Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 8, 2016

အမ်ားျပည္သူ႕ ပို႔ေဆာင္ေရးက႑ ဘယ္ေလာက္ေတာင္ ပ်က္စီးခဲ့သလဲ

သံလြင္ျမစ္ေပၚက ျမန္မာေမာ္ေတာ္ယာဥ္မ်ားေျပးဆဲြေနစဥ္
ျပီးခဲ့တဲ့ ရက္ပိုင္းက ျပည္သူ႔လႊတ္ေတာ္မွာ ျပည္တြင္းေရေၾကာင္း ပို႔ေဆာင္ေရးနဲ႔ ပတ္သက္ျပီး ရခုိင္ျပည္နယ္ ေက်ာက္ျဖဴအမတ္ ဦးဘရွိန္က ေမးခြန္းတစ္ခုေမးပါတယ္။ ဒါကို လက္ရွိ ပို႔ေဆာင္ေရး၀န္ၾကီး ဦးသန္႔စင္ေမာင္က ပြင့္ပြင့္လင္းလင္း ျပန္ေျဖပါတယ္။ အေမးအေျဖဟာ ရယ္စရာ ေကာင္းသလို၊ တုိင္းရင္းသားေတြ အတြက္ေရာ၊ ျမန္မာႏုိင္ငံ အတြက္ပါ ၀မ္းနည္းစရာလည္း ေကာင္းပါတယ္။ ဦးဘရွိန္ ေမးတာက ျပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ မတ္လအထိ ရခုိင္ျပည္နယ္မွာ စစ္ေတြ-ေျမပံု- ေက်ာက္ျဖဴ-ရမ္းျဗဲ- ေတာင္ကုတ္- မာန္ေအာင္ ခရီးစဥ္ကို ျပည္တြင္းေရေၾကာင္းက ေျပးဆြဲေပးခဲ့တယ္၊ ေနာက္ေတာ့ ေအာင္တံခြန္ ၃ သေဘၤာ နစ္ျမဳပ္ခဲ့ခ်ိန္ကစ ဒီကေန႔အခ်ိန္ထိ ဘာသေဘၤာမွ ေျပးဆြဲေပးျခင္းမရွိေတာ့ဘူး၊ ျပည္သူေတြ ဒုကၡေရာက္ၾကတယ္၊ ဒါေၾကာင့္ အဲဒီ ခရီးစဥ္ ဘယ္ေတာ့ ျပန္ေျပးဆြဲေပးႏုိင္မလဲ ေမးတာပါ။ ပို႔ေဆာင္ေရး၀န္ၾကီးျပန္ေျဖတာကေတာ့ သေဘၤာေဆာက္ဖို႔ စီစဥ္ေနတယ္၊ ဒါေပမယ့္ သံျပားေတြ၊ သံကိုင္းေတြေတာင္ မမွာရေသးဘူး ဆိုတာပဲ ျဖစ္ပါတယ္။ ဒီ ျပသနာ ဘယ္လို ျပသနာမ်ိဳးလဲ၊ ပို႔ေဆာင္ေရးက႑မွာ တုိင္းရင္းသားေတြနဲ႔ ျပည္သူေတြ ဘယ္ေလာက္ ခက္ခဲေနသလဲ၊ ဒီျပသနာ လက္ရွိ အင္န္အယ္လ္ဒီ အစိုးရ ဘယ္လုိ ကိုင္တြယ္ ေျဖရွင္းသင့္သလဲ ဆိုတာ ေဆြးေႏြးတင္ျပသြားပါ့မယ္။

လႊတ္ေတာ္တြင္း ဦးဘရွိန္ေမးတဲ့ ေမးခြန္း အျပည့္အစံုကေတာ့ အရင္ ႏွစ္ေပါင္းမ်ားစြာကတည္းက ရခုိင္ျပည္နယ္ စစ္ေတြနဲ႔ ေတာင္ဘက္ ေျမပံု၊ ေက်ာက္ျဖဴ၊ ရမ္းျဗဲ၊ ေတာင္ကုတ္၊ မာန္ေအာင္ ျမိဳ႕ေတြကို အစိုးရပိုင္ ျပည္တြင္းေရေၾကာင္း သေဘၤာေတြနဲ႔ ေျပးဆြဲေပးခဲ့တဲ့အေၾကာင္း၊ ျပီးခဲ့တဲ့ႏွစ္ မတ္လမွာ အဲဒီခရီးစဥ္ ေျပးဆြဲေနတဲ့ ေအာင္တံခြန္-၃ ေရယာဥ္ နစ္ျမဳပ္ျပီး လူေပါင္း ၁၆၀ ေလာက္ေသ၊ သေဘၤာကိုလည္း ျပန္ဆယ္မရ ျဖစ္ခဲ့ေၾကာင္း၊ အဲဒီအခ်ိန္ကစ ျပည္တြင္းေရေၾကာင္းကေန သေဘၤာခရီးစဥ္ ေျပးဆြဲေပးျခင္း မရွိလို႔ ရခုိင္ျပည္သူေတြ အခက္အခဲေတြ႕ခဲ့ေၾကာင္း ေျပာျပပါတယ္။ လက္ရွိ ပုဂၢလိကပိုင္အျဖစ္ ရွပ္ေျပးေရယာဥ္ ေျပးဆြဲေပမယ့္ အရင္ ျပည္တြင္းေရေၾကာင္းက က်ပ္ ၃၀၀၀ ေလာက္ယူတဲ့ ခရီးကို က်ပ္ ၁၆၀၀၀ ေလာက္ ယူေနတဲ့အေၾကာင္း၊ ေနာက္ပိုင္း ပိုျပီးဆုိးတာက ရွပ္ေျပးေရယာဥ္ေတြဟာ ဆီကုန္လို႔ဆုိျပီး ေျမပံုျမိဳ႕ကို ၀င္ေရာက္ ဆုိက္ကပ္တာ မလုပ္ေတာ့ေၾကာင္း၊ ဒီအတြက္ ေျမပံုျမိဳ႕နယ္က ျပည္သူေတြဟာ ေငြတတ္ႏိုင္ရင္ ေမာ္ေတာ္စင္းလံုးငွားရင္ငွား မငွားႏုိင္ရင္ အခက္အခဲေတြ႕ေနရေၾကာင္း ရွင္းျပပါတယ္။ ဒီအတြက္ အဲဒီ ခရီးစဥ္ေတြကို ျပည္တြင္းေရေၾကာင္းအေနနဲ႔ ဘယ္အခ်ိန္ ျပန္ျပီး ေျပးဆြဲေပးႏိုင္မလဲ ဆိုျပီး ေမးတာ ျဖစ္ပါတယ္။
အမ်ားျပည္သူ႕ ပို႔ေဆာင္ေရးက႑ ဘယ္ေလာက္ေတာင္ ပ်က္စီးခဲ့သလဲ


http://burmese.voanews.com/audio/3320837.html


ပို႔ေဆာင္ေရး၀န္ၾကီး ဦးသန္႔စင္ေမာင္ ျပန္ေျဖတာက အဲဒီ စစ္ေတြနဲ႔ ေတာင္ဘက္ ျမိဳ႕ေတြရဲ႕ ခရီးစဥ္ကို အရင္က ေအာင္တံခြန္ သေဘၤာေတြ၊ အေလာင္းဘုရား၊ အလင္းေရာင္ စတဲ့ သေဘၤာေတြနဲ႔ ေျပးဆြဲေပးခဲ့တာျဖစ္ေၾကာင္း၊ အဲဒီသေဘၤာေတြဟာ ကမ္းရိုးတန္းသြားအတြက္ တည္ေဆာက္ထားတာ မဟုတ္ပဲ ျမစ္ေၾကာင္းသြား သေဘၤာေတြျဖစ္တဲ့အျပင္ ႏွစ္ေပါင္း ၂၀ ေက်ာ္ သက္တန္းၾကာျမင့္ခဲ့ျပီလည္း ျဖစ္ေၾကာင္း၊ ေအာင္တံခြန္ သေဘၤာ နစ္ျမဳပ္မွဳျဖစ္ခဲ့ျပီးေနာက္ အဲဒီ သေဘၤာေတြ ေျပးဆြဲတာကို ရပ္နားလိုက္တဲ့အေၾကာင္း ရွင္းျပပါတယ္။

ဒီအတြက္ စစ္ေတြနဲ႔ ေတာင္ပိုင္း ျမိဳ႕ေတြကို ေျပးဆြဲေပးႏုိင္ေရး သေဘၤာတစ္စီးရဖို႔ အရင္ ပို႔ေဆာင္ေရး၀န္ၾကီးက ဂ်ပန္ႏုိင္ငံကို အကူအညီေတာင္းခဲ့ေၾကာင္း၊ ဂ်ပန္ကေတာ့ သက္ကယ္ပစၥည္းေတြ အပါအ၀င္ ဂ်ပန္ယန္း သန္း ၂၀၀၊ အေမရိကန္ေဒၚလာ ၂ သန္း၀န္းက်င္ေလာက္ပဲ ကူညီႏုိင္မယ့္အေၾကာင္း ေျပာတယ္လို႔ ဆိုပါတယ္။ ဒီအခါ ပို႔ေဆာင္ေရး၀န္ၾကီးေဟာင္းက ဂ်ပန္က အကူအညီေပးမယ့္ ေဒၚလာ ၂ သန္းေလာက္ကို ေတာင္းခံျပီး၊ ေဒၚလာ ၃ သန္းခြဲေလာက္တန္တဲ့ ကမ္းရိုးတန္းသြား သေဘၤာ တစ္စီး တည္ေဆာက္မယ္၊ ဒီအတြက္ သံျပားေတြ၊ သံကိုင္းေတြ ဂ်ပန္ကိုမွာမယ္လို႔ စီစဥ္ထားတဲ့အေၾကာင္း၊ ပထမ အဆင့္အေနနဲ႔ ေရယာဥ္ ဒီဇုိင္းေရးဆြဲေရး ကက္တီပီလာ ကုမၸဏီနဲ႔ စကားေျပာတဲ့အခါ က်ပ္ သိန္း ၇၀၀၀ ေတာင္းလို႔ မတတ္ႏုိင္ေၾကာင္း၊ လက္ရွိ ျပည္တြင္း အင္ဂ်င္နီယာ အဖြဲ႕မွာ က်ပ္ သိန္း ၁၀၀၀ နဲ႔ အပ္ႏွံဖို႔ စကားေျပာထားဆဲ ရွိေၾကာင္း၊ ဂ်ပန္ဆီက ရမယ့္ ေငြကလည္း မရေသးေၾကာင္း၊ ဒါေၾကာင့္ အဲဒီ ျပည္တြင္းေရေၾကာင္း ခရီးစဥ္ ဘယ္အခ်ိန္ ျပန္ေျပးဆြဲေပးႏိုင္မလဲ အတိအက် မေျပာႏိုင္တဲ့အေၾကာင္း ရွင္းျပပါတယ္။

ဒီအခါ ဦးဘရွိန္က ေနာက္ဆက္တြဲ ေမးခြန္းအေနနဲ႔ အဲဒီ စစ္ေတြမွာ ဆုိက္ကပ္ထားတဲ့ သေဘၤာေဟာင္းေတြကို ျပဳျပင္ျပီးေတာ့ ေျပးဆြဲခိုင္းရင္ မျဖစ္ဘူးလား၊ အႏၱရယ္ရွိတယ္ ဆိုတာ ရခုိင္ျပည္သူေတြ သိပါတယ္၊ အဲဒီ အႏၱရယ္ေတြၾကားထဲကပဲ ၀မ္းေပါက္တာကို ဘိလပ္ေျမနဲ႔ ဖာတန္ဖာ၊ ပိတ္တန္ပိတ္၊ ဒီသေဘာၤေတြကိုပဲ ႏွစ္ေပါင္းမ်ားစြာ စီးလာခဲ့တာ ျဖစ္တဲ့အေၾကာင္း ေျပာပါတယ္။ ပို႔ေဆာင္ေရး၀န္ၾကီးကေတာ့ သေဘၤာဆြဲျပီ ဆုိကတည္းက ၀န္ထမ္းေတြေရာ၊ အရာရွိေတြေရာ အဆင့္ဆင့္ တာ၀န္ယူ တာ၀န္ခံရတာ ျဖစ္ေၾကာင္း၊ ဒါေၾကာင့္ အႏၱရာယ္ မကင္းတဲ့ အေနအထားမွာ ျပဳျပင္ဖါေထးျပီး ေျပးဆြဲဖို႔ မျဖစ္ႏုိင္ေၾကာင္း၊ သူ႕အေနနဲ႔ တာ၀န္ယူတာ မၾကာေသးတဲ့အတြက္ အျခားေသာ နည္းနာေတြရွာျပီး လုပ္ကိုင္ေဆာင္ရြက္မွာ ျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္။

စိတ္ေမာစရာပါပဲ။ တကယ္ေတာ့ ျပည္တြင္းေရေၾကာင္းဟာ အစိုးရဘတ္ဂ်က္ကေန ထြက္ခဲ့ျပီးေနာက္ ဌာန ရံပံုေငြနဲ႔ လည္ပတ္တဲ့ အဖြဲ႕အစည္းအျဖစ္ ေျပာင္းလဲခဲ့ျပီး ျဖစ္ပါတယ္။ အရင္က ျပည္တြင္းေရေၾကာင္းမွာ တစ္တုိင္းျပည္လံုး အတုိင္းအတာနဲ႔ ေရယာဥ္လိုင္းေပါင္း ၆၄ လိုင္းရွိေနရာကေန တြက္ေျခမကိုက္တဲ့ လိုင္းေတြ ျဖဳတ္ပစ္လိုက္လို႔ အခုဆို ၁၈ လိုင္းေလာက္ပဲ က်န္ပါေတာ့တယ္။ ဒါကို ေကာ္ပိုေရးရွင္းအျဖစ္ ေျပာင္းမွာလား၊ ပုဂၢလိကကို လဲႊမလား၊ ဘာမွ မဆံုးျဖတ္ရေသးဘူးလို႔ ဆုိပါတယ္။ လက္ေတြ႕အေျခအေနမွာေတာ့ ျပည္သူေတြ အတိဒုကၡေရာက္ေနတာ သိသာထင္ရွားပါတယ္။

တကယ္ေတာ့ ပို႔ေဆာင္ေရးက႑ ဆိုတာဟာ ျပည္သူေတြအတြက္ အလြန္အေရးၾကီးပါတယ္။ အရင္ အစိုးရအဆက္ဆက္ဟာ ဒီက႑နဲ႔ ပတ္သက္ျပီး လက္ေတြ႕က်က် အက်ိဳးျဖစ္ထြန္းေအာင္ ေဆာင္ရြက္ မေပးႏုိင္ခဲ့ပါဘူး။ စီမံခန္႔ခြဲမွဳညံ့ဖ်င္းတာ၊ အဂတိလိုက္စားတာေတြေၾကာင့္ တုိင္းျပည္ဘ႑ာလဲကုန္၊ ျပည္သူေတြလည္း အက်ိဳးမခံစားရ ဆိုတာမ်ိဳး ျဖစ္ခဲ့တာပါ။ အခု ရခုိင္ျပည္နယ္က ေရေၾကာင္းခရီးစဥ္ကိုၾကည့္ရင္ ကမ္းရိုးတန္းသြား သေဘၤာတစ္စီး ေဒၚလာ ၃ သန္းခြဲေက်ာ္ေလာက္ ကုန္မွာမို႔ ဘယ္ ပုဂၢလိက ကမွ ရင္းႏွီးျမွဳပ္ႏွံခ်င္မွာ မဟုတ္ပါဘူး။ ဒီလို အေနအထားမ်ိဳးမွာ ျပည္သူေတြအတြက္ အစိုးရကပဲ ၀င္ေရာက္ကိုင္တြယ္ ေျဖရွင္းေပးရမွာ ျဖစ္ပါတယ္။ ဒီအတြက္ အစိုးရဟာ အခြန္အေကာက္လို ေနရာမ်ိဳးကေန တုိင္းျပည္ ဘ႑ာ မ်ားမ်ားရေအာင္ ရွာျပီး ျပည္သူေတြအတြက္ ဘတ္ဂ်က္ မ်ားမ်ား အသံုးျပဳဖို႔ လိုေနပါတယ္။

လက္ရွိ ျပသနာဟာ ရခုိင္ျပည္နယ္က ေရေၾကာင္းခရီးစဥ္ တစ္ခုအေၾကာင္းပဲ ရွိပါေသးတယ္။ အျခားေသာ တုိင္းနဲ႔ ျပည္နယ္ အသီးသီးက ပို႔ေဆာင္ေရးက႑မွာ ျပသနာေတြ အမ်ားၾကီးရွိေနပါေသးတယ္။ ဘတ္ဂ်က္ေငြေတြကို တကယ္လိုတဲ့ေနရာမွာ မသံုး၊ မလိုတဲ့ေနရာမွာ ျဖဳန္းပစ္ေနတာလဲ အမ်ားၾကီးပါ။ ဥပမာ ရန္ကုန္မွာ လူသိပ္မစီးတဲ့ လွ်ပ္စစ္ရထား စက္ေခါင္း ၀ယ္ျပီး ေျပးျပတာမ်ိဳး၊ ေခါက္တိုေျပး RBE ရထားေတြ ဆြဲျပတာမ်ိဳး ေဒၚလာသန္းခ်ီ ျဖဳန္းတီးပစ္ခဲ့တာေတြ ေတြ႕ႏိုင္ပါတယ္။ လက္ရွိ အင္န္အယ္လ္ဒီ အစိုးရအေနနဲ႔ကေတာ့ တုိင္းျပည္အတြက္ ဘ႑ာေငြမ်ားမ်ားရွာ၊ ထိေရာက္တဲ့ စီမံခန္႔ခြဲမွဳ စနစ္နဲ႔ ျပည္သူေတြလိုအပ္ေနတဲ့ က႑အသီးသီးအတြက္ ေငြမ်ားမ်ားသံုးႏုိင္မွသာ ျပည္သူေတြ ေနထိုင္မွဳဘ၀ အဆင္ေျပလာမွာျဖစ္သလို၊ တုိင္းျပည္ စီးပြားေရးလည္း လိုက္ပါ တုိးတက္လာမွာ ျဖစ္ပါေၾကာင္း သံုးသပ္တင္ျပလိုက္ရပါတယ္။

ဦးစည္သူေအာင္ျမင့္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.................................


သံလွင်မြစ်ပေါ်က မြန်မာမော်တော်ယာဉ်များပြေးဆွဲနေစဉ်
ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူအမတ် ဦးဘရှိန်က မေးခွန်းတစ်ခုမေးပါတယ်။ ဒါကို လက်ရှိ ပို့ဆောင်ရေးဝန်ကြီး ဦးသန့်စင်မောင်က ပွင့်ပွင့်လင်းလင်း ပြန်ဖြေပါတယ်။ အမေးအဖြေဟာ ရယ်စရာ ကောင်းသလို၊ တိုင်းရင်းသားတွေ အတွက်ရော၊ မြန်မာနိုင်ငံ အတွက်ပါ ၀မ်းနည်းစရာလည်း ကောင်းပါတယ်။ ဦးဘရှိန် မေးတာက ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မတ်လအထိ ရခိုင်ပြည်နယ်မှာ စစ်တွေ-မြေပုံ- ကျောက်ဖြူ-ရမ်းဗြဲ- တောင်ကုတ်- မာန်အောင် ခရီးစဉ်ကို ပြည်တွင်းရေကြောင်းက ပြေးဆွဲပေးခဲ့တယ်၊ နောက်တော့ အောင်တံခွန် ၃ သင်္ဘော နစ်မြုပ်ခဲ့ချိန်ကစ ဒီကနေ့အချိန်ထိ ဘာသင်္ဘောမှ ပြေးဆွဲပေးခြင်းမရှိတော့ဘူး၊ ပြည်သူတွေ ဒုက္ခရောက်ကြတယ်၊ ဒါကြောင့် အဲဒီ ခရီးစဉ် ဘယ်တော့ ပြန်ပြေးဆွဲပေးနိုင်မလဲ မေးတာပါ။ ပို့ဆောင်ရေးဝန်ကြီးပြန်ဖြေတာကတော့ သင်္ဘောဆောက်ဖို့ စီစဉ်နေတယ်၊ ဒါပေမယ့် သံပြားတွေ၊ သံကိုင်းတွေတောင် မမှာရသေးဘူး ဆိုတာပဲ ဖြစ်ပါတယ်။ ဒီ ပြသနာ ဘယ်လို ပြသနာမျိုးလဲ၊ ပို့ဆောင်ရေးကဏ္ဍမှာ တိုင်းရင်းသားတွေနဲ့ ပြည်သူတွေ ဘယ်လောက် ခက်ခဲနေသလဲ၊ ဒီပြသနာ လက်ရှိ အင်န်အယ်လ်ဒီ အစိုးရ ဘယ်လို ကိုင်တွယ် ဖြေရှင်းသင့်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

လွှတ်တော်တွင်း ဦးဘရှိန်မေးတဲ့ မေးခွန်း အပြည့်အစုံကတော့ အရင် နှစ်ပေါင်းများစွာကတည်းက ရခိုင်ပြည်နယ် စစ်တွေနဲ့ တောင်ဘက် မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မာန်အောင် မြို့တွေကို အစိုးရပိုင် ပြည်တွင်းရေကြောင်း သင်္ဘောတွေနဲ့ ပြေးဆွဲပေးခဲ့တဲ့အကြောင်း၊ ပြီးခဲ့တဲ့နှစ် မတ်လမှာ အဲဒီခရီးစဉ် ပြေးဆွဲနေတဲ့ အောင်တံခွန်-၃ ရေယာဉ် နစ်မြုပ်ပြီး လူပေါင်း ၁၆၀ လောက်သေ၊ သင်္ဘောကိုလည်း ပြန်ဆယ်မရ ဖြစ်ခဲ့ကြောင်း၊ အဲဒီအချိန်ကစ ပြည်တွင်းရေကြောင်းကနေ သင်္ဘောခရီးစဉ် ပြေးဆွဲပေးခြင်း မရှိလို့ ရခိုင်ပြည်သူတွေ အခက်အခဲတွေ့ခဲ့ကြောင်း ပြောပြပါတယ်။ လက်ရှိ ပုဂ္ဂလိကပိုင်အဖြစ် ရှပ်ပြေးရေယာဉ် ပြေးဆွဲပေမယ့် အရင် ပြည်တွင်းရေကြောင်းက ကျပ် ၃၀၀၀ လောက်ယူတဲ့ ခရီးကို ကျပ် ၁၆၀၀၀ လောက် ယူနေတဲ့အကြောင်း၊ နောက်ပိုင်း ပိုပြီးဆိုးတာက ရှပ်ပြေးရေယာဉ်တွေဟာ ဆီကုန်လို့ဆိုပြီး မြေပုံမြို့ကို ၀င်ရောက် ဆိုက်ကပ်တာ မလုပ်တော့ကြောင်း၊ ဒီအတွက် မြေပုံမြို့နယ်က ပြည်သူတွေဟာ ငွေတတ်နိုင်ရင် မော်တော်စင်းလုံးငှားရင်ငှား မငှားနိုင်ရင် အခက်အခဲတွေ့နေရကြောင်း ရှင်းပြပါတယ်။ ဒီအတွက် အဲဒီ ခရီးစဉ်တွေကို ပြည်တွင်းရေကြောင်းအနေနဲ့ ဘယ်အချိန် ပြန်ပြီး ပြေးဆွဲပေးနိုင်မလဲ ဆိုပြီး မေးတာ ဖြစ်ပါတယ်။
အများပြည်သူ့ ပို့ဆောင်ရေးကဏ္ဍ ဘယ်လောက်တောင် ပျက်စီးခဲ့သလဲ

ပို့ဆောင်ရေးဝန်ကြီး ဦးသန့်စင်မောင် ပြန်ဖြေတာက အဲဒီ စစ်တွေနဲ့ တောင်ဘက် မြို့တွေရဲ့ ခရီးစဉ်ကို အရင်က အောင်တံခွန် သင်္ဘောတွေ၊ အလောင်းဘုရား၊ အလင်းရောင် စတဲ့ သင်္ဘောတွေနဲ့ ပြေးဆွဲပေးခဲ့တာဖြစ်ကြောင်း၊ အဲဒီသင်္ဘောတွေဟာ ကမ်းရိုးတန်းသွားအတွက် တည်ဆောက်ထားတာ မဟုတ်ပဲ မြစ်ကြောင်းသွား သင်္ဘောတွေဖြစ်တဲ့အပြင် နှစ်ပေါင်း ၂၀ ကျော် သက်တန်းကြာမြင့်ခဲ့ပြီလည်း ဖြစ်ကြောင်း၊ အောင်တံခွန် သင်္ဘော နစ်မြုပ်မှုဖြစ်ခဲ့ပြီးနောက် အဲဒီ သင်္ဘောတွေ ပြေးဆွဲတာကို ရပ်နားလိုက်တဲ့အကြောင်း ရှင်းပြပါတယ်။

ဒီအတွက် စစ်တွေနဲ့ တောင်ပိုင်း မြို့တွေကို ပြေးဆွဲပေးနိုင်ရေး သင်္ဘောတစ်စီးရဖို့ အရင် ပို့ဆောင်ရေးဝန်ကြီးက ဂျပန်နိုင်ငံကို အကူအညီတောင်းခဲ့ကြောင်း၊ ဂျပန်ကတော့ သက်ကယ်ပစ္စည်းတွေ အပါအဝင် ဂျပန်ယန်း သန်း ၂၀၀၊ အမေရိကန်ဒေါ်လာ ၂ သန်းဝန်းကျင်လောက်ပဲ ကူညီနိုင်မယ့်အကြောင်း ပြောတယ်လို့ ဆိုပါတယ်။ ဒီအခါ ပို့ဆောင်ရေးဝန်ကြီးဟောင်းက ဂျပန်က အကူအညီပေးမယ့် ဒေါ်လာ ၂ သန်းလောက်ကို တောင်းခံပြီး၊ ဒေါ်လာ ၃ သန်းခွဲလောက်တန်တဲ့ ကမ်းရိုးတန်းသွား သင်္ဘော တစ်စီး တည်ဆောက်မယ်၊ ဒီအတွက် သံပြားတွေ၊ သံကိုင်းတွေ ဂျပန်ကိုမှာမယ်လို့ စီစဉ်ထားတဲ့အကြောင်း၊ ပထမ အဆင့်အနေနဲ့ ရေယာဉ် ဒီဇိုင်းရေးဆွဲရေး ကက်တီပီလာ ကုမ္ပဏီနဲ့ စကားပြောတဲ့အခါ ကျပ် သိန်း ရ၀၀၀ တောင်းလို့ မတတ်နိုင်ကြောင်း၊ လက်ရှိ ပြည်တွင်း အင်ဂျင်နီယာ အဖွဲ့မှာ ကျပ် သိန်း ၁၀၀၀ နဲ့ အပ်နှံဖို့ စကားပြောထားဆဲ ရှိကြောင်း၊ ဂျပန်ဆီက ရမယ့် ငွေကလည်း မရသေးကြောင်း၊ ဒါကြောင့် အဲဒီ ပြည်တွင်းရေကြောင်း ခရီးစဉ် ဘယ်အချိန် ပြန်ပြေးဆွဲပေးနိုင်မလဲ အတိအကျ မပြောနိုင်တဲ့အကြောင်း ရှင်းပြပါတယ်။

ဒီအခါ ဦးဘရှိန်က နောက်ဆက်တွဲ မေးခွန်းအနေနဲ့ အဲဒီ စစ်တွေမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောဟောင်းတွေကို ပြုပြင်ပြီးတော့ ပြေးဆွဲခိုင်းရင် မဖြစ်ဘူးလား၊ အန္တရယ်ရှိတယ် ဆိုတာ ရခိုင်ပြည်သူတွေ သိပါတယ်၊ အဲဒီ အန္တရယ်တွေကြားထဲကပဲ ၀မ်းပေါက်တာကို ဘိလပ်မြေနဲ့ ဖာတန်ဖာ၊ ပိတ်တန်ပိတ်၊ ဒီသဘောင်္တွေကိုပဲ နှစ်ပေါင်းများစွာ စီးလာခဲ့တာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ ပို့ဆောင်ရေးဝန်ကြီးကတော့ သင်္ဘောဆွဲပြီ ဆိုကတည်းက ၀န်ထမ်းတွေရော၊ အရာရှိတွေရော အဆင့်ဆင့် တာဝန်ယူ တာဝန်ခံရတာ ဖြစ်ကြောင်း၊ ဒါကြောင့် အန္တရာယ် မကင်းတဲ့ အနေအထားမှာ ပြုပြင်ဖါထေးပြီး ပြေးဆွဲဖို့ မဖြစ်နိုင်ကြောင်း၊ သူ့အနေနဲ့ တာဝန်ယူတာ မကြာသေးတဲ့အတွက် အခြားသော နည်းနာတွေရှာပြီး လုပ်ကိုင်ဆောင်ရွက်မှာ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

စိတ်မောစရာပါပဲ။ တကယ်တော့ ပြည်တွင်းရေကြောင်းဟာ အစိုးရဘတ်ဂျက်ကနေ ထွက်ခဲ့ပြီးနောက် ဌာန ရံပုံငွေနဲ့ လည်ပတ်တဲ့ အဖွဲ့အစည်းအဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်။ အရင်က ပြည်တွင်းရေကြောင်းမှာ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ ရေယာဉ်လိုင်းပေါင်း ၆၄ လိုင်းရှိနေရာကနေ တွက်ခြေမကိုက်တဲ့ လိုင်းတွေ ဖြုတ်ပစ်လိုက်လို့ အခုဆို ၁၈ လိုင်းလောက်ပဲ ကျန်ပါတော့တယ်။ ဒါကို ကော်ပိုရေးရှင်းအဖြစ် ပြောင်းမှာလား၊ ပုဂ္ဂလိကကို လွှဲမလား၊ ဘာမှ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ လက်တွေ့အခြေအနေမှာတော့ ပြည်သူတွေ အတိဒုက္ခရောက်နေတာ သိသာထင်ရှားပါတယ်။

တကယ်တော့ ပို့ဆောင်ရေးကဏ္ဍ ဆိုတာဟာ ပြည်သူတွေအတွက် အလွန်အရေးကြီးပါတယ်။ အရင် အစိုးရအဆက်ဆက်ဟာ ဒီကဏ္ဍနဲ့ ပတ်သက်ပြီး လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက် မပေးနိုင်ခဲ့ပါဘူး။ စီမံခန့်ခွဲမှုညံ့ဖျင်းတာ၊ အဂတိလိုက်စားတာတွေကြောင့် တိုင်းပြည်ဘဏ္ဍာလဲကုန်၊ ပြည်သူတွေလည်း အကျိုးမခံစားရ ဆိုတာမျိုး ဖြစ်ခဲ့တာပါ။ အခု ရခိုင်ပြည်နယ်က ရေကြောင်းခရီးစဉ်ကိုကြည့်ရင် ကမ်းရိုးတန်းသွား သင်္ဘောတစ်စီး ဒေါ်လာ ၃ သန်းခွဲကျော်လောက် ကုန်မှာမို့ ဘယ် ပုဂ္ဂလိက ကမှ ရင်းနှီးမြှုပ်နှံချင်မှာ မဟုတ်ပါဘူး။ ဒီလို အနေအထားမျိုးမှာ ပြည်သူတွေအတွက် အစိုးရကပဲ ၀င်ရောက်ကိုင်တွယ် ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက် အစိုးရဟာ အခွန်အကောက်လို နေရာမျိုးကနေ တိုင်းပြည် ဘဏ္ဍာ များများရအောင် ရှာပြီး ပြည်သူတွေအတွက် ဘတ်ဂျက် များများ အသုံးပြုဖို့ လိုနေပါတယ်။

လက်ရှိ ပြသနာဟာ ရခိုင်ပြည်နယ်က ရေကြောင်းခရီးစဉ် တစ်ခုအကြောင်းပဲ ရှိပါသေးတယ်။ အခြားသော တိုင်းနဲ့ ပြည်နယ် အသီးသီးက ပို့ဆောင်ရေးကဏ္ဍမှာ ပြသနာတွေ အများကြီးရှိနေပါသေးတယ်။ ဘတ်ဂျက်ငွေတွေကို တကယ်လိုတဲ့နေရာမှာ မသုံး၊ မလိုတဲ့နေရာမှာ ဖြုန်းပစ်နေတာလဲ အများကြီးပါ။ ဥပမာ ရန်ကုန်မှာ လူသိပ်မစီးတဲ့ လျှပ်စစ်ရထား စက်ခေါင်း ၀ယ်ပြီး ပြေးပြတာမျိုး၊ ခေါက်တိုပြေး RBE ရထားတွေ ဆွဲပြတာမျိုး ဒေါ်လာသန်းချီ ဖြုန်းတီးပစ်ခဲ့တာတွေ တွေ့နိုင်ပါတယ်။ လက်ရှိ အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ကတော့ တိုင်းပြည်အတွက် ဘဏ္ဍာငွေများများရှာ၊ ထိရောက်တဲ့ စီမံခန့်ခွဲမှု စနစ်နဲ့ ပြည်သူတွေလိုအပ်နေတဲ့ ကဏ္ဍအသီးသီးအတွက် ငွေများများသုံးနိုင်မှသာ ပြည်သူတွေ နေထိုင်မှုဘဝ အဆင်ပြေလာမှာဖြစ်သလို၊ တိုင်းပြည် စီးပွားရေးလည်း လိုက်ပါ တိုးတက်လာမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment