Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 3, 2016

ရှေ့ဆက်လျှောက်မယ်

လတ်တလောမှာ  အနောက်တိုင်းစိတ်ပညာ လူမှုရေး အကြံပေးစကားများတွင်  စကားလုံးတစ်ခုက ပိုခေတ်စားလာ၏။   ရုပ်ရှင်အတော်များများမှာလည်း သည်စကားလုံးကို အသုံးများလာသည်။ အဆိုပါစကားလုံးမှာ (Move on) ဆိုသည့် စကားလုံးဖြစ်၏။ ထိုစကားလုံး၏ မူရင်းအသုံးမှာတစ်နေရာကနေ တစ်နေရာပြောင်းခြင်း၊ ရွှေ့ခြင်းဖြစ်သည်။ သို့သော် လူအသုံးများသည့် အခြားအဓိပ္ပာယ်တစ်ခုမှာ မနှစ်မြို့သော်လည်း ရုန်းမထွက် နိုင်သော အခြေအနေတစ်ခု၊ ဆက်ဆံရေးတစ်ခုကနေ ရုန်း ထွက်ပြီး ဘ၀သစ်ကို လျှောက်လှမ်းခြင်း၊ ဆိုးရွားသော အတိတ်ကို ထားခဲ့ပြီး စိတ်သစ်လူသစ်ဖြစ်အောင် နေထိုင်ခြင်းဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။
ဘီဘီစီက ထုတ်လွှင့်ခဲ့သော ခေတ်ပေါ်စုံထောက် ရှားလော့ခ်ဟုမ်းဇာတ်လမ်းတွဲ အမှတ် (၃) နောက်ဆုံးဇာတ်လမ်းတွဲတစ်ခုမှာ သည်စကားလုံးကို အဆိုပါအဓိပ္ပာယ်ဖြင့် သုံးထားသည်ကို တွေ့နိုင်သည်။ သည်ဇာတ်ကားထဲက ဓာတ်ခွဲခန်းပညာရှင်အမျိုးသမီးသည် ရှားလော့ခ်ဟုမ်းကို တစ်ဖက်သတ်ကြိုက်နေ၏။ ရှားလော့ခ်ဟုမ်း၏ အချစ်ကိုရလိမ့်နိုးဖြင့် သူအနိုင်ယူတာ အမျိုးမျိုးကို သည်းခံပြီး သူပြောသမျှကူညီလုပ်ပေးနေသည်။ ဇာတ်လမ်းအရ ရှားလော့ခ်ဟုမ်းက သေသည်ဆိုကာ ခြေရာဖျောက်သွားပြီး ပြန်လာသည့်အခါ ထိုအမျိုးသမီးကို နောက်ရည်စားနှင့် တွေ့သောအခါ အံ့သြသွား၏။ ထိုအခါအမျိုးသမီးက (I Moved On)ငါ့လမ်းငါလျှောက်နေပြီဟု အံ့သြနေသော ရှားလော့ခ်ဟုမ်းကို ပြောကြားခဲ့သည်။
သို့သော် တကယ့်လက်တွေ့ ဖြစ်ရပ်မှာ လမ်းခွဲခြင်းသည် ရုပ် ရှင်ထဲကလိုမလှပ။ နူးညံ့ကြေကွဲ ဖွယ်ရာမဟုတ်၊ ကိုယ်သည်လည်း ရုပ်ရှင်ထဲက ဇာတ်လိုက်မဟုတ် သောကြောင့် လှလှပပလေး လည်း လွမ်းနေမည်မဟုတ်ပါ။ အိမ်ထောင်ရှင်ပဲဖြစ်ဖြစ်၊ သမီး ရည်စားပဲဖြစ်ဖြစ် ကြာမြင့်စွာ ဆက်ဆံပတ်သက်ခဲ့သည့် ဆက် ဆံရေးတစ်ခုကို တိကနဲဖြတ်၊ ကိုယ့်လမ်းကိုဆက်လျှောက်ရ ခြင်းသည် လွယ်ကူလှသည်တော့ မဟုတ်။
‘‘ဒါပေမဲ့လည်း နှစ်ယောက် အတူဆက်ရှိနေဖို့ကလည်း မဖြစ် တော့ဘူး။ နှစ်ယောက်စလုံးက ရင်ထဲမှာနာနေကြပြီ။ ဘယ်လိုမှ အ ရင်လိုဆက်ဆံရေးမျိုးပြန်ရတော့ မှာ မဟုတ်ဘူး။ အဲဒီတော့ လမ်းခွဲ လိုက်ရသပေါ့’’။
နှစ်ဖက်မိဘများအသိအမှတ်ပြုသည်အထိ ချစ်လာကြပြီးမှ မည်သို့မှ အဆင်မပြေတော့သဖြင့် ချစ်သူနှင့် လမ်းခွဲလိုက်ရသည့် စင်ကာပူမှ မကေသီက ပြောပါ သည်။ သို့သော်လည်း ကြာရှည်စွာတည်ဆောက်လာသည့် ဆက်ဆံ ရေးတစ်ခုသည် စိတ်ထဲကနေ ချက်ချင်းဖျောက်ပစ်ရန် မလွယ်ကူ ပါ။ ပထမပိုင်းနှစ်များတွင် လမ်း ခွဲခဲ့သူ ချစ်သူ၏ ပုံရိပ်များကနေရာတကာစိုးမိုးထားဆဲဟု မကေသီ က ဆိုသည်။
‘‘စိတ်တွေကျပြဿနာတွေ ကြုံရတဲ့အခါ သူနဲ့ ပြန်ဆက်သွယ် ရင် ကောင်းမှာပဲလို့ တွေးမိတယ်။ မနှစ်က ကျွန်မအမေနေမကောင်း တော့ ဆေးရုံတက်ရတယ်။ အမေ့ အခြေအနေက စိုးရိမ်ရလို့ အမေ တော့ သေမလားဆိုပြီး ကျွန်မငို မိတယ်။ အဲဒီအချိန်မှာ သူ့ကို ကျွန်မဘေးနားမှာရှိစေချင်လိုက်တာ။ ဒါပေမဲ့ တစ်ဖက်မှာလည်း လမ်းခွဲပြီးမှ ကျွန်မဆောက်တည်ရာမရဖြစ်နေတာကိုလည်း သူမမြင်စေချင်ဘူး။ တော်သေးတယ် အမေက နေကောင်းသွားလို့ ကျွန်မလည်း သူ့ကိုမခေါ်ဖြစ်ပါဘူး’’။
လူမှုရေးထောက်ထားစရာ အကြောင်းများစွာတို့ သည်လူနှစ် ဦးဆက်ဆံရေးကို ပြတ်တောက် လမ်းခွဲဖို့ ခက်ခဲစေသည်။ ထို့ ကြောင့် လူအတော်များများသည် မပျော်ပိုက်သော ဆက်ဆံရေးတွင် သူတို့ဘ၀တွေကို လှောင်ပိတ် ထားတတ်ကြသည်။ လက်ရှိအ ခြေအနေမှာလည်း မပျော်ပိုက်၊ လွတ်လွတ်လပ်လပ်ဖောက်မ ထွက်ရဲ။ သည်လိုအရာတွေက ရက်ကနေ လဖြစ်၊ လကနေ နှစ် ပြောင်းလာချိန်မှာ မိမိ၏ ပျော်ရွှင် ရမည့်အချိန်များကို ဖြုန်းတီးသလို ဖြစ်ကြသည်။ အထူးသဖြင့် မိသားစုဝန်းကျင် ဂုဏ်သိက္ခာကိုငဲ့ညှာထောက်ထားရသော အာရှလူမှုအသိုင်းအ၀ိုင်းမှာ ပိုဆိုးသည်။
ချစ်နေခြင်းသည် မုန်းတီး လမ်းခွဲခြင်းထက်ပိုကောင်းသည် က အမှန်ပဲဖြစ်၏။ သို့သော် အပြည့်အ၀မဟုတ်သည့် ဆက်ဆံ ရေးတစ်ခုမှာ ကြာရှည်စွာကိုယ့် ကိုယ်ကိုယ်မြှုပ်နှံမထားသင့်ပါ။
အထူးသဖြင့် ငယ်ရွယ်သည့် အရွယ်မှာ အနာဂတ်ကို ဆက်လျှောက်သင့်ပါသည်။ လူသစ်စိတ်သစ်ဖြင့် ဘ၀ကို စတင်ရန်အတွက် ရှေ့ဆက်လျှောက်သင့်ကြောင်း လူမှုရေးဆိုင်ရာအကြံပေးသူများက ဆိုသည်။
ကိုယ့်မှာ နှစ်ရှည်လများမ ပြေလည်ဖြစ်နေသော ဆက်ဆံ ရေးတစ်ခုရှိပါသလား။ သည် ဆက်ဆံရေးကို သုံးသပ်ပါ။ ယာ ယီပြဿနာလား၊ ပြန်ပြီးညှိနှိုင်းလို့ ရတာမျိုးလား၊ ယာယီဆိုလျှင် ပြန်ပြီးညှိနှိုင်းလို့ရပါလျှင် ညှိနှိုင်းပါ။ ပြေလည်အောင် လုပ်ပါ။ ထိုသို့ မဟုတ်ဘဲ ဘယ်လိုညှိညှိ မည်သို့ မျှအဆင်ပြေမလာ၊ ကောင်းမ လားဘူးဆိုလျှင် ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲမနေပါနှင့်။ သည်ဆက်ဆံ ရေးကို တစ်ခန်းရပ်ပြီး သတ္တိရှိရှိ ကိုယ့်ဘ၀ကို ဆက်လျှောက်ပါဟု လူမှုဆက်ဆံရေးပညာရှင်များက အကြံပေးပါသည်။
အောက်ပါအချက်များက လူမှုဆက်ဆံရေးပညာရှင်များ အကြံပေးထားသော အဆင်မပြေ သော ဆက်ဆံရေးတစ်ခုကနေ ကိုယ့်ကိုယ်ကိုယ်မည်သို့ ရုန်း ထွက်ရှေ့ဆက်ရမည်ဆိုသော နည်းများ ဖြစ်သည်။
ရင်ထဲက ပတ်သက်သမျှကို
ခါထုတ်ပါ
ချစ်ခဲ့ဖူးသူတစ်ဦးနှင့် လမ်းခွဲ လိုက်သည့်အခါ ရင်ထဲမှာ ၀မ်း နည်းခြင်း၊ နောင်တ၊ မျှော်လင့် ချက်များနှင့် ပြည့်နေတတ်၏။ အ မုန်းနှင့် လမ်းခွဲရလျှင် ဒေါသနှင့် အမုန်းတရားများဖြင့် လောင်မြိုက်နေတတ်၏။
ဘယ်လိုပဲဖြစ်ဖြစ် သည်အရာတွေကို ကြိတ်မခံစား ဘဲ ပွင့်ပွင့်လင်းလင်းစိတ်ကြိုက် ဖောက်ထုတ်ခံစားပါ။ ၀မ်းနည်း စရာဆိုလျှင် ၀မ်းနည်း၊ စိတ်ဆိုး စရာဆိုလျှင် ဆိုးပါ၊ ငိုစရာရှိတာ ကို ငိုပါ။ ရှက်စရာမလိုပါ။ ဖြစ် တတ်သည့် သဘောဟုသာ လက် ခံပြီး ခံစားပါ။ တစ်ခုခုကို သန့်ရှင်း ရေးမလုပ်မီ ဖုန်အမှိုက်အညစ် အကြေးများကို ခါထုတ်သည့်သ ဘောဖြစ်၏။ ကိုယ့်စိတ်ထဲမှာ မည်သို့ခံစားနေရသည်ကို အသိအ မှတ်ပြုပြီး လက်ခံခံစားပါ။
သူဟာ ကိုယ့်အတွက်မဟုတ် တော့ဘူးဆိုတာ အသိအမှတ်ပြုပါလမ်းခွဲပြီးစလူတွေမှာ ရှေ့ ကို မဆက်နိုင်ဖြစ်နေသည်က သူ့ ကိုကိုယ့်အတွက်ဟုသာ မြင်နေ သေးခြင်း ဖြစ်သည်။ ကိုယ့်ကိုယ် ကိုယ်သူက လွဲပြီး အခြားလူနှင့် မြင်ကြည့်လို့မရခြင်း ဖြစ်ပါသည်။ သည်လိုထင်နေတာက မှားပါ သည်။ ဖြစ်မလာနိုင်သည့်နေ့တစ် နေ့ကို မျှော်မှန်းနေသလို ဖြစ်နေ သည်။ သူသည် ကိုယ့်အတွက် လူမှန်နေရာမှန်မဟုတ် သည့်အ တွက် သည်ကနေ့ သည်လိုအနေ အထားဖြစ်လာသည်ဟု ဆင်ခြင် ပါ။
သူငယ်ချင်းများနှင့် မျှဝေခံစားပါ
တစ်ယောက်တည်းကြိတ် မှိတ်ခံစားသည်ထက်စာလျှင် သူ ငယ်ချင်းများ၏ အားပေးနှစ်သိမ့် မှုကို ရယူပါ။ သူတို့က ကိုယ်ပြော တာတွေကို မျှဝေခံစားပေးပါလိမ့် မည်။
သူ့ကို အဆက်အသွယ်မလုပ်ပါ နှင့်
ကိုယ်ကခံစားမှုတွေကို ကုသပြီး ကျော်လွှားရန် ဆုံးဖြတ်ချိန်မှာ သူ့ကို ပြန်မပတ်သက်မိအောင် ရှောင်ရှားပါ။ အဆက်မသွယ်မ လုပ်ခြင်းဖြင့် သူနှင့် ကိုယ်ပြီးပြီး ပြတ်ပြတ်ဖြစ်သွားပြီဆိုတာကို ပို လက်ခံလာနိုင်လိမ့်မည်။
ခွင့်လွှတ်နားလည်လိုက်ပါ
ကိုယ်ကတစ်ယောက်ယောက်ကို နာကြည်းမုန်းတီးနေပါက သည်ခါးသီးမှုများကို လာပေးသူ က ထိုသူမဟုတ်ပါ။ ကိုယ်တိုင်ပဲ ဖြစ်သည်။ သူ့ကြောင့် ကိုယ်သည်လိုဖြစ်နေမှန်းသူက သိချင်မှသိပါ လိမ့်မည်။ ကိုယ့်အပူ ကိုယ်ကိုယ် တိုင်ရှာနေခြင်း ဖြစ်သည်။ ကိုယ် က နာကြည်းမုန်းတီးလေ ကိုယ့် ကိုယ်ကိုယ်သူက နာကျင်ထိခိုက် အောင်လုပ်ဖို့ ခွင့်ပြုသလိုဖြစ်နေ လိမ့်မည်။
ကိုယ့်သဘောကျတဲ့ အရာများကို လုပ်ပါ
တစ်ယောက်တည်းအချိန် တွေ ပိုလာချိန်မှာ ကိုယ့်သဘော ကျတာများကို လွတ်လွတ်လပ် လပ်လုပ်ပါ။ ခရီးသွားချင်သလား၊ သူငယ်ချင်းများနှင့် ကာရာအိုကေ သွားဆိုချင်သလား၊ လေ့ကျင့်ခန်း များ လုပ်ချင်သလား၊ ရုပ်ရှင်ပဲ ကြည့်ချင်သလား၊ သည်အရာတွေနှင့် အလုပ်များအောင် လုပ် ထားပါ။
မိတ်ဆွေသစ်များနှင့် တွေ့ဆုံပါ
သူငယ်ချင်းသစ်၊ မိတ်ဆွေ သစ်များရှာပါ၊ အချစ်သစ်လည်း ဖြစ်လာနိုင်ပါသည်။ ပတ်ဝန်းကျင် အသစ်က မိတ်ဆွေအသစ်များက ကိုယ့်စိတ်ကို အပြောင်းအလဲဖြစ် လာစေနိုင်၏။
သူလည်းမမှား ကိုယ်လည်းမမှားပါ
ကိုယ်နှစ်ဦးသည်လိုလမ်းခွဲ ခြင်းသည် ကိုယ့်ပြဿနာချို့ယွင်း ချက်ဟု မထင်ပါနှင့်။ သူ့ချို့ယွင်း ချက်ဟုလည်း မထင်ပါနှင့်။ သူနှင့် ကိုယ့်အပေးအယူမမျှတာ အဆင် မပြေတာဟုသာ ယူဆပါ။ အစစ အရာရာပြည့်စုံတိုင်းလည်း လူနှစ် ဦးသည် အပေးအယူမျှတနား လည်ကြသည်မဟုတ်ပါ။
တစ်နေရာရာမှာ အချစ်စစ်က စောင့်နေပါသည်
အချစ်ဆိုသည်မှာ တစ်ကြိမ် တည်းနှင့် ပြီးဆုံးသွားတာမျိုးမ ဟုတ်။ လူရှိနေသရွေ့ ရှင်သန်နေ သည့်အရာမျိုးဖြစ်သည်။ ကိုယ့် ပတ်ဝန်းကျင်မှာ ကိုယ်တစ်ယောက်တည်းသာ အထီးကျန်ဖြစ်နေတာ မဟုတ်။ သည်ကမ္ဘာမှာ တစ် ယောက်တည်းချစ်သူမရှိသည့် လူ တွေအများကြီးဖြစ်သည်။ သည် ကမ္ဘာကြီးမှာ လူဦးရေသန်း ရှစ် ထောင်ခန့်ရှိသည်။ သည်အထဲမှာ ကိုယ့်ကိုမေတ္တာစစ်နှင့် ချစ်မည့်သူတစ်ယောက်တော့ရှိနေမည်မှာ အမှန်ပင်။

No comments:

Post a Comment