Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 17, 2016

ေက်ာက္စိမ္းအေၾကာင္း သိေကာင္းစရာ


... ေက်ာက္စိမ္း ဟာ
ကမၻာေပၚ မွာ ၃ ေနရာ ပဲ ေတြ ့ရပါတယ္ ။
... အေမရိကန္ ႏိုင္ငံ က
တကၠဆက္စ္ ၿပည္နယ္ ၊
တရုတ္ က ကြမ္က်ိဳးၿပည္နယ္ ရယ္ နဲ ့့
ကြ်န္ေတာ္ တုိ ့ ၿမန္မာ ႏုိင္ငံ က ကခ်င္ၿပည္နယ္ တုိ ့မွာပါပဲ ။
(ကြမ္က်ိဳး ဟာ မွားေနရင္ ၿပင္ေပးၾကပါ)
ဒီ ၃ ေနရာ မွာ ပဲ တူးေဖာ္ ေတြ ့ရွိႏုိင္ပါတယ္ ။
... ယေန ့ထိ ၊ ဒီ၃ ေနရာ က လြဲ လို ့
တၿခား ဘယ္ေနရာ မွာ မွ မေတြ ့ရေသးပါဘူး ။
... ဒီ၃ေနရာ ထဲ မွာ မွ ၊
ကမၻာ့အေကာင္းဆံုး ေက်ာက္စိမ္း ကို
ျမန္မာ ႏုိင္ငံ မွာပဲ တူးေဖာ္ ရရွိႏုိင္ပါတယ္ ။
... ဆုိလုိခ်င္တာ က
က်န္ ၂ ေနရာ က ထြက္တဲ့ ေက်ာက္စိမ္းဟာ မၿဖစ္စေလာက္ အနည္းအက်ဥ္းသာ ၿဖစ္ၿပီး ၊ အရည္အေသြး ၾက ေတာ့ လည္း ၿမန္မာႏုိင္ငံ ကို မမွီပါဘူး ။
... ဒါေၾကာင့္မို ့လည္း
ၿမန္မာ ့ေက်ာက္စိမ္း ဟာ ကမၻာမွာ နာမည္ ေက်ာ္ၾကား ေနရတာပါ ။
... ေက်ာက္စိမ္း ကို
ဘယ္ေနရာ ေတြ မွာ သံုးသလဲ ဆုိရင္….
ပုတီး၊လက္ေကာက္ ၊ဆြဲၿပား ၊ ဘုရားဆင္းတု ၊ ပန္းပု ထုၿခင္း ၊ ေက်ာက္စိမ္းပန္းခ်ီ စသည္ၿဖင့္ သံုးခဲ့ၾကပါတယ္ ။
... ယေန ့
တုိးတက္လာတဲ့ ေခတ္ၾကီး မွာေတာ့
ပိုက္ဆံ တတ္ႏုိင္သူမ်ား ဟာ
ေက်ာက္စိမ္းကို ပါေကးၿပား အရြယ္
ထုတ္လုပ္ ၿပီးေနအိမ္ေတြ မွာ
ပါေကးေတြ ခင္းလာပါတယ္ ။
... ( ခ်မ္းသာၾကြယ္ဝ မွဳေပါ့)
အိမ္ေတြ မွာ မီးဆုိင္းေတြ ကို
ေက်ာက္စိမ္း ေတြ နဲ ့ထုတ္လုပ္လာတယ္ ။
... ကားေတြ ထဲ က ဖင္ထုိင္ခံု ေအာက္မွာ ေက်ာက္စိမ္းလံုးေလး ေတြ ကို အခင္းသဖြယ္ ယက္ၿပီး ခင္းၾကတယ္ ။
... ေက်ာက္စိမ္း ရဲ ့သေဘာသဘာဝ က အေအးဓါတ္ရွိပါတယ္ ။
... ေရနံသူေဌး ႏိုင္ငံေတြ ၿဖစ္တဲ့ ၊
အာရပ္ ေတြ ဆီ မွာ ဆုိရင္ ေက်ာက္စိမ္းကုတင္ ၊ ေက်ာက္စိမ္း ထုိင္ခံု စသည္ၿဖင့္ သံုးစြဲ ၾကပါတယ္ ။
.. ကြ်န္ေတာ္ သိခဲ့ ရတဲ့ ယမ္း ( crystal ) အေၾကာင္းေလး ေရးၿပပါမယ္ ။
... သာမန္
လမ္းေဘး က ေက်ာက္တံုး တစ္တံုး နဲ ့ ေက်ာက္စိမ္း တံုး(အရိုင္းတံုး)နဲ ့၊
ဘယ္လို ခြဲ ၿခား မလဲ ဆုိရင္…
ဒီ ယမ္း ပါမပါ ကို ၾကည့္ၿပီး ခြဲ ႏိုင္ပါတယ္ ။
... ေက်ာက္စိမ္းတံုး အရိုင္းတံုး ေတြ ကို ေနေရာင္ေအာက္ မွာ
အနီးကပ္ ၾကည့္လိုက္မယ္ ဆုိရင္ ၊
လက္လက္ လက္လက္ နဲ ့လက္ေနတဲ့
အမွုန္ ေလး ေတြ ကို ၿမင္ရပါမယ္
... အနီးစပ္ဆံုး ဥပမာ ေပးရရင္ ၊
စာရြက္ အၿဖဴ တစ္ရြက္ေပၚမွာ ေဘာပင္ နဲ ့အစက္ကေလးေတြ ခ်လိုက္သလို ပါ ။ အစက္ေလးေတြ ပါ ။ လက္ေနပါတယ္ ။
.. ေမွာင္တဲ့ ေနရာမွာဆုိရင္ေတာ့ ေက်ာက္ၾကည့္ ဓါတ္မီး နဲ ့ထိုးၾကည့္ရင္ ၿမင္ရမွာပါ ။
( ဒီေနရာ မွာ ေၿပာခ်င္တာ တစ္ခု က ေတာ့ ၊ ေရႊတို ့ေငြတို ့ အစရွိသၿဖင့္ အၿခား သတၱဳ မ်ား ပါ၀င္တဲ့ ေက်ာက္ရိုင္းတံုး မွာလည္း လက္လက္ လက္လက္ ေတာက္ေနေပမယ့္ ၊
ေက်ာက္စိမ္း နဲ ့ေတာ့ တၿခား စီပါ ။
ေရႊ တို ့ေငြ တို ့မွာ လက္လက္ လက္လက္ က သူ ့အေရာင္ အလိုက္ ေတာက္ပါတယ္ ။ )
... အဲဒီ လက္လက္ လက္လက္ ေလးေတြ ကို
ယမ္း လို ့ေခၚပါတယ္ ။
ေက်ာက္စိမ္းအရိုင္းတံုး ကို ယမ္းပါ၀င္မွု ၊
ယင္း ပါရွိမွု ပံုစံ ကို ၾကည့္ၿပီး ေက်ာက္စိမ္းအရိုင္းတံုး ကို
အခုလို ခြဲၿခား လို ့ရပါတယ္ ။
... ယမ္းေခ်ာရင္
အတြင္းက ေက်ာက္စိမ္းသား ေခ်ာပါမယ္ ။
( ဆုိလိုခ်င္တာ ယမ္း က မွုန္မွုန္ေလး ေတြ နဲ ့စုေနတာပါ )
ယမ္းၾကမ္း ရင္ အတြင္းက အသားၾကမ္းပါမယ္ ။ ( လက္လက္ လက္လက္ ယမ္းေတြ ဟာ က်ဲေနတာပါ )
ယမ္းစိပ္ ရင္ ေက်ာက္သား တင္းပါမယ္ ၊ ေက်ာက္သား ေကာင္းပါမယ္
( လက္လက္ေလးေတြ စုေနတာေပါ့ )
ယမ္းက်ဲ ရင္ေတာ့ ေက်ာက္သား မေကာင္းပါဘူး ။ (ဒီလိုေက်ာက္မ်ိဳး ကို ၀ယ္ေရာင္း မလုပ္သင့္ပါဘူး )
... အဓိက ယမ္း (၃) မ်ိဳး ရွိပါတယ္
ယမ္းလံုး ၊ ယမ္းရွည္ နဲ ့ယမ္းၿပား ပါ
... ယမ္းလံုး ဆိုတာ က
ေက်ာက္ရိုင္းတံုး ရဲ ့အခြံ ၊ မ်က္ႏွာၿပင္မွာ လက္လက္ လက္လက္ေလး ေတြ က ၊ သၾကားပြင့္ ဆားပြင့္ေလးေတြ လို ၿဖစ္ေနတာပါ ။ အဲဒီ ေက်ာက္ဟာ အရည္ ေကာင္း ပါတယ္ ။
... ယမ္းရွည္ ဆိုတာ က
ေက်ာက္ရဲ ့မ်က္ႏွာၿပင္ မွာ
အပ္ေခ်ာင္းေလးေတြ လို ၊
ဟင္းခ်ိဳမွုန္ ့ရွည္ရွည္ေလးေတြလို ၿမင္ရတာပါ ။ အဲဒါမ်ိဳး ေတြ ့ရရင္ေတာ့ အဲဒီေက်ာက္ ဟာ အသား ေကာင္းပါတယ္ ။
... ယမ္းၿပား ဆိုတာ ကေတာ့ လက္လက္ လက္လက္ ေလးေတြ ဟာ အရမ္းၾကီး အရြယ္ ၾကီးေနမယ္ ။( ဆားပြင့္ ၊ သၾကားပြင့္ အရြယ္ ထက္ ပိုမယ္ ) ဒါဆိုရင္ အရည္ေရာ အသားေရာ မေကာင္းႏိုင္ပါဘူး ။
... ယမ္းၿပား မွာ ကို ၃ မ်ိဳး ထပ္ခြဲ ႏိုင္ပါတယ္ ။
(၁)ယင္ေထာင္ယမ္း
(၂)မာယားယမ္း
(၃)ေခြးရိုးထိုး ဆုိၿပီး ေပါ့
... ယင္ေထာင္ယမ္း ဆိုတာ က
လက္လက္ လက္လက္ ေတာက္ေနတဲ့ ယမ္းေပါ့ ။ ယင္ေကာင္ တစ္ေကာင္ အရြယ္ ခန္ ့ရွိပါတယ္ ။ သူပါရင္ အရည္အသား မေကာင္းဘူး ။ ေစ်းအမ်ားၾကီး မေပးသင့္ပါဘူး ။
... မာယား ဆိုတာ က
ယင္ေကာင္ အရြယ္ထက္ ပိုၾကီးမယ္ ။ ေရွာင္ရပါမယ္ ။
... ေခြးရိုးထိုး ဆိုတာ က ေတာ့
မာယား ထက္ အရြယ္ပိုၾကီးတယ္ ။
သူ ့ကို ေတြ ့ရင္ အဲဒီေက်ာက္ ကို ေရွာင္ရပါမယ္ ။
... ယမ္း ဆုိတဲ့ သဘာ၀ ဟာ ၊
ေက်ာက္စိမ္း အရိုင္းတံုး ( မၿဖတ္မွီ ) ရဲ ့အခြံ မွာ ၿမင္ရတဲ့ အတုိင္း ေက်ာက္သား အတြင္း မွာ ရွိတတ္ပါတယ္ ။
... ယမ္း ကို
ကြ်မ္းက်င္ ပိုင္ႏိုင္ မယ္ ဆုိရင္ ၊
ေက်ာက္ ကို မခြဲ မၿဖတ္ မီွ..
ျပင္ပ က ၾကည့္ရံု နဲ ့ပင္ ၊
အထဲ က ေက်ာက္သား ေကာင္းမေကာင္း ေဖာက္ထြင္း သိၿမင္ ႏုိင္မွာ ၿဖစ္ပါတယ္ ။
... ေက်ာက္စိမ္းအရိုင္းတံုး
ဝယ္မယ္ဆိုလွ်င္ေက်ာက္စိမ္း အခြံ အေၾကာင္း ေတြ ကိုသိဖို႔လိုအပ္ပါတယ္ ။
... ေက်ာက္စိမ္း အခြံ ဟာ
အဓိက အားၿဖင့္ ေရခြံ နဲ ့ကုန္းခြံ ဆုိၿပီး (၂)မ်ိဳး ရွိပါတယ္ ။
... အခြံ ရဲ ့အေရာင္ေတြ ေပၚမွာ မူတည္ ၿပီး အေသးစိတ္ကို လည္း ေရးပါမယ္ ။
... ေရခြံ = ေက်ာက္စိမ္းထြက္ရွိရာ ေဒသရွိ ၊ ၿမစ္ေခ်ာင္း အင္းအိုင္ မ်ား မွ ထြက္ရွိတဲ့ ေက်ာက္ရဲ ့အခြံ ပါ ၊ မ်ားေသာအားၿဖင့္ ေရခြံ ပါတဲ့ ေက်ာက္ဟာ အသားေကာင္းပါတယ္ ။ အရြယ္အစား အမ်ိဳးမ်ိဳး ရွိပါတယ္ ။
ေၿပာင္ေခ်ာ ေနပါတယ္ ။
... ကုန္းခြံ = သူ ကေတာ့ ေတာင္ေတြ ၊
ေၿမၾကီးေတြ ေအာက္ က တူးလို ့ရတဲ့ ေက်ာက္ရဲ ့အခြံ ေပါ့ ၊
(၁) ေၿမမွန္ နဲ ့(၂)ကုေဋေက်ာက္ ဆိုၿပီး ကြဲပါတယ္ ။
(၁) ေၿမမွန္ = ေက်ာက္စိမ္း ထြက္ရာ ေဒသရွိ ကုန္းေၿမ မ်ားမွ တူးေဖာ္ ရရွိပါတယ္ ။
အခြံ အမ်ိဳးမ်ိဳး ရွိပါတယ္ ။
(၂) ကုေဋေက်ာက္ = ေက်ာက္ရဲ ့အခြံ က
အခြံ မဲ ၿဖစ္ပါတယ္ ။ ေခ်ာ္ကပ္ေနတတ္ပါတယ္ ။ ေခ်ာ္ကပ္တယ္ ဆိုတာ ၊ ကပ္တရာေစး ကပ္ေနသလို ၊ အခြံေပၚမွာ မဲမဲေၿပာင္ေၿပာင္ေလး ေတြ ပါတာ ကို ေခ်ာ္ကပ္ တယ္ လို ့ေခၚတာပါ ။ ေမာ္၀မ္းေလး ၊ ေမာ္၀မ္းၾကီး ၊ ေမာ္ေမာင္းကုန္း တို ့မွ အဓိက ထြက္ပါတယ္ ။
... အခြံ မ်ား မွာ
... သံေခ်းခြံ = သံထည္ ပစၥည္း မ်ား သံေခ်း တက္ေနတဲ့ ပံုသဏၭာန္ မ်ိဳး ၿဖစ္ေနတာပါ ။
ဒီလို အခြံ ရွိရင္ ေက်ာက္ က မ်ိဳးရင့္တတ္ပါတယ္ ။ အခြံ ကို ၿဖတ္ၾကည့္ရင္ အခြံ ၂ ထပ္ ၿဖစ္တတ္ တယ္လို ့သိရပါတယ္ ။
... ၀ါးဖတ္ခြံ = ၀ါးဖတ္ အေရာင္ အဆင္း နဲ ့တူပါတယ္ ။ ေက်ာက္မ်ိဳး ေကာင္းတတ္ပါတယ္ ။
... သစ္ေတာ္ခြံ (ခ) အာလူးခြံ = သစ္ေတာ္သီး ခြံ အေရာင္ သို ့အာလူးသီး အခြံ အေရာင္ပါ ၊ သူလည္း မ်ိဳးေကာင္းတတ္ပါတယ္ ။
... အဂၤေတခြံ = နာမည္ အတုိင္း
အဂၤေတ အေရာင္ ရွိပါတယ္ ။ ေက်ာက္သား ပ်က္တတ္ပါတယ္ ။ မ်ိဳးမေကာင္းတတ္ပါ ။
... ဖြဲႏုခြံ = စပါးခြံ ဖြဲ အေရာင္မ်ိဳး ၿဖစ္ပါတယ္ ၊ အခြံက ႏုပါတယ္ ။ အခြံ ကို လက္ေခ်ာင္းထိပ္ေလး ေတြ နဲ ့ပြတ္ၾကည့္ ရင္ ႏုပါတယ္ ။
... ( ဒီေန ရာ မွာ ၀ါးဖတ္ခြံ ၊
ဖြဲႏုခြံ နဲ ့ဆက္ လာမယ့္ ဖြဲလတ္ခြံ ၊ ဖြဲၾကမ္းခြံ ၊ မံုထုခြံ တုိ ့ရဲ ့အေရာင္ေတြ ဟာ ၊ စာထဲ မွာ အရ တူညီ ႏုိင္တာ ကို ဖတ္ရႏိုင္ပါတယ္ ။ ဒါေပမယ့္ အၿပင္ မွာ တစ္ကယ္လက္ေတြ ့ေက်ာက္ကို မ်က္ၿမင္ ၾကည့္ရင္ အခြံအေရာင္ မတူညီၾကပါဘူး ၊ အခြံ ရဲ ့မ်က္ႏွာၿပင္ ကို လက္ေခ်ာင္းေလး ေတြ နဲ ့ပြတ္သပ္ စမ္းၾကည့္မွ ကြဲၿပား သိႏိုင္ပါတယ္ )
... ဖြဲလတ္ခြံ = စပါးခြံ ဖြဲ အေရာင္ ပါပဲ ။
အခြံ ကို စမ္းၾကည့္ရင္ အခြံ က ၾကမ္းပါတယ္ ။
... ဖြဲၾကမ္းခြံ = အခြံ အၾကမ္းဆံုးပါ ။
... ဒီ ဖြဲႏု ၊ ဖြဲလတ္ ၊ ဖြဲၾကမ္း
သံုးမ်ိဳး လို ့ေၿပာေပမယ့္ ၊ အေရာင္ က အတူတူပါပဲ ၊ အခြံကို လက္ေခ်ာင္းေလးေတြ နဲ ့ပြတ္သပ္ စမ္းမွ ကြဲသြားတာပါ ။ ဒီ ၃ မ်ိဳး လံုး ဟာ မ်ိဳးရင္ ့ရင္ ေက်ာက္ အရည္ေကာင္း အသားေကာင္း ၿဖစ္တတ္ပါတယ္ ။ မ်ိဳးႏု လွ်င္ေတာ့ အသားမရ တတ္ပါ ။
... ဖေယာင္းခြံ = ဖေယာင္းရည္
သုတ္ထားသလို ေၿပာင္ေခ်ာေခ်ာ ၿဖစ္ပါတယ္ ။
... မံုထုခြံ = သနပ္ခါး အေရာင္ ရွိပါတယ္ ။ မ်ိဳးေကာင္းတတ္ပါတယ္ ။
... မံုထု ခြံေၾကြ = လက္နဲ ့ကိုင္ၾကည့္ လိုက္ ရင္
အခြံ အစအန ေလး ေတြ ပါလာမယ္ ။ မ်ိဳးေကာင္းတတ္ပါတယ္ ။
... ခြံၾကမ္း = ကိုင္ၾကည့္ရင္ အလြန္ၾကမ္းတမ္းပါတယ္ ။
... ခြံထူ = အခြံ မွာ သိသိသာသာ ထူေနတတ္ပါတယ္ ။ အရည္အသား ေကာင္းမေကာင္း နဲ ့ေတာ့ မသက္ဆုိင္ပါ ။
... ခြံက်စ္ = အခြံ မွာ က်စ္လစ္ သိပ္သည္းလြန္းတတ္ပါတယ္ ။ အသား ပ်က္တတ္ပါတယ္ ။
... ခြံပ်က္ = ေက်ာက္ တစ္တံုးထဲ ရဲ ့
တစ္ေနရာ မွာ အခြံ တစ္မ်ိဳး ၊ အၿခား ေနရာ မွာ အခြံ တစ္မ်ိဳး ၿဖစ္တာကို ခြံပ်က္ လို ့ေခၚပါတယ္ ။ အသားပ်က္တတ္ပါတယ္ ။
... ဒါကေတာ့
အခြံ မ်ားရဲ ့သေဘာ သဘာ၀ အေၾကာင္းပါ ။
... ေရမေဆး ေက်ာက္ ဆုိတာ မ်ိဳး ကို ၀ယ္ေတာ့မယ္ ဆုိရင္ ၊ သူ ့ရဲ ့အခြံေလး ကို နဲနဲပြတ္တုိက္ၾကည့္ ၊ ပြတ္သပ္ၾကည့္ၿပီး မွ ေသခ်ာ ေလ့လာ ၀ယ္ယူရပါတယ္ ။
... ကြ်န္ေတာ္ သိထား၊
ေလ့လာထားသမွ် ေလး ေတြ ကို ၿပန္ေ၀မွ် ေပးျခင္းျဖစ္ပါတယ္။
... သူငယ္ခ်င္းတို႔လဲ
ဒီပို႔စ္ေလးဖတ္ျပီး ဗဟုသုတ ရရိွနိုင္ပါေစလို႔ဆႏၵျပဳရင္း......
 ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။
Credit >>> Myanmar Market Economy
Copy from Thein Htun Oo
.........
... ကျောက်စိမ်းအကြောင်း သိကောင်းစရာ
... ကျောက်စိမ်း ဟာ
ကမ္ဘာပေါ် မှာ ၃ နေရာ ပဲ တွေ ့ရပါတယ် ။
... အမေရိကန် နိုင်ငံ က
တက္ကဆက်စ် ပြည်နယ် ၊
တရုတ် က ကွမ်ကျိုးပြည်နယ် ရယ် နဲ ့့
ကျွန်တော် တို ့ မြန်မာ နိုင်ငံ က ကချင်ပြည်နယ် တို ့မှာပါပဲ ။
(ကွမ်ကျိုး ဟာ မှားနေရင် ပြင်ပေးကြပါ)
ဒီ ၃ နေရာ မှာ ပဲ တူးဖော် တွေ ့ရှိနိုင်ပါတယ် ။
... ယနေ ့ထိ ၊ ဒီ၃ နေရာ က လွဲ လို ့
တခြား ဘယ်နေရာ မှာ မှ မတွေ ့ရသေးပါဘူး ။
... ဒီ၃နေရာ ထဲ မှာ မှ ၊
ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်း ကို
မြန်မာ နိုင်ငံ မှာပဲ တူးဖော် ရရှိနိုင်ပါတယ် ။
... ဆိုလိုချင်တာ က
ကျန် ၂ နေရာ က ထွက်တဲ့ ကျောက်စိမ်းဟာ မဖြစ်စလောက် အနည်းအကျဉ်းသာ ဖြစ်ပြီး ၊ အရည်အသွေး ကြ တော့ လည်း မြန်မာနိုင်ငံ ကို မမှီပါဘူး ။
... ဒါကြောင့်မို ့လည်း
မြန်မာ ့ကျောက်စိမ်း ဟာ ကမ္ဘာမှာ နာမည် ကျော်ကြား နေရတာပါ ။
... ကျောက်စိမ်း ကို
ဘယ်နေရာ တွေ မှာ သုံးသလဲ ဆိုရင်….
ပုတီး၊လက်ကောက် ၊ဆွဲပြား ၊ ဘုရားဆင်းတု ၊ ပန်းပု ထုခြင်း ၊ ကျောက်စိမ်းပန်းချီ စသည်ဖြင့် သုံးခဲ့ကြပါတယ် ။
... ယနေ ့
တိုးတက်လာတဲ့ ခေတ်ကြီး မှာတော့
ပိုက်ဆံ တတ်နိုင်သူများ ဟာ
ကျောက်စိမ်းကို ပါကေးပြား အရွယ်
ထုတ်လုပ် ပြီးနေအိမ်တွေ မှာ
ပါကေးတွေ ခင်းလာပါတယ် ။
... ( ချမ်းသာကြွယ်ဝ မှုပေါ့)
အိမ်တွေ မှာ မီးဆိုင်းတွေ ကို
ကျောက်စိမ်း တွေ နဲ ့ထုတ်လုပ်လာတယ် ။
... ကားတွေ ထဲ က ဖင်ထိုင်ခုံ အောက်မှာ ကျောက်စိမ်းလုံးလေး တွေ ကို အခင်းသဖွယ် ယက်ပြီး ခင်းကြတယ် ။
... ကျောက်စိမ်း ရဲ ့သဘောသဘာဝ က အအေးဓါတ်ရှိပါတယ် ။
... ရေနံသူဌေး နိုင်ငံတွေ ဖြစ်တဲ့ ၊
အာရပ် တွေ ဆီ မှာ ဆိုရင် ကျောက်စိမ်းကုတင် ၊ ကျောက်စိမ်း ထိုင်ခုံ စသည်ဖြင့် သုံးစွဲ ကြပါတယ် ။
.. ကျွန်တော် သိခဲ့ ရတဲ့ ယမ်း ( crystal ) အကြောင်းလေး ရေးပြပါမယ် ။
... သာမန်
လမ်းဘေး က ကျောက်တုံး တစ်တုံး နဲ ့ ကျောက်စိမ်း တုံး(အရိုင်းတုံး)နဲ ့၊
ဘယ်လို ခွဲ ခြား မလဲ ဆိုရင်…
ဒီ ယမ်း ပါမပါ ကို ကြည့်ပြီး ခွဲ နိုင်ပါတယ် ။
... ကျောက်စိမ်းတုံး အရိုင်းတုံး တွေ ကို နေရောင်အောက် မှာ
အနီးကပ် ကြည့်လိုက်မယ် ဆိုရင် ၊
လက်လက် လက်လက် နဲ ့လက်နေတဲ့
အမှုန် လေး တွေ ကို မြင်ရပါမယ်
... အနီးစပ်ဆုံး ဥပမာ ပေးရရင် ၊
စာရွက် အဖြူ တစ်ရွက်ပေါ်မှာ ဘောပင် နဲ ့အစက်ကလေးတွေ ချလိုက်သလို ပါ ။ အစက်လေးတွေ ပါ ။ လက်နေပါတယ် ။
.. မှောင်တဲ့ နေရာမှာဆိုရင်တော့ ကျောက်ကြည့် ဓါတ်မီး နဲ ့ထိုးကြည့်ရင် မြင်ရမှာပါ ။
( ဒီနေရာ မှာ ပြောချင်တာ တစ်ခု က တော့ ၊ ရွှေတို ့ငွေတို ့ အစရှိသဖြင့် အခြား သတ္တု များ ပါ၀င်တဲ့ ကျောက်ရိုင်းတုံး မှာလည်း လက်လက် လက်လက် တောက်နေပေမယ့် ၊
ကျောက်စိမ်း နဲ ့တော့ တခြား စီပါ ။
ရွှေ တို ့ငွေ တို ့မှာ လက်လက် လက်လက် က သူ ့အရောင် အလိုက် တောက်ပါတယ် ။ )
... အဲဒီ လက်လက် လက်လက် လေးတွေ ကို
ယမ်း လို ့ခေါ်ပါတယ် ။
ကျောက်စိမ်းအရိုင်းတုံး ကို ယမ်းပါ၀င်မှု ၊
ယင်း ပါရှိမှု ပုံစံ ကို ကြည့်ပြီး ကျောက်စိမ်းအရိုင်းတုံး ကို
အခုလို ခွဲခြား လို ့ရပါတယ် ။
... ယမ်းချောရင်
အတွင်းက ကျောက်စိမ်းသား ချောပါမယ် ။
( ဆိုလိုချင်တာ ယမ်း က မှုန်မှုန်လေး တွေ နဲ ့စုနေတာပါ )
ယမ်းကြမ်း ရင် အတွင်းက အသားကြမ်းပါမယ် ။ ( လက်လက် လက်လက် ယမ်းတွေ ဟာ ကျဲနေတာပါ )
ယမ်းစိပ် ရင် ကျောက်သား တင်းပါမယ် ၊ ကျောက်သား ကောင်းပါမယ်
( လက်လက်လေးတွေ စုနေတာပေါ့ )
ယမ်းကျဲ ရင်တော့ ကျောက်သား မကောင်းပါဘူး ။ (ဒီလိုကျောက်မျိုး ကို ၀ယ်ရောင်း မလုပ်သင့်ပါဘူး )
... အဓိက ယမ်း (၃) မျိုး ရှိပါတယ်
ယမ်းလုံး ၊ ယမ်းရှည် နဲ ့ယမ်းပြား ပါ
... ယမ်းလုံး ဆိုတာ က
ကျောက်ရိုင်းတုံး ရဲ ့အခွံ ၊ မျက်နှာပြင်မှာ လက်လက် လက်လက်လေး တွေ က ၊ သကြားပွင့် ဆားပွင့်လေးတွေ လို ဖြစ်နေတာပါ ။ အဲဒီ ကျောက်ဟာ အရည် ကောင်း ပါတယ် ။
... ယမ်းရှည် ဆိုတာ က
ကျောက်ရဲ ့မျက်နှာပြင် မှာ
အပ်ချောင်းလေးတွေ လို ၊
ဟင်းချိုမှုန် ့ရှည်ရှည်လေးတွေလို မြင်ရတာပါ ။ အဲဒါမျိုး တွေ ့ရရင်တော့ အဲဒီကျောက် ဟာ အသား ကောင်းပါတယ် ။
... ယမ်းပြား ဆိုတာ ကတော့ လက်လက် လက်လက် လေးတွေ ဟာ အရမ်းကြီး အရွယ် ကြီးနေမယ် ။( ဆားပွင့် ၊ သကြားပွင့် အရွယ် ထက် ပိုမယ် ) ဒါဆိုရင် အရည်ရော အသားရော မကောင်းနိုင်ပါဘူး ။
... ယမ်းပြား မှာ ကို ၃ မျိုး ထပ်ခွဲ နိုင်ပါတယ် ။
(၁)ယင်ထောင်ယမ်း
(၂)မာယားယမ်း
(၃)ခွေးရိုးထိုး ဆိုပြီး ပေါ့
... ယင်ထောင်ယမ်း ဆိုတာ က
လက်လက် လက်လက် တောက်နေတဲ့ ယမ်းပေါ့ ။ ယင်ကောင် တစ်ကောင် အရွယ် ခန် ့ရှိပါတယ် ။ သူပါရင် အရည်အသား မကောင်းဘူး ။ စျေးအများကြီး မပေးသင့်ပါဘူး ။
... မာယား ဆိုတာ က
ယင်ကောင် အရွယ်ထက် ပိုကြီးမယ် ။ ရှောင်ရပါမယ် ။
... ခွေးရိုးထိုး ဆိုတာ က တော့
မာယား ထက် အရွယ်ပိုကြီးတယ် ။
သူ ့ကို တွေ ့ရင် အဲဒီကျောက် ကို ရှောင်ရပါမယ် ။
... ယမ်း ဆိုတဲ့ သဘာဝ ဟာ ၊
ကျောက်စိမ်း အရိုင်းတုံး ( မဖြတ်မှီ ) ရဲ ့အခွံ မှာ မြင်ရတဲ့ အတိုင်း ကျောက်သား အတွင်း မှာ ရှိတတ်ပါတယ် ။
... ယမ်း ကို
ကျွမ်းကျင် ပိုင်နိုင် မယ် ဆိုရင် ၊
ကျောက် ကို မခွဲ မဖြတ် မှီ..
ပြင်ပ က ကြည့်ရုံ နဲ ့ပင် ၊
အထဲ က ကျောက်သား ကောင်းမကောင်း ဖောက်ထွင်း သိမြင် နိုင်မှာ ဖြစ်ပါတယ် ။
... ကျောက်စိမ်းအရိုင်းတုံး
ဝယ်မယ်ဆိုလျှင်ကျောက်စိမ်း အခွံ အကြောင်း တွေ ကိုသိဖို့လိုအပ်ပါတယ် ။
... ကျောက်စိမ်း အခွံ ဟာ
အဓိက အားဖြင့် ရေခွံ နဲ ့ကုန်းခွံ ဆိုပြီး (၂)မျိုး ရှိပါတယ် ။
... အခွံ ရဲ ့အရောင်တွေ ပေါ်မှာ မူတည် ပြီး အသေးစိတ်ကို လည်း ရေးပါမယ် ။
... ရေခွံ = ကျောက်စိမ်းထွက်ရှိရာ ဒေသရှိ ၊ မြစ်ချောင်း အင်းအိုင် များ မှ ထွက်ရှိတဲ့ ကျောက်ရဲ ့အခွံ ပါ ၊ များသောအားဖြင့် ရေခွံ ပါတဲ့ ကျောက်ဟာ အသားကောင်းပါတယ် ။ အရွယ်အစား အမျိုးမျိုး ရှိပါတယ် ။
ပြောင်ချော နေပါတယ် ။
... ကုန်းခွံ = သူ ကတော့ တောင်တွေ ၊
မြေကြီးတွေ အောက် က တူးလို ့ရတဲ့ ကျောက်ရဲ ့အခွံ ပေါ့ ၊
(၁) မြေမှန် နဲ ့(၂)ကုဋေကျောက် ဆိုပြီး ကွဲပါတယ် ။
(၁) မြေမှန် = ကျောက်စိမ်း ထွက်ရာ ဒေသရှိ ကုန်းမြေ များမှ တူးဖော် ရရှိပါတယ် ။
အခွံ အမျိုးမျိုး ရှိပါတယ် ။
(၂) ကုဋေကျောက် = ကျောက်ရဲ ့အခွံ က
အခွံ မဲ ဖြစ်ပါတယ် ။ ချော်ကပ်နေတတ်ပါတယ် ။ ချော်ကပ်တယ် ဆိုတာ ၊ ကပ်တရာစေး ကပ်နေသလို ၊ အခွံပေါ်မှာ မဲမဲပြောင်ပြောင်လေး တွေ ပါတာ ကို ချော်ကပ် တယ် လို ့ခေါ်တာပါ ။ မော်ဝမ်းလေး ၊ မော်ဝမ်းကြီး ၊ မော်မောင်းကုန်း တို ့မှ အဓိက ထွက်ပါတယ် ။
... အခွံ များ မှာ
... သံချေးခွံ = သံထည် ပစ္စည်း များ သံချေး တက်နေတဲ့ ပုံသဏ္ဌာန် မျိုး ဖြစ်နေတာပါ ။
ဒီလို အခွံ ရှိရင် ကျောက် က မျိုးရင့်တတ်ပါတယ် ။ အခွံ ကို ဖြတ်ကြည့်ရင် အခွံ ၂ ထပ် ဖြစ်တတ် တယ်လို ့သိရပါတယ် ။
... ၀ါးဖတ်ခွံ = ၀ါးဖတ် အရောင် အဆင်း နဲ ့တူပါတယ် ။ ကျောက်မျိုး ကောင်းတတ်ပါတယ် ။
... သစ်တော်ခွံ (ခ) အာလူးခွံ = သစ်တော်သီး ခွံ အရောင် သို ့အာလူးသီး အခွံ အရောင်ပါ ၊ သူလည်း မျိုးကောင်းတတ်ပါတယ် ။
... အင်္ဂတေခွံ = နာမည် အတိုင်း
အင်္ဂတေ အရောင် ရှိပါတယ် ။ ကျောက်သား ပျက်တတ်ပါတယ် ။ မျိုးမကောင်းတတ်ပါ ။
... ဖွဲနုခွံ = စပါးခွံ ဖွဲ အရောင်မျိုး ဖြစ်ပါတယ် ၊ အခွံက နုပါတယ် ။ အခွံ ကို လက်ချောင်းထိပ်လေး တွေ နဲ ့ပွတ်ကြည့် ရင် နုပါတယ် ။
... ( ဒီနေ ရာ မှာ ၀ါးဖတ်ခွံ ၊
ဖွဲနုခွံ နဲ ့ဆက် လာမယ့် ဖွဲလတ်ခွံ ၊ ဖွဲကြမ်းခွံ ၊ မုံထုခွံ တို ့ရဲ ့အရောင်တွေ ဟာ ၊ စာထဲ မှာ အရ တူညီ နိုင်တာ ကို ဖတ်ရနိုင်ပါတယ် ။ ဒါပေမယ့် အပြင် မှာ တစ်ကယ်လက်တွေ ့ကျောက်ကို မျက်မြင် ကြည့်ရင် အခွံအရောင် မတူညီကြပါဘူး ၊ အခွံ ရဲ ့မျက်နှာပြင် ကို လက်ချောင်းလေး တွေ နဲ ့ပွတ်သပ် စမ်းကြည့်မှ ကွဲပြား သိနိုင်ပါတယ် )
... ဖွဲလတ်ခွံ = စပါးခွံ ဖွဲ အရောင် ပါပဲ ။
အခွံ ကို စမ်းကြည့်ရင် အခွံ က ကြမ်းပါတယ် ။
... ဖွဲကြမ်းခွံ = အခွံ အကြမ်းဆုံးပါ ။
... ဒီ ဖွဲနု ၊ ဖွဲလတ် ၊ ဖွဲကြမ်း
သုံးမျိုး လို ့ပြောပေမယ့် ၊ အရောင် က အတူတူပါပဲ ၊ အခွံကို လက်ချောင်းလေးတွေ နဲ ့ပွတ်သပ် စမ်းမှ ကွဲသွားတာပါ ။ ဒီ ၃ မျိုး လုံး ဟာ မျိုးရင် ့ရင် ကျောက် အရည်ကောင်း အသားကောင်း ဖြစ်တတ်ပါတယ် ။ မျိုးနု လျှင်တော့ အသားမရ တတ်ပါ ။
... ဖယောင်းခွံ = ဖယောင်းရည်
သုတ်ထားသလို ပြောင်ချောချော ဖြစ်ပါတယ် ။
... မုံထုခွံ = သနပ်ခါး အရောင် ရှိပါတယ် ။ မျိုးကောင်းတတ်ပါတယ် ။
... မုံထု ခွံကြွေ = လက်နဲ ့ကိုင်ကြည့် လိုက် ရင်
အခွံ အစအန လေး တွေ ပါလာမယ် ။ မျိုးကောင်းတတ်ပါတယ် ။
... ခွံကြမ်း = ကိုင်ကြည့်ရင် အလွန်ကြမ်းတမ်းပါတယ် ။
... ခွံထူ = အခွံ မှာ သိသိသာသာ ထူနေတတ်ပါတယ် ။ အရည်အသား ကောင်းမကောင်း နဲ ့တော့ မသက်ဆိုင်ပါ ။
... ခွံကျစ် = အခွံ မှာ ကျစ်လစ် သိပ်သည်းလွန်းတတ်ပါတယ် ။ အသား ပျက်တတ်ပါတယ် ။
... ခွံပျက် = ကျောက် တစ်တုံးထဲ ရဲ ့
တစ်နေရာ မှာ အခွံ တစ်မျိုး ၊ အခြား နေရာ မှာ အခွံ တစ်မျိုး ဖြစ်တာကို ခွံပျက် လို ့ခေါ်ပါတယ် ။ အသားပျက်တတ်ပါတယ် ။
... ဒါကတော့
အခွံ များရဲ ့သဘော သဘာဝ အကြောင်းပါ ။
... ရေမဆေး ကျောက် ဆိုတာ မျိုး ကို ၀ယ်တော့မယ် ဆိုရင် ၊ သူ ့ရဲ ့အခွံလေး ကို နဲနဲပွတ်တိုက်ကြည့် ၊ ပွတ်သပ်ကြည့်ပြီး မှ သေချာ လေ့လာ ၀ယ်ယူရပါတယ် ။
... ကျွန်တော် သိထား၊
လေ့လာထားသမျှ လေး တွေ ကို ပြန်ဝေမျှ ပေးခြင်းဖြစ်ပါတယ်။
... သူငယ်ချင်းတို့လဲ
ဒီပို့စ်လေးဖတ်ပြီး ဗဟုသုတ ရရှိနိုင်ပါစေလို့ဆန္ဒပြုရင်း......
 ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Credit >>> Myanmar Market Economy
Copy from Thein Htun Oo














No comments:

Post a Comment