Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 1, 2016

အကြော်သည်ပြဇာတ်



  အကြော်သည်ပြဇာတ်
.........................................................

အဖွင့်စကားးးသံ.... ဗုဒ္ဓသည်သာ ကျွန်ုပ်၏ ကိုးကွယ်ရာ......
တရားဓမ္မသည်သာ ကျွန်ုပ်၏ ကိုးကွယ်ရာ....
သံင်္ဃာတော်အရှင်မြတ်တို့သည်သာ ကျွန်ုပ်၏ ကိုးကွယ်ရာ......

ဤကုသိုလ်စွမ်းအား အကျိုးတရားကြောင့် လူပျိုဟိုင်းသိုး ကျွန်တော်မျိုးအား ကညာပျိုအလှတပါး လာရောက်ခစားပါစေသားးးးးး အရှင်ဘုရားးး

ကူလီမောင်မောင်.......

တစ်ခန်းရပ်ပြဇာတ်အစ......

""""ကူလီယောက်ျားနှင့်အကြော်သည်မိန်းမတွေ့ဆုံခန်း"""


ဆိပ်ကမ်းမှ ကူလီထမ်း၍ပြန်လာသော ကူလီယောက်ျားနှင့် အကြော်မကုန်သေး၍ စိတ်ညစ်ညစ်နှင့် ရောင်းနေသော အကြော်သည်မိန်းမ သည် ဖဘ ပြည်ကြီး၏ လမ်းခုလတ်တနေရာတွင် တွေ့ဆုံကြစဉ်.....




ကူလီယောက်ျား၏ အီစီကလီစကားကိုအကြော်သည်မိန်းမတုန့်ပြန်ပုံမှာ....




ကူလီယောက်ျား၏လူပျိုစကားကို အကြော်သည်မိန်းမက အသာပြုံးရင်းးးးးး



အကြော်သည်မိန်းမ စကားကြောင့်ကူလီယောက်ျား ဟက်ဟက်ပက်ပက်ရယ်ရင်းးးး ..



"""""OH!!!!!!!

အံ့သြဟန်ဖြင့် အာမေဋိတ်သံချို ခါခါဆို၍ ဝမ်းသာပီတိဂွမ်းဆီထိလျက်.... မရှိမဲ့ ရင် တင် ခါခါပြင်ရင်းးး ဆီလူးအပြုံး ငါးဆယ်ပုံးမျက်နှာကြောင့် လေသံချိုချိုစကားဆိုတယ်... မိအကြော်သည်ကလေ...


hak hak hak :P :P :P



ဘဝအမောပြေပျောက်ပါစေ..........

ဆုမွန်ခြွေရင်းးးး

Thida Dae We
May 25, 2013

.................................................

 ဤပြဇာတ်ဖြင့် စလေဦးပုညအားး ကန်တော့ပန်းဆင်ပါ၏

  အကြော်သည်ပြဇာတ်



အဖွင့်စကားးးသံ.... ဗုဒ္ဓသည်သာ ကျွနု်ပ်၏ ကိုးကွယ်ရာ......
တရားဓမ္မသည်သာ ကျွနု်ပ်၏ ကိုးကွယ်ရာ....
သံင်္ဃာတော်အရှင်မြတ်တို့သည်သာ ကျွနု်ပ်၏ ကိုးကွယ်ရာ......

ဤကုသိုလ်စွမ်းအား အကျိူးတရားကြောင့် လူပျိုဟိုင်းသိုး ကျွန်တော်မျိုးအား ကညာပျိုအလှတပါး လာရောက်ခစားပါစေသားးးးးး အရှင်ဘုရားးး

ကူလီမောင်မောင်.......

တစ်ခန်းရပ်ပြဇာတ်အစ......

""""ကူလီယောကျ်ားနှင့်အကြော်သည်မိန်းမတွေ့ဆုံခန်း"""

နေရာ...... ဖဘပြည်ကြီး၏ လမ်းခုလတ် တစ်နေရာ...၌.

ဆိပ်ကမ်းမှ ကူလီထမ်း၍ပြန်လာသော ကူလီယောကျ်ားနှင့် အကြော်မကုန်သေး၍ စိတ်ညစ်ညစ်နှင့် ရောင်းနေသော အကြော်သည်မိန်းမ သည် ဖဘ ပြည်ကြီး၏ လမ်းခုလတ်တနေရာတွင် တွေ့ဆုံကြစဉ်.....

I Phone တကားကား ခါးညှပ်ကာထားလို့ အကြော်ရောင်းနေသော အကြော်သည်မလေးအား မြင်မြင်ချင်း သဘောတော်ခွေ့ မနောဝှေ့၍ အကျော်ဝယ်စားရင်းးး QQ လုပ်မိစဉ်... ...

"""""'"ဆံပင်ကုပ်ဝဲ နီကျဲကျဲနှင့် ခါးဝတ်ဂျင်းမဲ ဇီးရိုးကွာတားပြဲကို ခါးပတ်နှင့်တွယ်.. အင်္ကျီစွပ်ကျယ်နှင့် I Phone ကိုင်ထားပြီး High heel စီးလို့ လူမြင်သမျှ ငမ်းထအောင် လန်းချက်က 9 ကျော်ပါတဲ့... နှမအကြော်သည်........ လောကခရီးကြမ်း ခရောင်းလမ်းကို နေပူမရှောင် မိုးရွာမငဲ့ အကြော်ဗန်းနဲ့ ပင်ပန်းမယ့်ဖြစ်ခြင်းးအားး အမောင် သနားမိလှတယ်ကွယ်....."""""


ကူလီယောကျ်ား၏ အီစီကလီစကားကိုအကြော်သည်မိန်းမတုန့်ပြန်ပုံမှာ....

""""အပျိုကြီးတကိုယ်တည်းမို့ တဝမ်းတခါးအရေး ရှာစားရတယ်.. အမောင်ရယ်... ဒါပေနဲ့များးး ဖဘမည်ခေါ် ဒီပြည်တော်မှာ အကျော်ဒေယ ထွဋ်ခေါင်လှတဲ့ ပြောင်ဂျီးကတောင် အဖေခေါ်လောက်တဲ့ ပြောင့်ဖအေငယ်....... Fitting Shirt အမဲ ဂျင်းဒူးပြဲကို levis ခါးပတ် Converse ဖိနပ်နဲ့ Note 2 တကားကား အမောင်ကားး အဘယ်အလုပ်လုပ်လို့ အဘယ်သို့ကြွချီ အဘယ်ဆီချီတက်ပါသနည်းးးးးးးး""""""""

အကြော်သည်ရဲ့ချစ်စဖွယ်အမေးးကြောင့် ပြောင်နေသောနဖူးအသာပွတ်ရင်း တန်ပြန်ဆိုတယ်.. အမောင်ကူလီသည် ......

""""""ဆိပ်ကမ်းရပ်ဝန်း ထိုအတန်းမှာ ကူလီထမ်းလို့ ပင်ပန်းလာသော် ဘလက်တစ်လုံး မာဆက်မှာဖြုန်းရင်း KTV တက် Night Club တက်တယ်...ဖဘ ပေါ်က မင်းသားလေ... ဘဝရည်တူ အကိုလူပျိုမို့ ရင်ခုန်ဘက်လူ အရှာထွက်ရတယ်..ယခုဆုံသူ ခင်ပျိုဖြူကို သနားစုံမက် ချစ်ခင်စုံဖက်လို့ အမောင့်မိဖုရားမြှောက်တင်ချင်တယ်.. ကညာပျိုအလှ လွန်လန်းချက်က အမောင့်ရင်ခုန်သံ တိုင်ပင် မြန်စေတာမို့ ချစ်ခြင်းကြည်ဖြူ ညီတူပါမူ မနှေးအမြန် လက်သင့်ခံပါလေ နှမငယ်..... :-)

ကူလီယောကျ်ား၏လူပျိုစကားကို အကြော်သည်မိန်းမက အသာပြုံးရင်းးးးးး


"""ချစ်ခြင်းစင်စစ် ဧကန်ဖြစ်ပါက ဝမ်းသာအယ်လဲဖြစ်ခဲ့ပေမယ့် ဘဝခရီးလမ်း တူစုံလှမ်းဖို့အရေး တွေးကြောက်မိတယ် အမောင်ရယ်... နှုတ်ခမ်းပဲ့ချင်းမို့ပါကွယ်...."""" :/

အကြော်သည်မိန်းမ စကားကြောင့်ကူလီယောကျ်ား ဟက်ဟက်ပက်ပက်ရယ်ရင်းးးး ..

""""မပူပါနဲ့အချစ်ရယ်.... အမောင့်ရဲ့ အနာဂတ် ကြင်ဖက်အတွက် ကြိုတင်ကြံဆ.... ဘတ်ငွေစများ စုထားပါတယ်... ဆိပ်ကမ်းသံခွါ ခိုးထုတ်ရောင်းကာ ရလာအသပြာ ထိုငွေအဖြာဖြာကို တိကျမှန်ကန် ""ဧရာဝတီ ဘဏ်"" ၌ စုထားအပြားးး ပုံးငါးဆယ်များ ရှိပါတယ်ကွယ် အသက်ရယ်"""""" :D


"""""OH!!!!!!!

အ့ံသြဟန်ဖြင့် အာမေဋိတ်သံချို ခါခါဆို၍ ဝမ်းသာပီတိဂွမ်းဆီထိလျက်.... မရှိမဲ့ ရင် တင် ခါခါပြင်ရင်းးး ဆီလူးအပြံုး ငါးဆယ်ပုံးမျက်နှာကြောင့် လေသံချိုချိုစကားဆိုတယ်... မိအကြော်သည်ကလေ...

"""""သည်လိုဆိုလည်းး မအီတော့ဘဲ အတည်တွဲရအောင် Relation Ship မှာ နာမည်တင်လိုက်ပါတော့ အမောင်"""

hak hak hak :P :P :P

>>>> အကြော်သည်ပြဇာတ် တစ်ခန်းရပ်၏<<<<<


ဘဝအမောပြေပျောက်ပါစေ..........

ဆုမွန်ခြွေရင်းးးး

Thida Dae We
May 25, 2013

No comments:

Post a Comment