Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 1, 2016

The Visitation အမည္ရ ပန္းခ်ီကား (သို ့) ရီေနးဆန္႕ေခတ္ရဲ႕ masterpiece







ဒီပံုကို တခုတ္တရ ၾကည္႕မိရတာက သိပ္ကို လွလြန္းတဲ႕ အေရာင္ေတြေၾကာင္႕ပါဘဲ ။ ကာလာတုိင္းက ေတာက္ပၿပီး အနီးကပ္ၾကည္႕ရင္ အသည္းယားစရာေကာင္းေလာက္ေအာင္ ေဆးသားေတြ ၾကြေနတယ္ ။
လူအရြယ္အစားေလာက္ၿဖစ္ေအာင္ ဆြဲထားတဲ႕ ဇာတ္ေကာင္ေတြနဲ႕ ခမ္းနားေတာက္ပတဲ႕အေရာင္ေတြေပါင္းလုိက္ေတာ႕ အာရံုကို အေတာ္ဖမ္းစားတာ အမွန္ပါ ။ ပန္းခ်ီကားက လူထက္ ၿမင္႕ေနေတာ႕ ေအာက္က ေန ပင္႕ၾကည္႕ရသလုိ ၿဖစ္ေနတာေၾကာင္႕လည္း ပါမယ္ ထင္ပါရဲ႕.........မယ္ေတာ္ ေမရီ ၀တ္ရံုရဲ႕ အၿပာေရာင္က ၿငိမ္ၿပီး နက္ရွိဳင္းသေလာက္ အဲလိဇဘက္၀တ္ရံုရဲ႕ ေရႊေရာင္က ၾကြရြေနတယ္ ။ ေနာက္က အေဆာက္အဦးမုဒ္၀ ၊ တိမ္ၿဖဴ တိမ္လိပ္ေတြ နဲ႕ ေၿမေပၚက ပန္းေသးေသးေလးေတြအထိ အေသးစိတ္ၿမင္ရတယ္ ။ ထိန္းသိမ္းမွဳ ေကာင္းခ်က္က လြန္ခဲ႕တဲ႕ႏွစ္ေပါင္း ၅၀၀ ေက်ာ္က ဆြဲတာလုိ႕ မယံုႏိုင္ေလာက္ေအာင္ပါဘဲ ။

ဒီပန္းခ်ီကားရဲ႕ ဇာတ္လမ္းလုိရင္းက ---
( အၿပာေရာင္၀တ္ရံု၀တ္ ) ေမရီနဲ႕ (ေရႊေရာင္ၿခံဳထည္၀တ္ ) အဲလိဇဘက္တို႕ဟာ ညီအစ္မ၀မ္းကြဲေတာ္ၾကတယ္ ။ ပန္းခ်ီထဲက ဇာတ္၀င္ခန္းအရ ေမရီမွာေရာ အဲလိဇဘက္မွာပါ ကိုယ္၀န္ရွိေနၾကတယ္ ။
အစက အဲလိဇဘက္ နဲ႕ သူ႕အမ်ိဳးသား '' ဇာကာရီးယားစ္ '' ( Zacharias ) တုိ႕မွာ အသက္ၾကီးတဲ႕အထိ သားသမီးမထြန္းကားခဲ႕ဘူး ။ ''အၿမံဳမ'' ဆိုၿပီး ပတ္၀န္းက်င္ရဲ႕ ေမးေငါ႕မွဳၾကားမွာ အဲလိဇဘက္ဟာ အသက္ၾကီးလာတာနဲ႕အမ်ွ ကေလးရဖုိ႕ လက္ေလ်ွာ႕လုိက္ေတာ႕တယ္ ။
တေန႕မွာ ဘုရားသခင္ရဲ႕ တမန္ေတာ္နတ္သား ဂါဘရီယယ္လ္ ( Gabriel ) ဟာ ေယာက္်ားလုပ္သူ ဇာကာရီးယားစ္ ေရွ႕မွာ ေပၚလာသတဲ႕ ။ နတ္သားက '' အဲလိဇဘက္မွာ ကိုယ္၀န္ရလိမ္႕မယ္ '' လုိ႕ ဇာကာရီးယားစ္ကို ေၿပာတယ္ ။ ဇာကာရီးယားစ္က သူတုိ႕လင္မယား အသက္ၾကီးေနၿပီမုိ႕ မၿဖစ္ႏိုင္ဘူးလုိ႕ ေတြးၿပီး နတ္သားေၿပာတာကို မယံုခဲ႕ဘူး ။ ဒါေပမယ္႕ တကယ္ဘဲ အဲလိဇဘက္မွာ ကိုယ္၀န္ရလာခဲ႕ပါတယ္ ။ လက္ေလ်ွာ႕ထားၿပီးခါမွ ရတဲ႕ကေလးမို႕ လင္မယားႏွစ္ေယာက္လံုး သိပ္ေပ်ာ္ၾကသတဲ႕ ။
နတ္သားဟာ ( ေယရွဳရဲ႕ မယ္ေတာ္ ၿဖစ္လာမယ္႕ ) ေမရီ ရွိရာကို သြားၿပန္တယ္ ။ အဲဒီတုန္းက ေမရီဟာ အိမ္ေထာင္မက်ေသးတဲ႕ အပ်ိဳစင္ဘ၀မွာဘဲ ရွိေသးတယ္.... ( ေယရွဳရဲ႕ ခမည္းေတာ္ၿဖစ္လာမယ္႕) ဂ်ိဳးဇက္နဲ႕ ေစ႕စပ္ထားစ ။ နတ္သားက ေမရီကို ေၿပာတယ္......ေမရီဟာ အပ်ိဳစင္ဘ၀မွာဘဲ ဘုရားသခင္ရဲ႕ ပဋိသေႏၶေပးၿခင္းကို ခံရလိမ္႕မယ္ ။ ရလာတဲ႕သားကို ေယရွဳ ( Jesus ) လုိ႕ ေခၚပါ...တဲ႕ ။
ၿပီးေတာ႕ နတ္သားက အဲလိဇဘက္မွာ ကိုယ္၀န္ရွိေနတာ ေၿခာက္လရွိၿပီ လုိ႕လည္း တလက္စတည္း ေၿပာသြားေသးတယ္ ။ ဒီေတာ႕ ကိုယ္၀န္ရွိစ ေမရီဟာ ကိုယ္၀န္အရင္႕အမာနဲ႕အဲလိဇဘက္ကို ၿပဳစုဖုိ႕ အဲလိဇဘက္ရွိရာ ၿမိဳ႕ကို အေၿပးကေလး ခရီးထြက္ခဲ႕တယ္ ။ ဒီပန္းခ်ီက ပံုေဖာ္ထားတာက ေမရီနဲ႕ အဲလိဇဘက္တုိ႕ နွစ္ေယာက္ ေတြ႕ဆံုခန္းပါ ။
မိုင္တစ္ရာေလာက္ေ၀းကြာတဲ႕ခရီးကို ကိုယ္၀န္ရွိစ ေမရီဟာ ခက္ခဲစြာ သြားခဲ႕တယ္ ။ ရထားမရွိ ၊ ကားမရွိဘဲ ခရီးၾကမ္းကို ဆင္းရဲပင္ပန္းစြာ ေမရီ ဘာေၾကာင္႕ သြားခဲ႕တာလဲ ၊ ကိုယ္ေလးလက္၀န္ရွိေနရဲ႕သားနဲ႕ ဘာေၾကာင္႕ အိမ္မွာ ေအးေဆးသက္သာစြာ မေနႏိုင္ဘဲ တၿခားကိုယ္၀န္သည္ကို သြားၿပဳစုခ်င္ရတာလဲ ။ အေၿဖကေတာ႕ ေမရီဟာ ဘုရားသခင္ရဲ႕တန္ခုိးေၾကာင္႕ ကိုယ္၀န္သည္ အစ္မကို ကိုယ္ခ်င္းစာၿပီး သိပ္ကို အားေပးခ်င္တယ္ ။ ၿပဳစုခ်င္တယ္ ။ အဲဒီစိတ္ဟာ အလြန္တရာ ၿပင္းၿပတဲ႕အတြက္ ဘယ္သူတားတား မရဘဲ အစ္မရွိရာ အေၿပးအလႊား သြားခဲ႕တယ္ လုိ႕က်မ္းစာတစ္ခ်ိဳ႕က ဆိုပါတယ္ ။ ဒီစိတ္ကို မယ္ေတာ္ေမရီရဲ႕ စံထားေလာက္စရာစိတ္ဓာတ္အၿဖစ္လည္း ခ်ီးမႊမ္းကိုးကားၾကတယ္ ။
ေနာက္ၿပီး အဲလိဇဘက္ ေဆာင္ထားတဲ႕ ကိုယ္၀န္ကလည္း ႏွယ္ႏွယ္ရရ မဟုတ္ ။ သူေမြးမယ္႕သားဟာ ေနာက္ပိုင္းမွာ ဂၽြန္ ( John the Baptist ) ဆိုတဲ႕နာမည္နဲ႕ သူေတာ္စင္တစ္ပါး ၿဖစ္လာခဲ႕တယ္ ။ ေယရွဳ အသက္ ( ၃၀) မွာ တရားေဟာသာသနာၿပဳၿခင္းအလုပ္ကို ေဇာက္ခ်လုပ္ေတာ႕မယ္ဆိုေတာ႕ ေယရွဳကို ႏွစ္ၿခင္းခံေပး တဲ႕ တရားေဟာဆရာဟာ ဂၽြန္ကိုယ္တုိင္ဘဲလုိ႕ ဆိုတယ္ ။
( ပံုထဲမွာ) သူ႕ကို ၿပဳစုဖုိ႕ေရာက္လာတဲ႕ ေမရီကို ၿမင္ေတာ႕ အဲလိဇဘက္ဟာ ၀မ္းသာအဲလဲ ၾကိဳဆိုတယ္ ။ ခရီးပန္းလာတဲ႕ ေမရီရဲ႕ လက္ေမာင္းကို ကိုင္လုိ႕ လက္ကို ဆုပ္ရင္း ဖက္လွဲတကင္းႏွဳတ္ဆက္တယ္ ။ ေယရွဳမယ္ေတာ္ၿဖစ္မယ္႕သူမုိ႕ ဒီပံုရဲ႕ version တိုင္းမွာ ေမရီကို အဲလိဇဘက္ထက္ ပိုၿမင္႕ေအာင္ ဆြဲေလ႕ရွိၾကပါတယ္ ။ တခ်ိဳ႕ version ေတြမွာ အဲလိဇဘက္က ေမရီေရွ႕မွာ ဒူးေထာက္ထိုင္ၿပီး ေမရီ႕လက္ကို နမ္းေနပံုစသၿဖင္႕လည္း ဆဲြၾကပါတယ္ ။
ႏွစ္ေယာက္သား အဲလုိႏွဳတ္ဆက္ေနခ်ိန္မွာဘဲ ဘုရားသခင္ရဲ႕ တန္ခိုးေၾကာင္႕ အဲလိဇဘက္ဟာ ေမရီမွာ ကိုယ္၀န္ရွိေနေၾကာင္း အလုိလုိ သိလုိက္သတဲ႕ ၊ ကိုယ္၀န္ဟာလည္း ဘုရားသားေတာ္ၿဖစ္မယ္႕သူဆိုတာပါ နားလည္လုိက္တယ္ ။
ဒီေတာ႕ သူ႕ညီမကို ဖက္ၿပီး ''မင္းကံေကာင္းလုိက္တာ....မင္းရဲ႕သားဟာ ဘုရားသခင္ရဲ႕ခ်ီးေၿမွာက္ၿခင္းကို ခံရလိမ္႕မယ္ '' လုိ႕ အားပါးတရ ေၿပာတယ္ ......အဲလိဇဘက္က အဲလုိ ေၿပာလုိက္ခ်ိန္မွာဘဲ အဲလိဇဘက္ရဲ႕ ဗိုက္ထဲက ( တမန္ေတာ္ ဂၽြန္ၿဖစ္လာမယ္႕) ကေလးဟာ ၀မ္းသာလြန္းလုိ႕ လွဳပ္လွဳပ္ရွားရွား ၿဖစ္သြားခဲ႕တယ္ လုိ႕ က်မ္းစာေတြက ဆိုတယ္ ။ (အားရုိ႕ရို႕....ပံုတစ္ပံုတည္းမွာ ေဖာ္ထားတဲ႕ ဇာတ္လမ္းက မေသးပါလား )
ဇာတ္လမ္းကေတာ႕ လုိရင္း အဲဒါပါဘဲ ။ ဂၽြန္က ေနာက္ဆံုးမွာ ေခါင္းၿဖတ္ခံရတဲ႕အထိ စြန္႕စြန္႕စားစား သာသနာၿပဳခဲ႕တယ္ ။ ဂၽြန္ကိုေရာ အဲလိဇဘက္ကိုေရာ ေနာက္ပိုင္းမွာ ကက္သလစ္ေက်ာင္းေတာ္က သူေတာ္စင္ေတြအၿဖစ္ သတ္မွတ္ေပးခဲ႕ပါတယ္ ။
ပံုက ဘာသာေရးကို အေၿခခံၿပီး အမႊမ္းတင္ေရးဆြဲထားေပမယ္႕ ဒီပံုရဲ႕ ေနာက္ကြယ္က ပန္းခ်ီဆရာရဲ႕ ဘာသာေရးနဲ႕ ပတ္သက္ၿပီး စိတ္ဒုကၡေရာက္ခဲ႕ရပံုကလည္း စိတ္၀င္စားစရာပါ ။
ပန္းခ်ီဆရာ မာရီေရာ႕တို အာဘယ္တီနဲလီ ( Mariotto Albertinelli ) ဟာ ရီေနးဆန္႕ေခတ္ရဲ႕ ဒိတ္ဒိတ္ၾကဲေတြၿဖစ္တဲ႕ လီယိုနာဒိုဒါဗင္ခ်ီတုိ႕ ၊ ေရဖယ္ ( Raphael ) တုိနဲ႕ ေခတ္ၿပိဳင္တစ္ေယာက္ပါ ။ ရီေနးဆန္႕ေခတ္ဟာ သူ႕ထက္သူ လူစြမ္းေကာင္း အနုပညာရွင္ေတြကို ေမြးထုတ္ခဲ႕တယ္.....နာမည္ၾကီးမွဳရဲ႕ေနာက္မွာပါလာတဲ႕ ၿပိဳင္ဆိုင္မွဳေတြကလည္း အင္မတန္ၿပင္းထန္ပါတယ္ ။ မာရီေရာ႕တုိ တစ္ေယာက္လည္း ဒိတ္ဒိတ္ၾကဲေတြၾကားမွာ ၀ါသနာပါရာလုပ္ရင္း ေနရာတစ္ခုအတြက္ ၾကိဳးပန္းခဲ႕ရသူတစ္ေယာက္ပါဘဲ ။
ပန္းထိမ္ဆရာတစ္ေယာက္သားမုိ႕ သူဟာ ငယ္စဥ္ကတည္းက ေရႊၿပားခတ္တဲ႕အလုပ္နဲ႕ ရင္းႏွီးခဲ႕တယ္ ။ အသက္ ( ၁၂ ) မွာ ပန္းခ်ီဆရာၾကီးတစ္ေယာက္ဆီမွာ ပန္းခ်ီပညာ သင္ရင္း သင္ေဖာ္သင္ဖက္ သူငယ္ခ်င္းတစ္ေယာက္နဲ႕ အရမ္းကို ခင္မင္လာခဲ႕ပါတယ္ ။ အဲဒီသူငယ္ခ်င္းက ေနာက္ပိုင္းမွာ ဘာသာေရးပန္းခ်ီေတြမွာ နာမည္ၾကီးလာမယ္႕ ဘာတိုလုိေမရို ( Bartolomeo) ဆိုသူပါ ။
သူတုိ႕ႏွစ္ေယာက္ ဘယ္ေလာက္ခင္သလဲဆို ဖေလာရန္႕စ္ၿမိဳ႕မွာ အတူေပါင္းၿပီး ပန္းခ်ီခန္းဖြင္႕ခဲ႕ၾကတဲ႕ အထိပါဘဲ ။ သူတို႕ႏွစ္ေယာက္ဟာ ပန္းခ်ီဆြဲပံုဆြဲနည္းကလည္း သိပ္တူသတဲ႕ ။ ႏွစ္ေယာက္ေပါင္းဆြဲတဲ႕ ပန္းခ်ီေတြဟာ တစ္ေယာက္တည္းက ဆြဲသလုိ ထင္ရေလာက္ေအာင္ ဆြဲပံု technique တူတယ္လုိ႕ ဆိုတယ္ ။
ဒါေပမယ္႕ သူငယ္ခ်င္းႏွစ္ေယာက္ရဲ႕ ခင္မင္မွဳ ပ်က္ဖုိ႕ အေၾကာင္းဖန္လာတယ္ ။ ၿဖစ္ပံုက အဲဒီအခ်ိန္မွာ ခရစ္ယာန္ဂိုဏ္းတစ္ခုက ဘုန္းၾကီးတစ္ပါးဟာ အႏုပညာရွင္ေတြကို အေသႏွိပ္ကြပ္ပါတယ္ ၊ အႏွီဘုန္းၾကီးရဲ႕ အယူအဆက ပန္းခ်ီကို ဘာသာေရးအတြက္ဘဲ ဆြဲသင္႕တယ္ ဆိုတာပါဘဲ ။ က်မ္းစာဖတ္ရေလာက္ေအာင္ စာမတတ္သူေတြကို က်မ္းစာထဲက ဇာတ္လမ္းေတြ ေၿပာရတဲ႕အခါလြယ္ကူေအာင္ အရုပ္ဆြဲၿပတာမ်ိဳးေလာက္ဘဲ လုပ္ေစခ်င္တယ္ ။ တီထြင္ကြန္႕ၿမဴးၿပီးဆြဲတာ ၊ ခံစားဖုိ႕အတြက္ဆြဲတာေတြကို သူက လံုး၀ အားမေပးပါဘူး ။ သိပ္ၾကြ ၊ သိပ္လွၿပီး လူနဲ႕သိပ္တူေအာင္ ဆြဲတာေတြကို သူက လံုး၀ဆန္႕က်င္ကန္႕ကြက္တယ္ ။ အႏွီဘုန္းၾကီးဟာ ပရိသတ္အင္အားလည္း ေတာင္႕တင္းၿပီး အာဏာစက္လည္း ၿပင္းတဲ႕အတြက္ သူ႕လက္ခ်က္နဲ႕ အႏုပညာရွင္ေတြ ေတာ္ေတာ္မ်ားမ်ား ႏွိပ္ကြပ္ခံရၿပီး အႏုပညာပစၥည္းေတာ္ေတာ္မ်ားမ်ား မီးရွိဳ႕ဖ်က္ဆီးခံခဲ႕ရတယ္ ။ သူ႕ရဲ႕ လႊမ္းမိုးမွဳကို မလြန္ဆန္ႏိုင္ဘဲ သူ႕ဘက္ပါသြားခဲ႕တဲ႕ အႏုပညာရွင္ေတြလည္း ရွိခဲ႕ပါတယ္ ။
မာရီေရာတုိရဲ႕ သူငယ္ခ်င္းၿဖစ္တဲ႕ ဘာတုိလုိေမရိုဟာ အဲဒီဘုန္းၾကီးဘက္ကို ပါသြားခဲ႕တဲ႕ အႏုပညာရွင္ေတြထဲက တစ္ေယာက္ပါဘဲ ။ အယူစြဲၿပင္းထန္သူကို ဆရာတင္မိေတာ႕ သူဟာ အႏုပညာအေပၚမွာ အၿမင္ေစာင္းလာခဲ႕တယ္ ။ ပန္းခ်ီဆြဲတာကို အၿပစ္ (sin) လုိ႕ တၿဖည္းၿဖည္း ၿမင္လာတယ္ ၊ ဘယ္ေလာက္ေတာင္ လႊမ္းမိုးၿခင္းကို ခံရသလဲဆိုရင္ ေနာက္ဆံုး သူပါ ဘုန္းၾကီး၀တ္သြားၿပီး ပန္းခ်ီဆြဲတာကို စြန္႕လႊတ္လုိက္ပါတယ္ ။
ဒီေတာ႕ ပန္းခ်ီနဲ႕ရပ္တည္ေနရတဲ႕ မာရီေရာ႕တုိတစ္ေယာက္ ပန္းခ်ီကို အၿမင္မၾကည္လင္ေတာ႕တဲ႕ သူငယ္ခ်င္းနဲ႕ လမ္းခြဲလုိက္ရေတာ႕တယ္ ။ ၁၅၀၃ မွာ ဒီပန္းခ်ီကားကို ဆြဲေတာ႕ သူတုိ႕ႏွစ္ေယာက္ လမ္းခြဲၿပီးစမို႕ မာရီေရာ႕တုိတစ္ေယာက္ အၾကီးအက်ယ္ စိတ္ညစ္ေနရခ်ိန္ပါ ။ အရင္ကဆို ပန္းခ်ီတကားတည္းကို သူငယ္ခ်င္းႏွစ္ေယာက္ စိတ္တူကိုယ္တူ ဆြဲခဲ႕ၾကတယ္ ။ အခုေတာ႕ ညီအစ္ကိုလုိ ခ်စ္ရတဲ႕ သူငယ္ခ်င္းဟာ သူနဲ႕ ပန္းခ်ီကို ေက်ာခိုင္းသြားခဲ႕ၿပီ ။
မာရီေရာ႕တုိတစ္ေယာက္ အထီးက်န္စြာအားငယ္ရင္း ၊ သူငယ္ခ်င္းမပါဘဲ တစ္ေယာက္တည္း ရပ္တည္ဖုိ႕ အားတင္းရင္း ၊ သူ႕သူငယ္ခ်င္းကို ေခၚထုတ္သြားတဲ႕ ဘုန္းၾကီးကို မုန္းတီးရင္း တစ္ေယာက္တည္း စိတ္ေတြ ဂေယာက္ဂယက္ၿဖစ္ေနခဲ႕ရခ်ိန္ ( ၁၅၀၃ ) မွာ ဒီပန္းခ်ီကားကို ဖန္တီးခဲ႕ပါတယ္ ။
သူ႕သူငယ္ခ်င္းနဲ႕ အတူတူဆြဲၾကမယ္ ဆိုၿပီး အစီအစဥ္ခ်ထားၿပီးသား ပန္းခ်ီကို အခု သူတစ္ေယာက္တည္း ဖန္တီးရတဲ႕အခါ ခ်စ္ခင္မွဳကေပးတဲ႕ သူ႕ရဲ႕ စိတ္ပင္ပန္းမွဳေတြကို ပန္းခ်ီဇာတ္ေကာင္ေတြမွာ ထင္ဟပ္ေနေစခဲ႕သလား မသိပါ ။ သူငယ္ခ်င္းမပါဘဲ သူတစ္ေယာက္တည္း ဆြဲရတဲ႕ ေဟာဒီ ပန္းခ်ီကားဟာ မာရီေရာ႕တုိရဲ႕ အေကာင္းဆံုးပန္းခ်ီကား ၿဖစ္လာခဲ႕တယ္ ။ ဖက္လွဲတကင္း ႏွဳတ္ဆက္ေနၾကတဲ႕ ေမရီနဲ႕ အဲလိဇဘက္ဟာ ခ်စ္ခင္ၾကင္နာၿခင္းဆိုတဲ႕ ခံစားမွဳအၿပင္ ႏြမ္းနယ္ပင္ပန္းတဲ႕ခံစားမွဳတစ္ခုကိုလည္း ေပးေနတယ္ ထင္တာပါဘဲ ။ ဆံုးရွံဳးၿခင္းကေန ၿဖစ္လာတဲ႕ စိတ္ပ်က္ၿခင္း ၊ အားငယ္၀မ္းနည္းၿခင္းေတြကုိ မာရီေရာ႕တုိတစ္ေယာက္ အစြမ္းကုန္အာခံခဲ႕ေလသလားေတာ႕ မသိ ၊ ထူးၿခားခမ္းနားစြာ ေတာက္ပေနတဲ႕ အေရာင္ေတြနဲ႕ ဒီ The Visitation အမည္ရ ပန္းခ်ီကားဟာ ရီေနးဆန္႕ေခတ္ရဲ႕ masterpiece တစ္ခုလည္း ၿဖစ္လာခဲ႕ပါတယ္ ။
( ေနရာ- Florence ၿမိဳ႕ ... Uffizi Gallery )

Spring Flowers

............................................


ဒီပုံကို တခုတ်တရ ကြည့်မိရတာက သိပ်ကို လှလွန်းတဲ့ အရောင်တွေကြောင့်ပါဘဲ ။ ကာလာတိုင်းက တောက်ပပြီး အနီးကပ်ကြည့်ရင် အသည်းယားစရာကောင်းလောက်အောင် ဆေးသားတွေ ကြွနေတယ် ။
လူအရွယ်အစားလောက်ဖြစ်အောင် ဆွဲထားတဲ့ ဇာတ်ကောင်တွေနဲ့ ခမ်းနားတောက်ပတဲ့အရောင်တွေပေါင်းလိုက်တော့ အာရုံကို အတော်ဖမ်းစားတာ အမှန်ပါ ။ ပန်းချီကားက လူထက် မြင့်နေတော့ အောက်က နေ ပင့်ကြည့်ရသလို ဖြစ်နေတာကြောင့်လည်း ပါမယ် ထင်ပါရဲ့.........မယ်တော် မေရီ ၀တ်ရုံရဲ့ အပြာရောင်က ငြိမ်ပြီး နက်ရှိုင်းသလောက် အဲလိဇဘက်ဝတ်ရုံရဲ့ ရွှေရောင်က ကြွရွနေတယ် ။ နောက်က အဆောက်အဦးမုဒ်ဝ ၊ တိမ်ဖြူ တိမ်လိပ်တွေ နဲ့ မြေပေါ်က ပန်းသေးသေးလေးတွေအထိ အသေးစိတ်မြင်ရတယ် ။ ထိန်းသိမ်းမှု ကောင်းချက်က လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ ကျော်က ဆွဲတာလို့ မယုံနိုင်လောက်အောင်ပါဘဲ ။

ဒီပန်းချီကားရဲ့ ဇာတ်လမ်းလိုရင်းက ---
( အပြာရောင်ဝတ်ရုံဝတ် ) မေရီနဲ့ (ရွှေရောင်ခြုံထည်ဝတ် ) အဲလိဇဘက်တို့ဟာ ညီအစ်မဝမ်းကွဲတော်ကြတယ် ။ ပန်းချီထဲက ဇာတ်ဝင်ခန်းအရ မေရီမှာရော အဲလိဇဘက်မှာပါ ကိုယ်ဝန်ရှိနေကြတယ် ။
အစက အဲလိဇဘက် နဲ့ သူ့အမျိုးသား '' ဇာကာရီးယားစ် '' ( Zacharias ) တို့မှာ အသက်ကြီးတဲ့အထိ သားသမီးမထွန်းကားခဲ့ဘူး ။ ''အမြံုမ'' ဆိုပြီး ပတ်ဝန်းကျင်ရဲ့ မေးငေါ့မှုကြားမှာ အဲလိဇဘက်ဟာ အသက်ကြီးလာတာနဲ့အမျှ ကလေးရဖို့ လက်လျှော့လိုက်တော့တယ် ။
တနေ့မှာ ဘုရားသခင်ရဲ့ တမန်တော်နတ်သား ဂါဘရီယယ်လ် ( Gabriel ) ဟာ ယောက်ျားလုပ်သူ ဇာကာရီးယားစ် ရှေ့မှာ ပေါ်လာသတဲ့ ။ နတ်သားက '' အဲလိဇဘက်မှာ ကိုယ်ဝန်ရလိမ့်မယ် '' လို့ ဇာကာရီးယားစ်ကို ပြောတယ် ။ ဇာကာရီးယားစ်က သူတို့လင်မယား အသက်ကြီးနေပြီမို့ မဖြစ်နိုင်ဘူးလို့ တွေးပြီး နတ်သားပြောတာကို မယုံခဲ့ဘူး ။ ဒါပေမယ့် တကယ်ဘဲ အဲလိဇဘက်မှာ ကိုယ်ဝန်ရလာခဲ့ပါတယ် ။ လက်လျှော့ထားပြီးခါမှ ရတဲ့ကလေးမို့ လင်မယားနှစ်ယောက်လုံး သိပ်ပျော်ကြသတဲ့ ။
နတ်သားဟာ ( ယေရှုရဲ့ မယ်တော် ဖြစ်လာမယ့် ) မေရီ ရှိရာကို သွားပြန်တယ် ။ အဲဒီတုန်းက မေရီဟာ အိမ်ထောင်မကျသေးတဲ့ အပျိုစင်ဘဝမှာဘဲ ရှိသေးတယ်.... ( ယေရှုရဲ့ ခမည်းတော်ဖြစ်လာမယ့်) ဂျိုးဇက်နဲ့ စေ့စပ်ထားစ ။ နတ်သားက မေရီကို ပြောတယ်......မေရီဟာ အပျိုစင်ဘဝမှာဘဲ ဘုရားသခင်ရဲ့ ပဋိသန္ဓေပေးခြင်းကို ခံရလိမ့်မယ် ။ ရလာတဲ့သားကို ယေရှု ( Jesus ) လို့ ခေါ်ပါ...တဲ့ ။
ပြီးတော့ နတ်သားက အဲလိဇဘက်မှာ ကိုယ်ဝန်ရှိနေတာ ခြောက်လရှိပြီ လို့လည်း တလက်စတည်း ပြောသွားသေးတယ် ။ ဒီတော့ ကိုယ်ဝန်ရှိစ မေရီဟာ ကိုယ်ဝန်အရင့်အမာနဲ့အဲလိဇဘက်ကို ပြုစုဖို့ အဲလိဇဘက်ရှိရာ မြို့ကို အပြေးကလေး ခရီးထွက်ခဲ့တယ် ။ ဒီပန်းချီက ပုံဖော်ထားတာက မေရီနဲ့ အဲလိဇဘက်တို့ နှစ်ယောက် တွေ့ဆုံခန်းပါ ။
မိုင်တစ်ရာလောက်ဝေးကွာတဲ့ခရီးကို ကိုယ်ဝန်ရှိစ မေရီဟာ ခက်ခဲစွာ သွားခဲ့တယ် ။ ရထားမရှိ ၊ ကားမရှိဘဲ ခရီးကြမ်းကို ဆင်းရဲပင်ပန်းစွာ မေရီ ဘာကြောင့် သွားခဲ့တာလဲ ၊ ကိုယ်လေးလက်ဝန်ရှိနေရဲ့သားနဲ့ ဘာကြောင့် အိမ်မှာ အေးဆေးသက်သာစွာ မနေနိုင်ဘဲ တခြားကိုယ်ဝန်သည်ကို သွားပြုစုချင်ရတာလဲ ။ အဖြေကတော့ မေရီဟာ ဘုရားသခင်ရဲ့တန်ခိုးကြောင့် ကိုယ်ဝန်သည် အစ်မကို ကိုယ်ချင်းစာပြီး သိပ်ကို အားပေးချင်တယ် ။ ပြုစုချင်တယ် ။ အဲဒီစိတ်ဟာ အလွန်တရာ ပြင်းပြတဲ့အတွက် ဘယ်သူတားတား မရဘဲ အစ်မရှိရာ အပြေးအလွှား သွားခဲ့တယ် လို့ကျမ်းစာတစ်ချို့က ဆိုပါတယ် ။ ဒီစိတ်ကို မယ်တော်မေရီရဲ့ စံထားလောက်စရာစိတ်ဓာတ်အဖြစ်လည်း ချီးမွှမ်းကိုးကားကြတယ် ။
နောက်ပြီး အဲလိဇဘက် ဆောင်ထားတဲ့ ကိုယ်ဝန်ကလည်း နှယ်နှယ်ရရ မဟုတ် ။ သူမွေးမယ့်သားဟာ နောက်ပိုင်းမှာ ဂျွန် ( John the Baptist ) ဆိုတဲ့နာမည်နဲ့ သူတော်စင်တစ်ပါး ဖြစ်လာခဲ့တယ် ။ ယေရှု အသက် ( ၃၀) မှာ တရားဟောသာသနာပြုခြင်းအလုပ်ကို ဇောက်ချလုပ်တော့မယ်ဆိုတော့ ယေရှုကို နှစ်ခြင်းခံပေး တဲ့ တရားဟောဆရာဟာ ဂျွန်ကိုယ်တိုင်ဘဲလို့ ဆိုတယ် ။
( ပုံထဲမှာ) သူ့ကို ပြုစုဖို့ရောက်လာတဲ့ မေရီကို မြင်တော့ အဲလိဇဘက်ဟာ ၀မ်းသာအဲလဲ ကြိုဆိုတယ် ။ ခရီးပန်းလာတဲ့ မေရီရဲ့ လက်မောင်းကို ကိုင်လို့ လက်ကို ဆုပ်ရင်း ဖက်လှဲတကင်းနှုတ်ဆက်တယ် ။ ယေရှုမယ်တော်ဖြစ်မယ့်သူမို့ ဒီပုံရဲ့ version တိုင်းမှာ မေရီကို အဲလိဇဘက်ထက် ပိုမြင့်အောင် ဆွဲလေ့ရှိကြပါတယ် ။ တချို့ version တွေမှာ အဲလိဇဘက်က မေရီရှေ့မှာ ဒူးထောက်ထိုင်ပြီး မေရီ့လက်ကို နမ်းနေပုံစသဖြင့်လည်း ဆွဲကြပါတယ် ။
နှစ်ယောက်သား အဲလိုနှုတ်ဆက်နေချိန်မှာဘဲ ဘုရားသခင်ရဲ့ တန်ခိုးကြောင့် အဲလိဇဘက်ဟာ မေရီမှာ ကိုယ်ဝန်ရှိနေကြောင်း အလိုလို သိလိုက်သတဲ့ ၊ ကိုယ်ဝန်ဟာလည်း ဘုရားသားတော်ဖြစ်မယ့်သူဆိုတာပါ နားလည်လိုက်တယ် ။
ဒီတော့ သူ့ညီမကို ဖက်ပြီး ''မင်းကံကောင်းလိုက်တာ....မင်းရဲ့သားဟာ ဘုရားသခင်ရဲ့ချီးမြှောက်ခြင်းကို ခံရလိမ့်မယ် '' လို့ အားပါးတရ ပြောတယ် ......အဲလိဇဘက်က အဲလို ပြောလိုက်ချိန်မှာဘဲ အဲလိဇဘက်ရဲ့ ဗိုက်ထဲက ( တမန်တော် ဂျွန်ဖြစ်လာမယ့်) ကလေးဟာ ၀မ်းသာလွန်းလို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့တယ် လို့ ကျမ်းစာတွေက ဆိုတယ် ။ (အားရို့ရို့....ပုံတစ်ပုံတည်းမှာ ဖော်ထားတဲ့ ဇာတ်လမ်းက မသေးပါလား )
ဇာတ်လမ်းကတော့ လိုရင်း အဲဒါပါဘဲ ။ ဂျွန်က နောက်ဆုံးမှာ ခေါင်းဖြတ်ခံရတဲ့အထိ စွန့်စွန့်စားစား သာသနာပြုခဲ့တယ် ။ ဂျွန်ကိုရော အဲလိဇဘက်ကိုရော နောက်ပိုင်းမှာ ကက်သလစ်ကျောင်းတော်က သူတော်စင်တွေအဖြစ် သတ်မှတ်ပေးခဲ့ပါတယ် ။
ပုံက ဘာသာရေးကို အခြေခံပြီး အမွှမ်းတင်ရေးဆွဲထားပေမယ့် ဒီပုံရဲ့ နောက်ကွယ်က ပန်းချီဆရာရဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး စိတ်ဒုက္ခရောက်ခဲ့ရပုံကလည်း စိတ်ဝင်စားစရာပါ ။
ပန်းချီဆရာ မာရီရော့တို အာဘယ်တီနဲလီ ( Mariotto Albertinelli ) ဟာ ရီနေးဆန့်ခေတ်ရဲ့ ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ လီယိုနာဒိုဒါဗင်ချီတို့ ၊ ရေဖယ် ( Raphael ) တိုနဲ့ ခေတ်ပြိုင်တစ်ယောက်ပါ ။ ရီနေးဆန့်ခေတ်ဟာ သူ့ထက်သူ လူစွမ်းကောင်း အနုပညာရှင်တွေကို မွေးထုတ်ခဲ့တယ်.....နာမည်ကြီးမှုရဲ့နောက်မှာပါလာတဲ့ ပြိုင်ဆိုင်မှုတွေကလည်း အင်မတန်ပြင်းထန်ပါတယ် ။ မာရီရော့တို တစ်ယောက်လည်း ဒိတ်ဒိတ်ကြဲတွေကြားမှာ ၀ါသနာပါရာလုပ်ရင်း နေရာတစ်ခုအတွက် ကြိုးပန်းခဲ့ရသူတစ်ယောက်ပါဘဲ ။
ပန်းထိမ်ဆရာတစ်ယောက်သားမို့ သူဟာ ငယ်စဉ်ကတည်းက ရွှေပြားခတ်တဲ့အလုပ်နဲ့ ရင်းနှီးခဲ့တယ် ။ အသက် ( ၁၂ ) မှာ ပန်းချီဆရာကြီးတစ်ယောက်ဆီမှာ ပန်းချီပညာ သင်ရင်း သင်ဖော်သင်ဖက် သူငယ်ချင်းတစ်ယောက်နဲ့ အရမ်းကို ခင်မင်လာခဲ့ပါတယ် ။ အဲဒီသူငယ်ချင်းက နောက်ပိုင်းမှာ ဘာသာရေးပန်းချီတွေမှာ နာမည်ကြီးလာမယ့် ဘာတိုလိုမေရို ( Bartolomeo) ဆိုသူပါ ။
သူတို့နှစ်ယောက် ဘယ်လောက်ခင်သလဲဆို ဖလောရန့်စ်မြို့မှာ အတူပေါင်းပြီး ပန်းချီခန်းဖွင့်ခဲ့ကြတဲ့ အထိပါဘဲ ။ သူတို့နှစ်ယောက်ဟာ ပန်းချီဆွဲပုံဆွဲနည်းကလည်း သိပ်တူသတဲ့ ။ နှစ်ယောက်ပေါင်းဆွဲတဲ့ ပန်းချီတွေဟာ တစ်ယောက်တည်းက ဆွဲသလို ထင်ရလောက်အောင် ဆွဲပုံ technique တူတယ်လို့ ဆိုတယ် ။
ဒါပေမယ့် သူငယ်ချင်းနှစ်ယောက်ရဲ့ ခင်မင်မှု ပျက်ဖို့ အကြောင်းဖန်လာတယ် ။ ဖြစ်ပုံက အဲဒီအချိန်မှာ ခရစ်ယာန်ဂိုဏ်းတစ်ခုက ဘုန်းကြီးတစ်ပါးဟာ အနုပညာရှင်တွေကို အသေနှိပ်ကွပ်ပါတယ် ၊ အနှီဘုန်းကြီးရဲ့ အယူအဆက ပန်းချီကို ဘာသာရေးအတွက်ဘဲ ဆွဲသင့်တယ် ဆိုတာပါဘဲ ။ ကျမ်းစာဖတ်ရလောက်အောင် စာမတတ်သူတွေကို ကျမ်းစာထဲက ဇာတ်လမ်းတွေ ပြောရတဲ့အခါလွယ်ကူအောင် အရုပ်ဆွဲပြတာမျိုးလောက်ဘဲ လုပ်စေချင်တယ် ။ တီထွင်ကွန့်မြူးပြီးဆွဲတာ ၊ ခံစားဖို့အတွက်ဆွဲတာတွေကို သူက လုံးဝ အားမပေးပါဘူး ။ သိပ်ကြွ ၊ သိပ်လှပြီး လူနဲ့သိပ်တူအောင် ဆွဲတာတွေကို သူက လုံးဝဆန့်ကျင်ကန့်ကွက်တယ် ။ အနှီဘုန်းကြီးဟာ ပရိသတ်အင်အားလည်း တောင့်တင်းပြီး အာဏာစက်လည်း ပြင်းတဲ့အတွက် သူ့လက်ချက်နဲ့ အနုပညာရှင်တွေ တော်တော်များများ နှိပ်ကွပ်ခံရပြီး အနုပညာပစ္စည်းတော်တော်များများ မီးရှို့ဖျက်ဆီးခံခဲ့ရတယ် ။ သူ့ရဲ့ လွှမ်းမိုးမှုကို မလွန်ဆန်နိုင်ဘဲ သူ့ဘက်ပါသွားခဲ့တဲ့ အနုပညာရှင်တွေလည်း ရှိခဲ့ပါတယ် ။
မာရီရောတိုရဲ့ သူငယ်ချင်းဖြစ်တဲ့ ဘာတိုလိုမေရိုဟာ အဲဒီဘုန်းကြီးဘက်ကို ပါသွားခဲ့တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါဘဲ ။ အယူစွဲပြင်းထန်သူကို ဆရာတင်မိတော့ သူဟာ အနုပညာအပေါ်မှာ အမြင်စောင်းလာခဲ့တယ် ။ ပန်းချီဆွဲတာကို အပြစ် (sin) လို့ တဖြည်းဖြည်း မြင်လာတယ် ၊ ဘယ်လောက်တောင် လွှမ်းမိုးခြင်းကို ခံရသလဲဆိုရင် နောက်ဆုံး သူပါ ဘုန်းကြီးဝတ်သွားပြီး ပန်းချီဆွဲတာကို စွန့်လွှတ်လိုက်ပါတယ် ။
ဒီတော့ ပန်းချီနဲ့ရပ်တည်နေရတဲ့ မာရီရော့တိုတစ်ယောက် ပန်းချီကို အမြင်မကြည်လင်တော့တဲ့ သူငယ်ချင်းနဲ့ လမ်းခွဲလိုက်ရတော့တယ် ။ ၁၅၀၃ မှာ ဒီပန်းချီကားကို ဆွဲတော့ သူတို့နှစ်ယောက် လမ်းခွဲပြီးစမို့ မာရီရော့တိုတစ်ယောက် အကြီးအကျယ် စိတ်ညစ်နေရချိန်ပါ ။ အရင်ကဆို ပန်းချီတကားတည်းကို သူငယ်ချင်းနှစ်ယောက် စိတ်တူကိုယ်တူ ဆွဲခဲ့ကြတယ် ။ အခုတော့ ညီအစ်ကိုလို ချစ်ရတဲ့ သူငယ်ချင်းဟာ သူနဲ့ ပန်းချီကို ကျောခိုင်းသွားခဲ့ပြီ ။
မာရီရော့တိုတစ်ယောက် အထီးကျန်စွာအားငယ်ရင်း ၊ သူငယ်ချင်းမပါဘဲ တစ်ယောက်တည်း ရပ်တည်ဖို့ အားတင်းရင်း ၊ သူ့သူငယ်ချင်းကို ခေါ်ထုတ်သွားတဲ့ ဘုန်းကြီးကို မုန်းတီးရင်း တစ်ယောက်တည်း စိတ်တွေ ဂယောက်ဂယက်ဖြစ်နေခဲ့ရချိန် ( ၁၅၀၃ ) မှာ ဒီပန်းချီကားကို ဖန်တီးခဲ့ပါတယ် ။
သူ့သူငယ်ချင်းနဲ့ အတူတူဆွဲကြမယ် ဆိုပြီး အစီအစဉ်ချထားပြီးသား ပန်းချီကို အခု သူတစ်ယောက်တည်း ဖန်တီးရတဲ့အခါ ချစ်ခင်မှုကပေးတဲ့ သူ့ရဲ့ စိတ်ပင်ပန်းမှုတွေကို ပန်းချီဇာတ်ကောင်တွေမှာ ထင်ဟပ်နေစေခဲ့သလား မသိပါ ။ သူငယ်ချင်းမပါဘဲ သူတစ်ယောက်တည်း ဆွဲရတဲ့ ဟောဒီ ပန်းချီကားဟာ မာရီရော့တိုရဲ့ အကောင်းဆုံးပန်းချီကား ဖြစ်လာခဲ့တယ် ။ ဖက်လှဲတကင်း နှုတ်ဆက်နေကြတဲ့ မေရီနဲ့ အဲလိဇဘက်ဟာ ချစ်ခင်ကြင်နာခြင်းဆိုတဲ့ ခံစားမှုအပြင် နွမ်းနယ်ပင်ပန်းတဲ့ခံစားမှုတစ်ခုကိုလည်း ပေးနေတယ် ထင်တာပါဘဲ ။ ဆုံးရှံုးခြင်းကနေ ဖြစ်လာတဲ့ စိတ်ပျက်ခြင်း ၊ အားငယ်ဝမ်းနည်းခြင်းတွေကို မာရီရော့တိုတစ်ယောက် အစွမ်းကုန်အာခံခဲ့လေသလားတော့ မသိ ၊ ထူးခြားခမ်းနားစွာ တောက်ပနေတဲ့ အရောင်တွေနဲ့ ဒီ The Visitation အမည်ရ ပန်းချီကားဟာ ရီနေးဆန့်ခေတ်ရဲ့ masterpiece တစ်ခုလည်း ဖြစ်လာခဲ့ပါတယ် ။
( နေရာ- Florence မြို့ ... Uffizi Gallery )

Spring Flowers

No comments:

Post a Comment