Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 30, 2016

ျပည္ခိုင္ၿဖိဳးပါတီတြင္း ျပႆနာ အိတ္ဖြင့္ေပးစာ


 ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမွာ အာဏာရ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ့ၿဖိဳးေရး ပါတီက ေထာက္ခံမဲ ဒုတိယ အမ်ားဆုံး ရခဲ့
ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ့ၿဖိဳးေရးပါတီ အတြင္း ဥပေဒ စည္းမ်ဥ္း စည္းကမ္းေတြနဲ႔ ညီညြတ္မွု မရွိတဲ့ ေဆာင္ရြက္ခ်က္ေတြကို ျပန္လည္ သုံးသပ္ဖို႔ ပါတီဥကၠ႒ ဉီးသိန္းစိန္ကို တိုက္တြန္းလိုက္ေၾကာင္း ပါတီတြင္းကေန အနားေပးခံခဲ့ရတဲ့ ပါတီဝင္ ၁၂ဉီးက သတင္းစာ ရွင္းလင္းပြဲ လုပ္ခဲ့ပါတယ္။

ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ့ၿဖိဳးေရး ပါတီရဲ့ ပါတီတြင္း ျပႆနာဟာ ပါတီ အဝိုင္းအဝန္းကို ေက်ာ္ၿပီး နိုင္ငံေတာ္နဲ႔ ျပည္သူေတြကို တနည္းတဖုံ ရိုက္ခတ္ေစနိုင္တဲ့ အတြက္ အခုလို တင္ျပရတာလို႔ သူတို႔ရဲ့ အိတ္ဖြင့္ေပးစာမွာ ေဖာ္ျပထား ပါတယ္။

ဧၿပီလတုန္းက ပါတီဝင္ ၁၅ဉီးကို အသိမေပး၊ ခုခံေခ်ပခြင့္လည္း မေပးပဲ ပါတီကေန အနားေပး ထုတ္ပယ္ခဲ့တဲ့ ကိစၥ၊ ပါတီရဲ့ ေရြးေကာက္ တင္ေျမႇာက္ပုံ စနစ္ အတိုင္း မဟုတ္ပဲ ဗဟို အလုပ္အမွုေဆာင္ ေကာ္မတီဝင္သစ္ေတြကို ၿပီးခဲ့တဲ့ ၾသဂုတ္လက ခန္႔အပ္ တာဝန္ေပးခဲ့တဲ့ ကိစၥ၊ ပါတီဖြဲ႕စည္းပုံ အရ တစ္ႏွစ္ အနည္းဆုံး ႏွစ္ႀကိမ္ ပါတီ ဗဟို ေကာ္မတီ အစည္း အေဝးေခၚရမွာ ျဖစ္ေပမဲ့ တစ္ႏွစ္ျပည့္ခ်ိန္ အထိ မေခၚတဲ့ ကိစၥ စတာေတြဟာ ပါတီရဲ့ စည္းမ်ဥ္း စည္းကမ္းေတြနဲ႔ ညီညြတ္မွု မရွိဘူးလို႔ ပါတီကေန အနားေပးခံခဲ့ရတဲ့ ဗဟိုေကာ္မတီဝင္ ဉီး ေဇာ္ျမင့္ေဖက ဘီဘီစီကို ေျပာပါတယ္။

ဒီအိတ္ဖြင့္ေပးစာကို ပါတီဝင္ ၁၂ဉီးကပဲ လက္မွတ္ေရးထိုး တင္ျပခဲ့တာ ျဖစ္ေပမယ့္ ေအာက္ေၿခ ပါတီဝင္ေတြ အေနနဲ႔လည္း မေၾကနပ္မွုေတြ ရွိေနၿပီး ဒါကို ပါတီ ေခါင္းေဆာင္ ဆိုသူေတြက ျပန္လည္ ျပဳျပင္ရမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမွာ မဲဆႏၵရွင္ေတြရဲ့ ေထာက္ခံမဲ ဒုတိယ အမ်ားဆုံး ရထားၿပီး ေတာင့္တင္းခိုင္မာတဲ့ ျပည္ခိုင္ၿဖိဳးပါတီ အေနနဲ႔ ပါတီစုံ ဒီမိုကေရစီ ေခတ္မွာ အာဏာရ ပါတီအေပၚ ေျပာသင့္ ေျပာထိုက္တာေတြ ေျပာၿပီး Check and Balance ထိန္းညႇိေပးတာမ်ိဳးေတြ မရွိပဲ ပါတီတြင္း အာဏာ ကိစၥ၊ ရာထူး ကိစၥေတြအတြက္ အခ်ိန္ကုန္ေနမယ္ ဆိုရင္ ေအာင္နိုင္ေရး မေျပာနဲ႔၊ ပါတီ ရွင္သန္ေရး အတြက္ကိုေတာင္ အေတာ္ ႀကိဳးစားရမယ့္ အေျခအေန ရွိေနတယ္လို႔ ဉီးေဇာ္ျမင့္ေဖ က ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese/
.........


 ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ထောက်ခံမဲ ဒုတိယ အများဆုံး ရခဲ့
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အတွင်း ဥပဒေ စည်းမျဉ်း စည်းကမ်းတွေနဲ့ ညီညွတ်မှု မရှိတဲ့ ဆောင်ရွက်ချက်တွေကို ပြန်လည် သုံးသပ်ဖို့ ပါတီဥက္ကဋ္ဌ ဉီးသိန်းစိန်ကို တိုက်တွန်းလိုက်ကြောင်း ပါတီတွင်းကနေ အနားပေးခံခဲ့ရတဲ့ ပါတီဝင် ၁၂ဉီးက သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ပါတီတွင်း ပြဿနာဟာ ပါတီ အဝိုင်းအဝန်းကို ကျော်ပြီး နိုင်ငံတော်နဲ့ ပြည်သူတွေကို တနည်းတဖုံ ရိုက်ခတ်စေနိုင်တဲ့ အတွက် အခုလို တင်ပြရတာလို့ သူတို့ရဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထား ပါတယ်။

ဧပြီလတုန်းက ပါတီဝင် ၁၅ဉီးကို အသိမပေး၊ ခုခံချေပခွင့်လည်း မပေးပဲ ပါတီကနေ အနားပေး ထုတ်ပယ်ခဲ့တဲ့ ကိစ္စ၊ ပါတီရဲ့ ရွေးကောက် တင်မြှောက်ပုံ စနစ် အတိုင်း မဟုတ်ပဲ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်သစ်တွေကို ပြီးခဲ့တဲ့ သြဂုတ်လက ခန့်အပ် တာဝန်ပေးခဲ့တဲ့ ကိစ္စ၊ ပါတီဖွဲ့စည်းပုံ အရ တစ်နှစ် အနည်းဆုံး နှစ်ကြိမ် ပါတီ ဗဟို ကော်မတီ အစည်း အဝေးခေါ်ရမှာ ဖြစ်ပေမဲ့ တစ်နှစ်ပြည့်ချိန် အထိ မခေါ်တဲ့ ကိစ္စ စတာတွေဟာ ပါတီရဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ညီညွတ်မှု မရှိဘူးလို့ ပါတီကနေ အနားပေးခံခဲ့ရတဲ့ ဗဟိုကော်မတီဝင် ဉီး ဇော်မြင့်ဖေက ဘီဘီစီကို ပြောပါတယ်။

ဒီအိတ်ဖွင့်ပေးစာကို ပါတီဝင် ၁၂ဉီးကပဲ လက်မှတ်ရေးထိုး တင်ပြခဲ့တာ ဖြစ်ပေမယ့် အောက်ခြေ ပါတီဝင်တွေ အနေနဲ့လည်း မကြေနပ်မှုတွေ ရှိနေပြီး ဒါကို ပါတီ ခေါင်းဆောင် ဆိုသူတွေက ပြန်လည် ပြုပြင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမဲ ဒုတိယ အများဆုံး ရထားပြီး တောင့်တင်းခိုင်မာတဲ့ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ပါတီစုံ ဒီမိုကရေစီ ခေတ်မှာ အာဏာရ ပါတီအပေါ် ပြောသင့် ပြောထိုက်တာတွေ ပြောပြီး Check and Balance ထိန်းညှိပေးတာမျိုးတွေ မရှိပဲ ပါတီတွင်း အာဏာ ကိစ္စ၊ ရာထူး ကိစ္စတွေအတွက် အချိန်ကုန်နေမယ် ဆိုရင် အောင်နိုင်ရေး မပြောနဲ့၊ ပါတီ ရှင်သန်ရေး အတွက်ကိုတောင် အတော် ကြိုးစားရမယ့် အခြေအနေ ရှိနေတယ်လို့ ဉီးဇော်မြင့်ဖေ က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese/

No comments:

Post a Comment