Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 22, 2016

တစ္ရက္ ၆ နာရီ ေန႔စဥ္ဖုန္းေျပာလို႔ ဦးေႏွာက္ကင္ဆာျဖင့္ ေသဆံုးသူ






ျဗိတိန္ႏိုင္ငံမွ အသက္ ၄၄ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ Ian Phillips အမည္ရ အမ်ိဳသား တစ္ဦးဟာ ဦးေႏွာက္ကင္ဆာျဖင့္ ယခုရက္ပိုင္းေလးတင္ ေသဆံုးခဲ့ ပါတယ္။ သူေသဆံုးရတဲ့ အေၾကာင္းရင္း အေနျဖင့္ တစ္ရက္ကို ေန႔စဥ္ ၆ နာရီ ႏွစ္ေတာ္ၾကာ ဖုန္းေျပာခဲ့ျခင္းေၾကာင့္ ျဖစ္ေၾကာင္း ဆုိပါတယ္။
သူဟာ ဦးေႏွာက္ကင္ဆာရွိေနျပီ ျဖစ္ေၾကာင္းကို ၂၀၁၅ ခုႏွစ္ ေဖေဖာ္ဝါရီလမွ စတင္ သိရွိခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္ဟာ တယ္လီဖုန္းကေန ေဖာက္သည္မ်ားကို ေန႔စဥ္ စကားေျပာဆုိရတဲ့ အလုပ္အမ်ိဳးစား ျဖစ္ျပီး တစ္ရက္ကို ပ်မ္းမွ်အားျဖင့္ ၆ နာရီေလာက္ ေျပာရ ပါတယ္။ ယင္းသုိ႔ ေျပာဆုိျခင္းကို ေန႔စဥ္လုပ္ရျပီး တစ္လကို နာရီေပါင္း ၁၀၀ မက ေျပာေနရပါတယ္။ ႏွစ္အေတာ္ၾကာလာတဲ့အခါ ၂၀၁၅ ႏွစ္ဆန္းေရာက္ေတာ့ နားမွာ အနီေရာင္အကြက္ေတြ ျဖစ္လာျပီး ေနရထိုင္ရ မသက္သာေတာ့တာေၾကာင့္ ေဆးစစ္တဲ့အခါ ကင္ဆာ ရွိေၾကာင္း သိခဲ့ ရပါတယ္။ ကင္ဆာ အၾကိတ္ဟာ သံပုရာသီး အလံုးအရြယ္အစား ေလာက္ကို ရွိေနေၾကာင္း ဆုိပါတယ္။
ဒါေၾကာင့္ သူဟာ တစ္ႏွစ္ဝန္းက်င္သာ အသက္ရွင္ရေတာ့မယ္ ဆုိတာကို သိရွိခဲ့ ပါတယ္။ ဒါေၾကာင့္ မုိဘိုင္းဖုန္းအသံုးျပဳျခင္းဟာ ဦးေႏွာက္ကင္ဆာကို ျဖစ္ေပၚေစေၾကာင္း သူမေသခင္ လပိုင္းအတြင္း campaign မ်ားလုပ္ျပီး လွုပ္ရွားခဲ့ ပါတယ္။
မုိဘိုင္းဖုန္းကေန ထုတ္လြင့္တဲ့ Radiation (ေရာင္ျခည္ျဖာထြက္မွု) ဟာ တကယ္ပဲ ဦးေႏွာက္ကင္ဆာကို ျဖစ္ပြားရန္ အားမ်ားသလားဆုိတာ ေဆးပညာရွင္မ်ား သက္ေသမျပႏုိင္ေသးတဲ့ အေၾကာင္းရာ တစ္ခု ျဖစ္ပါတယ္။ radiation နည္းေအာင္ စံႏွုန္းအားျဖင့္ ထုတ္လုပ္ရန္ ႏိုင္ငံအသီးသီးမွာ အဖြဲ႔စည္းမ်ား ရွိေနျပီး ယင္း သတ္မွတ္ထားတဲ့ စံႏွုန္းေအာက္ဖုန္းေတြေတာင္ ကင္ဆာျဖစ္ေစသလား ဆုိတာ အျငင္းပြားစရာ ျဖစ္လာပါတယ္။
.
Ref: dailymail
ေအာင္ခမ္း (ရိုးရာေလး)

..........................................

တစ်ရက် ၆ နာရီ နေ့စဉ်ဖုန်းပြောလို့ ဦးနှောက်ကင်ဆာဖြင့် သေဆုံးသူ
ဗြိတိန်နိုင်ငံမှ အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Ian Phillips အမည်ရ အမျိုသား တစ်ဦးဟာ ဦးနှောက်ကင်ဆာဖြင့် ယခုရက်ပိုင်းလေးတင် သေဆုံးခဲ့ ပါတယ်။ သူသေဆုံးရတဲ့ အကြောင်းရင်း အနေဖြင့် တစ်ရက်ကို နေ့စဉ် ၆ နာရီ နှစ်တော်ကြာ ဖုန်းပြောခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဆိုပါတယ်။
သူဟာ ဦးနှောက်ကင်ဆာရှိနေပြီ ဖြစ်ကြောင်းကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှ စတင် သိရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်ဟာ တယ်လီဖုန်းကနေ ဖောက်သည်များကို နေ့စဉ် စကားပြောဆိုရတဲ့ အလုပ်အမျိုးစား ဖြစ်ပြီး တစ်ရက်ကို ပျမ်းမျှအားဖြင့် ၆ နာရီလောက် ပြောရ ပါတယ်။ ယင်းသို့ ပြောဆိုခြင်းကို နေ့စဉ်လုပ်ရပြီး တစ်လကို နာရီပေါင်း ၁၀၀ မက ပြောနေရပါတယ်။ နှစ်အတော်ကြာလာတဲ့အခါ ၂၀၁၅ နှစ်ဆန်းရောက်တော့ နားမှာ အနီရောင်အကွက်တွေ ဖြစ်လာပြီး နေရထိုင်ရ မသက်သာတော့တာကြောင့် ဆေးစစ်တဲ့အခါ ကင်ဆာ ရှိကြောင်း သိခဲ့ ရပါတယ်။ ကင်ဆာ အကြိတ်ဟာ သံပုရာသီး အလုံးအရွယ်အစား လောက်ကို ရှိနေကြောင်း ဆိုပါတယ်။
ဒါကြောင့် သူဟာ တစ်နှစ်ဝန်းကျင်သာ အသက်ရှင်ရတော့မယ် ဆိုတာကို သိရှိခဲ့ ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်းအသုံးပြုခြင်းဟာ ဦးနှောက်ကင်ဆာကို ဖြစ်ပေါ်စေကြောင်း သူမသေခင် လပိုင်းအတွင်း campaign များလုပ်ပြီး လှုပ်ရှားခဲ့ ပါတယ်။
မိုဘိုင်းဖုန်းကနေ ထုတ်လွင့်တဲ့ Radiation (ရောင်ခြည်ဖြာထွက်မှု) ဟာ တကယ်ပဲ ဦးနှောက်ကင်ဆာကို ဖြစ်ပွားရန် အားများသလားဆိုတာ ဆေးပညာရှင်များ သက်သေမပြနိုင်သေးတဲ့ အကြောင်းရာ တစ်ခု ဖြစ်ပါတယ်။ radiation နည်းအောင် စံနှုန်းအားဖြင့် ထုတ်လုပ်ရန် နိုင်ငံအသီးသီးမှာ အဖွဲ့စည်းများ ရှိနေပြီး ယင်း သတ်မှတ်ထားတဲ့ စံနှုန်းအောက်ဖုန်းတွေတောင် ကင်ဆာဖြစ်စေသလား ဆိုတာ အငြင်းပွားစရာ ဖြစ်လာပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment