Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 11, 2016

လိုင်းကားပေါ်က ဂိုဏ်းစတားများနှင့် facebook ပေါ်မှ ရိုက်ခတ်သံ


လိုင်းကားပေါ်က ဂိုဏ်းစတားများ

ယာဉ်လိုင်း (၂၁၃) ယာဉ်နောက်လိုက်က ခရီးသည် အမျိုးသမီးတစ်ယောက်ကို ပါးရိုက်၊ ဆဲဆို၊ ကန် ကျောက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခု မေလ ၁၀ ရက်နေ့က လမ်းမတော်မြို့နယ်၊ စံပြမှတ်တိုင်မှာ ဖြစ်ခဲ့သတဲ့ဗျာ။ အသက် ၂၆ နှစ်အရွယ်အမျိုးသမီးက မှတ်တိုင်မရောက်မီကြိုထပြီးတော့ ၁၅ လမ်းမှတ်တိုင်ကို ဆင်းဖို့ ပြင်နေချိန် မှာ ယာဉ်နောက်လိုက်က လမ်းပိတ်တယ်ဆိုပြီး ဆဲတော့တယ်။

သူ့ကို ဆဲတဲ့ ယာဉ်နောက်လိုက်ကို အမျိုးသမီးက ဓာတ်ပုံရိုက်ဖို့လုပ်တော့ ယာဉ်နောက်လိုက်က အောက်ဆင်းပြီး ပါးရိုက် ထိုးကြိတ်လို့ မျက်နှာဖူးရောင်သွားရတယ်ဗျာ။ ဘယ်လောက်တောင် လူမဆန်တဲ့ ကိစ္စတွေလဲ။

ကျွန်တော်တို့ပြည်သူတွေဟာ လိုင်းကားပေါ် တက်လိုက်တာနဲ့ လူ့အခွင့်အရေးတွေ အလိုအလျောက် ဆုံးရှုံး သွားရတော့တာပဲဗျ။ ကားပေါ်မှာ ဆင်းမယ့်မှတ်တိုင် ကြိုပြောဆိုတာ ကြားရမှာပဲ။ မှတ်တိုင်ရောက်လို့ ဆင်းဖို့ အသင့် အနေအထား မဖြစ်ရင်လည်း အဆဲခံရ၊ ကြိုထလည်းအပြစ်၊ ကြိုမထလည်း အပြစ်ဖြစ်နေကြရတဲ့ဘဝ စဉ်းစားသာကြည့်ကြတော့ဗျာ။

ညကလည်း ကျွန်တော် ရွှေဂုံတိုင်ကနေ မြို့ထဲကို ယာဉ်လိုင်း၂၃၅ နဲ့ပြန်လာတယ်။ ၃ လမ်းမှတ်တိုင်မှာ အဖွားကြီးတစ်ယောက်နဲ့ သံဃာတော်တစ်ပါးတက်ပါတယ်။ ဦးထောင်ဘိုအဝိုင်းရောက်တော့ အဖွားက “ကျောက်တိုင်ပါတယ်” လို့ အော်လိုက်တယ်။ အဲဒါကို ယာဉ်နောက်လိုက်က ကျောက်တိုင်မှတ်တိုင် မရပ်ဘူး ဆိုတာ မသိဘူးလားတဲ့။ မှတ်တိုင်သတ်မှတ်ထားရင် ရပ်ရမှာပေါ့။ ကျွန်တော်က မနေနိုင်မထိုင်နိုင် “ညီလေး တို့ရယ် သံဃာရော အဖွားပါ ဆင်းရမှာ၊ ယောက်လမ်းအထိ ပါသွားရင် ဘယ်လိုပြန်ရမလဲ ရပ်ပေးလိုက်ပါကွာ” လို့ ပြောလိုက်တော့ မကျေမနပ်နဲ့ ဘုကြည့်တာခံရတယ်။ အလျဉ်းမသင့်ရင် ကိုယ်လည်း အထိုးခံရနိုင်ပါလားလို့ ခုမှ ပြန်တွေးမိတယ်။

အမှန်တော့ နောက်ကားနဲ့ သူတို့အခေါ် ဖိုက်လာတာ။ ကျောက်တိုင်ကို အပြိုင်မောင်းပြီး ယောက်လမ်းနဲ့ ရုပ်ရှင်ရုံမှာ လူလုချင်လို့ မရပ်ဘူး၊ မှတ်တိုင်မရှိဘူး လုပ်ကြတာပေါ့။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကတော့ ရာဇဝတ်ဂိုဏ်းတွေ ကျူးကျော်ဂိုဏ်းတွေကို ရှင်းလင်းမယ်လို့ ပြောသဗျ။ ကိုဖြိုးမင်းသိန်းရေ ရာဇဝတ်ဂိုဏ်းစတားတွေက ရန်ကုန်နေရာအနှံ့က လိုင်းကားတိုင်းလိုလိုမှာ ရှိနေသဗျ။ ဟိုတစ်နေ့ကပဲ တုတ်ဆွဲ ဓားဆွဲ ရန်ပွဲကို ကြည့်လိုက်ရသေးတယ်။ ပြည်သူတွေရဲ့ အသက်နဲ့အရှက်တွေကို ရပ်ကွက်ထဲမှာ အုပ်စုဖွဲ့ပြီး ဗိုလ်ကျနေမှာ ရာဇဝတ်ဂိုဏ်းစတားတွေ မဟုတ်ပါဘူးဗျာ။ လူတိုင်း ပြည်သူတိုင်း နေ့တိုင်း ရင်ဆိုင် ကြုံတွေ့နေရတဲ့ လိုင်းကားတွေပေါ်မှာလည်း ဂိုဏ်းစတားတွေက သောင်းကျန်းချင် တိုင်း သောင်းကျန်းနေတာကို ဒီအတိုင်းကြည့်မနေသင့်တော့ကြောင်းပါ။

၁၂.၅.၂၀၁၆
Tin Nyunt (facebook)

No comments:

Post a Comment