Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, June 26, 2016

ခြင့္မတိုင္ဘဲ ေတြ႔ဆံုပြဲ သြားေရာက္ခဲ့သူ ျမန္မာ အလုပ္သမား ၄၈ ဦး ထိုင္းအလုပ္ရွင္ ထုတ္ပယ္

ထိုုင္းနုုိင္ငံ မဟာခ်ိဳင္ျမိဳ႕က ထေလထိုုင္းမွာ နုုိင္ငံေတာ္အတုုိင္ပင္ခံပုုဂၢိဳလ္ ေဒၚေအာင္ဆန္းစုုၾကည္နဲ႔ ေတြ႔ဆံုုဖိုု႔ ေစာင္းဆိုင္းေနတဲ့ အလုုပ္သမားေတြကို ဇြန္လ ၂၃ ရက္ေန႔က ေတြ႔ရစဥ္ Photo: Kyaw Zaw Win/RFA
ၿပီးခဲ့တဲ့ ဇြန္လ ၂၃ ရက္ေန႔က ထုိင္းႏုိင္ငံ မဟာခ်ိဳင္ၿမိဳ႕မွာ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ေတြ႔ဆံုပြဲကို အလုပ္ကေန ခြင့္မတုိင္ ၾကားဘဲ တက္ေရာက္ခဲ့လို႔ဆုိၿပီး အထည္ ခ်ဳပ္စက္ရံုတစ္ရံုက ျမန္မာအလုပ္သမား ၄၈ ေယာက္ကို အလုပ္ရွင္က အလုပ္ကေန ထုတ္ပယ္လိုက္ပါတယ္။

ခြင့္မတုိင္ၾကားဘဲ တစ္ရက္ပ်က္ကြက္တာကို အလုပ္ကေန ထုတ္ပယ္တာဟာ ထိုင္းဥပေဒေတြအရ အက်ံဳးမဝင္ ဘူးလို႔ အဲ့ဒီအလုပ္သမားေတြကို အကူအညီေပးေနတဲ့ ျမန္မာအလုပ္သမား ကူညီေစာင့္ ေရွာက္ေရး မဟာမိတ္ေကာ္မတီ AAC အဖဲြ႔ဝင္ ကိုရဲမင္း က ေျပာပါတယ္။

"သူတို႔ကလည္း ျပဳတ္ရင္လည္းျပဳတ္ပေစဆိုၿပီးေတာ့ အဲ့ဒီသေဘာပါ၊ သူတို႔  အေမစုကို ေတြ႔ခ်င္တဲ့စိတ္နဲ႔ သြားတယ္၊ အလုပ္ရွင္ကလည္း သူကခြင့္မေပးဘူးေလ၊  သူ႔တို႔ဟာသူတို႔ သြားတယ္ဆိုေတာ့ ၁၆ ေယာက္ အလုပ္ျဖဳတ္လိုက္တယ္၊  အလုပ္တစ္ရက္နားတာကို ျဖဳတ္တဲ့အတြက္ ကေတာ့ေဘာင္မဝင္ဘူး၊  သံုးရက္ဆက္တိုင္နားတယ္ဆိုရင္ေတာ့ ဒါကေတာ့ ထိုင္းဥပေဒမွာ  သံုးရက္ဆက္တိုက္နားရင္ေတာ့ အလုပ္ရွင္ဘက္ကေန အလုပ္ျဖဳတ္ခြင့္ရွိတယ္၊  တစ္ရက္ေလာက္နားတာကို ျဖဳတ္တယ္ဆိုတာေတာ့ လက္မခံဘူးေလ၊ အဲ့အတြက္  ထိုင္းဥပေဒအတိုင္း က်ေနာ္တို႔က သူတို႔အတြက္ အမႈရင္ဆိုင္ေပးသြားမွာပါ"

အလုပ္ကေန ထုတ္ပယ္ခံရတဲ့ ျမန္မာအလုပ္သမား ၄၈ ေယာက္ဟာ မဟာခ်ဳိင္ ပန္ဖူယိုင္ရပ္ကြက္မွာ ရွိတဲ့ အထည္ခ်ဳပ္စက္ရံုက အလုပ္သမားေတြျဖစ္ပါတယ္။

ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ခြင့္ရဖို႔ သြားၿပီးေနာက္တစ္ေန႔မွာ အလုပ္ရွင္က အလုပ္ကေန ထုတ္လိုက္တာျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ထုိင္းႏုိင္ငံ မဟာခ်ိဳင္မွာရွိတဲ႔ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြကို ၿပီးခဲ့တဲ့ ဇြန္လ ၂၃ ရက္ေန႔က ေတြ႔ဆံုခဲ့ရာ ျမန္မာအလုပ္သမား ေသာင္းနဲ႔ခ်ီ လာေရာက္ ေစာင့္ဆုိင္းခဲ့ေပမယ့္ ထုိင္းအစုိးရက ေရြးထုတ္ထားတဲ့ အလုပ္သမားေတြနဲ႔သာ ေတြ႔ခြင့္ရခဲ့ပါတယ္။

BBC Burmese
http://www.rfa.org/burmese
.........

ထိုုင်းနုုိင်ငံ မဟာချိုင်မြို့က ထလေထိုုင်းမှာ နုုိင်ငံတော်အတုုိင်ပင်ခံပုုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုုကြည်နဲ့ တွေ့ဆုုံဖိုု့ စောင်းဆိုင်းနေတဲ့ အလုုပ်သမားတွေကို ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Zaw Win/RFA
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တွေ့ဆုံပွဲကို အလုပ်ကနေ ခွင့်မတိုင် ကြားဘဲ တက်ရောက်ခဲ့လို့ဆိုပြီး အထည် ချုပ်စက်ရုံတစ်ရုံက မြန်မာအလုပ်သမား ၄၈ ယောက်ကို အလုပ်ရှင်က အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။

ခွင့်မတိုင်ကြားဘဲ တစ်ရက်ပျက်ကွက်တာကို အလုပ်ကနေ ထုတ်ပယ်တာဟာ ထိုင်းဥပဒေတွေအရ အကျံုးမဝင် ဘူးလို့ အဲ့ဒီအလုပ်သမားတွေကို အကူအညီပေးနေတဲ့ မြန်မာအလုပ်သမား ကူညီစောင့် ရှောက်ရေး မဟာမိတ်ကော်မတီ AAC အဖွဲ့ဝင် ကိုရဲမင်း က ပြောပါတယ်။

"သူတို့ကလည်း ပြုတ်ရင်လည်းပြုတ်ပစေဆိုပြီးတော့ အဲ့ဒီသဘောပါ၊ သူတို့  အမေစုကို တွေ့ချင်တဲ့စိတ်နဲ့ သွားတယ်၊ အလုပ်ရှင်ကလည်း သူကခွင့်မပေးဘူးလေ၊  သူ့တို့ဟာသူတို့ သွားတယ်ဆိုတော့ ၁၆ ယောက် အလုပ်ဖြုတ်လိုက်တယ်၊  အလုပ်တစ်ရက်နားတာကို ဖြုတ်တဲ့အတွက် ကတော့ဘောင်မဝင်ဘူး၊  သုံးရက်ဆက်တိုင်နားတယ်ဆိုရင်တော့ ဒါကတော့ ထိုင်းဥပဒေမှာ  သုံးရက်ဆက်တိုက်နားရင်တော့ အလုပ်ရှင်ဘက်ကနေ အလုပ်ဖြုတ်ခွင့်ရှိတယ်၊  တစ်ရက်လောက်နားတာကို ဖြုတ်တယ်ဆိုတာတော့ လက်မခံဘူးလေ၊ အဲ့အတွက်  ထိုင်းဥပဒေအတိုင်း ကျနော်တို့က သူတို့အတွက် အမှုရင်ဆိုင်ပေးသွားမှာပါ"

အလုပ်ကနေ ထုတ်ပယ်ခံရတဲ့ မြန်မာအလုပ်သမား ၄၈ ယောက်ဟာ မဟာချိုင် ပန်ဖူယိုင်ရပ်ကွက်မှာ ရှိတဲ့ အထည်ချုပ်စက်ရုံက အလုပ်သမားတွေဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ သွားပြီးနောက်တစ်နေ့မှာ အလုပ်ရှင်က အလုပ်ကနေ ထုတ်လိုက်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ မဟာချိုင်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က တွေ့ဆုံခဲ့ရာ မြန်မာအလုပ်သမား သောင်းနဲ့ချီ လာရောက် စောင့်ဆိုင်းခဲ့ပေမယ့် ထိုင်းအစိုးရက ရွေးထုတ်ထားတဲ့ အလုပ်သမားတွေနဲ့သာ တွေ့ခွင့်ရခဲ့ပါတယ်။

BBC Burmese
http://www.rfa.org/burmese

No comments:

Post a Comment