Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 3, 2016

ဧရာဝတီ သတင္းေထာက္ကို Manawhari Commercial Complex ဝန္ထမ္းမ်ား ျခိမ္းေျခာက္ေႏွာင့္ယွက္


By ဧရာဝတီ | June 1, 2016

ဧရာဝတီဓာတ္ပံုသတင္းေထာက္ကို ပံုပါ ဖိုင္ဘာ ဦးထုပ္ေဆာင္းၿပီး လုပ္ငန္းခြင္သံုး ၀တ္စံုမ်ား ၀တ္ဆင္ထားၾကသူမ်ားက ဝိုင္းခဲ့ၾကသည္ (ဓာတ္ပံု – မ်ိဳးမင္းစိုး/ဧရာဝတီ)

ၿပီးခဲ့သည့္ ရက္မ်ားက ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္တြင္ ကိုယ္စားလွယ္မ်ားက စီမံကိန္းႏွင့္ ပတ္သက္၍ ေမးခြန္းမ်ား ထုတ္ခဲ့ၿပီးေနာက္ ၿမိဳ႕႔ေတာ္စည္ပင္သာယာေရးေကာ္မတီ(YCDC) က ျပန္လည္ သံုးသပ္ရန္ရွိေနေသာ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ကို ဓာတ္ပံုမ႐ိုက္ရန္ ဧရာ၀တီမွ ဓာတ္ပံု သတင္းေထာက္တဦး ေမလ ၃၁ ရက္ေန႔တြင္ ျခိမ္းေျခာက္ တားျမစ္ျခင္း ခံခဲ့ရသည္။


အထပ္ ၁၂ ထပ္ပါ၀င္မည့္ ထိုအေဆာက္အဦးသည္ ခေရပင္လမ္းႏွင့္ အလံုလမ္းေထာင့္ ဒဂံုၿမိဳ႕နယ္အတြင္းတြင္ရွိၿပီး အနီး တြင္ ရန္ကုန္တိုင္း အစိုးရအဖြဲ႕႐ံုး၊ ရန္ကုန္တိုင္းလႊတ္ေတာ္ ႏွင့္ တိုင္း၀န္ႀကီးခ်ဳပ္၏ ေနအိမ္တို႔ ရွိေနသည္။

အဆိုပါ စီမံကိန္းသည္ အစိုးရအေဆာက္အဦမ်ားႏွင့္ အလြန္နီးကပ္စြာ ရွိေနသည့္အတြက္ YCDC က ျပန္လည္သံုးသပ္ သြားမည္ ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စိုးက ေမလ၃၀ ရက္ေန႔တြင္ ျပဳလုပ္ခဲ့ေသာ ရန္ကုန္တိုင္း လႊတ္ ေတာ္ အစည္းအေ၀းတြင္ ေျပာၾကားခဲ့သည္။ လႊတ္ေတာ္ကိုယ္စားလွယ္တဦးက စီမံကိန္းသည္ YCDC ၏ စည္းမ်ဥ္းစည္း ကမ္းမ်ားႏွင့္ ကိုက္ညီျခင္း ရွိ၊ မရွိေမးျမန္းခဲ့သည့္အတြက္ ထိုသို႔ ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။ အေဆာက္အဦး တည္ ေဆာက္ခြင့္ကို ယခင္တိုင္းအစိုးရ အဖြဲ႔က ၂၀၁၅ ခုႏွစ္တြင္ ခြင့္ျပဳေပးခဲ့ျခင္း ျဖစ္သည္။

၀မင္း ကုမၸဏီအုပ္စုက တည္ေဆာက္ေနေသာ Manawhari Commercial Complex ေဆာက္လုပ္ေရး လုပ္ငန္းခြင္ကို ဓာတ္ပံု႐ိုက္ရန္ ဧရာ၀တီမွ ဓာတ္ပံုသတင္းေထာက္ မ်ိဳးမင္းစိုးကို တာ၀န္ေပးအပ္ခဲ့ပါသည္။

လုပ္ငန္းခြင္ႏွင့္ လမ္းျခားသည့္ လူသြားစႀကၤ ံေပၚမွေန၍ ဓာတ္ပံု႐ိုက္ေနစဥ္ အဆိုပါ စီမံကိန္းတြင္ အလုပ္လုပ္ေနသူမ်ားဟု ယူဆရသည့္ ဖိုင္ဘာ ဦးထုပ္ေဆာင္းၿပီး လုပ္ငန္းခြင္သံုး ၀တ္စံုမ်ား ၀တ္ဆင္ထားၾကသူမ်ားက အနားကို ခ်ဥ္းကပ္လာၾကသည္ဟု ဓာတ္ပံုသတင္းေထာက္က ေျပာသည္။

“က်ေနာ္ ဓာတ္ပံု ၂ ပံု ၃ ပံုေလာက္ပဲ ရိုက္ရေသးတယ္ လူ ၂ေယာက္ေရာက္လာၿပီး ခြင့္ျပဳခ်က္ မရွိဘဲ ဘာျဖစ္လို႔ ဓာတ္ပံု ႐ိုက္ရတာလဲလို႔ ေမးပါတယ္” ဟု သူကေျပာသည္။

ထုို႔ေနာက္ လုပ္ငန္းခြင္ အတြင္းမွ ေနာက္ထပ္ လူမ်ားေရာက္လာၾကၿပီး သူ႔ကို ၀ိုင္းရံထားလိုက္ၾကသည္။ “သူ႔ကိုေပးမသြား နဲ႔” ဟုလည္း ေအာ္ဟစ္ခဲ့ၾကသည္ဟု သိရသည္။

ထို႔ေၾကာင့္ ဓာတ္ပံုသတင္းေထာက္က သူ၏ လံုၿခံဳမႈအတြက္ အနီးတြင္ ရွိေသာ လႊတ္ေတာ္ လံုၿခံဳေရး အေစာင့္ရံုးအတြင္းသို႔ ၀င္ေရာက္ေနခဲ့ရသည္။ သူ႔ကို အျပင္ဘက္မွေန၍ လူ ၁၅ ဦးခန္႔က ေစာင့္ဆိုင္းေနခဲ့သည္။ တခ်ိဳ႔မွာ အထဲသို႔၀င္ရန္ ၾကိဳးစားေသာေၾကာင္႔လံုၿခံဳေရး ရဲအဖြဲ႔၀င္မ်ားက တားဆီးခဲ့ရသည္။ အထဲသို႔၀င္ခြင္႔ မရေသာေၾကာင္႔ ဧရာ၀တီ ဓာတ္ပံုသတင္းေထာက္အား အျပင္ဘက္မွေန၍ ဓာတ္ပံု႐ိုက္ယူခဲ့ၾကသည္။

“တကယ္လို႔ အဲဒီမွာ လံုၿခံဳေရးရံုးသာ မရွိဘူးဆိုရင္ က်ေနာ္ ဘာျဖစ္သြားမလဲ မသိဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ သူတို႔ ထဲက တခ်ိဳ႕လူေတြရဲ႕ပံုစံက တကယ္လုပ္မယ့္ ပံုေတြ” ဟု ဓာတ္ပံုဆရာက ေျပာသည္။

“အမ်ားျပည္သူ သြားလာေနတဲ့ေနရာမွာ ဓာတ္ပံု႐ိုက္တာကို က်ေနာ္က ဘာေၾကာင့္ ခြင့္ျပဳခ်က္ယူရမွာလဲ။ သူတို႔က ဘာကို ေၾကာက္ေနတာလဲ။ သူတို႔က ဥပေဒနဲ႔ မညီတာ တခုခု လုပ္ေနလို႔လား။ ဒီစီမံကိန္းက ႏိုင္ငံေတာ္ လံုၿခံဳေရးနဲ႔ ဆိုင္သလား။ သူတို႔က မီဒီယာကို ၿခိမ္းေျခာက္ေနတာလား” ဟု ဓာတ္ပံုသတင္းေထာက္ မ်ိဳးမင္းစိုးက ေမးခြန္းထုတ္ခဲ့သည္။

ယခုျဖစ္ရပ္သည္ ရက္အနည္းငယ္အတြင္းတြင္ ေနာက္တႀကိမ္ေပၚေပါက္ခဲ့ေသာ မီဒီယာ လြတ္လပ္ခြင့္အေပၚ ျခိမ္းေျခာက္မႈဟု ယူဆရသည့္ ကိစၥတခုျဖစ္သည္။ ေမလ ၂၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ အဆင့္ျမင့္ ဟိုတယ္တခုျဖစ္သည့္ Sedona ဟို တယ္ မွ တာ၀န္ရွိသူမ်ား ႏွင့္ ဘုန္းေတာ္ႀကီးမ်ား ေတြ႔ဆံု ေဆြးေႏြးေနၾကသည္ကို သတင္းယူရန္ ႀကိဳးစားခဲ့ေသာ ျပည္တြင္း မီဒီယာ တခုမွ သတင္းေထာက္ တဦးကိုလည္း အမ်ိဳးသားေရး ၀ါဒီ ဘုန္းေတာ္ႀကီးမ်ားက တားဆီးခဲ့ၾကသည္။

ျမန္မာႏိုင္ငံ စာနယ္ဇင္းေကာင္စီမွ အမႈေဆာင္တဦး ျဖစ္ေသာ ဦးျမင့္ေက်ာ္က အမ်ားျပည္သူ ႏွင့္ဆိုင္သည့္ေနရာတြင္ ဓာတ္ပံု႐ိုက္ျခင္းကို ေဘာင္ေက်ာ္သည္ဟု မယူဆႏိုင္ေၾကာင္း ေျပာသည္။

“တကယ္လို႔ ေဆာက္လုပ္ေရး ကုမၸဏီက ဒါကို အေရးယူခ်င္တယ္ဆိုရင္ သတင္းထဲမွာ သူတို႔ကို အသေရပ်က္စရာ အေၾကာင္း တစံုတရာပါလာတဲ့ အခါမွ တရား၀င္ ကန္႔ကြက္မႈ ျပဳလုပ္ႏိုင္ပါတယ္။ အခုေတာ့ ဘာသတင္းမွလည္း မေရးရေသးဘူး။ လမ္းေဘး ပလက္ေဖာင္းတခုမွာ ဓာတ္ပံု႐ိုက္တာကို တားဆီးတာက မီဒီယာကို ၿခိမ္းေျခာက္မႈ တခုပဲ” ဟုလည္း သူက ေျပာသည္။

ဧရာ၀တီက အဆိုပါ တားဆီးပိတ္ပင္မႈႏွင့္ ပတ္သက္၍ ဒဂံုၿမိဳ႕နယ္ ရဲစခန္းသို႔ တရား၀င္ တိုင္ၾကားခဲ့ၿပီး ျဖစ္သည္။

...............................................

ဧရာဝတီ သတင်းထောက်ကို Manawhari Commercial Complex ဝန်ထမ်းများ ခြိမ်းခြောက်နှောင့်ယှက်
By ဧရာဝတီ | June 1, 2016

ဧရာဝတီဓာတ်ပုံသတင်းထောက်ကို ပုံပါ ဖိုင်ဘာ ဦးထုပ်ဆောင်းပြီး လုပ်ငန်းခွင်သုံး ၀တ်စုံများ ၀တ်ဆင်ထားကြသူများက ဝိုင်းခဲ့ကြသည် (ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)

ပြီးခဲ့သည့် ရက်များက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကိုယ်စားလှယ်များက စီမံကိန်းနှင့် ပတ်သက်၍ မေးခွန်းများ ထုတ်ခဲ့ပြီးနောက် မြို့့တော်စည်ပင်သာယာရေးကော်မတီ(YCDC) က ပြန်လည် သုံးသပ်ရန်ရှိနေသော ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ဓာတ်ပုံမရိုက်ရန် ဧရာဝတီမှ ဓာတ်ပုံ သတင်းထောက်တဦး မေလ ၃၁ ရက်နေ့တွင် ခြိမ်းခြောက် တားမြစ်ခြင်း ခံခဲ့ရသည်။


အထပ် ၁၂ ထပ်ပါ၀င်မည့် ထိုအဆောက်အဦးသည် ခရေပင်လမ်းနှင့် အလုံလမ်းထောင့် ဒဂုံမြို့နယ်အတွင်းတွင်ရှိပြီး အနီး တွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး၊ ရန်ကုန်တိုင်းလွှတ်တော် နှင့် တိုင်းဝန်ကြီးချုပ်၏ နေအိမ်တို့ ရှိနေသည်။

အဆိုပါ စီမံကိန်းသည် အစိုးရအဆောက်အဦများနှင့် အလွန်နီးကပ်စွာ ရှိနေသည့်အတွက် YCDC က ပြန်လည်သုံးသပ် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မေလ၃၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရန်ကုန်တိုင်း လွှတ် တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်တဦးက စီမံကိန်းသည် YCDC ၏ စည်းမျဉ်းစည်း ကမ်းများနှင့် ကိုက်ညီခြင်း ရှိ၊ မရှိမေးမြန်းခဲ့သည့်အတွက် ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အဆောက်အဦး တည် ဆောက်ခွင့်ကို ယခင်တိုင်းအစိုးရ အဖွဲ့က ၂၀၁၅ ခုနှစ်တွင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

၀မင်း ကုမ္ပဏီအုပ်စုက တည်ဆောက်နေသော Manawhari Commercial Complex ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ဓာတ်ပုံရိုက်ရန် ဧရာဝတီမှ ဓာတ်ပုံသတင်းထောက် မျိုးမင်းစိုးကို တာဝန်ပေးအပ်ခဲ့ပါသည်။

လုပ်ငန်းခွင်နှင့် လမ်းခြားသည့် လူသွားစင်္ကြ ံပေါ်မှနေ၍ ဓာတ်ပုံရိုက်နေစဉ် အဆိုပါ စီမံကိန်းတွင် အလုပ်လုပ်နေသူများဟု ယူဆရသည့် ဖိုင်ဘာ ဦးထုပ်ဆောင်းပြီး လုပ်ငန်းခွင်သုံး ၀တ်စုံများ ၀တ်ဆင်ထားကြသူများက အနားကို ချဉ်းကပ်လာကြသည်ဟု ဓာတ်ပုံသတင်းထောက်က ပြောသည်။

“ကျနော် ဓာတ်ပုံ ၂ ပုံ ၃ ပုံလောက်ပဲ ရိုက်ရသေးတယ် လူ ၂ယောက်ရောက်လာပြီး ခွင့်ပြုချက် မရှိဘဲ ဘာဖြစ်လို့ ဓာတ်ပုံ ရိုက်ရတာလဲလို့ မေးပါတယ်” ဟု သူကပြောသည်။

ထိုု့နောက် လုပ်ငန်းခွင် အတွင်းမှ နောက်ထပ် လူများရောက်လာကြပြီး သူ့ကို ၀ိုင်းရံထားလိုက်ကြသည်။ “သူ့ကိုပေးမသွား နဲ့” ဟုလည်း အော်ဟစ်ခဲ့ကြသည်ဟု သိရသည်။

ထို့ကြောင့် ဓာတ်ပုံသတင်းထောက်က သူ၏ လုံခြုံမှုအတွက် အနီးတွင် ရှိသော လွှတ်တော် လုံခြံုရေး အစောင့်ရုံးအတွင်းသို့ ၀င်ရောက်နေခဲ့ရသည်။ သူ့ကို အပြင်ဘက်မှနေ၍ လူ ၁၅ ဦးခန့်က စောင့်ဆိုင်းနေခဲ့သည်။ တချို့မှာ အထဲသို့ဝင်ရန် ကြိုးစားသောကြောင့်လုံခြံုရေး ရဲအဖွဲ့ဝင်များက တားဆီးခဲ့ရသည်။ အထဲသို့ဝင်ခွင့် မရသောကြောင့် ဧရာဝတီ ဓာတ်ပုံသတင်းထောက်အား အပြင်ဘက်မှနေ၍ ဓာတ်ပုံရိုက်ယူခဲ့ကြသည်။

“တကယ်လို့ အဲဒီမှာ လုံခြံုရေးရုံးသာ မရှိဘူးဆိုရင် ကျနော် ဘာဖြစ်သွားမလဲ မသိဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ထဲက တချို့လူတွေရဲ့ပုံစံက တကယ်လုပ်မယ့် ပုံတွေ” ဟု ဓာတ်ပုံဆရာက ပြောသည်။

“အများပြည်သူ သွားလာနေတဲ့နေရာမှာ ဓာတ်ပုံရိုက်တာကို ကျနော်က ဘာကြောင့် ခွင့်ပြုချက်ယူရမှာလဲ။ သူတို့က ဘာကို ကြောက်နေတာလဲ။ သူတို့က ဥပဒေနဲ့ မညီတာ တခုခု လုပ်နေလို့လား။ ဒီစီမံကိန်းက နိုင်ငံတော် လုံခြံုရေးနဲ့ ဆိုင်သလား။ သူတို့က မီဒီယာကို ခြိမ်းခြောက်နေတာလား” ဟု ဓာတ်ပုံသတင်းထောက် မျိုးမင်းစိုးက မေးခွန်းထုတ်ခဲ့သည်။

ယခုဖြစ်ရပ်သည် ရက်အနည်းငယ်အတွင်းတွင် နောက်တကြိမ်ပေါ်ပေါက်ခဲ့သော မီဒီယာ လွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်မှုဟု ယူဆရသည့် ကိစ္စတခုဖြစ်သည်။ မေလ ၂၆ ရက်နေ့က ရန်ကုန်မြို့ရှိ အဆင့်မြင့် ဟိုတယ်တခုဖြစ်သည့် Sedona ဟို တယ် မှ တာဝန်ရှိသူများ နှင့် ဘုန်းတော်ကြီးများ တွေ့ဆုံ ဆွေးနွေးနေကြသည်ကို သတင်းယူရန် ကြိုးစားခဲ့သော ပြည်တွင်း မီဒီယာ တခုမှ သတင်းထောက် တဦးကိုလည်း အမျိုးသားရေး ၀ါဒီ ဘုန်းတော်ကြီးများက တားဆီးခဲ့ကြသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ အမှုဆောင်တဦး ဖြစ်သော ဦးမြင့်ကျော်က အများပြည်သူ နှင့်ဆိုင်သည့်နေရာတွင် ဓာတ်ပုံရိုက်ခြင်းကို ဘောင်ကျော်သည်ဟု မယူဆနိုင်ကြောင်း ပြောသည်။

“တကယ်လို့ ဆောက်လုပ်ရေး ကုမ္ပဏီက ဒါကို အရေးယူချင်တယ်ဆိုရင် သတင်းထဲမှာ သူတို့ကို အသရေပျက်စရာ အကြောင်း တစုံတရာပါလာတဲ့ အခါမှ တရားဝင် ကန့်ကွက်မှု ပြုလုပ်နိုင်ပါတယ်။ အခုတော့ ဘာသတင်းမှလည်း မရေးရသေးဘူး။ လမ်းဘေး ပလက်ဖောင်းတခုမှာ ဓာတ်ပုံရိုက်တာကို တားဆီးတာက မီဒီယာကို ခြိမ်းခြောက်မှု တခုပဲ” ဟုလည်း သူက ပြောသည်။

ဧရာဝတီက အဆိုပါ တားဆီးပိတ်ပင်မှုနှင့် ပတ်သက်၍ ဒဂုံမြို့နယ် ရဲစခန်းသို့ တရားဝင် တိုင်ကြားခဲ့ပြီး ဖြစ်သည်။

No comments:

Post a Comment