Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, June 11, 2016

တရားဥပေဒအထက္မွာ တ႐ုတ္ေတြ၊ ခ႐ိုနီသူေဌးေတြ ရွိေနဆဲလား

ညစ္ညမ္းတဲ့ပံုမ်ား၊ စာမ်ား ျဖန္႔ေ၀ေၾကာ္ျငာလို႔ တရုတ္ႏိုင္ငံသားမ်ားတရားမ၀င္ ေဆးကုသလို႔ဆိုၿပီး တရားရင္ဆိုင္ေနရေသာ ေတာ္၀င္ႏွင္းဆီေဆးရံုပိုင္ရွင္ တ႐ုတ္လူမ်ဳိး ဂရိတ္ေ၀ါ ဦးတင္ေမာင္(ခ)လီစန္းရွင္ရဲ႕ ဇနီး ေဒၚနန္းလွစိန္တို႔ကို ဇြန္ (၇)ရက္ေန႔က မႏၱေလးၿမိဳ႕ ခ်မ္းေအးသာစံျမိဳ႕နယ္ တရားရံုးကေန အမႈမွားဖြင့္ တာဆိုျပီး ကြင္းလံုးကြ်တ္လႊတ္လိုက္ပါတယ္။

ကြ်န္ေတာ္အပါအ၀င္ ဒီသတင္းၾကားရတဲ့လူတိုင္း အံ့ၾသတုန္လႈပ္သြားမယ္ထင္ပါတယ္။ အရင္ အစိုးရလက္ထက္ဆိုရင္ေတာ့ သိပ္ျပႆနာ မရိွေပမယ့္ ဒီမိုကေရစီအစိုးရသစ္လက္ထက္မွာေတာ့ ဒီသတင္း ဟာ ၾကားရသူတိုင္း အံ့ၾသလို႔မဆံုး ျဖစ္ကုန္ၾကပါတယ္။ ဒီအမႈကို ျပည္သူအားလံုးက စိတ္၀င္ တစားေစာင့္ၾကည့္ေနၾကတာပါ။ ဒီသတင္းခ်က္ခ်င္း ေဖ့ဘုတ္ေပၚမွာတက္လာတာနဲ႔ ေဒါသထြက္သံေတြ ပြက္ေလာရိုက္ကုန္ပါေတာ့တယ္။ အရင္အစိုးရလက္ထက္ကတည္းက ေၾကာက္ခဲ့ရတဲ့ တ႐ုတ္က အစိုးရ ေျပာင္းသြားေတာ့လည္း ထူးမျခားနားပါပဲလားဆိုၿပီး ၀မ္းနည္းေဒါသထြက္ကုန္ၾကပါတယ္။ ေျပာင္းလဲ ခိ်န္တန္ျပီဆိုၿပီး ေၾကြးေၾကာ္သံနဲ႔တက္လာတဲ့ အစိုးရဟာ ေျပာင္းလဲမႈမရိွေသးဘူးလားဆိုျပီး ေမးခြန္း ထုတ္ကုန္ၾကပါေတာ့တယ္။

ဒီအမႈဟာ တိုင္းသိျပည္သိ ျဖစ္ခဲ့တဲ့အမႈပါ။ သာမန္အမႈ မဟုတ္ပါဘူး။ စဲြခ်က္ေတြအမ်ားႀကီးနဲ႔ စဲြထားတဲ့အမႈပါ။ ညစ္ညမ္းတဲ့ပံုမ်ား၊ စာမ်ားျဖန္႔ေ၀ ေၾကာ္ျငာမႈ၊ ျမန္မာႏိုင္ငံေဆးေကာင္စီကြ်မ္းက်င္ လက္မွတ္မရိွေသာ တ႐ုတ္ ႏိုင္ငံသားမ်ားမွ ေဆးကုသျခင္း၊ တရားမ၀င္ ေဆးခန္းဖြင့္လွစ္မႈ၊ တရားမ၀င္ ေဆး၀ါးမ်ားသံုးစဲြမႈ၊ လိင္ပိုင္း ဆိုင္ရာေဆးကုသမႈေတြ၊ တရားမ၀င္ ကိုယ္၀န္ဖ်က္ခ်ေပးမႈေတြ၊ စည္ပင္ဥပေဒမ်ား လ၀ကပုဒ္မမ်ားနဲ႔ တရားစဲြဆိုခဲ့တဲ့ တိုင္းသိျပည္သိအမႈႀကီး ျဖစ္ပါတယ္။ ေဆးရံုကို၀င္စစ္ေဆးတဲ့အခါမွာလည္း သက္ေသပစၥည္း အစံုအလင္နဲ႔ မိခဲ့တာပါ။

ဒီေလာက္ခိုင္မာတဲ့အမႈႀကီးကို အမႈစစ္ခိ်န္ တႏွစ္ခဲြအခိ်န္ေက်ာ္မွ အမႈမွားယြင္းစြပ္စဲြမိတာဆိုျပီး ကြင္းလံုး ကြ်တ္လႊတ္လိုက္တာဟာ အစိုးရ သစ္လက္ထက္ ျမန္မာႏိုင္ငံရဲ႕တရားစီရင္ေရးက ေျပာင္းလဲမႈလံုး၀မရိွေသး ဘူးလား၊ တရားဥပေဒစိုးမိုးမႈက ဒါလားဆိုျပီး ေမးခြန္းထုတ္စရာေတြ ျဖစ္သြားပါတယ္။

အမႈစျဖစ္တယ္ဆိုရင္ပဲ တရားစဲြဆိုထားတဲ့ တရားမ၀င္ေဆးလာကုတဲ့ တရုတ္ႏိုင္ငံသားေျခာက္ဦးဟာလည္း ေလယာဥ္ကြင္းကေနေတာင္ အလြယ္တကူပဲ လြတ္ေျမာက္သြားခဲ့တယ္။ စစ္ေဆးေရးအဆင့္အဆင့္နဲ႔ ျဖတ္ေက်ာ္ရတဲ့ ေလယာဥ္ကြင္းကေတာင္ ေလယာဥ္နဲ႔ အလြယ္တကူပဲ ထြက္ေျပးလြတ္ေျမာက္သြားတာ ထူးဆန္းမေနဘူးလား။ ျမန္မာနိုင္ငံရဲ႕ လံုျခံဳေရးစနစ္က အံ့ၾသစရာမေကာင္းဘူးလား။ ဒီအတြက္လည္း ကာယကံရွင္ျဖစ္တဲ့ ေဆးရံုပိုင္ရွင္မွာေရာ ေလဆိပ္က စစ္ေဆးေရး၀န္ထမ္းေတြမွာလည္း အျပစ္ရိွပါတယ္။ ဒါေပမဲ့ ဘာမွမျဖစ္ခဲ့ဘူး။ တရားစဲြဆိုခိ်န္ တႏွစ္ေက်ာ္ကာလအတြင္းမွာလည္း တရားခံဂရိတ္ေ၀ါ ဦးတင္ေမာင္(ခ)လီစန္းရွင္ရဲ႕ဇနီး ေဒၚနန္းလွစိန္တို႔ဟာ တရားရံုးကို လံုး၀မလာခဲ့ပါဘူး။ ဒီလို ဘာေၾကာင့္လုပ္ရဲတာလဲဆိုတာကေတာ့ ကာယကံရွင္မ်ားပဲ သိပါလိမ့္မယ္။ အမႈဟာလည္း အာမခံ မရႏိုင္တဲ့အမႈ ျဖစ္ပါတယ္။ ပထမတုန္းက စင္ကာပူကို ထြက္ေျပးခဲ့ပါေသးတယ္။ ေနာက္ဆံုး တရားခံေျပးအျဖစ္ ေၾကညာေတာ့မွ တရားရံုးကို အာမခံလာယူဖို႔ တေခါက္ပဲလာခဲ့တာပါ။

ပထမဆံုးတရားစဲြဆိုမႈမွာ ဦးတင္ေမာင္(ခ) လီစန္းရွင္ပါ၀င္ခဲ့ေပမယ့္ ေနာက္ပိုင္း တရားခံေျပးအျဖစ္ ေၾကညာရာမွာေတာ့ ဦးတင္ေမာင္ဟာ ကြင္းလံုးကြ်တ္အလိုအေလ်ာက္ လြတ္သြားခဲ့ပါေတာ့တယ္။ ဒီအတြက္ လည္း ဘာေျဖရွင္းခ်က္မွ မထုတ္ခဲ့ပါဘူး။ ဒါ့အျပင္ ဇြန္ (၇)ရက္ေန႔က တရားရံုးမွာလည္း အမိန္႔ခ်တဲ့ တရားခြင္ကို လာေရာက္သတင္းယူတဲ့ မီဒီယာသမားေတြရဲ႕ကင္မရာကို ထီးနဲ႔ပုတ္ခ်တာ၊ ေဒၚနန္းလွစိန္ကို လူ အေယာက္ ၃၀ ခန္႔က ၀ိုင္း၀န္းကာကြယ္ေပးတာ၊ သတင္းဓာတ္ပံုရိုက္ကူးသူေတြကို ရန္ျပဳေျပာဆိုတာေတြ ျပဳလုပ္ခဲ့ပါတယ္။ ျဖစ္စဥ္အားလံုးကို ျခံဳၾကည့္ရင္ ဂရိတ္ေ၀ါဦးတင္ေမာင္လင္မယားဟာ တရားဥပေဒကို လံုး၀ ဂရုမစိုက္ခဲ့ဘဲ ထင္တိုင္းၾကဲပိုင္ခြင့္ရေနတယ္ဆိုတာေတြ႕ရမွာပါ။ စဥ္းစားၾကည့္ပါ၊ သာမန္ျပည္သူဆိုရင္ အခုလို လုပ္ရဲပါ့မလား လုပ္ခြင့္ရပါ့မလား။

အမႈျဖစ္ပြားခဲ့တဲ့ ေတာ္၀င္နွင္းဆီေဆးရံုၾကီးကိုလည္း စည္ပင္စာခ်ဳပ္ပါစည္းကမ္းမ်ားေဖာက္ဖ်က္မႈ တရားမ၀င္ ေဆးကုသမႈတို႔ေၾကာင့္ စည္ပင္က ျပန္လည္သိမ္းယူခဲ့ပါတယ္။ ဒါေပမဲ့ ရင္းနီွးျမွဳပ္နံွမႈေကာ္မရွင္က ျပန္လည္ ေပးအပ္ဖို႔ မန္းစည္ပင္ကို အမိန္႔ထုတ္ခဲ့တယ္တဲ့။ ဘာမွကို ေျပာစရာမရိွေတာ့ပါဘူး။
ဂရိတ္ေ၀ါဦးတင္ေမာင္(ခ)လီစန္းရွင္ဟာ အထက္ျမန္မာျပည္မွာေတာ့ ဘုရင္တပါးပါပဲ။ သူ႕အေၾကာင္း ျပည္သူ အားလံုးသိပါတယ္။ ေခတ္အဆက္ဆက္ အာဏာပိုင္ေတြနဲ႔ေပါင္းၿပီး ထင္တိုင္းၾကဲေနခဲ့တာပါ။ တိုင္းမွဴးေတြနဲ႔ေပါင္း လယ္ယာေတြ ထင္သလိုသိမ္း၊ သစ္ေတြထင္သလို ခုတ္လုပ္ခ်င္တိုင္းလုပ္လာခဲ့တာပါ။ အထက္ျမန္မာျပည္မွာ သူပိုင္တဲ့ေျမဟာ လက္ညိွဳးထိုးမလဲြပါပဲ။ သူေၾကာင့္ ဘ၀ပ်က္ခဲ့ရတဲ့ေတာင္သူေတြ ဒုနဲ႔ေဒးပါ။ အခြန္ေရွာင္မႈေတြအပါအ၀င္ အမႈေပါင္းစံုနဲ႔ တရားစဲြခံထားရသူပါ။

ဒါထက္ ယုတ္မာတာကေတာ့ ျမန္မာတႏိုင္ငံလံုး ဒုကၡေရာက္ေစမယ့္ ေရေသာက္ဘီလူးေခၚ ယူကလစ္ပင္ ေတြကို အထက္ျမန္မာျပည္တ၀ွမ္း စိုက္ပ်ဳိးေနတာပါပဲ။ မန္းေလးျမိဳ႕ရဲ႕ အဓိကေျမေနရာေတြလည္း သိမ္းယူထားပါတယ္။ ယေန႔သူပိုင္တဲ့ ဂရိတ္ေ၀ါဟိုတယ္ဟာ စည္ပင္ပိုင္ေျမကို တရားမ၀င္ က်ဴးေက်ာ္ေဆာက္ လုပ္ထားတာျဖစ္ေပမယ့္ ဘာျပႆနာမွ မျဖစ္ခဲ့ပါဘူး။ ေျပာရရင္ ကုန္ႏိုင္ဖြယ္မရိွပါဘူး။
ဒီကိစၥဟာ႐ုပ္ပ်က္ဆင္းပ်က္ အေတာ္ႏိုင္သြားပါတယ္။ ဒီေလာက္ ခိုင္မာၿပီး ျပစ္မႈထင္ရွားေနတဲ့အမႈၾကီးက ဘာလို႔ ခုလိုကြင္းလံုးကြ်တ္လြတ္သြားတာလဲ။ တရားစီရင္ေရးမ႑ိဳင္အေပၚမွာ အစိုးရရဲ႕ၾသဇာသက္ေရာက္မႈ မရိွတာလား။ တရားဥပေဒအထက္မွာ တ႐ုတ္ေတြ ခရိုနီေတြသူေဌးေတြ ရိွေနဆဲလား။ ဒါမွမဟုတ္ရင္ေတာ့ တရားစီရင္ေရးမ႑ိဳင္ဟာ အစိုးရသစ္ကို တံေတြးဆြတ္စိန္ေခၚလိုက္တာလားလို႔ပဲ ေမးခြန္းထုတ္ရမလို ျဖစ္ေန ပါတယ္။

ျဖစ္စဥ္ႏွစ္ခုပဲ ခိ်န္ထိုးစဥ္းစားၾကည္ပါ့၊ ဇြန္(၆)ရက္ေန႔ကမွ ဒဏ္ေငြေလာက္နဲ႔ၿပီးတဲ့အမႈကို ဘီဘီစီ သတင္း ေထာက္ ကိုေနလင္းကို ခ်မ္းျမသာစည္တရား႐ံုးက အလုပ္ၾကမ္းနဲ႔ေထာင္သံုးလ အမိန္႔ခ်မွတ္ခဲ့တယ္။ ေနာက္ ရက္(၇)ရက္ေန႔မွာပဲ တႏွစ္ခဲြနီးပါးစစ္ေဆးခဲ့ေသာ အလြန္တရာခိုင္မာေသာ တိုင္းသိျပည္သိအမႈႀကီးကို ခ်မ္းေအးသာစံျမိဳ႕နယ္တရား႐ံုးက မွားယြင္းအမႈဖြင့္မိတာဆိုျပီး ကြင္းလံုးကၽြတ္ လြတ္ေပးလိုက္တယ္တဲ့။ ဒီအမႈ ႏွစ္မႈဟာ မန္းေလးၿမိဳ႕တၿမိဳ႕တည္းမွာ ျဖစ္ပြားခဲ့တာပါ။ ဒါေပမဲ့ ဘာလို႔ခုလိုကြာျခားေနရတာလဲ ရွင္းရွင္းေျပာ ရရင္ေတာ့ ဒီလုပ္ရပ္ဟာ တိုင္းျပည္ရဲ႕တရားေရးမ႑ိဳင္ေရာ ျပည္သူအားလံုးကိုပါ ေစာ္ကားျပလိုက္တာပါပဲ။ အစိုးသစ္လက္ထက္မွာ စစ္ကိုင္းအလုပ္သမားေတြကို တရားစဲြဆိုဖမ္းဆီးထားတယ္။ လယ္သမားေတြလည္း တရားစဲြဆိုထားတာေတြလည္း မလြတ္ေသးဘူး။ ဒီလိုျပည္သူေတြအေပၚက်ေတာ့ လြန္စြာမွ စိုးမိုးေနတဲ့ တရားဥပေဒက တ႐ုတ္လူမ်ဳိးေတြအေပၚက်ေတာ့ မစိုးမိုးေတာ့ဘူးလား။ အရင္အစိုးရ လက္ထက္ကမွ သစ္ခိုး ထုတ္တဲ့တ႐ုတ္ေတြကို ေထာင္ရွစ္ရက္ခ်ခဲ့ေသးတာ ျပည္သူ႔အစိုးရလို႔ခံယူထားတဲ့ ဒီမိုကေရစီအစိုးရေခတ္ၾကမွ တရုတ္ကိုေတာင္ တရက္ေတာင္မခ်ရဲေတာ့တာလား။ အမႈမွားယြင္းဖြင့္မိလို႔ဆိုၿပီး ကြင္းလံုးကၽြတ္လႊတ္လိုက္ တယ္တဲ့ကိစၥဟာ ျပည္သူအၾကားမွာ အစိုးရသစ္ရဲ႕ ပံုရိပ္ အင္မတန္က်ဆင္းသြားေစပါတယ္။

ျပည္သူေတြဟာ ေရြးေကာက္ပဲြမွာ NLD ကို ပံုေအာမဲေပးေရြးခ်ယ္ခဲ့တယ္ဆိုတာ နွစ္ေပါင္းမ်ားစြာ အဖိနိွပ္ခံဘ၀ မတရားအႏိုင္က်င့္ခံဘ၀ကေန လြတ္ေျမာက္ခ်င္လို႔ပါ။ ျပည္သူအားလံုးဟာ NLD အစိုးရ တက္လာရင္ေတာ့ ငါတို႔ေတြဘ၀လံုၿခံဳမႈရိွသြားၿပီ ႏွစ္ေပါင္းမ်ားစြာ တိုင္းျပည္နဲ႔ျပည္သူအေပၚ မတရားလုပ္ ကုပ္ေသြးစုတ္လာတဲ့ ေရေပၚဆီလူတန္းစားေတြ မတရားတာလုပ္လို႔ မရေတာ့ဘူး အခြင့္ထူးခံဆိုတာ မရိွေတာ့ဘူးလို႔ ေမွ်ာ္လင့္ခ်က္ အျပည့့္ထားခဲ့တာပါ။ ဒါေပမဲ့ လက္ေတြ႕အခိ်န္အထိေတာ့ တိုင္းျပည္ရဲ႕ အခြင့္ထူးခံေတြကေတာ့ အၿပံဳးမပ်က္ပန္းပန္လ်က္ပါပဲ။
........
တရားဥပဒေအထက်မှာ တရုတ်တွေ၊ ခရိုနီသူဌေးတွေ ရှိနေဆဲလား

ညစ်ညမ်းတဲ့ပုံများ၊ စာများ ဖြန့်ဝေကြော်ငြာလို့ တရုတ်နိုင်ငံသားများတရားမဝင် ဆေးကုသလို့ဆိုပြီး တရားရင်ဆိုင်နေရသော တော်ဝင်နှင်းဆီဆေးရုံပိုင်ရှင် တရုတ်လူမျိုး ဂရိတ်ဝေါ ဦးတင်မောင်(ခ)လီစန်းရှင်ရဲ့ ဇနီး ဒေါ်နန်းလှစိန်တို့ကို ဇွန် (၇)ရက်နေ့က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးကနေ အမှုမှားဖွင့် တာဆိုပြီး ကွင်းလုံးကျွတ်လွှတ်လိုက်ပါတယ်။

ကျွန်တော်အပါအဝင် ဒီသတင်းကြားရတဲ့လူတိုင်း အံ့သြတုန်လှုပ်သွားမယ်ထင်ပါတယ်။ အရင် အစိုးရလက်ထက်ဆိုရင်တော့ သိပ်ပြဿနာ မရှိပေမယ့် ဒီမိုကရေစီအစိုးရသစ်လက်ထက်မှာတော့ ဒီသတင်း ဟာ ကြားရသူတိုင်း အံ့သြလို့မဆုံး ဖြစ်ကုန်ကြပါတယ်။ ဒီအမှုကို ပြည်သူအားလုံးက စိတ်ဝင် တစားစောင့်ကြည့်နေကြတာပါ။ ဒီသတင်းချက်ချင်း ဖေ့ဘုတ်ပေါ်မှာတက်လာတာနဲ့ ဒေါသထွက်သံတွေ ပွက်လောရိုက်ကုန်ပါတော့တယ်။ အရင်အစိုးရလက်ထက်ကတည်းက ကြောက်ခဲ့ရတဲ့ တရုတ်က အစိုးရ ပြောင်းသွားတော့လည်း ထူးမခြားနားပါပဲလားဆိုပြီး ၀မ်းနည်းဒေါသထွက်ကုန်ကြပါတယ်။ ပြောင်းလဲ ချိန်တန်ပြီဆိုပြီး ကြွေးကြော်သံနဲ့တက်လာတဲ့ အစိုးရဟာ ပြောင်းလဲမှုမရှိသေးဘူးလားဆိုပြီး မေးခွန်း ထုတ်ကုန်ကြပါတော့တယ်။

ဒီအမှုဟာ တိုင်းသိပြည်သိ ဖြစ်ခဲ့တဲ့အမှုပါ။ သာမန်အမှု မဟုတ်ပါဘူး။ စွဲချက်တွေအများကြီးနဲ့ စွဲထားတဲ့အမှုပါ။ ညစ်ညမ်းတဲ့ပုံများ၊ စာများဖြန့်ဝေ ကြော်ငြာမှု၊ မြန်မာနိုင်ငံဆေးကောင်စီကျွမ်းကျင် လက်မှတ်မရှိသော တရုတ် နိုင်ငံသားများမှ ဆေးကုသခြင်း၊ တရားမဝင် ဆေးခန်းဖွင့်လှစ်မှု၊ တရားမဝင် ဆေးဝါးများသုံးစွဲမှု၊ လိင်ပိုင်း ဆိုင်ရာဆေးကုသမှုတွေ၊ တရားမဝင် ကိုယ်ဝန်ဖျက်ချပေးမှုတွေ၊ စည်ပင်ဥပဒေများ လဝကပုဒ်မများနဲ့ တရားစွဲဆိုခဲ့တဲ့ တိုင်းသိပြည်သိအမှုကြီး ဖြစ်ပါတယ်။ ဆေးရုံကိုဝင်စစ်ဆေးတဲ့အခါမှာလည်း သက်သေပစ္စည်း အစုံအလင်နဲ့ မိခဲ့တာပါ။

ဒီလောက်ခိုင်မာတဲ့အမှုကြီးကို အမှုစစ်ချိန် တနှစ်ခွဲအချိန်ကျော်မှ အမှုမှားယွင်းစွပ်စွဲမိတာဆိုပြီး ကွင်းလုံး ကျွတ်လွှတ်လိုက်တာဟာ အစိုးရ သစ်လက်ထက် မြန်မာနိုင်ငံရဲ့တရားစီရင်ရေးက ပြောင်းလဲမှုလုံးဝမရှိသေး ဘူးလား၊ တရားဥပဒေစိုးမိုးမှုက ဒါလားဆိုပြီး မေးခွန်းထုတ်စရာတွေ ဖြစ်သွားပါတယ်။

အမှုစဖြစ်တယ်ဆိုရင်ပဲ တရားစွဲဆိုထားတဲ့ တရားမဝင်ဆေးလာကုတဲ့ တရုတ်နိုင်ငံသားခြောက်ဦးဟာလည်း လေယာဉ်ကွင်းကနေတောင် အလွယ်တကူပဲ လွတ်မြောက်သွားခဲ့တယ်။ စစ်ဆေးရေးအဆင့်အဆင့်နဲ့ ဖြတ်ကျော်ရတဲ့ လေယာဉ်ကွင်းကတောင် လေယာဉ်နဲ့ အလွယ်တကူပဲ ထွက်ပြေးလွတ်မြောက်သွားတာ ထူးဆန်းမနေဘူးလား။ မြန်မာနိုင်ငံရဲ့ လုံခြုံရေးစနစ်က အံ့သြစရာမကောင်းဘူးလား။ ဒီအတွက်လည်း ကာယကံရှင်ဖြစ်တဲ့ ဆေးရုံပိုင်ရှင်မှာရော လေဆိပ်က စစ်ဆေးရေးဝန်ထမ်းတွေမှာလည်း အပြစ်ရှိပါတယ်။ ဒါပေမဲ့ ဘာမှမဖြစ်ခဲ့ဘူး။ တရားစွဲဆိုချိန် တနှစ်ကျော်ကာလအတွင်းမှာလည်း တရားခံဂရိတ်ဝေါ ဦးတင်မောင်(ခ)လီစန်းရှင်ရဲ့ဇနီး ဒေါ်နန်းလှစိန်တို့ဟာ တရားရုံးကို လုံးဝမလာခဲ့ပါဘူး။ ဒီလို ဘာကြောင့်လုပ်ရဲတာလဲဆိုတာကတော့ ကာယကံရှင်များပဲ သိပါလိမ့်မယ်။ အမှုဟာလည်း အာမခံ မရနိုင်တဲ့အမှု ဖြစ်ပါတယ်။ ပထမတုန်းက စင်ကာပူကို ထွက်ပြေးခဲ့ပါသေးတယ်။ နောက်ဆုံး တရားခံပြေးအဖြစ် ကြေညာတော့မှ တရားရုံးကို အာမခံလာယူဖို့ တခေါက်ပဲလာခဲ့တာပါ။

ပထမဆုံးတရားစွဲဆိုမှုမှာ ဦးတင်မောင်(ခ) လီစန်းရှင်ပါ၀င်ခဲ့ပေမယ့် နောက်ပိုင်း တရားခံပြေးအဖြစ် ကြေညာရာမှာတော့ ဦးတင်မောင်ဟာ ကွင်းလုံးကျွတ်အလိုအလျောက် လွတ်သွားခဲ့ပါတော့တယ်။ ဒီအတွက် လည်း ဘာဖြေရှင်းချက်မှ မထုတ်ခဲ့ပါဘူး။ ဒါ့အပြင် ဇွန် (၇)ရက်နေ့က တရားရုံးမှာလည်း အမိန့်ချတဲ့ တရားခွင်ကို လာရောက်သတင်းယူတဲ့ မီဒီယာသမားတွေရဲ့ကင်မရာကို ထီးနဲ့ပုတ်ချတာ၊ ဒေါ်နန်းလှစိန်ကို လူ အယောက် ၃၀ ခန့်က ၀ိုင်းဝန်းကာကွယ်ပေးတာ၊ သတင်းဓာတ်ပုံရိုက်ကူးသူတွေကို ရန်ပြုပြောဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဖြစ်စဉ်အားလုံးကို ခြံုကြည့်ရင် ဂရိတ်ဝေါဦးတင်မောင်လင်မယားဟာ တရားဥပဒေကို လုံးဝ ဂရုမစိုက်ခဲ့ဘဲ ထင်တိုင်းကြဲပိုင်ခွင့်ရနေတယ်ဆိုတာတွေ့ရမှာပါ။ စဉ်းစားကြည့်ပါ၊ သာမန်ပြည်သူဆိုရင် အခုလို လုပ်ရဲပါ့မလား လုပ်ခွင့်ရပါ့မလား။

အမှုဖြစ်ပွားခဲ့တဲ့ တော်ဝင်နှင်းဆီဆေးရုံကြီးကိုလည်း စည်ပင်စာချုပ်ပါစည်းကမ်းများဖောက်ဖျက်မှု တရားမဝင် ဆေးကုသမှုတို့ကြောင့် စည်ပင်က ပြန်လည်သိမ်းယူခဲ့ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြန်လည် ပေးအပ်ဖို့ မန်းစည်ပင်ကို အမိန့်ထုတ်ခဲ့တယ်တဲ့။ ဘာမှကို ပြောစရာမရှိတော့ပါဘူး။
ဂရိတ်ဝေါဦးတင်မောင်(ခ)လီစန်းရှင်ဟာ အထက်မြန်မာပြည်မှာတော့ ဘုရင်တပါးပါပဲ။ သူ့အကြောင်း ပြည်သူ အားလုံးသိပါတယ်။ ခေတ်အဆက်ဆက် အာဏာပိုင်တွေနဲ့ပေါင်းပြီး ထင်တိုင်းကြဲနေခဲ့တာပါ။ တိုင်းမှူးတွေနဲ့ပေါင်း လယ်ယာတွေ ထင်သလိုသိမ်း၊ သစ်တွေထင်သလို ခုတ်လုပ်ချင်တိုင်းလုပ်လာခဲ့တာပါ။ အထက်မြန်မာပြည်မှာ သူပိုင်တဲ့မြေဟာ လက်ညှိုးထိုးမလွဲပါပဲ။ သူကြောင့် ဘဝပျက်ခဲ့ရတဲ့တောင်သူတွေ ဒုနဲ့ဒေးပါ။ အခွန်ရှောင်မှုတွေအပါအဝင် အမှုပေါင်းစုံနဲ့ တရားစွဲခံထားရသူပါ။

ဒါထက် ယုတ်မာတာကတော့ မြန်မာတနိုင်ငံလုံး ဒုက္ခရောက်စေမယ့် ရေသောက်ဘီလူးခေါ် ယူကလစ်ပင် တွေကို အထက်မြန်မာပြည်တဝှမ်း စိုက်ပျိုးနေတာပါပဲ။ မန်းလေးမြို့ရဲ့ အဓိကမြေနေရာတွေလည်း သိမ်းယူထားပါတယ်။ ယနေ့သူပိုင်တဲ့ ဂရိတ်ဝေါဟိုတယ်ဟာ စည်ပင်ပိုင်မြေကို တရားမဝင် ကျူးကျော်ဆောက် လုပ်ထားတာဖြစ်ပေမယ့် ဘာပြဿနာမှ မဖြစ်ခဲ့ပါဘူး။ ပြောရရင် ကုန်နိုင်ဖွယ်မရှိပါဘူး။
ဒီကိစ္စဟာရုပ်ပျက်ဆင်းပျက် အတော်နိုင်သွားပါတယ်။ ဒီလောက် ခိုင်မာပြီး ပြစ်မှုထင်ရှားနေတဲ့အမှုကြီးက ဘာလို့ ခုလိုကွင်းလုံးကျွတ်လွတ်သွားတာလဲ။ တရားစီရင်ရေးမဏ္ဍိုင်အပေါ်မှာ အစိုးရရဲ့သြဇာသက်ရောက်မှု မရှိတာလား။ တရားဥပဒေအထက်မှာ တရုတ်တွေ ခရိုနီတွေသူဌေးတွေ ရှိနေဆဲလား။ ဒါမှမဟုတ်ရင်တော့ တရားစီရင်ရေးမဏ္ဍိုင်ဟာ အစိုးရသစ်ကို တံတွေးဆွတ်စိန်ခေါ်လိုက်တာလားလို့ပဲ မေးခွန်းထုတ်ရမလို ဖြစ်နေ ပါတယ်။

ဖြစ်စဉ်နှစ်ခုပဲ ချိန်ထိုးစဉ်းစားကြည်ပါ့၊ ဇွန်(၆)ရက်နေ့ကမှ ဒဏ်ငွေလောက်နဲ့ပြီးတဲ့အမှုကို ဘီဘီစီ သတင်း ထောက် ကိုနေလင်းကို ချမ်းမြသာစည်တရားရုံးက အလုပ်ကြမ်းနဲ့ထောင်သုံးလ အမိန့်ချမှတ်ခဲ့တယ်။ နောက် ရက်(၇)ရက်နေ့မှာပဲ တနှစ်ခွဲနီးပါးစစ်ဆေးခဲ့သော အလွန်တရာခိုင်မာသော တိုင်းသိပြည်သိအမှုကြီးကို ချမ်းအေးသာစံမြို့နယ်တရားရုံးက မှားယွင်းအမှုဖွင့်မိတာဆိုပြီး ကွင်းလုံးကျွတ် လွတ်ပေးလိုက်တယ်တဲ့။ ဒီအမှု နှစ်မှုဟာ မန်းလေးမြို့တမြို့တည်းမှာ ဖြစ်ပွားခဲ့တာပါ။ ဒါပေမဲ့ ဘာလို့ခုလိုကွာခြားနေရတာလဲ ရှင်းရှင်းပြော ရရင်တော့ ဒီလုပ်ရပ်ဟာ တိုင်းပြည်ရဲ့တရားရေးမဏ္ဍိုင်ရော ပြည်သူအားလုံးကိုပါ စော်ကားပြလိုက်တာပါပဲ။ အစိုးသစ်လက်ထက်မှာ စစ်ကိုင်းအလုပ်သမားတွေကို တရားစွဲဆိုဖမ်းဆီးထားတယ်။ လယ်သမားတွေလည်း တရားစွဲဆိုထားတာတွေလည်း မလွတ်သေးဘူး။ ဒီလိုပြည်သူတွေအပေါ်ကျတော့ လွန်စွာမှ စိုးမိုးနေတဲ့ တရားဥပဒေက တရုတ်လူမျိုးတွေအပေါ်ကျတော့ မစိုးမိုးတော့ဘူးလား။ အရင်အစိုးရ လက်ထက်ကမှ သစ်ခိုး ထုတ်တဲ့တရုတ်တွေကို ထောင်ရှစ်ရက်ချခဲ့သေးတာ ပြည်သူ့အစိုးရလို့ခံယူထားတဲ့ ဒီမိုကရေစီအစိုးရခေတ်ကြမှ တရုတ်ကိုတောင် တရက်တောင်မချရဲတော့တာလား။ အမှုမှားယွင်းဖွင့်မိလို့ဆိုပြီး ကွင်းလုံးကျွတ်လွှတ်လိုက် တယ်တဲ့ကိစ္စဟာ ပြည်သူအကြားမှာ အစိုးရသစ်ရဲ့ ပုံရိပ် အင်မတန်ကျဆင်းသွားစေပါတယ်။

ပြည်သူတွေဟာ ရွေးကောက်ပွဲမှာ NLD ကို ပုံအောမဲပေးရွေးချယ်ခဲ့တယ်ဆိုတာ နှစ်ပေါင်းများစွာ အဖိနှိပ်ခံဘဝ မတရားအနိုင်ကျင့်ခံဘဝကနေ လွတ်မြောက်ချင်လို့ပါ။ ပြည်သူအားလုံးဟာ NLD အစိုးရ တက်လာရင်တော့ ငါတို့တွေဘဝလုံခြံုမှုရှိသွားပြီ နှစ်ပေါင်းများစွာ တိုင်းပြည်နဲ့ပြည်သူအပေါ် မတရားလုပ် ကုပ်သွေးစုတ်လာတဲ့ ရေပေါ်ဆီလူတန်းစားတွေ မတရားတာလုပ်လို့ မရတော့ဘူး အခွင့်ထူးခံဆိုတာ မရှိတော့ဘူးလို့ မျှော်လင့်ချက် အပြည့့်ထားခဲ့တာပါ။ ဒါပေမဲ့ လက်တွေ့အချိန်အထိတော့ တိုင်းပြည်ရဲ့ အခွင့်ထူးခံတွေကတော့ အပြံုးမပျက်ပန်းပန်လျက်ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံတခုမှာ တရားဥပဒေစိုးမိုးရေးဟာ အရေးကြီးဆုံးပဲလို့ ခဏခဏပြောခဲ့ဘူးပါတယ်။
ဒါပေမဲ့လက်ရှိအချိန်မှာတော့ တရားဥပေဒစိုးမိုးမှုဟာ အောက်ခြေပြည်သူတွေအတွက်ပဲဖြစ်နေပြီး အပေါ်ပိုင်းကတော့ လွတ်နေတာ တွေ့ရမှာပါ။ ယနေ့အချိန်အထိ တိုင်းပြည်ရဲ့ဆိုးဝါးစွာပျက်စီးနေတဲ့ တရား ဥပဒေစိုးမိုးမှု၊ အကျင့်ပျက်ခြစားမှု၊ ခရိုနီသူဌေးတွေရဲ့ မတရားမှုတွေကို ထိရောက်စွာ ထိန်းချုပ်ပြောင်းလဲနိုင်စွမ်း မရှိသေးဘူးဆိုတာ လက်တလောဖြစ်နေတဲ့ အကြောင်းအရာတွေက သက်သေခံ နေပါတယ်။ ဒါကြောင့် လူထုအားကိုယုံပြီး တင်မြှောက်ခဲ့တဲ့ NLD အစိုးရအနေနဲ့ လူထုယုံကြည်အားကိုးမှုရှိလာအောင် လုပ်ဆောင်သင့်ပါတယ်။

ယနေ့ တော်ဝင်နှင်းဆီဆေးရုံပိုင်ရှင်ကို အမှုမှားဖွင့်မိလို့ဆိုပြီး အမှုမှကွင်းလုံးကျွတ်လွှတ်ခဲ့မှုအပေါ် NLD အစိုးရအနေနဲ့သော်လည်းကောင်း၊ မန်းလေးအစိုးရအနေနဲ့သော်လည်းကောင်း၊ လွှတ်တော်များ အနေနဲ့သော်လည်းကောင်း ဒီမတရားမှုအပေါ်ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ပြည်သူအားလုံးက စောင့်ကြည့်နေပါတယ်။

နောက်ဆုံးအနေနဲ့ NLD အစိုးရသစ်ကိုပြောချင်တာက အာဏာရှင်အစိုးရရဲ့နှစ်ပေါင်းများစွာ အဖျက်ဆီးခံခဲ့ရလို့ အလဲလဲအပြိုပြိုဖြစ်နေရတဲ့ တိုင်းပြည်ကို တာဝန်ယူလိုက်ရတဲ့ NLD အစိုးရသစ်ဆီက ပြည်သူတွေဟာ အများကြီးမတောင်းဆို မမျှော်လင့်ပါဘူး။ နှစ်ပေါင်းများစွာ ပြည်သူတွေခံစားနေရတဲ့ အဖိနှိပ်ခံ အနိုင်ကျင့်ခံ ဘဝက လွတ်မြောက်အောင် လုပ်ပေးဖို့၊ အကျင့်ပျက်လာဘ်စားမှုပပျောက်ဖို့၊ ပြိုလဲပျက်စီးနေတဲ့ တရားရေးမဏ္ဍိုင်တည့်မတ်ပေးဖို့၊ တိုင်းပြည်အပေါ်မှာ မတရားလုပ် ကုပ်သွေးစုပ်နေတဲ့ အခွင့်ထူးခံ လူတန်းစားပပျောက်ဖို့အတွက် ဆောင်ရွက်ပေးဖို့ပဲ မျှော်လင့်ကြတာပါ။ မိမိအစိုးရအပေါ် ယုံမှတ်လို့ပုံအပ်လိုက်တဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေမဖျက်ဆီးလိုက်ပါနဲ့။ ပြည်သူတွေ နောင်တရစေမယ့်လုပ်ရပ်တွေ ရှောင်ရှားကြပါလို့ အသိပေးပြောကြားလိုက်ရပါတယ်။

ကျော်ကြီး (MDY)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ႏိုင္ငံတခုမွာ တရားဥပေဒစိုးမိုးေရးဟာ အေရးႀကီးဆံုးပဲလို႔ ခဏခဏေျပာခဲ့ဘူးပါတယ္။
ဒါေပမဲ့လက္ရိွအခိ်န္မွာေတာ့ တရားဥေပဒစိုးမိုးမႈဟာ ေအာက္ေျချပည္သူေတြအတြက္ပဲျဖစ္ေနၿပီး အေပၚပိုင္းကေတာ့ လြတ္ေနတာ ေတြ႕ရမွာပါ။ ယေန႔အခိ်န္အထိ တိုင္းျပည္ရဲ႕ဆိုး၀ါးစြာပ်က္စီးေနတဲ့ တရား ဥပေဒစိုးမိုးမႈ၊ အက်င့္ပ်က္ျခစားမႈ၊ ခရိုနီသူေဌးေတြရဲ႕ မတရားမႈေတြကို ထိေရာက္စြာ ထိန္းခ်ဳပ္ေျပာင္းလဲႏိုင္စြမ္း မရိွေသးဘူးဆိုတာ လက္တေလာျဖစ္ေနတဲ့ အေၾကာင္းအရာေတြက သက္ေသခံ ေနပါတယ္။ ဒါေၾကာင့္ လူထုအားကိုယံုျပီး တင္ေျမႇာက္ခဲ့တဲ့ NLD အစိုးရအေနနဲ႔ လူထုယံုၾကည္အားကိုးမႈရိွလာေအာင္ လုပ္ေဆာင္သင့္ပါတယ္။

ယေန႔ ေတာ္၀င္ႏွင္းဆီေဆး႐ံုပိုင္ရွင္ကို အမႈမွားဖြင့္မိလို႔ဆိုၿပီး အမႈမွကြင္းလံုးကၽြတ္လႊတ္ခဲ့မႈအေပၚ NLD အစိုးရအေနနဲ႔ေသာ္လည္းေကာင္း၊ မန္းေလးအစိုးရအေနနဲ႔ေသာ္လည္းေကာင္း၊ လႊတ္ေတာ္မ်ား အေနနဲ႔ေသာ္လည္းေကာင္း ဒီမတရားမႈအေပၚဘယ္လို ကိုင္တြယ္ေျဖရွင္းမလဲဆိုတာ ျပည္သူအားလံုးက ေစာင့္ၾကည့္ေနပါတယ္။

ေနာက္ဆံုးအေနနဲ႔ NLD အစိုးရသစ္ကိုေျပာခ်င္တာက အာဏာရွင္အစိုးရရဲ႕နွစ္ေပါင္းမ်ားစြာ အဖ်က္ဆီးခံခဲ့ရလို႔ အလဲလဲအၿပိဳၿပိဳျဖစ္ေနရတဲ့ တိုင္းျပည္ကို တာ၀န္ယူလိုက္ရတဲ့ NLD အစိုးရသစ္ဆီက ျပည္သူေတြဟာ အမ်ားႀကီးမေတာင္းဆို မေမွ်ာ္လင့္ပါဘူး။ ႏွစ္ေပါင္းမ်ားစြာ ျပည္သူေတြခံစားေနရတဲ့ အဖိနိွပ္ခံ အႏိုင္က်င့္ခံ ဘ၀က လြတ္ေျမာက္ေအာင္ လုပ္ေပးဖို႔၊ အက်င့္ပ်က္လာဘ္စားမႈပေပ်ာက္ဖို႔၊ ျပိဳလဲပ်က္စီးေနတဲ့ တရားေရးမ႑ိဳင္တည့္မတ္ေပးဖို႔၊ တိုင္းျပည္အေပၚမွာ မတရားလုပ္ ကုပ္ေသြးစုပ္ေနတဲ့ အခြင့္ထူးခံ လူတန္းစားပေပ်ာက္ဖို႔အတြက္ ေဆာင္ရြက္ေပးဖို႔ပဲ ေမွ်ာ္လင့္ၾကတာပါ။ မိမိအစိုးရအေပၚ ယံုမွတ္လို႔ပံုအပ္လိုက္တဲ့ ျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြမဖ်က္ဆီးလိုက္ပါနဲ႔။ ျပည္သူေတြ ေနာင္တရေစမယ့္လုပ္ရပ္ေတြ ေရွာင္ရွားၾကပါလို႔ အသိေပးေျပာၾကားလိုက္ရပါတယ္။

ေက်ာ္ႀကီး (MDY)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal/

No comments:

Post a Comment