Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 20, 2016

ကုလကုိယ္စားလွယ္ ေဒၚစုနဲ႔ လူ႔အခြင့္အေရးကိစၥ ေဆြးေႏြး


ကုလသမဂၢလူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ Yanghee lee ႏွင့္ ႏိုင္ငံျခားေရး ၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ေတြ႔ဆံု (MOFA)
ျမန္မာႏိုင္ငံကိုေရာက္ရွိေနတဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရးအထူး ကိုယ္စားလွယ္ Ms. Yanghee Lee ဟာ ဒီေန႔မွာေတာ့ ႏိုင္ငံျခားေရး ၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆံုျပီး လူ႔အခြင့္အေရးဆိုင္ရာ အၾကံျပဳခ်က္ေတြကို ေဆြးေႏြးသြား တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး ဌာန က ေျပာဆိုပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ႔ VOA သတင္းေထာက္ မသိဂၤ ီလင္းက ေျပာျပပါမယ္။

မေန႔က ျမန္မာႏိုင္ငံကို ေရာက္ရွိလာတဲ႔ လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ Ms. Yanghee Lee ဟာ ခရီးစဥ္ ပထမေန႔၊ ဒီေန႔ မနက္ ၉ နာရီခန္႔မွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ၊ ႏိုင္ငံျခားေရး ဝန္ႀကီးလည္းျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ေတြ႔ဆံုခဲ႔ပါတယ္။

လာမယ့္ စက္တင္ဘာလမွာ က်င္းပမယ့္ ကုလသမဂၢ အေထြေထြညီလာခံမွာ တင္သြင္းမယ့္ အစီရင္ခံစာအတြက္လိုအပ္တဲ႔ လူ႔အခြင့္အေရးဆိုင္ရာ အေျခအေနေတြနဲ႔ အၾကံျပဳခ်က္ေတြကို အဓိကထားေဆြးေႏြးသြားတယ္ လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္ေဇယ်က အခုလို ေျပာပါတယ္။

“Ms. Yanghee Lee က ျမန္မာနဲ႔ပတ္သက္ၿပီးေတာ့ အျမဲတမ္းသူက report ေတြေရးတယ္၊ အႀကံျပဳခ်က္ေတြရွိတယ္။ သူစိတ္ထဲမွာ ျမန္မာနဲ႔ ပတ္သက္ၿပီးေတာ့ အႀကံျပဳခ်က္ေတြရွိတယ္ ဆိုေတာ့ ဒီ အႀကံျပဳခ်က္ေတြကိုပဲ အဓိက အေျခခံၿပီးေတာ့ ေဆြးေႏြးသြားပါတယ္ခင္ဗ်။”

ျမန္မာႏိုင္ငံအတြင္း လူ႔အခြင့္အေရးျမင့္တင္ေရးနွင့္ ကာကြယ္ေရး ကိစၥရပ္ေတြ ေဆာင္ရြက္ေနမႈ၊ ရခိုင္ျပည္နယ္ကိစၥ၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္၊ လူ႔အခြင့္အေရးဆိုင္ရာ ဥပေဒေတြကိစၥ၊ လြတ္လပ္စြာစုေဝးခြင့္နွင့္ အသင္းအဖြဲ႔မ်ား ဖြဲ႔စည္းခြင့္ကိစၥ၊ စီးပြားေရး၊ လူမႈေရး အခြင့္အေရးမ်ားဆိုင္ရာ ကိစၥ၊ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေတြ ေပးနုိင္ေရးကိစၥနွင့္ ျမန္မာႏိုင္ငံအေနနဲ႔ ပါဝင္ဖို႔ က်န္ရွိသည့္ ႏိုင္ငံတကာလူ႔အခြင့္အေရးဆိုင္ရာ အဓိကစာခ်ဳပ္မ်ား လက္မွတ္ထိုးေရးကိစၥ စတဲ႔ အေၾကာင္းအရာေတြ ေဆြးေႏြး ခဲ႔တယ္လို႔ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

မစၥယန္ဟီလီ အေနနဲ႔ ဒီခရီးစဥ္မွာ လူ႔အခြင့္အေရးဆိုင္ရာ အေျခအေနေတြ တိုးတက္လာဖို႔ ျမန္မာအစိုးရနဲ႔ေရာ ျပည္သူလူထုနဲ႔ပါ အနီးကပ္ေတြ႔ဆံု သြားဖို႔ရွိတယ္လို႔ ကုလသမဂၢရဲ႕ သတင္းထုတ္ျပန္ခ်က္မွာလည္း ေဖာ္ျပထားပါတယ္။

၁၂ ရက္ ၾကာျမင့္မယ့္ မစၥယန္ဟီလီရဲ႕ စတုတၳႀကိမ္ေျမာက္ ျမန္မာခရီးစဥ္မွာ ရခိုင္ျပည္နယ္၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ေတြကိုလည္း သြားေရာက္ေလ့လာ မွာျဖစ္ပါတယ္။ ဒါ့အျပင္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန၊ လူ႔အခြင့္အေရးေကာ္မရွင္၊ စာနယ္ဇင္းေကာင္စီ စတဲ႔အဖြဲ႔အစည္းေတြအျပင္ အရပ္ဖက္လူမႈ႔အဖဲြ႔အစည္းေတြနဲ႔လည္း ေတြ႔ဆံုသြားဖို႔ရွိပါတယ္။

 သိဂႌလင္း / ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
....


ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee lee နှင့် နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ (MOFA)
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီနေ့မှာတော့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး လူ့အခွင့်အရေးဆိုင်ရာ အကြံပြုချက်တွေကို ဆွေးနွေးသွား တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာန က ပြောဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပါမယ်။

မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ခရီးစဉ် ပထမနေ့၊ ဒီနေ့ မနက် ၉ နာရီခန့်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပါတယ်။

လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်သွင်းမယ့် အစီရင်ခံစာအတွက်လိုအပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေနဲ့ အကြံပြုချက်တွေကို အဓိကထားဆွေးနွေးသွားတယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက အခုလို ပြောပါတယ်။

“Ms. Yanghee Lee က မြန်မာနဲ့ပတ်သက်ပြီးတော့ အမြဲတမ်းသူက report တွေရေးတယ်၊ အကြံပြုချက်တွေရှိတယ်။ သူစိတ်ထဲမှာ မြန်မာနဲ့ ပတ်သက်ပြီးတော့ အကြံပြုချက်တွေရှိတယ် ဆိုတော့ ဒီ အကြံပြုချက်တွေကိုပဲ အဓိက အခြေခံပြီးတော့ ဆွေးနွေးသွားပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးမြင့်တင်ရေးနှင့် ကာကွယ်ရေး ကိစ္စရပ်တွေ ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်ကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေကိစ္စ၊ လွတ်လပ်စွာစုဝေးခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကိစ္စ၊ စီးပွားရေး၊ လူမှုရေး အခွင့်အရေးများဆိုင်ရာ ကိစ္စ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ရေးကိစ္စနှင့် မြန်မာနိုင်ငံအနေနဲ့ ပါဝင်ဖို့ ကျန်ရှိသည့် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ အဓိကစာချုပ်များ လက်မှတ်ထိုးရေးကိစ္စ စတဲ့ အကြောင်းအရာတွေ ဆွေးနွေး ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မစ္စယန်ဟီလီ အနေနဲ့ ဒီခရီးစဉ်မှာ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေ တိုးတက်လာဖို့ မြန်မာအစိုးရနဲ့ရော ပြည်သူလူထုနဲ့ပါ အနီးကပ်တွေ့ဆုံ သွားဖို့ရှိတယ်လို့ ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။

၁၂ ရက် ကြာမြင့်မယ့် မစ္စယန်ဟီလီရဲ့ စတုတ္ထကြိမ်မြောက် မြန်မာခရီးစဉ်မှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေကိုလည်း သွားရောက်လေ့လာ မှာဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန၊ လူ့အခွင့်အရေးကော်မရှင်၊ စာနယ်ဇင်းကောင်စီ စတဲ့အဖွဲ့အစည်းတွေအပြင် အရပ်ဖက်လူမှု့အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံသွားဖို့ရှိပါတယ်။

 သိင်္ဂီလင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment