Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 22, 2016








( Michelle )


Ref : UPI

.....................................


“Captain America: Civil War"ရုပ်ရှင်က မြောက်အမေရိကမှာရုံတင်ပြီးဒုတိယပတ်အထိ နံပတ်တစ်နေမှာရပ်တည်နေ


 “ Captain America: Civil War “ ရုပ်ရှင်ဟာ မြောက်အမေရိကမှာ ရုံတင်ပြီး ဒုတိယပတ်အထိ နံပတ် ၁ နေရာမှာ ရပ်တည်နေပြီး အပိုဝင်ငွေ အမေရိကန်ဒေါ်လာ 72.6 သန်းအထိ ရရှိခဲ့ကြောင်း BoxOfficeMojo.com က တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။

ဒီကားမှာတော့ စူပါဟီးရိုးတွေအဖြစ် Chris Evans, Robert Downey Jr., Scarlett Johansson နဲ့ Paul Rudd တို့က ပါ၀င်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

နံပါတ် ၂ နေရာမှာတော့ အမေရိကန်ဒေါ်လာ 17.8 သန်း ရုံတင်ဝင်ငွေ ရရှိတဲ့ The Jungle Book ၊ နံပါတ် ၃ နေရာမှာ အမေရိကန်ဒေါ်လာ 15 သန်း ရုံတင်ဝင်ငွေ ရရှိတဲ့ Money Monster ၊ The Darkness က အမေရိကန်ဒေါ်လာ 5.2 သန်း ရုံတင်ဝင်ငွေနဲ့ နံပါတ် ၅ နေရာမှာတော့ Mother's Day က ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ 3.3 သန်းနဲ့ ရပ်တည်နေပါတယ်။

ပြီးရင်တော့ Zootopia ၊ The Huntsman: Winter's War ၊ Keanu ၊ Barbershop: The Next Cut  နဲ့ The Boss  တို့က နံပါတ် ၆ ကနေ နံပါတ် ၁၀ နေရာအထိ အသီးသီး ရပ်တည်နေကြောင်း သိရပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI

No comments:

Post a Comment