Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 5, 2016

လင်ငယ် နဲ့ ပူးပေါင်းပြီး လင်ကြီးကိုသတ်ကာ လမ်းဘေးအလောင်းပစ်ထားတဲ့ ကျောင်းဆရာမ






.........

ဇွန် ၃ ရက်နေ့ ၁၉၃၀ အချိန် လွိုင်ကော်မြို့နယ် ကုန်းသာရွာ အနီးကားလမ်းဘေး ရေမြောင်းတွင် လူတစ်ဦးအား ဓားဒါဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရှိသဖြင့် လူသတ်မှူ  ၃၀၂ ဖွင့် စစ်ဆေးခဲ့ပါသည်။

အမှူစစ် စခန်းမှူး +ပြည်နယ်မှူကူ + ခရိုင် မှူနှိမ်+နယ်ထိန်း အဖွဲ့ ပူးပေါင်း ဖော်ထုတ်ချက်အရ သေဆုံးသူမှာ သာစည်မြို့နယ် ဟန်ဇားရွာ နေ ( --- )ဖြစ်ပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ ကျူးလွန်သူ တရားခံ ၂ ဦးအား ဇွန် ၅ ရက်နေ့ ၀၉၀၀ အချိန် ဖမ်းဆီးအရေးယူနိုင်ခဲ့ပါသည်။

(ဖြစ်စဉ်အကျဉ်း) သေဆုံးသူသည် အလယ်တန်းပြဆရာမ ----- ၏ ယောကျာင်္း ဖြစ်ပြီး ဆရာမ မှ လင်ငယ် ------ အား သတ်ရန် စေခိုင်းခဲ့ကာ ကိုယ်တိုင် ဘေးမှ ရပ်ကြည့်နေခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်

အမည်မသိ အလောင်း တွေ့ရှိပြီး ၃၈ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ခဲ့သော တပည့်များအား ကယားပြည်နယ်ရဲတပ်ဖွဲ့ ကိုယ်စား ပြည်နယ်ရဲတပ်ဖွဲ့မှူးမှ ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် ရဲချူပ် ဆု ချီးမြှင့်ခံရရေးအတွက် ဆက်လက်ထောက်ခံ တင်ပြသွားမည် ဖြစ်ပါကြောင်းဖော်ပြအပ်ပါသည်


‎ဦးမိုးမောင်သန်း‬ (facebook)

No comments:

Post a Comment