Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 24, 2016

ထုိင္း-ျမန္မာႏုိင္ငံအၾကား နားလည္မႈ စာခၽြန္လႊာ လက္မွတ္ေရးထုိး


ထိုင္း၀န္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ားနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို႔ ထိုင္းအစိုးရအိမ္ေတာ္မွာ ဒီေန႔ညေန ေတြ႔ဆံုၿပီး ထုိင္း-ျမန္မာႏုိင္ငံအၾကား နားလည္မႈ စာခၽြန္လႊာ လက္မွတ္ေရးထုိးခဲ့ပါတယ္။
ထုိင္းႏုိင္ငံေရာက္ ျမန္မာအလုပ္သမားေတြရဲ႕ အခြင့္အေရးဆိုင္ရာကိစၥရပ္ေတြအတြက္ ႏွစ္နုိင္ငံၾကား နားလည္မႈ သေဘာတူစာခၽြန္လႊာ ေရးထုိးခဲ့ၾကတာပါ။
ႏွစ္ႏိုင္ငံ ေရႊ႕ေျပာင္းအလုပ္သမားကိစၥ နားလည္မႈစာခၽြန္လႊာကုိ ထုိင္းႏုိင္ငံျခားေရး၀န္ႀကီး Mr.Don Pramudwinai နဲ႔ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးနွင့္ ျပည္သူ႔အင္အား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးသိန္းေဆြတုိ႔ လက္မွတ္ေရးထုိးခဲ့ၾကပါတယ္။
လက္မွတ္ထုိးပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ထိုင္း၀န္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ားက “ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အေၾကာင္းအရာ ေတာ္ေတာ္မ်ားမ်ားေဆြးေႏြးျဖစ္ခဲ့တယ္။ ႏွစ္ႏုိင္ငံ ျပည္သူေတြအေရးအတြက္ ျမန္မာႏုိင္ငံနဲ႔ ပူးေပါင္းေဆာင္ရြက္ဖုိ႔ ထုိင္းဘက္က အဆင္သင့္ပါပဲ။ ထုိင္းႏုိင္ငံက ျမန္မာအလုပ္သမားေတြကို ဥပေဒအရ အကာအကြယ္ေပးေရး အပါအ၀င္ ေတာ္ေတာ္မ်ားမ်ားေဆြးေႏြးတယ္” လုိ႔ ေျပာခဲ့ပါတယ္။
ေရႊ႕ေျပာင္းအလုပ္သမားအေရးေတြအျပင္ ျမန္မာၿငိမ္းခ်မ္းေရး ျဖစ္စဥ္ကုိလည္း ေထာက္ခံ အားေပးသြားမွာျဖစ္ေၾကာင္း၊ ထား၀ယ္စီးပြားေရးဇုန္နဲ႔ပတ္သက္ၿပီးလည္း က်ယ္က်ယ္ျပန္႔ျပန္႔ ေဆြးေႏြးခဲ့တယ္လုိ႔ ထုိင္း၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ အာဆီယံႏုိင္ငံေတြရဲ႕ ပညာေရးျမႇင့္တင္ေရးကိစၥေတြ၊ လူငယ္ကိစၥေတြကုိ ေျပာဆုိခဲ့သလုိ ထုိင္းႏုိင္ငံကုိ ေရာက္ေနတဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြ အျပင္ ဒုကၡသည္ေတြကုိ ထုိင္းအစုိးရက ျပဳစုေစာင့္ေရွာက္ေပးတဲ့အတြက္ ေက်းဇူးတင္ေၾကာင္း ေျပာပါတယ္။
ဒါ့အျပင္ ထုိင္းနုိင္ငံမွာရွိေနတဲ့ ျမန္မာေတြအတြက္ တာ၀န္ယူတဲ့အေၾကာင္းလည္း ေဒၚေအာင္ဆန္းစုၾကည္က သတင္းစာရွင္းလင္းပြဲမွာ ေျပာဆုိခဲ့ပါတယ္။
DVB
......





ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချားနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ထိုင်းအစိုးရအိမ်တော်မှာ ဒီနေ့ညနေ တွေ့ဆုံပြီး ထိုင်း-မြန်မာနိုင်ငံအကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေအတွက် နှစ်နိုင်ငံကြား နားလည်မှု သဘောတူစာချွန်လွှာ ရေးထိုးခဲ့ကြတာပါ။
နှစ်နိုင်ငံ ရွှေ့ပြောင်းအလုပ်သမားကိစ္စ နားလည်မှုစာချွန်လွှာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr.Don Pramudwinai နဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
လက်မှတ်ထိုးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချားက “ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြောင်းအရာ တော်တော်များများဆွေးနွေးဖြစ်ခဲ့တယ်။ နှစ်နိုင်ငံ ပြည်သူတွေအရေးအတွက် မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းဘက်က အဆင်သင့်ပါပဲ။ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေကို ဥပဒေအရ အကာအကွယ်ပေးရေး အပါအဝင် တော်တော်များများဆွေးနွေးတယ်” လို့ ပြောခဲ့ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားအရေးတွေအပြင် မြန်မာငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်း ထောက်ခံ အားပေးသွားမှာဖြစ်ကြောင်း၊ ထားဝယ်စီးပွားရေးဇုန်နဲ့ပတ်သက်ပြီးလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အာဆီယံနိုင်ငံတွေရဲ့ ပညာရေးမြှင့်တင်ရေးကိစ္စတွေ၊ လူငယ်ကိစ္စတွေကို ပြောဆိုခဲ့သလို ထိုင်းနိုင်ငံကို ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အပြင် ဒုက္ခသည်တွေကို ထိုင်းအစိုးရက ပြုစုစောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာတွေအတွက် တာဝန်ယူတဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
DVB


No comments:

Post a Comment