Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 27, 2016

ေျခာက္ရက္ဆက္တုိက္ ဂိမ္းေဆာ့လုိ႔ ေျခေထာက္ပုပ္သြားတဲ့လူငယ္

ေျခာက္ရက္ဆက္တုိက္ ဂိမ္းေဆာ့လုိ႔ ေျခေထာက္ပုပ္သြားတဲ့လူငယ္




By netsetaw - June 27, 2016

အသက္(၁၉)ႏွစ္အရြယ္ တ႐ုတ္ႏုိင္ငံသား လူငယ္တစ္ဦးဟာ အြန္လုိင္းဂိမ္းကို ေျခာက္ရက္ မေနမနား စြဲစြဲျမဲၿမဲေဆာ့ခဲ့တာေၾကာင့္ ေျခေထာက္ေတြ ပုပ္တဲ့အထိ ျဖစ္ခဲ့ပါတယ္။ အဲဒီလူငယ္ေလးရဲ႕ နာမည္ကို ေဖာ္ျပထားျခင္း မရွိေပမယ့္ တ႐ုတ္ႏုိင္ငံ စီခၽြမ္စီရင္စု ဇာတိဖြားတစ္ဦးျဖစ္တယ္လုိ႔ သိရပါတယ္။ အဆုိပါလူငယ္ဟာ ဒီဂိမ္းကို ေဆာ့ဖုိ႔ အိမ္ကေန ထြက္ေျပးခဲ့ၿပီး ပါလာသမွ်ပုိက္ဆံေတြကုိလည္း ေျခာက္ရက္ဆက္တုိက္ ဂမ္းေဆာ့ျခင္းနဲ႔ အကုန္ ျဖဳန္းတီးပစ္ခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ သူ႕ကုိေတြ႕တဲ့အခ်ိန္မွာ ေျခေထာက္မွာ ေသြးစေသြးနနဲ႔ ဒဏ္ရာေတြ ရေနၿပီး၊ အပုပ္နံ႕လည္း ထြက္ေနတယ္လုိ႔ သိရပါတယ္။ ရဲတပ္ဖြဲ႕က သူ႕ကို လုိအပ္တဲ့ ေဆးကုသမႈေတြ ေပးဖုိ႔ ေခၚသြားခဲ့ၿပီး သူသတိလည္တဲ့အခါမွာေတာ့ ေရဆာေၾကာင္း၊ ေရေသာက္ခ်င္ေၾကာင္း၊ အစာမစားရသည္မွာ သုံးရက္အထိ ရွိၿပီျဖစ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။ သူဟာ ေရလည္း ရက္ဆက္မခ်ိဳးခဲ့ပဲ ဒီအေၾကာင္းအရင္းကလည္း ေျခေထာက္ပုပ္ျခင္းရဲ႕ အဓိက အခ်က္ျဖစ္ႏုိင္တယ္လုိ႔ ယူဆေနၾကပါတယ္။

အဲဒီလူငယ္ရဲ႕ ဖခင္ျဖစ္သူကေတာ့ ကနဦးဆုံးျဖတ္ခ်က္အရ ဂိမ္းကုိသာ စြဲစြဲၿမဲၿမဲေဆာ့ၿပီး၊ ဘာကုိမွ ဂ႐ုမစို္က္တဲ့ သားျဖစ္သူကို အိမ္ကုိ ျပန္ၿပီမေခၚလုိေၾကာင္း ရဲတပ္ဖြဲ႕ကုိ ေျပာခဲ့တယ္လုိ႔ သိရပါတယ္။ သူ႕သားဟာ ဒီဂိမ္းကို ေဆာ့ရဖုိ႔ ၿပီးခဲ့တဲ့ ဆယ္ရက္ေလာက္ကတည္းက အိမ္က ထြက္ေျပးသြားခဲ့ၿပီး မိဘဆုိဆုံးမမႈကို မနာခဲ့ခဲ့ဘူးလုိ႔လည္း ေျပာပါတယ္။ ဒါေပမယ့္ ေနာက္ပုိင္းမွာေတာ့ ရဲတပ္ဖြဲ႕က ဒီလုိသာ စြန္႔ပစ္ထားမယ္ဆုိရင္ ပုပ္ပြေနတဲ့ ေျခေထာက္ကို အခ်ိန္မီမကုသရင္ အသက္အႏၱရာယ္ကိုပါ ထိခုိက္ႏုိင္ဖြယ္ရွိေၾကာင္း ဖခင္ျဖစ္သူကို ရွင္းျပလုိက္မွ ဖခင္ျဖစ္သူဟာ သားျဖစ္သူကုိ အိမ္ကုိ ျပန္ေခၚဖုိ႔ ဆုံးျဖတ္ခဲ့တယ္လုိ႔ သိရပါတယ္။ ယခင္ကလည္း တ႐ုတ္ႏုိင္ငံမွာ ရက္ဆက္ဂိမ္းကစားျခင္းေၾကာင့္ လူငယ္တစ္ခ်ိဳ႕ အသက္ဆုံး႐ႈံးခဲ့ဖူးၿပီး၊ အျခားျဖစ္စဥ္အေနနဲ႔ ေဘာလုံးပြဲဆက္တုိက္ၾကည့္ျခင္းေတြလည္း ပါ၀င္ပါတယ္။


source : dailystar.co.uk

...................................................

ခြောက်ရက်ဆက်တိုက် ဂိမ်းဆော့လို့ ခြေထောက်ပုပ်သွားတဲ့လူငယ်
By netsetaw - June 27, 2016

အသက်(၁၉)နှစ်အရွယ် တရုတ်နိုင်ငံသား လူငယ်တစ်ဦးဟာ အွန်လိုင်းဂိမ်းကို ခြောက်ရက် မနေမနား စွဲစွဲမြဲမြဲဆော့ခဲ့တာကြောင့် ခြေထောက်တွေ ပုပ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီလူငယ်လေးရဲ့ နာမည်ကို ဖော်ပြထားခြင်း မရှိပေမယ့် တရုတ်နိုင်ငံ စီချွမ်စီရင်စု ဇာတိဖွားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါလူငယ်ဟာ ဒီဂိမ်းကို ဆော့ဖို့ အိမ်ကနေ ထွက်ပြေးခဲ့ပြီး ပါလာသမျှပိုက်ဆံတွေကိုလည်း ခြောက်ရက်ဆက်တိုက် ဂမ်းဆော့ခြင်းနဲ့ အကုန် ဖြုန်းတီးပစ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ သူ့ကိုတွေ့တဲ့အချိန်မှာ ခြေထောက်မှာ သွေးစသွေးနနဲ့ ဒဏ်ရာတွေ ရနေပြီး၊ အပုပ်နံ့လည်း ထွက်နေတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က သူ့ကို လိုအပ်တဲ့ ဆေးကုသမှုတွေ ပေးဖို့ ခေါ်သွားခဲ့ပြီး သူသတိလည်တဲ့အခါမှာတော့ ရေဆာကြောင်း၊ ရေသောက်ချင်ကြောင်း၊ အစာမစားရသည်မှာ သုံးရက်အထိ ရှိပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ သူဟာ ရေလည်း ရက်ဆက်မချိုးခဲ့ပဲ ဒီအကြောင်းအရင်းကလည်း ခြေထောက်ပုပ်ခြင်းရဲ့ အဓိက အချက်ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

အဲဒီလူငယ်ရဲ့ ဖခင်ဖြစ်သူကတော့ ကနဦးဆုံးဖြတ်ချက်အရ ဂိမ်းကိုသာ စွဲစွဲမြဲမြဲဆော့ပြီး၊ ဘာကိုမှ ဂရုမစို်က်တဲ့ သားဖြစ်သူကို အိမ်ကို ပြန်ပြီမခေါ်လိုကြောင်း ရဲတပ်ဖွဲ့ကို ပြောခဲ့တယ်လို့ သိရပါတယ်။ သူ့သားဟာ ဒီဂိမ်းကို ဆော့ရဖို့ ပြီးခဲ့တဲ့ ဆယ်ရက်လောက်ကတည်းက အိမ်က ထွက်ပြေးသွားခဲ့ပြီး မိဘဆိုဆုံးမမှုကို မနာခဲ့ခဲ့ဘူးလို့လည်း ပြောပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့က ဒီလိုသာ စွန့်ပစ်ထားမယ်ဆိုရင် ပုပ်ပွနေတဲ့ ခြေထောက်ကို အချိန်မီမကုသရင် အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ဖွယ်ရှိကြောင်း ဖခင်ဖြစ်သူကို ရှင်းပြလိုက်မှ ဖခင်ဖြစ်သူဟာ သားဖြစ်သူကို အိမ်ကို ပြန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်ကလည်း တရုတ်နိုင်ငံမှာ ရက်ဆက်ဂိမ်းကစားခြင်းကြောင့် လူငယ်တစ်ချို့ အသက်ဆုံးရှုံးခဲ့ဖူးပြီး၊ အခြားဖြစ်စဉ်အနေနဲ့ ဘောလုံးပွဲဆက်တိုက်ကြည့်ခြင်းတွေလည်း ပါ၀င်ပါတယ်။


source : dailystar.co.uk

No comments:

Post a Comment