန္႔ေၾကာ္ျငာစာ တစ္ေစာင္ထုတ္ျပန္လုိက္ပါတယ္။

အဲဒီအမိန္႔ေၾကာ္ျငာစာအရ အရင္အစိုးရလက္ထက္ကဖြဲ႔စည္းထားတဲ့ အေထာက္အကူျပဳ ေကာ္မတီေတြဟာ အလုိအေလ်ာက္ ပယ္ဖ်က္ၿပီးျဖစ္သလုိ ထပ္မံလည္းဖြဲ႔စည္းခြင့္ရွိေတာ့မွာ မဟုတ္ဘူးလုိ႔ သမၼတရုံး၀န္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက 5 plus ကို ေျပာပါတယ္။

အရင္အစိုးရလက္ထက္က ဖြံၿဖိဳးတိုးတက္ေရးအေထာက္အကူျပဳေကာ္မတီ၀င္ေတြဟာ အုပ္ခ်ဳပ္ေရးမွဴးကို အေထာက္အကူျပဳရတာျဖစ္ၿပီး လုပ္ပိုင္ခြင့္မရွိဘဲ အၾကံဥာဏ္ေပးရတာျဖစ္ပါတယ္။

အခုအစိုးရသစ္လက္ထက္မွာေတာ့ ေက္ာမတီအသစ္ေတြ ဖြဲ႔စည္းဦးမွာ မဟုတ္ဘဲ လက္ရွိတုိက္ရိုက္ခန္႔အပ္ထားတဲ့ အုပ္ခ်ဳပ္ေရးမွဴးေတြကိုသာထားရွိသြားမွာျဖစ္ၿပီး တုိင္းေဒသႀကီးျပည္နယ္ ၀န္ႀကီးခ်ဳပ္ေတြရဲ႕ ကြပ္ကဲမႈနဲ႔ မူ၀ါဒခ်မွတ္သြားမွာျဖစ္တယ္လုိ႔ ဦးေဇာ္ေဌးက ေျပာၾကားခဲ့ပါတယ္။

5 Plus News
https://www.facebook.com/5plusnews/
.........

မြို့နယ်နှင့်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ဖွံဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများ ဖွဲ့စည်းရန် တာဝန်ပေးအပ်ခြင်းကို ဇွန်လ (၁၀) ရက်က စတင်ဖျက်သိမ်း
အရင်အစိုးရလက်ထက်က အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၁၃ နဲ့ တာဝန်ပေးခဲ့တဲ့ မြို့နယ်နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ဖွံဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများ ဖွဲ့စည်းရန် တာဝန်ပေးအပ်ခြင်းကို ဇွန်လ (၁၀) ရက်က စတင်ဖျက်သိမ်းလိုက်တယ်လို့ နိုင်ငံတော်သမ္မတဦးထင်ကျော်က အမိန့်ကြော်ငြာစာ တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအမိန့်ကြော်ငြာစာအရ အရင်အစိုးရလက်ထက်ကဖွဲ့စည်းထားတဲ့ အထောက်အကူပြု ကော်မတီတွေဟာ အလိုအလျောက် ပယ်ဖျက်ပြီးဖြစ်သလို ထပ်မံလည်းဖွဲ့စည်းခွင့်ရှိတော့မှာ မဟုတ်ဘူးလို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက 5 plus ကို ပြောပါတယ်။

အရင်အစိုးရလက်ထက်က ဖွံဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်တွေဟာ အုပ်ချုပ်ရေးမှူးကို အထောက်အကူပြုရတာဖြစ်ပြီး လုပ်ပိုင်ခွင့်မရှိဘဲ အကြံဉာဏ်ပေးရတာဖြစ်ပါတယ်။

အခုအစိုးရသစ်လက်ထက်မှာတော့ ကေ်ာမတီအသစ်တွေ ဖွဲ့စည်းဦးမှာ မဟုတ်ဘဲ လက်ရှိတိုက်ရိုက်ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကိုသာထားရှိသွားမှာဖြစ်ပြီး တိုင်းဒေသကြီးပြည်နယ် ၀န်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှုနဲ့ မူဝါဒချမှတ်သွားမှာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။

5 Plus News
https://www.facebook.com/5plusnews/

No comments:

Post a Comment