Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, June 19, 2016

ေယာက်္ားျဖစ္သူအား ေငြေပးသတ္ခုိင္းသည့္ ဇနီးႏွင့္အေပါင္းပါမာ်းကို ဖမ္းမိ


    By DVB
    19 June 2016
ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္မွာ ေငြ ၃ သိန္းေပးၿပီး  ေယာက်္ားျဖစ္သူအား သတ္ခုိင္းတဲ့ ဇနီးနဲ႔အေပါင္းပါေတြကုိ ရဲတပ္ဖြဲ႔က ဒီေန႔ ေဖာ္ထုတ္ဖမ္းဆီးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇြန္ ၁၅ ရက္ေန႔က ေက်ာင္းပန္းေတာင္းၿမိဳ႕ အေနာက္ဘက္ ၅ မိုင္ေလာက္အကြာမွာ အမည္မသိ အမ်ဳိးသားအေလာင္းတေလာင္းကုိ ေတြ႔ရွိထားေၾကာင္း ေဒသခံေတြရဲ႕ သတင္းေပးခ်က္အရ ရဲတပ္ဖြဲ႔က သြားေရာက္စစ္ေဆးခဲ့ၾကပါတယ္။

ရဲတပ္ဖြဲ႔က သြားေရာက္စစ္ေဆးရာမွာ ေသသူအမ်ဳိးသားကုိ ေမွာက္လ်က္အေနထား ဆုိင္ကယ္နဲ႔ဖိထားၿပီး ဓားနဲ႔ ထုိးသြင္းဒဏ္ရာ ၉ ခ်က္ ေတြ႔ရွိခဲ့လုိ႔ ေက်ာက္ပန္းေတာင္း ရဲစခန္းက ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္အေရးယူေဆာင္ရြက္ခဲ့ကာ တရားခံေတြ ဖမ္းမိေရး စုံစမ္းစစ္ေဆးခဲ့တယ္လုိ႔ ေက်ာက္ပန္းေတာင္း ရဲစခန္းက ေျပာပါတယ္။

ဒီေနာက္မွာေတာ့ ရဲတပ္ဖြဲ႔က စုံစမ္းခ်က္အရ ေသဆုံးသူဟာ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ နယ္ေျမ ၁ စံျပရပ္ကြက္မွာ ေနထုိင္တဲ့ ကုိမင္းေဇာ္ဦးျဖစ္ေၾကာင္း သိရွိခဲ့ရတယ္လို႔ ဆုိပါတယ္။

ေသဆုံးသူရဲ႕ ေနအိမ္မွာ မီးေသြးလုပ္ငန္းလုပ္ကုိင္ေနၿပီး အလုပ္သမားေတြကုိ ေခၚယူစစ္ေဆးရာကေန ဇနီးျဖစ္သူ မေအးေအးခ်ဳိက အခေၾကးေငြ ၃ သိန္းေပးၿပီး သတ္ခုိင္းခဲ့တာျဖစ္ေၾကာင္း ထြက္ဆုိခဲ့ၾကတယ္လုိ႔ ရဲစခန္းက ေျပာပါတယ္။


ေသဆံုးသူ မင္းေဇာ္ဦးဟာ မေအးေအးခ်ဳိရဲ႕ ေလးဆက္ေျမာက္ အိမ္ေထာင္ျဖစ္ၿပီ လင္းမယားခ်င္း စကားမ်ားရန္ျဖစ္ၾကလို႔ ဇနီးျဖစ္သူ မေအးေအးခ်ဳိဟာ မီးေသြးအလုပ္သမားေတြျဖစ္တဲ့ ေအာင္ေအာင္၊ ကုိထက္နဲ႔ ကုိၿဖိဳးေ၀တုိ႔ကုိ ေငြ ၃ သိန္း၊ မခင္စိန္နဲ႔ မခင္အိတုိ႔ကုိ ေငြ ၅ ေသာင္းစီေပးမယ္လုိ႔ ေျပာဆုိစည္း႐ုံးၿပီး သတ္ခုိင္းခဲ့တာျဖစ္ေၾကာင္း ထြက္ဆုိခဲ့တယ္လို႔ ဆုိပါတယ္။

အခင္းျဖစ္ပြားပုံမွာ ဇြန္ ၁၅ ရက္ေန႔ညက ဘုရားခန္းမွာ ကုိမင္းေဇာ္ဦး အိပ္ေပ်ာ္ေနစဥ္ ကုိထက္နဲ႔ ကိုေ၀ၿဖိဳးတုိ႔က ခ်ဳပ္ထားေပးၿပီး ေအာင္ေအာင္က ဓားနဲ႔ထိုးသတ္ခဲ့ေၾကာင္း၊ ဒီေနာက္ ညသန္းေခါင္ ၁၂ ၀န္းက်င္ေလာက္မွာ ေသသူကုိ ေစာင္၊ ဖ်ာနဲ႔ပတ္ၿပီး ဆိုင္ကယ္ေပၚတင္ကာ သြားေရာက္ ပစ္ခဲ့ၾကတာလို႔ ဆုိပါတယ္။

လူသတ္မႈနဲ႔ ပတ္သက္ၿပီး မေအးေအးခ်ဳိအပါအ၀င္ အေပါင္းပ ၆ ဦးတုိ႔ကုိ  ေက်ာက္ပန္းေတာင္းရဲစခန္းက ရာဇသတ္ႀကီး ပုဒ္ ၃၀၂အရ အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။

သတင္းႏွင့္ဓာတ္ပုံ – အာကာ
........
ယောကျ်ားဖြစ်သူအား ငွေပေးသတ်ခိုင်းသည့် ဇနီးနှင့်အပေါင်းပါမာျးကို ဖမ်းမိ

    By DVB
    19 June 2016
ကျောက်ပန်းတောင်းမြို့နယ်မှာ ငွေ ၃ သိန်းပေးပြီး  ယောကျ်ားဖြစ်သူအား သတ်ခိုင်းတဲ့ ဇနီးနဲ့အပေါင်းပါတွေကို ရဲတပ်ဖွဲ့က ဒီနေ့ ဖော်ထုတ်ဖမ်းဆီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့က ကျောင်းပန်းတောင်းမြို့ အနောက်ဘက် ၅ မိုင်လောက်အကွာမှာ အမည်မသိ အမျိုးသားအလောင်းတလောင်းကို တွေ့ရှိထားကြောင်း ဒေသခံတွေရဲ့ သတင်းပေးချက်အရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ သေသူအမျိုးသားကို မှောက်လျက်အနေထား ဆိုင်ကယ်နဲ့ဖိထားပြီး ဓားနဲ့ ထိုးသွင်းဒဏ်ရာ ၉ ချက် တွေ့ရှိခဲ့လို့ ကျောက်ပန်းတောင်း ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကာ တရားခံတွေ ဖမ်းမိရေး စုံစမ်းစစ်ဆေးခဲ့တယ်လို့ ကျောက်ပန်းတောင်း ရဲစခန်းက ပြောပါတယ်။

ဒီနောက်မှာတော့ ရဲတပ်ဖွဲ့က စုံစမ်းချက်အရ သေဆုံးသူဟာ ကျောက်ပန်းတောင်းမြို့နယ် နယ်မြေ ၁ စံပြရပ်ကွက်မှာ နေထိုင်တဲ့ ကိုမင်းဇော်ဦးဖြစ်ကြောင်း သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ နေအိမ်မှာ မီးသွေးလုပ်ငန်းလုပ်ကိုင်နေပြီး အလုပ်သမားတွေကို ခေါ်ယူစစ်ဆေးရာကနေ ဇနီးဖြစ်သူ မအေးအေးချိုက အခကြေးငွေ ၃ သိန်းပေးပြီး သတ်ခိုင်းခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ကြတယ်လို့ ရဲစခန်းက ပြောပါတယ်။

သေဆုံးသူ မင်းဇော်ဦးဟာ မအေးအေးချိုရဲ့ လေးဆက်မြောက် အိမ်ထောင်ဖြစ်ပြီ လင်းမယားချင်း စကားများရန်ဖြစ်ကြလို့ ဇနီးဖြစ်သူ မအေးအေးချိုဟာ မီးသွေးအလုပ်သမားတွေဖြစ်တဲ့ အောင်အောင်၊ ကိုထက်နဲ့ ကိုဖြိုးဝေတို့ကို ငွေ ၃ သိန်း၊ မခင်စိန်နဲ့ မခင်အိတို့ကို ငွေ ၅ သောင်းစီပေးမယ်လို့ ပြောဆိုစည်းရုံးပြီး သတ်ခိုင်းခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားပုံမှာ ဇွန် ၁၅ ရက်နေ့ညက ဘုရားခန်းမှာ ကိုမင်းဇော်ဦး အိပ်ပျော်နေစဉ် ကိုထက်နဲ့ ကိုဝေဖြိုးတို့က ချုပ်ထားပေးပြီး အောင်အောင်က ဓားနဲ့ထိုးသတ်ခဲ့ကြောင်း၊ ဒီနောက် ညသန်းခေါင် ၁၂ ၀န်းကျင်လောက်မှာ သေသူကို စောင်၊ ဖျာနဲ့ပတ်ပြီး ဆိုင်ကယ်ပေါ်တင်ကာ သွားရောက် ပစ်ခဲ့ကြတာလို့ ဆိုပါတယ်။

လူသတ်မှုနဲ့ ပတ်သက်ပြီး မအေးအေးချိုအပါအဝင် အပေါင်းပ ၆ ဦးတို့ကို  ကျောက်ပန်းတောင်းရဲစခန်းက ရာဇသတ်ကြီး ပုဒ် ၃၀၂အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ – အာကာ

No comments:

Post a Comment