Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, June 2, 2016
ထိုင်းခင်ပွန်းဖြစ်သူက မြန်မာဇနီးသည်ကို လည်ပင်းညစ်သတ်သေဆုံး
 သေဆုံးသူ၏ခင်ပွန်းဖြစ်သူထိုင်းလူမျိုး ချင်းမိုင်ခရိုင် ၀ိန်းဟိုင်မြို့သား မစ်စတာနိုင်းဆတ်นายศักดิ์ အသက် ၂၅ နှစ်ဆိုသူမှလည်း မိမိကိုယ်တိုင်မိမိ၏ဇနီးသည်ကို လည်ပင်းညစ်သတ်ခဲ့ကြောင်းဝန်ခံပြီး အဖမ်းခံရန်စောင့်ဆိုင်းနေကြောင်းပြောပါတယ်။
 မစ်စတာနိုင်းဆတ်၏ပြောပြချက်အရ မိမိနှင့်မိမိ၏ဇနီးမှာ ညဥ့်နက်ပိုင်းခန့်တွင် မိမိ၏ဇနီးသည်မှကလေးကိုသေချာမပြုစုပဲအသံကျယ်လှောင်စွာ ငိုစေသဖြင့် ပင်ပင်ပန်းပန်းအလုပ်မှပြန်လာသောမိမိမှာကောင်းမွန်စွာမအိပ်စက်နိုင်သောကြောင့် ဒေါသထွက်၍စကားအခြေအတင်ဖြစ်ရာမှ ဇနီးသည်၏လည်ပင်းကိုညစ်မိပြီးဇနီးသည်ငြိမ်သက်သွားချိန်တွင်မိမိမှာပြန်လည်အိပ်စက်အနားယူလိုက်တယ်လို့သိရပါတယ်။
 မနက်အိပ်ရာမှနိုးချိန်မှာတော့ မိမိ၏သားလေးကို သူ့မိခင်အလောင်း၏နို့စို့နေတာကိုတွေ့ရပြီး ဇနီးသည်မှာတော့ငြိမ်သက်စွာ အိပ်စက်နေပြီး သားကိုထမကြည့်သဖြင့် သံသယဖြစ်လာ၍နိုးလိုက်ရာမှ ဇနီးသည်မှာသေဆုံးနေပြီဆိုတာ သိရသည့်အတွက် ရဲများကိုအကြောင်းကြားပြီး ထွက်ပြေးတိမ်းရှောင်ခြင်း မပြုပဲ အဖမ်းခံရန်စောင့်ဆိုင်းနေတယ်လို့ပြောပါတယ်။
MTF Channel
.......
 ခင်ပွန်းဖြစ်သူက ဇနီးကိုလည်ပင်းညစ်သတ်သေဆုံး
ပြီးခဲ့သောမေလ ၃၁ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းမိုင်မြို့နယ် ချန့်ဖိတ်ต.ช้างเผือก နယ်မြေအတွင်းရှိ လူနေတိုက်ခန်းတစ်ခု၏ အခန်းအမှတ် ၁၀၄ တွင် အမျိုးသမီးတစ်ဦး သေဆုံးနေသည်ဟူသော တိုင်ကြားချက် တစ်ခုကို ရသဖြင့် ချင်းမိုင်မြို့ နယ်မြေခံရဲစခန်းမှရဲများနှင့် ဆေးရုံမှဆရာဝန်များ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက် စစ်ဆေးခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးနေသူမှာ နန်းခမ်းဟွမ်ဟူသော အသက် ၂၁နှစ်အရွယ် မြန်မာနိူင်ငံသားတစ်ဦးဖြစ်ပြီး အိပ်ခန်းအတွင်း ပက်လက်အနေအထားနှင့် သေဆုံးနေပြီး သူမ၏နံဘေးတွင် ၄လသားအရွယ်ကလေးလေးက မိခင်၏အလောင်းကို နို့စို့နေတာကို တွေ့ရှိရသဖြင့် ထိုမြင်ကွင်းမှာ လာရောက် စစ်ဆေးသော စစ်ဆေးရေးအဖွဲ့များ၏ ရင်ကိုထိမှန်စေခဲ့ပါတယ်။ ရဲအရာရှိများကလည်း ထိုကလေးကို ပွေ့ယူပြီး ဘေးအခန်းသို့ ခေတ္တခဏ စောင့်ရှောက်ပေးရန် အပ်ထားခဲ့ပါတယ်။
 သေဆုံးသူကိုစစ်ဆေးရာတွင် လည်ပင်းတစ်ဝိုက်အရာများထင်နေ၍ အသက်ရှူရပ်တန့်သွားသည်အထိလည်ပင်းညစ်ခံထားရကြောင်းသိတာထင်ရှားနေပြီး သေဆုံးခဲ့တာ လေး ငါးနာရီခန့်ကြာမြင့်ပြီလို့ခန့်မှန်းရတယ်လို့သိရပါတယ်။
 သေဆုံးသူ၏ခင်ပွန်းဖြစ်သူထိုင်းလူမျိုး ချင်းမိုင်ခရိုင် ၀ိန်းဟိုင်မြို့သား မစ်စတာနိူင်းဆတ်นายศักดิ์ အသက် ၂၅ နှစ်ဆိုသူမှလည်း မိမိကိုယ်တိုင်မိမိ၏ဇနီးသည်ကို လည်ပင်းညစ်သတ်ခဲ့ကြောင်းဝန်ခံပြီး အဖမ်းခံရန်စောင့်ဆိုင်းနေကြောင်းပြောပါတယ်။
 မစ်စတာနိုင်းဆတ်၏ပြောပြချက်အရ မိမိနှင့်မိမိ၏ဇနီးမှာ ညဉ့်နက်ပိုင်းခန့်တွင် မိမိ၏ဇနီးသည်မှကလေးကိုသေချာမပြုစုပဲအသံကျယ်လှောင်စွာ ငိုစေသဖြင့် ပင်ပင်ပန်းပန်းအလုပ်မှပြန်လာသောမိမိမှာကောင်းမွန်စွာမအိပ်စက်နိူင်သောကြောင့် ဒေါသထွက်၍စကားအခြေအတင်ဖြစ်ရာမှ ဇနီးသည်၏လည်ပင်းကိုညစ်မိပြီးဇနီးသည်ငြိမ်သက်သွားချိန်တွင်မိမိမှာပြန်လည်အိပ်စက်အနားယူလိုက်တယ်လို့သိရပါတယ်။
 မနက်အိပ်ရာမှနိုးချိန်မှာတော့ မိမိ၏သားလေးကို သူ့မိခင်အလောင်း၏နို့စို့နေတာကိုတွေ့ရပြီး ဇနီးသည်မှာတော့ငြိမ်သက်စွာ အိပ်စက်နေပြီး သားကိုထမကြည့်သဖြင့် သံသယဖြစ်လာ၍နိူးလိုက်ရာမှ ဇနီးသည်မှာသေဆုံးနေပြီဆိုတာ သိရသည့်အတွက် ရဲများကိုအကြောင်းကြားပြီး ထွက်ပြေးတိမ်းရှောင်ခြင်း မပြုပဲ အဖမ်းခံရန်စောင့်ဆိုင်းနေတယ်လို့ပြောပါတယ်။
 ဖြစ်ပွားခဲ့သောကိစ္စနှင့်ပတ်သက်၍လည်း လွန်စွာဝမ်းနည်းကြေကွဲမိတယ်လို့ပြောပါတယ်။ တာဝန်ရှိသူများမှလည်း ကလေးကိုဆက်လက်စောင့်ရှောက်ရန်သေဆုံးသူ၏ဆွေမျိုးများကို ဆက်သွယ်ပြီးကလေးကိုအပ်နှံမယ်လို့ပြောပါတယ်။ အကယ်၍ဆွေမျိုးများမရှိပါက ကလေးကို ကလေးသူငယ်စောင့်ရှောက်ရေးဌာနသို့ ပို့ဆောင်ပေးမယ်လို့ပြောပါတယ်။ ဘေးအခန်းမှအသိမိတ်ဆွေများမှလည်းကလေးကိုသနားသဖြင့် အကယ်၍လာရောက်ခေါ်ယူစောင့်ရှောက်ပေးမည့်ဆွေမျိုးများမရှိပါက ကလေးကိုမွေးစားမယ်လို့ပြောပါတယ်။
MTF Channel
https://www.facebook.com/mtftv/
No comments:
Post a Comment