CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, June 5, 2016
ရန္ကုန္တုိင္းေဒသႀကီး၌ ငါးလအတြင္း ကေလးငယ္ ၆၁ ဦးမွာ ေပ်ာက္ဆံုးေနဆဲျဖစ္
ရန္ကုန္တိုင္း ေဒသႀကီး၌ ငါးလအတြင္း လူေပ်ာက္ တိုင္ၾကားမႈ ၂ဝဝ ေက်ာ္ရွိခဲ့ရာတြင္ ၁ဝဝ ေက်ာ္ ျပန္လည္ ေတြ႔ရွိခဲ႕ေသာ္လည္း ကေလးငယ္ ၆၁ ဦးမွာ ေပ်ာက္ဆုံးေနဆဲျဖစ္
ရန္ကုန္တိုင္း ေဒသႀကီး၌ ၂ဝ၁၆ ခုႏွစ္ ဇန္နဝါရီ ၁ ရက္မွ ေမ ၃၁ ရက္အထိ လူေပ်ာက္မႈ တိုင္ၾကားခ်က္ ၂ဝဝ ေက်ာ္ရွိခဲ့ရာ ၁ဝဝ ေက်ာ္သာ ျပန္လည္ ေတြ႕ရွိခဲ့ၿပီး အသက္ ၁၆ ႏွစ္ေအာက္ အရြယ္ ကေလးငယ္ ၆၁ ဦးမွာ ေပ်ာက္ဆုံးေနဆဲ ျဖစ္ေၾကာင္း ရန္ကုန္တိုင္း ေဒသႀကီး ရဲတပ္ဖြဲ႕မွဴး႐ုံးမွသိရသည္။
ယင္းသို႔ ေပ်ာက္ဆုံးေနသည့္ ကေလးငယ္ ၆၁ ဦးတြင္ အသက္ ၁ဝ ႏွစ္မွ ၁၆ ႏွစ္ၾကားရွိ အမ်ဳိးသမီး ၄၄ ဦး၊ အမ်ဳိးသား ၁၂ ဦးႏွင့္ ၁ဝ ႏွစ္ေအာက္ ကေလးငယ္ ငါးဦးတို႔ ျဖစ္ၿပီး အလည္ လြန္ရာမွ ေပ်ာက္ဆုံးခဲ့မႈသည္ အမ်ားဆုံး ျဖစ္ေၾကာင္း သိရသည္။
ယခုႏွစ္အတြင္း ၁ဝ ႏွစ္ေအာက္ ကေလးငယ္ လူေပ်ာက္ တိုင္ၾကားမႈေပါင္း ၁၈ မႈ ရွိခဲ့ရာ ကေလးငယ္ ၁၃ ဦးကို ျပန္လည္ေတြ႕ ရွိခဲ့ၿပီး ကေလးငယ္မ်ား ထပ္မံမေပ်ာက္ဆုံး ေစရန္ အုပ္ထိန္းသူ မိဘမ်ားႏွင့္ စာသင္ေက်ာင္းမ်ားမွ ဆရာ၊ ဆရာမမ်ားကို ရဲတပ္ဖြဲ႕က မႈခင္း အသိပညာေပး ေဆြးေႏြးပြဲမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။
၂ဝ၁၅ ခုႏွစ္တြင္ ရန္ကုန္တိုင္း ေဒသႀကီးအတြင္း လူေပ်ာက္တိုင္ၾကားသည့္ အမႈေပါင္း ၁၆ဝဝ ေက်ာ္ရွိခဲ့ၿပီး ၁၁၉၉ ဦးကို ျပန္လည္ ေတြ႕ရွိခဲ့ေသာ္လည္း လူ ၄၅ဝ ေက်ာ္မွာ ေပ်ာက္ဆုံးေနဆဲ ျဖစ္ေၾကာင္း၊ ယင္း လူေပ်ာက္ဆံုးမႈျဖင့္ တိုင္ခ်က္ ဖြင့္သူမ်ားတြင္ အမ်ဳိးသမီး အမ်ားစု ပါဝင္ခဲ့ၿပီး အသက္ ၁၈ ႏွစ္မွ ၃ဝ ႏွစ္အရြယ္ၾကားရွိ အမ်ဳိးသမီးမ်ား အလုပ္သြား အလုပ္ျပန္ရာမွ ေပ်ာက္ဆုံးခဲ့ေၾကာင္း၊ ၁ဝ ႏွစ္ေအာက္ ကေလးငယ္ ေပ်ာက္ဆုံးမႈမွာ ၁ဝ မႈ ခန္႔သာ ရွိခဲ့ေၾကာင္း သိရသည္။
ျမ၀တီ
https://www.facebook.com/mwdmedia
......
ရန်ကုန်တိုင်း ဒေသကြီး၌ ငါးလအတွင်း လူပျောက် တိုင်ကြားမှု ၂ဝဝ ကျော်ရှိခဲ့ရာတွင် ၁ဝဝ ကျော် ပြန်လည် တွေ့ရှိခဲ့သော်လည်း ကလေးငယ် ၆၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်
ရန်ကုန်တိုင်း ဒေသကြီး၌ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ လူပျောက်မှု တိုင်ကြားချက် ၂ဝဝ ကျော်ရှိခဲ့ရာ ၁ဝဝ ကျော်သာ ပြန်လည် တွေ့ရှိခဲ့ပြီး အသက် ၁၆ နှစ်အောက် အရွယ် ကလေးငယ် ၆၁ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
ယင်းသို့ ပျောက်ဆုံးနေသည့် ကလေးငယ် ၆၁ ဦးတွင် အသက် ၁ဝ နှစ်မှ ၁၆ နှစ်ကြားရှိ အမျိုးသမီး ၄၄ ဦး၊ အမျိုးသား ၁၂ ဦးနှင့် ၁ဝ နှစ်အောက် ကလေးငယ် ငါးဦးတို့ ဖြစ်ပြီး အလည် လွန်ရာမှ ပျောက်ဆုံးခဲ့မှုသည် အများဆုံး ဖြစ်ကြောင်း သိရသည်။
ယခုနှစ်အတွင်း ၁ဝ နှစ်အောက် ကလေးငယ် လူပျောက် တိုင်ကြားမှုပေါင်း ၁၈ မှု ရှိခဲ့ရာ ကလေးငယ် ၁၃ ဦးကို ပြန်လည်တွေ့ ရှိခဲ့ပြီး ကလေးငယ်များ ထပ်မံမပျောက်ဆုံး စေရန် အုပ်ထိန်းသူ မိဘများနှင့် စာသင်ကျောင်းများမှ ဆရာ၊ ဆရာမများကို ရဲတပ်ဖွဲ့က မှုခင်း အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၂ဝ၁၅ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း လူပျောက်တိုင်ကြားသည့် အမှုပေါင်း ၁၆ဝဝ ကျော်ရှိခဲ့ပြီး ၁၁၉၉ ဦးကို ပြန်လည် တွေ့ရှိခဲ့သော်လည်း လူ ၄၅ဝ ကျော်မှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း၊ ယင်း လူပျောက်ဆုံးမှုဖြင့် တိုင်ချက် ဖွင့်သူများတွင် အမျိုးသမီး အများစု ပါဝင်ခဲ့ပြီး အသက် ၁၈ နှစ်မှ ၃ဝ နှစ်အရွယ်ကြားရှိ အမျိုးသမီးများ အလုပ်သွား အလုပ်ပြန်ရာမှ ပျောက်ဆုံးခဲ့ကြောင်း၊ ၁ဝ နှစ်အောက် ကလေးငယ် ပျောက်ဆုံးမှုမှာ ၁ဝ မှု ခန့်သာ ရှိခဲ့ကြောင်း သိရသည်။
မြဝတီ
https://www.facebook.com/mwdmedia
ရန္ကုန္တုိင္းေဒသႀကီး၌ ငါးလအတြင္း ကေလးငယ္ ၆၁ ဦးမွာ ေပ်ာက္ဆံုးေနဆဲျဖစ္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 05, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 05, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment