Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 3, 2016

Trump ထပ္အႏိုင္ရ Cruz ၿပိဳင္ပြဲက ႏွဳတ္ထြက္ၿပီ

Ted Cruz က သမၼတေလာင္း ၿပိဳင္ပြဲကေန ႏွဳတ္ထြက္လိုက္ၿပီ ျဖစ္ပါတယ္။ (Credit: Reuters) 
Indiana ​ျပည္နယ္ ​ပရိုင္မာရီ ​သမၼတေလာင္း ​ေရြးခ်ယ္ပြဲမွာ ​ရွဳံးနိမ့္သြားတဲ့ ​Ted ​Cruz ​က ​ၿပိဳင္ပြဲကေန ​ႏွဳတ္ထြက္လိုက္တဲ့အတြက္ ​Donald ​Trump ​အေနနဲ႔ ​သမၼတေလာင္း ​ျဖစ္လာဖို႔ ​ပိုၿပီး ​ေသျခာလာေနပါတယ္။

Donald ​Trump ​ဟာ ​Indiana ​ေရြးခ်ယ္ပြဲမွာ ​အႏိုင္ရရွိတဲ့အျပင္ ​အဓိက ​ၿပိဳင္ဘက္ ​Ted ​Cruz ​ကလည္း ​ၿပိဳင္ပြဲကေန ​ႏွဳတ္ထြက္လိုက္တဲ့အတြက္ ​Donald ​Trump ​က ​ရီပါပေလကန္ ​ပါတီကို ​ကိုယ္စားျပဳမယ့္ ​အေမရိကန္ ​သမၼတေလာင္း ​ျဖစ္ဖို႔ ​အင္မတန္ ​နီးစပ္လာတာပါ။

အခုေလာေလာဆယ္ ​Donald ​Trump ​ရဲ့ ​ၿပိဳင္ဘက္က ​ေအာင္ျမင္မႈ ​သိပ္မရတဲ့ ​John ​Kasich ​ျဖစ္လာပါတယ္။

ဒီမိုကရက္ပါတီအတြက္ ​သမၼတေလာင္း ​ေရြးခ်ယ္ပြဲမွာေတာ့ ​ဒီတခ်ီ ​Bernie ​Sanders ​က ​ဟီလာရီ ​ကလင္တန္ကို ​အႏိုင္ရရွိသြားပါတယ္။

Indiana ​ျပည္နယ္ ​ေရြးခ်ယ္ပြဲမွာ ​Bernie ​Sanders ​က ​၅၃.၂% ​ရရွိၿပီး ​ဟီလာရီ ​ကလင္တန္က ​၄၆.၈% ​ပဲ ​ရရွိေပမယ့္ ​အခုေလာေလာဆယ္ ​ဟီလာရီ ​ကလင္တန္က ​ေရွ႕ေျပးေနဆဲ ​ျဖစ္ပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese

.............................


Ted Cruz က သမ္မတလောင်း ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။ (Credit: Reuters)
Indiana ​ပြည်နယ် ​ပရိုင်မာရီ ​သမ္မတလောင်း ​ရွေးချယ်ပွဲမှာ ​ရှုံးနိမ့်သွားတဲ့ ​Ted ​Cruz ​က ​ပြိုင်ပွဲကနေ ​နှုတ်ထွက်လိုက်တဲ့အတွက် ​Donald ​Trump ​အနေနဲ့ ​သမ္မတလောင်း ​ဖြစ်လာဖို့ ​ပိုပြီး ​သေခြာလာနေပါတယ်။

Donald ​Trump ​ဟာ ​Indiana ​ရွေးချယ်ပွဲမှာ ​အနိုင်ရရှိတဲ့အပြင် ​အဓိက ​ပြိုင်ဘက် ​Ted ​Cruz ​ကလည်း ​ပြိုင်ပွဲကနေ ​နှုတ်ထွက်လိုက်တဲ့အတွက် ​Donald ​Trump ​က ​ရီပါပလေကန် ​ပါတီကို ​ကိုယ်စားပြုမယ့် ​အမေရိကန် ​သမ္မတလောင်း ​ဖြစ်ဖို့ ​အင်မတန် ​နီးစပ်လာတာပါ။

အခုလောလောဆယ် ​Donald ​Trump ​ရဲ့ ​ပြိုင်ဘက်က ​အောင်မြင်မှု ​သိပ်မရတဲ့ ​John ​Kasich ​ဖြစ်လာပါတယ်။

ဒီမိုကရက်ပါတီအတွက် ​သမ္မတလောင်း ​ရွေးချယ်ပွဲမှာတော့ ​ဒီတချီ ​Bernie ​Sanders ​က ​ဟီလာရီ ​ကလင်တန်ကို ​အနိုင်ရရှိသွားပါတယ်။

Indiana ​ပြည်နယ် ​ရွေးချယ်ပွဲမှာ ​Bernie ​Sanders ​က ​၅၃.၂% ​ရရှိပြီး ​ဟီလာရီ ​ကလင်တန်က ​၄၆.၈% ​ပဲ ​ရရှိပေမယ့် ​အခုလောလောဆယ် ​ဟီလာရီ ​ကလင်တန်က ​ရှေ့ပြေးနေဆဲ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:

Post a Comment