Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 17, 2016

အလုပ္သမားေတြ စာတင္ဖို႔ လႊတ္ေတာ္ဥကၠဌေျပာ


စစ္ကိုင္းၿမိဳ႕ကေန လမ္းေလွ်ာက္ခ်ီတက္လာတဲ့ Myanmar Veneer သစ္အေခ်ာထည္စက္႐ံု အလုပ္သမားေတြ ေမလ ၁၇ ရက္ေန႔က ရမည္းသင္းၿမိဳ႕နယ္ ျပတိုက္ေက်းရြာကို ေရာက္ရွိလာစဥ္။ Photo: Myo Thant Khaing/RFA
ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕နယ္ကေန ၅ မိုင္အကြာမွာ ေရာက္ရွိေနတဲ့ စစ္ကိုင္းၿမိဳ႕ Myanmar Veneer သစ္အေခ်ာ ထည္စက္ရံု အလုပ္သမားေတြက လႊတ္ေတာ္ၾကားနာပဲြ ျပဳလုပ္ေပးဖို႔ ေတာင္းဆိုတဲ့အတြက္ အလုပ္သမားေတြ ဘက္က တရား၀င္စာတင္ဖို႔ လိုအပ္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ဦးဝင္းျမင့္ က ေျပာပါတယ္။

အလုပ္သမားေတြရဲ့ ေတာင္းဆုိခ်က္ေတြကို ေမးျမန္းေဆြးေႏြးခဲ့တာျဖစ္ၿပီး ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ဦး၀င္းျမင့္ထံ တင္ျပရာမွာ လႊတ္ေတာ္ဥကၠဌက စာတင္ဖို႔ ေျပာတာျဖစ္တယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရည္မြန္က ဒီေန႔ ေျပာပါတယ္။

ဆႏၵျပအလုပ္သမားေတြဟာ ဒီေန႔ ရမည္းသင္းျမိဳ႕နယ္ ျပတုိက္ေက်းရြာမွာ ညအိပ္ရပ္နားမွာျဖစ္ၿပီး မနက္ျဖန္ ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕ကို ဆက္လက္လမ္းေလွ်ာက္မွာျဖစ္ပါတယ္။

မေန႔ကစၿပီး တပ္ကုန္းၿမိဳ႔အ၀င္မွာ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕နဲ႔ အုပ္ခ်ဳပ္ေရးမွဴးေတြက အတားအဆီးေတြ ခ်ထားၿပီး လံုျခံဳေရးရဲတပ္ဖြဲ႔၀င္ေတြ၊ က်န္းမာေရးေစာင့္ေရွာက္မႈေပးမယ့္အဖြဲ႔ေတြနဲ႔ ေစာင့္ဆိုင္းေနပါတယ္။

စစ္ကိုင္းၿမိဳ႕ Myanmar Veneer သစ္အေခ်ာထည္စက္႐ံုက အလုပ္သမား ၁၀၀ ေက်ာ္ဟာ အလုုပ္သမား အခြင့္အေရးမ်ားရရွိဖို႔ စက္႐ံုပိုင္ရွင္နဲ႔ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္၀ါရီလကတည္းက စၿပီး ဧၿပီလကုန္အထိ အႀကိမ္ ႀကိမ္ ေဆြးေႏြးခဲ့ေပမယ့္ ေျပလည္မႈမရဘဲ အလုပ္ထုတ္ခံခဲ့ရတာျဖစ္ပါတယ္။

ဆႏၵျပအလုပ္သမားေတြဟာ ၿပီးခဲ့တဲ့ ဧၿပီလ ၂၉ရက္ေန႔စၿပီး ေနျပည္ေတာ္ကို လမ္းေလွ်ာက္ခ်ီတက္လာတာျဖစ္ၿပီး သူတုိ႔ရဲ႕ ေတာင္းဆိုခ်က္ေတြက အလုပ္ျဖဳတ္ခံရတဲ့ အလုပ္သမား ၁၀၀ ေက်ာ္ထဲက အလုုပ္သမား ၆၀ ကို Myanmar Veneer သစ္အေခ်ာထည္စက္႐ံုမွာ အလုပ္ျပန္ခန္႔ေပးဖို႔၊ အလုပ္ထုတ္ခံထားရတ့ဲ ၾကားကာလအတြက္ အလုပ္ရွင္ဘက္က နစ္နာေၾကးေပးဖို႔၊ ဆႏၵျပမႈကို အေရးမယူဖို႔၊ သူတုိ႔ဖဲြ႔စည္းထားတဲ့ အလုပ္သမားသမဂၢကို အသိအမွတ္ျပဳေပးဖို႔တို႔ ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
......

စစ်ကိုင်းမြို့ကနေ လမ်းလျှောက်ချီတက်လာတဲ့ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားတွေ မေလ ၁၇ ရက်နေ့က ရမည်းသင်းမြို့နယ် ပြတိုက်ကျေးရွာကို ရောက်ရှိလာစဉ်။ Photo: Myo Thant Khaing/RFA
နေပြည်တော် တပ်ကုန်းမြို့နယ်ကနေ ၅ မိုင်အကွာမှာ ရောက်ရှိနေတဲ့ စစ်ကိုင်းမြို့ Myanmar Veneer သစ်အချော ထည်စက်ရုံ အလုပ်သမားတွေက လွှတ်တော်ကြားနာပွဲ ပြုလုပ်ပေးဖို့ တောင်းဆိုတဲ့အတွက် အလုပ်သမားတွေ ဘက်က တရားဝင်စာတင်ဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ပြောပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို မေးမြန်းဆွေးနွေးခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ထံ တင်ပြရာမှာ လွှတ်တော်ဥက္ကဌက စာတင်ဖို့ ပြောတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်က ဒီနေ့ ပြောပါတယ်။

ဆန္ဒပြအလုပ်သမားတွေဟာ ဒီနေ့ ရမည်းသင်းမြို့နယ် ပြတိုက်ကျေးရွာမှာ ညအိပ်ရပ်နားမှာဖြစ်ပြီး မနက်ဖြန် နေပြည်တော် တပ်ကုန်းမြို့ကို ဆက်လက်လမ်းလျှောက်မှာဖြစ်ပါတယ်။

မနေ့ကစပြီး တပ်ကုန်းမြို့အဝင်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးတွေက အတားအဆီးတွေ ချထားပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးမယ့်အဖွဲ့တွေနဲ့ စောင့်ဆိုင်းနေပါတယ်။

စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည်စက်ရုံက အလုပ်သမား ၁၀၀ ကျော်ဟာ အလုုပ်သမား အခွင့်အရေးများရရှိဖို့ စက်ရုံပိုင်ရှင်နဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကတည်းက စပြီး ဧပြီလကုန်အထိ အကြိမ် ကြိမ် ဆွေးနွေးခဲ့ပေမယ့် ပြေလည်မှုမရဘဲ အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဆန္ဒပြအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့စပြီး နေပြည်တော်ကို လမ်းလျှောက်ချီတက်လာတာဖြစ်ပြီး သူတို့ရဲ့ တောင်းဆိုချက်တွေက အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား ၁၀၀ ကျော်ထဲက အလုုပ်သမား ၆၀ ကို Myanmar Veneer သစ်အချောထည်စက်ရုံမှာ အလုပ်ပြန်ခန့်ပေးဖို့၊ အလုပ်ထုတ်ခံထားရတဲ့ ကြားကာလအတွက် အလုပ်ရှင်ဘက်က နစ်နာကြေးပေးဖို့၊ ဆန္ဒပြမှုကို အရေးမယူဖို့၊ သူတို့ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂကို အသိအမှတ်ပြုပေးဖို့တို့ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment