အ႐ိုးစြဲလာသည့္ ကြမ္းစားသုံးမႈဓေလ့ ပေပ်ာက္ေအာင္ဆိုလွ်င္ ...



ကြမ္းကို ဆယ္ေက်ာ္သက္အရြယ္ကစၿပီး စြဲစြဲၿမဲၿမဲစားလာခဲ့သူ ကိုေက်ာ္ဇင္ျမင့္ တစ္ေယာက္ အႏွစ္ (၂ဝ)ေလာက္ၾကာသည့္ ယခုအခ်ိန္မွာ ကြမ္းဆက္မစားဖို႔ ယတိျဖတ္ဆုံးျဖတ္လိုက္သည္။ လွ်ာေတြထူ၊ ပါးေတြေရာင္ေနၿပီး အစား အေသာက္ ပ်က္လာကာ ေရပင္ ခက္ခက္ခဲခဲမ်ဳိခ်ေန ရသည့္အတြက္ ယခုလို ဆုံးျဖတ္လိုက္ျခင္းျဖစ္သည္။

''ပါးစပ္ေတြေပါက္လာတယ္။ ထမင္းစားလို႔ အပူ၊ အစပ္နည္းနည္းစားမိရင္ မ်က္ရည္ ေပါက္ေပါက္က်ရေလာက္ေအာင္ကို ခံစားရတယ္။ ဘယ္လိုမွ မေနႏိုင္လို႔ ေနာက္ဆုံးမွာ ကြမ္းျဖတ္ဖို႔ ဆုံးျဖတ္လိုက္တယ္''ဟု ကြမ္း ယာေၾကာင့္ ခံစားရသည့္ ဒုကၡမ်ားကိုေျပာျပသည္။

ေရွးယခင္က ကြမ္းကို မိ႐ိုးဖလာနည္းျဖင့္ ကိုယ္တိုင္ ယာစားခဲ့ေသာ္လည္း ယခုအခါ ႏိုင္တီတူး၊ ဖိုတီဖိုက္၊ ဟန္ဒရက္၊ ဘုရင္မ၊ ႏွပ္ေဆး၊ ေဆးေပါင္းစသည့္ ျပည္ပမွ တင္သြင္းလာေသာ ကြမ္း စားေဆး တို႔ျဖင့္ ကြမ္းကို ေဆးအမ်ဳိးမ်ဳိး၊ ပုံစံအမ်ဳိးမ်ဳိးျဖင့္ စားသုံးလာၾကသည္။

သို႔ေသာ္ ကိုေက်ာ္ဇင္ျမင့္ကဲ့သို႔ ကြမ္းျဖတ္သူမ်ားမွာ အနည္းစုသာျဖစ္ၿပီး အမ်ားစုမွာ ကြမ္းယာကို ႏွစ္ၿခိဳက္စြာ စားသုံးေနၾကဆဲပင္ျဖစ္သည္။

ကြမ္းယာဆိုင္မ်ားကိုလည္း ကားမွတ္တိုင္မ်ား၊ လူစည္ ကားေသာေနရာမ်ား၊ လမ္းမ်ား၊ ရပ္ကြက္မ်ားရွိ မည္သည့္ လမ္းေဘးဆိုင္မဆို အလြယ္တကူ ဝယ္ယူစားသုံးႏိုင္သည္။

''စားတဲ့သူေတြရွိေနသေရြ႕ ေရာင္းတဲ့သူကေတာ့ ရွိေန ဦးမွာပဲ။ ဘတ္စ္ကား တစ္မွတ္ တိုင္မွာေတာင္ ကြမ္းယာဆိုင္ သုံးခုေလာက္ရွိတယ္''ဟု ဗဟန္းၿမိဳ႕နယ္ မွ ကြမ္းယာ ေရာင္းသူတစ္ဦးက ေျပာသည္။

ကြမ္းကို ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသမ်ားတြင္ စိုက္ပ်ဳိးလ်က္ရွိၿပီး ရန္ကုန္ၿမိဳ႕ရွိ သီရိမဂၤလာေစ်း ကြမ္းကုန္စည္ဒိုင္မ်ားသို႔ ပန္းတေနာ္၊ ေက်ာင္းကုန္း၊ ဟသၤာတ၊ ေညာင္တုန္း ၿမိဳ႕နယ္တို႔မွ ကြမ္းရြက္မ်ား အဓိကဝင္ေရာက္လ်က္ရွိသည္။ ေန႔စဥ္ကြမ္းျခင္း အလုံး ၂ဝဝ ဝန္းက်င္ ေရာင္းအားရွိေန သည္ဟုလည္း ကြမ္းကုန္သည္တစ္ဦးကေျပာသည္။

အင္းစိန္ၿမိဳ႕နယ္ရွိ ေရႊညာသားကြမ္းယာဆိုင္မွာ တစ္ေန႔လွ်င္ ကြမ္း ရွစ္ ပိႆာ မွ ၁ဝ ပိႆာ ဝန္းက်င္ ေရာင္းခ်ေနရသည္ဟု ဆိုသည္။


ယေန႔ေခတ္ကာလတြင္ ကြမ္းကို သက္ႀကီးရြယ္အိုမ်ား သာမက လူငယ္ မ်ားလည္း စားသုံးေနၾကရာ ကြမ္းယာ ေရာင္းခ်ျခင္းသည္ မိသားစု ဘဝရပ္တည္ေရးအတြက္ တစ္ပိုင္တစ္ႏိုင္ စီးပြားေရးလုပ္ငန္းတစ္ခုျဖစ္သည္။

သာမန္ ကြမ္းယာဆိုင္တစ္ဆိုင္၏ ေရာင္းအားမွာ ပ်မ္းမွ် ေသာင္းဂဏန္း ဝန္းက်င္ရွိၿပီး နာမည္ရကြမ္းယာဆိုင္မ်ား ဆိုလွ်င္ ေရာင္းအား သိန္းခ်ီ၍ပင္ရွိေၾကာင္း သိရသည္။ ကြမ္းယာေရာင္းျခင္းသည္ အရင္း အႏွီးနည္းနည္းျဖင့္ အျမတ္မ်ားမ်ားရသည့္ လုပ္ငန္းတစ္ခုလည္းျဖစ္၍ ရပ္ကြက္ အတြင္းရွိလမ္းတိုင္းတြင္ ကြမ္းယာဆိုင္မ်ား လက္ညႇိဳးထိုး မလြဲျဖစ္လာသည္။

''ကြၽန္မသားေလးကို ကြမ္းေရာင္းၿပီးေတာ့ ေက်ာင္း ထားလာတာ အခုဆို GTC ေတာင္ ၿပီးသြားၿပီ''ဟု အင္းစိန္ၿမိဳ႕နယ္တြင္ ဆယ္စုႏွစ္ တစ္ခုၾကာကြမ္းေရာင္းခ်လာသူ မမိုးမိုးကေျပာသည္။

ကြမ္းယာကို စြဲစြဲလမ္းလမ္းစားတတ္သူတစ္ေယာက္၏ တစ္ေန႔ကုန္က်ေငြမွာ ပ်မ္းမွ် က်ပ္ ၁ဝဝဝ ဝန္းက်င္ရွိသည္ ဟုလည္း ကြမ္းစားသုံးသူမ်ားကဆိုၾကသည္။

''အရသာက ေကာင္းလို႔ရယ္ မဟုတ္ဘူး။ စိတ္ခံစားမႈ တစ္ခုအေနနဲ႔ စားတာပါ။ အစားတစ္ခုခု စားၿပီးတိုင္း ပါးစပ္ထဲ ကြမ္းေလးထည့္ လိုက္ရ ရင္ ေက်နပ္သြားတယ္။ ျပည့္စုံသြားသလိုလည္းခံစားရတယ္''ဟု သဃၤန္းကြၽန္းၿမိဳ႕ နယ္ (ဂ)ရပ္ကြက္ေန ကိုေက်ာ္ဇင္ျမင့္က ဆက္လက္ ေျပာျပ သည္။

ေငြေၾကးကုန္က်မႈသာမက ကြမ္းေၾကာင့္ ေနာက္ဆက္ တြဲေရာဂါမ်ားအျဖစ္ သြားႏွင့္ပတ္သက္သည့္ ေရာဂါမ်ား၊ ေရရွည္စားသုံးမည္ဆိုပါက လွ်ာကင္ဆာ၊ ပါးစပ္ကင္ဆာ၊ ပါးေစာင္ကင္ဆာ၊ သြားဖုံးကင္ဆာ၊ လည္ေခ်ာင္းကင္ဆာ မ်ားအျပင္ ထုံးေၾကာင့္ ဆီးလမ္းေၾကာင္းေက်ာက္ တည္ျခင္း၊ ေက်ာက္ကပ္ေက်ာက္တည္ျခင္း တို႔ ျဖစ္ေစႏိုင္ေၾကာင္း ျမန္မာႏိုင္ငံဆရာဝန္အသင္းမွ သိရသည္။

''ကြမ္းရဲ႕သဘာဝကိုက လူကိုစြဲေစတယ္။ ကြမ္းစား ေဆးေတြပါ တာေၾကာင့္လည္း စြဲလမ္းၿပီးျဖတ္ရခက္ေတာ့ တာေပါ့။ ကြမ္းစားတာ က်န္းမာေရးအတြက္လည္း အက်ဳိး မရွိဘူး။ ၾကည့္ရတာလည္း႐ုပ္ဆိုးတယ္။ ကြမ္းေသြးကို စနစ္တက် မေထြးရင္လည္း ပတ္ဝန္းက်င္ကို ညစ္ပတ္ေစ တယ္''ဟု ေဒါက္တာစိုးထြန္းကေျပာသည္။

က်န္းမာေရးဆိုးက်ဳိးမ်ားသာမက စည္းကမ္းမဲ့ ကြမ္းေသြးေထြးျခင္းေၾကာင့္ ပတ္ဝန္းက်င္သန္႔ရွင္းမႈကို ထိခိုက္ေစႏိုင္သျဖင့္ အစိုးရသစ္လက္ထက္တြင္ ကြမ္းစားသုံးမႈ ေလ်ာ့နည္းပေပ်ာက္ေရးစီမံခ်က္မ်ား ခ်မွတ္ေဆာင္ရြက္ လ်က္ရွိသည္။ ထို႔အတူ ႏိုင္ငံတစ္ဝန္းလုံးရွိ ဌာနဆိုင္ရာ ႐ုံးမ်ား၊ ေက်ာင္းမ်ား၊ အဖြဲ႕အစည္းမ်ားတြင္ တာဝန္ခ်ိန္အတြင္း ဝန္ထမ္းမ်ား ကြမ္းစားသုံးမႈမရွိေစေရး၊ ဌာနဆိုင္ရာ အေဆာက္အအံုႏွင့္ ပရဝဏ္အတြင္းတြင္ ကြမ္းယာဆိုင္မ်ားမရွိေစေရးအတြက္လည္း အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရန္ စီစဥ္လ်က္ရွိေၾကာင္း သိရသည္။

ကြမ္းယာႏွင့္ ဆက္စပ္ပစၥည္းေရာင္းသူ ဗဟန္းၿမိဳ႕နယ္ ေန မဝင္းဝင္းလႈိင္က ''ကြမ္းစားသုံးမႈ ေလ်ာ့နည္းပေပ်ာက္ ေရး ေဆာင္ရြက္မယ္ဆိုတာက ကြမ္းယာဆိုင္တစ္ခုတည္း ပေပ်ာက္ေအာင္ ေဆာင္ရြက္လို႔ မရပါ ဘူး။ ျမန္မာတစ္ႏိုင္ငံ လုံးက ကြမ္းစိုက္ေတာင္သူေတြ၊ ကြမ္းပြဲ႐ုံေတြ၊ ကြမ္းယာ ေရာင္းသူေတြရဲ႕ ဘဝရပ္တည္ေရးအတြက္ကိုလည္း စဥ္းစားရမွာျဖစ္ပါတယ္။ အျခားအစားထိုးအလုပ္ေတြ စဥ္းစားေပးမယ္ လို႔ဆို တယ္။ တကယ္ေတာ့မလြယ္ဘူး။ အခုေတာင္အလုပ္အကိုင္ကရွား၊ စားဝတ္ေနေရးခက္ေန တာ''ဟုေျပာသည္။

ကြမ္းစားသုံးျခင္း၏ အက်ဳိးဆက္အႏၲရာယ္မ်ားကို ျပည္သူမ်ား က်ယ္က်ယ္ျပန္႔ျပန္႔သိရွိေအာင္ စည္း႐ုံးပညာ ေပးျခင္း မ်ား ေဆာင္ရြက္ရန္ လိုသလို ကြမ္းမစားရနယ္ေျမ၊ ကြမ္းမေရာင္းရနယ္ေျမ သတ္မွတ္ျခင္း မ်ားသာ ေဆာင္ရြက္ သင့္သည္ဟု ၎က ဆက္လက္အႀကံျပဳသည္။

''ကြမ္းစားသုံးမႈကို လုံးဝပေပ်ာက္ေအာင္ကေတာ့ မျဖစ္ႏိုင္ဘူးထင္ပါတယ္။ တျဖည္းျဖည္းေတာ့ ေလ်ာ့နည္း ေအာင္လုပ္လို႔ရမယ္''ဟု ရန္ကုန္ၿမိဳ႕ရွိ ကြမ္းကုန္သည္တစ္ဦး ျဖစ္သူ ဦးေမာင္ဦးက ေျပာသည္။

မႏၲေလးၿမိဳ႕တြင္ ကြမ္းစားသုံးမႈ ေလ်ာ့နည္းပေပ်ာက္ ေရးလႈပ္ရွားမႈတစ္ခုအျဖစ္ စည္းကမ္းမဲ့ ကြမ္းေသြးေထြးသူ မ်ားပေပ်ာက္ေစရန္ ၿပီးခဲ့သည့္ ေမ ၂၈ ရက္က စတင္ကာ ကြမ္းေသြးေထြးရန္ ပလတ္စတစ္ဘူးမ်ားကို ဝမ္းတူဝမ္း ျပည္သူ႔ ကူညီေရးအဖြဲ႕မ်ားကလည္း လူစည္ကားသည့္ ေနရာမ်ားႏွင့္ ကြမ္းယာဆိုင္ မ်ားတြင္ ကြမ္းေသြးဘူးမ်ားကို လိုက္လံေဝငွေပးခဲ့သည္။


ရန္ကုန္ၿမိဳ႕ေန ကိုတင္လႈိင္ထူးကေတာ့ ''ကြမ္းစားတဲ့ သူေတြရဲ႕ ဒုကၡကကြမ္းေသြးေထြးျခင္းပါပဲ။ ကြၽန္ေတာ္ ကိုယ္တိုင္လည္း စည္းကမ္းမဲ့ကြမ္းေသြးေထြးျဖစ္တယ္ ဆိုတာကို ဝန္ခံပါတယ္''ဟု ဆိုသည္။
ျမန္မာႏိုင္ငံတြင္ ကြမ္းယာစားသုံးမႈ တြင္က်ယ္လာ သည္ႏွင့္အမွ် လမ္းမ်ား၊ ပလက္ေဖာင္းမ်ား၊ ေရေျမာင္းမ်ား၊ ေလွကားေခ်ာင္မ်ား၊ သစ္ပင္၊ ပန္းပင္မ်ားအပါအဝင္ ေနရာအႏွံ႔အျပားတြင္ ကြမ္းေသြးမ်ားကို ႐ုပ္ဆိုးအက်ည္း တန္စြာ ျမင္ေတြ႕ေနရသည္။

ျမန္မာႏိုင္ငံတြင္သာမက ျမန္မာအမ်ားစုသြားေရာက္ အလုပ္လုပ္ကိုင္ေနသည့္ စင္ကာပူ၊ မေလးရွားႏွင့္ ကိုရီးယားႏိုင္ငံမ်ားတြင္လည္း စည္းကမ္းမဲ့ကြမ္းေသြးေထြး ျခင္းမ်ားေၾကာင့္ သက္ဆိုင္ရာႏိုင္ငံမ်ားမွ အာဏာပိုင္မ်ား ႏွင့္ ျပည္သူမ်ား၏ ၿငိဳျငင္မႈမ်ားကိုလည္း ၾကားသိေနရ သည္။
ျမန္မာရာဇဝင္သမိုင္းမ်ားအရ ကြမ္းစားသုံးသည့္ ဓေလ့မွာယခင္ကတည္းကရွိခဲ့သည္။ ကြမ္း၊ ထုံး၊ ကြမ္းသီး မ်ားကို ေၾကးကြန္းအစ္၊ ယြန္းကြမ္းအစ္မ်ားျဖင့္ တခမ္းတနား တည္ခင္းဧည့္ခံေလ့ရွိသည္မွာ ျမန္မာတို႔၏ ေရွး႐ိုး အစဥ္အလာတစ္ခုလည္းျဖစ္ခဲ့သည္။

ရခိုင္ဘုရင္မင္းထီး (သကၠရာဇ္ ၆၄၁-၇၃၆)လက္ထက္တြင္ မွဴးမတ္တို႔သည္ ကြမ္းစားၿပီးလွ်င္ နန္းေတာ္တိုင္ကို အမွတ္တမဲ့ ထုံးသုတ္ေလ့ရွိၾကသည္။ ဘုရင္ကထုံးသုတ္သူ ကိုေတြ႕လွ်င္ သုတ္သည့္လက္ေခ်ာင္းကို ျဖတ္မည္ဟု အမိန္႔ထုတ္ခဲ့သည္။ တစ္ေန႔၌ ဘုရင္မင္းထီးသည္ နန္းေတာ္တိုင္ကို ထုံးသုတ္ခဲ့မိသျဖင့္ မွဴးမတ္ဗိုလ္ပါ အမ်ားသူငါေရွ႕တြင္ မိမိလက္ညႇိဳးကို ကိုယ္တိုင္ျဖတ္ကာ စည္းကမ္းလိုက္နာခဲ့သည့္ သာဓကမ်ားလည္းရွိခဲ့သည္။

တံတားဦးက ကြမ္းႏုဝါ၊ ငန္းျမာကေဆး ၊ ကြမ္းသီး ေတာင္ငူႏွင့္ ကိုင္းထုံးျဖဴ၊ ျပည္ရွား၊ သာဝါးလို႔ေထြး စသျဖင့္ ကြမ္းႏွင့္ပတ္သက္၍ ခ်စ္ျမတ္ႏိုး စရာ ျမန္မာ့ဓေလ့ ေပၚလြင္ေအာင္ ေရးဖြဲ႕ထားေသာကဗ်ာမ်ား၊ ရာဇဝင္ မ်ားႏွင့္ အတူ အ႐ိုးစြဲလာခဲ့သည့္ ျမန္မာတို႔၏ ကြမ္းစားသုံးမႈဓေလ့အား အမွန္တကယ္ေလ်ာ့နည္း ပေပ်ာက္ေအာင္ အားလုံးက အသိစိတ္ဓာတ္ရွိရွိျဖင့္ ဝိုင္းဝန္းပူးေပါင္း ေဆာင္ရြက္ၾကမွသာ ………။

သတင္း-ဝင္းဝင္းေမာ္၊ နႏၵာဝင္း၊ ဓာတ္ပုံ-ဖိုးေထာင္
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
.....



ကွမ်းကို ဆယ်ကျော်သက်အရွယ်ကစပြီး စွဲစွဲမြဲမြဲစားလာခဲ့သူ ကိုကျော်ဇင်မြင့် တစ်ယောက် အနှစ် (၂ဝ)လောက်ကြာသည့် ယခုအချိန်မှာ ကွမ်းဆက်မစားဖို့ ယတိဖြတ်ဆုံးဖြတ်လိုက်သည်။ လျှာတွေထူ၊ ပါးတွေရောင်နေပြီး အစား အသောက် ပျက်လာကာ ရေပင် ခက်ခက်ခဲခဲမျိုချနေ ရသည့်အတွက် ယခုလို ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

''ပါးစပ်တွေပေါက်လာတယ်။ ထမင်းစားလို့ အပူ၊ အစပ်နည်းနည်းစားမိရင် မျက်ရည် ပေါက်ပေါက်ကျရလောက်အောင်ကို ခံစားရတယ်။ ဘယ်လိုမှ မနေနိုင်လို့ နောက်ဆုံးမှာ ကွမ်းဖြတ်ဖို့ ဆုံးဖြတ်လိုက်တယ်''ဟု ကွမ်း ယာကြောင့် ခံစားရသည့် ဒုက္ခများကိုပြောပြသည်။

ရှေးယခင်က ကွမ်းကို မိရိုးဖလာနည်းဖြင့် ကိုယ်တိုင် ယာစားခဲ့သော်လည်း ယခုအခါ နိုင်တီတူး၊ ဖိုတီဖိုက်၊ ဟန်ဒရက်၊ ဘုရင်မ၊ နှပ်ဆေး၊ ဆေးပေါင်းစသည့် ပြည်ပမှ တင်သွင်းလာသော ကွမ်း စားဆေး တို့ဖြင့် ကွမ်းကို ဆေးအမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် စားသုံးလာကြသည်။

သို့သော် ကိုကျော်ဇင်မြင့်ကဲ့သို့ ကွမ်းဖြတ်သူများမှာ အနည်းစုသာဖြစ်ပြီး အများစုမှာ ကွမ်းယာကို နှစ်ခြိုက်စွာ စားသုံးနေကြဆဲပင်ဖြစ်သည်။

ကွမ်းယာဆိုင်များကိုလည်း ကားမှတ်တိုင်များ၊ လူစည် ကားသောနေရာများ၊ လမ်းများ၊ ရပ်ကွက်များရှိ မည်သည့် လမ်းဘေးဆိုင်မဆို အလွယ်တကူ ဝယ်ယူစားသုံးနိုင်သည်။

''စားတဲ့သူတွေရှိနေသရွေ့ ရောင်းတဲ့သူကတော့ ရှိနေ ဦးမှာပဲ။ ဘတ်စ်ကား တစ်မှတ် တိုင်မှာတောင် ကွမ်းယာဆိုင် သုံးခုလောက်ရှိတယ်''ဟု ဗဟန်းမြို့နယ် မှ ကွမ်းယာ ရောင်းသူတစ်ဦးက ပြောသည်။

ကွမ်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် စိုက်ပျိုးလျက်ရှိပြီး ရန်ကုန်မြို့ရှိ သီရိမင်္ဂလာစျေး ကွမ်းကုန်စည်ဒိုင်များသို့ ပန်းတနော်၊ ကျောင်းကုန်း၊ ဟင်္သာတ၊ ညောင်တုန်း မြို့နယ်တို့မှ ကွမ်းရွက်များ အဓိကဝင်ရောက်လျက်ရှိသည်။ နေ့စဉ်ကွမ်းခြင်း အလုံး ၂ဝဝ ဝန်းကျင် ရောင်းအားရှိနေ သည်ဟုလည်း ကွမ်းကုန်သည်တစ်ဦးကပြောသည်။

အင်းစိန်မြို့နယ်ရှိ ရွှေညာသားကွမ်းယာဆိုင်မှာ တစ်နေ့လျှင် ကွမ်း ရှစ် ပိဿာ မှ ၁ဝ ပိဿာ ဝန်းကျင် ရောင်းချနေရသည်ဟု ဆိုသည်။



ယနေ့ခေတ်ကာလတွင် ကွမ်းကို သက်ကြီးရွယ်အိုများ သာမက လူငယ် များလည်း စားသုံးနေကြရာ ကွမ်းယာ ရောင်းချခြင်းသည် မိသားစု ဘဝရပ်တည်ရေးအတွက် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

သာမန် ကွမ်းယာဆိုင်တစ်ဆိုင်၏ ရောင်းအားမှာ ပျမ်းမျှ သောင်းဂဏန်း ဝန်းကျင်ရှိပြီး နာမည်ရကွမ်းယာဆိုင်များ ဆိုလျှင် ရောင်းအား သိန်းချီ၍ပင်ရှိကြောင်း သိရသည်။ ကွမ်းယာရောင်းခြင်းသည် အရင်း အနှီးနည်းနည်းဖြင့် အမြတ်များများရသည့် လုပ်ငန်းတစ်ခုလည်းဖြစ်၍ ရပ်ကွက် အတွင်းရှိလမ်းတိုင်းတွင် ကွမ်းယာဆိုင်များ လက်ညှိုးထိုး မလွဲဖြစ်လာသည်။

''ကျွန်မသားလေးကို ကွမ်းရောင်းပြီးတော့ ကျောင်း ထားလာတာ အခုဆို GTC တောင် ပြီးသွားပြီ''ဟု အင်းစိန်မြို့နယ်တွင် ဆယ်စုနှစ် တစ်ခုကြာကွမ်းရောင်းချလာသူ မမိုးမိုးကပြောသည်။

ကွမ်းယာကို စွဲစွဲလမ်းလမ်းစားတတ်သူတစ်ယောက်၏ တစ်နေ့ကုန်ကျငွေမှာ ပျမ်းမျှ ကျပ် ၁ဝဝဝ ဝန်းကျင်ရှိသည် ဟုလည်း ကွမ်းစားသုံးသူများကဆိုကြသည်။

''အရသာက ကောင်းလို့ရယ် မဟုတ်ဘူး။ စိတ်ခံစားမှု တစ်ခုအနေနဲ့ စားတာပါ။ အစားတစ်ခုခု စားပြီးတိုင်း ပါးစပ်ထဲ ကွမ်းလေးထည့် လိုက်ရ ရင် ကျေနပ်သွားတယ်။ ပြည့်စုံသွားသလိုလည်းခံစားရတယ်''ဟု သင်္ဃန်းကျွန်းမြို့ နယ် (ဂ)ရပ်ကွက်နေ ကိုကျော်ဇင်မြင့်က ဆက်လက် ပြောပြ သည်။

ငွေကြေးကုန်ကျမှုသာမက ကွမ်းကြောင့် နောက်ဆက် တွဲရောဂါများအဖြစ် သွားနှင့်ပတ်သက်သည့် ရောဂါများ၊ ရေရှည်စားသုံးမည်ဆိုပါက လျှာကင်ဆာ၊ ပါးစပ်ကင်ဆာ၊ ပါးစောင်ကင်ဆာ၊ သွားဖုံးကင်ဆာ၊ လည်ချောင်းကင်ဆာ များအပြင် ထုံးကြောင့် ဆီးလမ်းကြောင်းကျောက် တည်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း တို့ ဖြစ်စေနိုင်ကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်းမှ သိရသည်။

''ကွမ်းရဲ့သဘာဝကိုက လူကိုစွဲစေတယ်။ ကွမ်းစား ဆေးတွေပါ တာကြောင့်လည်း စွဲလမ်းပြီးဖြတ်ရခက်တော့ တာပေါ့။ ကွမ်းစားတာ ကျန်းမာရေးအတွက်လည်း အကျိုး မရှိဘူး။ ကြည့်ရတာလည်းရုပ်ဆိုးတယ်။ ကွမ်းသွေးကို စနစ်တကျ မထွေးရင်လည်း ပတ်ဝန်းကျင်ကို ညစ်ပတ်စေ တယ်''ဟု ဒေါက်တာစိုးထွန်းကပြောသည်။

ကျန်းမာရေးဆိုးကျိုးများသာမက စည်းကမ်းမဲ့ ကွမ်းသွေးထွေးခြင်းကြောင့် ပတ်ဝန်းကျင်သန့်ရှင်းမှုကို ထိခိုက်စေနိုင်သဖြင့် အစိုးရသစ်လက်ထက်တွင် ကွမ်းစားသုံးမှု လျော့နည်းပပျောက်ရေးစီမံချက်များ ချမှတ်ဆောင်ရွက် လျက်ရှိသည်။ ထို့အတူ နိုင်ငံတစ်ဝန်းလုံးရှိ ဌာနဆိုင်ရာ ရုံးများ၊ ကျောင်းများ၊ အဖွဲ့အစည်းများတွင် တာဝန်ချိန်အတွင်း ဝန်ထမ်းများ ကွမ်းစားသုံးမှုမရှိစေရေး၊ ဌာနဆိုင်ရာ အဆောက်အအုံနှင့် ပရဝဏ်အတွင်းတွင် ကွမ်းယာဆိုင်များမရှိစေရေးအတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကွမ်းယာနှင့် ဆက်စပ်ပစ္စည်းရောင်းသူ ဗဟန်းမြို့နယ် နေ မဝင်းဝင်းလှိုင်က ''ကွမ်းစားသုံးမှု လျော့နည်းပပျောက် ရေး ဆောင်ရွက်မယ်ဆိုတာက ကွမ်းယာဆိုင်တစ်ခုတည်း ပပျောက်အောင် ဆောင်ရွက်လို့ မရပါ ဘူး။ မြန်မာတစ်နိုင်ငံ လုံးက ကွမ်းစိုက်တောင်သူတွေ၊ ကွမ်းပွဲရုံတွေ၊ ကွမ်းယာ ရောင်းသူတွေရဲ့ ဘဝရပ်တည်ရေးအတွက်ကိုလည်း စဉ်းစားရမှာဖြစ်ပါတယ်။ အခြားအစားထိုးအလုပ်တွေ စဉ်းစားပေးမယ် လို့ဆို တယ်။ တကယ်တော့မလွယ်ဘူး။ အခုတောင်အလုပ်အကိုင်ကရှား၊ စားဝတ်နေရေးခက်နေ တာ''ဟုပြောသည်။

ကွမ်းစားသုံးခြင်း၏ အကျိုးဆက်အန္တရာယ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် စည်းရုံးပညာ ပေးခြင်း များ ဆောင်ရွက်ရန် လိုသလို ကွမ်းမစားရနယ်မြေ၊ ကွမ်းမရောင်းရနယ်မြေ သတ်မှတ်ခြင်း များသာ ဆောင်ရွက် သင့်သည်ဟု ၎င်းက ဆက်လက်အကြံပြုသည်။

''ကွမ်းစားသုံးမှုကို လုံးဝပပျောက်အောင်ကတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ တဖြည်းဖြည်းတော့ လျော့နည်း အောင်လုပ်လို့ရမယ်''ဟု ရန်ကုန်မြို့ရှိ ကွမ်းကုန်သည်တစ်ဦး ဖြစ်သူ ဦးမောင်ဦးက ပြောသည်။

မန္တလေးမြို့တွင် ကွမ်းစားသုံးမှု လျော့နည်းပပျောက် ရေးလှုပ်ရှားမှုတစ်ခုအဖြစ် စည်းကမ်းမဲ့ ကွမ်းသွေးထွေးသူ များပပျောက်စေရန် ပြီးခဲ့သည့် မေ ၂၈ ရက်က စတင်ကာ ကွမ်းသွေးထွေးရန် ပလတ်စတစ်ဘူးများကို ဝမ်းတူဝမ်း ပြည်သူ့ ကူညီရေးအဖွဲ့များကလည်း လူစည်ကားသည့် နေရာများနှင့် ကွမ်းယာဆိုင် များတွင် ကွမ်းသွေးဘူးများကို လိုက်လံဝေငှပေးခဲ့သည်။



ရန်ကုန်မြို့နေ ကိုတင်လှိုင်ထူးကတော့ ''ကွမ်းစားတဲ့ သူတွေရဲ့ ဒုက္ခကကွမ်းသွေးထွေးခြင်းပါပဲ။ ကျွန်တော် ကိုယ်တိုင်လည်း စည်းကမ်းမဲ့ကွမ်းသွေးထွေးဖြစ်တယ် ဆိုတာကို ဝန်ခံပါတယ်''ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ကွမ်းယာစားသုံးမှု တွင်ကျယ်လာ သည်နှင့်အမျှ လမ်းများ၊ ပလက်ဖောင်းများ၊ ရေမြောင်းများ၊ လှေကားချောင်များ၊ သစ်ပင်၊ ပန်းပင်များအပါအဝင် နေရာအနှံ့အပြားတွင် ကွမ်းသွေးများကို ရုပ်ဆိုးအကျည်း တန်စွာ မြင်တွေ့နေရသည်။

မြန်မာနိုင်ငံတွင်သာမက မြန်မာအများစုသွားရောက် အလုပ်လုပ်ကိုင်နေသည့် စင်ကာပူ၊ မလေးရှားနှင့် ကိုရီးယားနိုင်ငံများတွင်လည်း စည်းကမ်းမဲ့ကွမ်းသွေးထွေး ခြင်းများကြောင့် သက်ဆိုင်ရာနိုင်ငံများမှ အာဏာပိုင်များ နှင့် ပြည်သူများ၏ ငြိုငြင်မှုများကိုလည်း ကြားသိနေရ သည်။
မြန်မာရာဇဝင်သမိုင်းများအရ ကွမ်းစားသုံးသည့် ဓလေ့မှာယခင်ကတည်းကရှိခဲ့သည်။ ကွမ်း၊ ထုံး၊ ကွမ်းသီး များကို ကြေးကွန်းအစ်၊ ယွန်းကွမ်းအစ်များဖြင့် တခမ်းတနား တည်ခင်းဧည့်ခံလေ့ရှိသည်မှာ မြန်မာတို့၏ ရှေးရိုး အစဉ်အလာတစ်ခုလည်းဖြစ်ခဲ့သည်။

ရခိုင်ဘုရင်မင်းထီး (သက္ကရာဇ် ၆၄၁-၇၃၆)လက်ထက်တွင် မှူးမတ်တို့သည် ကွမ်းစားပြီးလျှင် နန်းတော်တိုင်ကို အမှတ်တမဲ့ ထုံးသုတ်လေ့ရှိကြသည်။ ဘုရင်ကထုံးသုတ်သူ ကိုတွေ့လျှင် သုတ်သည့်လက်ချောင်းကို ဖြတ်မည်ဟု အမိန့်ထုတ်ခဲ့သည်။ တစ်နေ့၌ ဘုရင်မင်းထီးသည် နန်းတော်တိုင်ကို ထုံးသုတ်ခဲ့မိသဖြင့် မှူးမတ်ဗိုလ်ပါ အများသူငါရှေ့တွင် မိမိလက်ညှိုးကို ကိုယ်တိုင်ဖြတ်ကာ စည်းကမ်းလိုက်နာခဲ့သည့် သာဓကများလည်းရှိခဲ့သည်။

တံတားဦးက ကွမ်းနုဝါ၊ ငန်းမြာကဆေး ၊ ကွမ်းသီး တောင်ငူနှင့် ကိုင်းထုံးဖြူ၊ ပြည်ရှား၊ သာဝါးလို့ထွေး စသဖြင့် ကွမ်းနှင့်ပတ်သက်၍ ချစ်မြတ်နိုး စရာ မြန်မာ့ဓလေ့ ပေါ်လွင်အောင် ရေးဖွဲ့ထားသောကဗျာများ၊ ရာဇဝင် များနှင့် အတူ အရိုးစွဲလာခဲ့သည့် မြန်မာတို့၏ ကွမ်းစားသုံးမှုဓလေ့အား အမှန်တကယ်လျော့နည်း ပပျောက်အောင် အားလုံးက အသိစိတ်ဓာတ်ရှိရှိဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမှသာ ………။

သတင်း-ဝင်းဝင်းမော်၊ နန္ဒာဝင်း၊ ဓာတ်ပုံ-ဖိုးထောင်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)