Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 10, 2016

ေခတ္စားလာခဲ႔သည့္ ေရာင္းသူမဲ႔ မ်ား အေၾကာင္း



ေရာင္းသူမဲ႔ အေအးဆိုင္ေတြက အစျပဳျပီး ေခတ္စားလာခဲ႔သည္မွာ ခုျမန္မာျပည္တလ်ား ေတာ္ေတာ္
ေရာင္းသူမဲ႔ေတြ လုပ္လာျကေပျပီ..ရုပ္ရွင္ရံု. .စားေသာက္ဆိုင္
ေစ်းဆိုင္ေတြက အစ ေရာင္းသူမဲ႔. . ဒီမိုကေရစီသက္တမ္းကလည္းရင့္လာျပီဆိုေတာ့ လူေတာ္ေတာ္မ်ားမ်ား စည္းကမ္းရွိလာ
ျကသည္. .အရင္လို ပိုက္ဆံေတြခိုးယူတာေတြ မေပးပဲေသာက္သြားတာမ်ိဳးေတြကမရွိသေလာက္ ရွားလာေပျပီ. . .
ယေန႔ပဲျကည့္ေလ. .
မတင္ေရႊက ကိုယ္ေလးလက္ဝန္နဲ႔ဆိုေတာ့ငလြင္ပဲ မနက္ေစာေစာတိုင္း
ငလြင္ေစ်းသြားသည္. .ေစ်းက နည္းနည္းလွမ္းေတာ့လမ္းမေလ်ွာက္ခ်င္. .
ပိုက္ဆံႏွေျမာလို႔ မျဖစ္. .ဆိုက္ကား ငွားစီးသြားသည္. .ဆိုက္ကားက ေမာင္းသူမဲ႔ ဆိုက္ကား. .
လမ္းထိပ္က မေက်းပင္ ေအာက္မွာထိုးထားသည္. .မန္ေက်းပင္ ပင္စည္မွာ စာကပ္လ်က္. .
ေမာင္းသူမဲ႔ ဆိုက္ကား
ေစ်း . .ငါးရာကားမွတ္တိုင္. .သံုးရာ . လမ္း. .ခုႏွစ္ရာာ. .
ပိုက္ဆံငါးရာကို မန္ေက်းပင္ေအာက္ ပံုးထဲထည့္ျပီး ကိုယ္တိုင္ နင္းလာလိုက္ရံုသာ. .ေတာ္ေတာ္ အဆင္ေျပသည္. .
ေစ်းေရာက္ေတာ့ ငါးဝယ္သည္. .ငါးစားရိုင္းက အရွင္လတ္လတ္ေတြ. .အနားမွာ ရွိသည့္တံုးနဲ႔ ေလးငါးေကာင္
ထုျပိဳက္သည္. .ဂရမ္မွာ ကိုယ္တိုင္ခ်ိန္က်သေလာက္ ပိုက္ဆံထည့္ခဲ႔ရံုသာ. .
ဟင္းသီး ဟင္းရြက္ဝယ္လည္း အာ့အတိုင္း. .တေစ်းလံုး ေရာင္းသူမဲ႔ဆိုင္ေတြခ်ည္း ျဖစ္ကုန္ေလျပီ. .
ေစ်းဝယ္ျပီးေတာ့ လက္ဖက္ရည္ဆိုင္ ဝင္သည္. .အသင့္ျကိဳထားေသာ ဓါတ္ဗူးထဲက
ေရးေႏြးနဲ႔ ေကာ္ဖီမစ္တထုပ္ကို ေဖ်ာ္ျပီးထိုင္မည့္ခံုသို႔ ကိုဟ္တိုင္ ယူေသာက္ေရာက္သည္. ေရာင္းသူမဲ႔ ဆိုင္ေပကိုးး. .
တျခားသူေတြလည္း ကြကိုယ္ေဖ်ာ္ေသာက္ ကြကိုယ္လႈပ္ရွားေနျကသည္ကိုေတြ႕သည္. .စားေသာက္ျပီး က်သေလာက္ေငြကို ဆိုင္ထဲရွိ မွန္ပံုးထဲကို ထည့္ျကသည္ကို ေတြ႔ရ၏
အိမ္ေရာက္ေတာ့. .(ခ်က္သူမဲ႔ စနစ္မေပၚေသး၍ )  ဝယ္လာသမ်ွေတြ ခ်က္ျပဳတ္ေနတုန္း
ေဆးခန္းျပျပီး ျပန္လာသည့္ေယာကၡမကို ေတြ႕ရသည္. .ေျခေထာက္က ေထာ့နင္းေထာ့နင္းနဲ႔. .
မတင္ေရႊက. ."အေမေရ ေဆးခန္းသြားျပတာ ဘယ္လိုေနလဲ သက္သာရဲ႕လားဟင္"
"အဖ်ားကေတာ့ က်သြားျပီး သမီးေရဒါေပမယ့္. .အားး က်ြတ္ က်ြတ္. .""ဒါေပမယ့္ ဘာျဖစ္လို႔လဲ အေမရဲ႕"
"အဝွာာ. .ေဆးခန္းက ကုသူမဲ႔ေဆးခန္းဆိုေတာ့ ကြကိုယ္ အပူတိုင္းျပီး ေဆးထိုးလိုက္တာာ အပ္က တပ္ပါးကို
အဆံုးဝင္သြားလို႔. .လက္ေနာက္ျပန္ထိုးရတာဆိုေတာ့မွန္းဆလို႔က မလြယ္တာကိုးး
အပ္ေတာင္ မနည္းျပန္ႏုတ္ယူရတယ္. .အဟင့္. ." "ျဖစ္ရေလ အေမရယ္. ."
ေဆးခန္းေတြေတာင္ ကုသူမဲ႔ေတြျဖစ္ကုန္ျပီးကိုးးေခတ္မွီထွာာေလ. .
ခဏျကာေတာ့ . ."အေဖ နဖူးမွာလည္း ဘုျကီးနဲ႔ ဘာျဖစ္လာတာတုန္းး. .""ျမိဳ႕ထဲက အျပန္ သက္သာေအာင္လို႔
ေမာင္းသူမဲ႔ taxi စီးလာတာေလ. .ကြကိုယ္ေမာင္းရေတာ့ မေမာင္းတတ္ေမာင္းတတ္နဲ႔
ဓါတ္တိုင္ဝင္တိုက္မိတာ ေတာ္ေသးတယ္ ေခါင္းမကြဲခဲ႔လို႔. ."
"ငင္!!အာ့ဆို ကားေရာ ဘာျဖစ္သြားလဲေလ်ာ္ရေတာ့မွာေပါ့. .""ေရွ႕မီးလံုးကြဲသြားတယ္
ေခါင္းလည္း ခ်ိဳင့္ဝင္သြားတာေပါ့မပူပါနဲ႔ သမီးေရေလ်ာ္သူမဲ႔ ဆိုျပီး အေဖ စာကပ္ခဲ႔တယ္အဟီးး. ."
ညဏ္ေကာင္းေပစြ. .!!
ဆိုင္းမဆင့္ ဗံုမဆင့္. .ရြာက မတင္ေရႊရဲ႕ ျကီးေတာ္သားအမိေရာက္လာသည္. .
ေရာက္ေရာက္ခ်င္း သူ႔သမီးကိုထုႏွက္ရိုက္ျပီး ငိုခ်င္းခ်သည္. ."မေျပာခ်င္ေတာ့ပါဘူးဟယ္
နင့္တူမ အျဖစ္ကိုလည္း ျကည့္ဦးကိုယ္ဝန္သံုးလ ရွိျပီးတဲ႔ ဘယ္သူနဲ႔ရတာလဲေမးေတာ့
ခုေခတ္စားေနတာ ဘာတဲ႔. .ယူသူမဲ႔တဲ႔. .အီးးဟီးး ဟီးးျကားလို႔ေကာင္းျကေသးရဲ႕လားအရပ္ကတို႔ရဲ႕. .ဟီးး ဟီးး. ."
ငလြင္လည္း ဒါမ်ိဳးဆို မေနနိုင္ဝင္စပ္စုမိသည္. ."အာ့ဆို အာ့လူကပိုက္ဆံကို ဘယ္နားထည့္ခဲ႔တာလဲငင္!!"
သူ႔တို႔အမ်ိဳးကို ဒီလို ေျပာရမလားဆိုျပီးေယာကၡမရယ္ သူ႔ျကီးေတာ္ရယ္ မတင္ေရႊရယ္ မိုးမႊန္ေအာင္ဆဲျပီး
သကာလ ငလြင္လည္း အိမ္ကဆင္းလာရေလ၏. .
သြားစရာေနရာက မရွိေတာ့ေျခလွမ္းမ်ားက လမ္းထိပ္ကေရာင္းသူမဲ႔ အရက္ဆိုင္ဆီကို
ဦးတည္ရေတာ့မည္. .လက္ထဲမွာေတာ့ဆိုင္ထဲက ပိုက္ဆံပံုးထဲကိုထည့္မည့္"ယေန႔အေျကြးေသာက္သြားသည္. ."
လို႔ ေရးထားတဲ႔ စာရြက္ကေလးကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္လ်ွက္. .
(ေရးသူမဲ႔ဟု မွတ္ယူျကပါကုန္. .)


ၾဆာ လြင္

...........................................



ရောင်းသူမဲ့ အအေးဆိုင်တွေက အစပြုပြီး ခေတ်စားလာခဲ့သည်မှာ ခုမြန်မာပြည်တလျား တော်တော်
ရောင်းသူမဲ့တွေ လုပ်လာကြပေပြီ..ရုပ်ရှင်ရုံ. .စားသောက်ဆိုင်
စျေးဆိုင်တွေက အစ ရောင်းသူမဲ့. . ဒီမိုကရေစီသက်တမ်းကလည်းရင့်လာပြီဆိုတော့ လူတော်တော်များများ စည်းကမ်းရှိလာ
ကြသည်. .အရင်လို ပိုက်ဆံတွေခိုးယူတာတွေ မပေးပဲသောက်သွားတာမျိုးတွေကမရှိသလောက် ရှားလာပေပြီ. . .
ယနေ့ပဲကြည့်လေ. .
မတင်ရွှေက ကိုယ်လေးလက်ဝန်နဲ့ဆိုတော့ငလွင်ပဲ မနက်စောစောတိုင်း
ငလွင်စျေးသွားသည်. .စျေးက နည်းနည်းလှမ်းတော့လမ်းမလျှောက်ချင်. .
ပိုက်ဆံနှမြောလို့ မဖြစ်. .ဆိုက်ကား ငှားစီးသွားသည်. .ဆိုက်ကားက မောင်းသူမဲ့ ဆိုက်ကား. .
လမ်းထိပ်က မကျေးပင် အောက်မှာထိုးထားသည်. .မန်ကျေးပင် ပင်စည်မှာ စာကပ်လျက်. .
မောင်းသူမဲ့ ဆိုက်ကား
စျေး . .ငါးရာကားမှတ်တိုင်. .သုံးရာ . လမ်း. .ခုနှစ်ရာာ. .
ပိုက်ဆံငါးရာကို မန်ကျေးပင်အောက် ပုံးထဲထည့်ပြီး ကိုယ်တိုင် နင်းလာလိုက်ရုံသာ. .တော်တော် အဆင်ပြေသည်. .
စျေးရောက်တော့ ငါးဝယ်သည်. .ငါးစားရိုင်းက အရှင်လတ်လတ်တွေ. .အနားမှာ ရှိသည့်တုံးနဲ့ လေးငါးကောင်
ထုပြိုက်သည်. .ဂရမ်မှာ ကိုယ်တိုင်ချိန်ကျသလောက် ပိုက်ဆံထည့်ခဲ့ရုံသာ. .
ဟင်းသီး ဟင်းရွက်ဝယ်လည်း အာ့အတိုင်း. .တစျေးလုံး ရောင်းသူမဲ့ဆိုင်တွေချည်း ဖြစ်ကုန်လေပြီ. .
စျေးဝယ်ပြီးတော့ လက်ဖက်ရည်ဆိုင် ဝင်သည်. .အသင့်ကြိုထားသော ဓါတ်ဗူးထဲက
ရေးနွေးနဲ့ ကော်ဖီမစ်တထုပ်ကို ဖျော်ပြီးထိုင်မည့်ခုံသို့ ကိုဟ်တိုင် ယူသောက်ရောက်သည်. ရောင်းသူမဲ့ ဆိုင်ပေကိုးး. .
တခြားသူတွေလည်း ကွကိုယ်ဖျော်သောက် ကွကိုယ်လှုပ်ရှားနေကြသည်ကိုတွေ့သည်. .စားသောက်ပြီး ကျသလောက်ငွေကို ဆိုင်ထဲရှိ မှန်ပုံးထဲကို ထည့်ကြသည်ကို တွေ့ရ၏
အိမ်ရောက်တော့. .(ချက်သူမဲ့ စနစ်မပေါ်သေး၍ )  ဝယ်လာသမျှတွေ ချက်ပြုတ်နေတုန်း
ဆေးခန်းပြပြီး ပြန်လာသည့်ယောက္ခမကို တွေ့ရသည်. .ခြေထောက်က ထော့နင်းထော့နင်းနဲ့. .
မတင်ရွှေက. ."အမေရေ ဆေးခန်းသွားပြတာ ဘယ်လိုနေလဲ သက်သာရဲ့လားဟင်"
"အဖျားကတော့ ကျသွားပြီး သမီးရေဒါပေမယ့်. .အားး ကျွတ် ကျွတ်. .""ဒါပေမယ့် ဘာဖြစ်လို့လဲ အမေရဲ့"
"အဝှာာ. .ဆေးခန်းက ကုသူမဲ့ဆေးခန်းဆိုတော့ ကွကိုယ် အပူတိုင်းပြီး ဆေးထိုးလိုက်တာာ အပ်က တပ်ပါးကို
အဆုံးဝင်သွားလို့. .လက်နောက်ပြန်ထိုးရတာဆိုတော့မှန်းဆလို့က မလွယ်တာကိုးး
အပ်တောင် မနည်းပြန်နုတ်ယူရတယ်. .အဟင့်. ." "ဖြစ်ရလေ အမေရယ်. ."
ဆေးခန်းတွေတောင် ကုသူမဲ့တွေဖြစ်ကုန်ပြီးကိုးးခေတ်မှီထှာာလေ. .
ခဏကြာတော့ . ."အဖေ နဖူးမှာလည်း ဘုကြီးနဲ့ ဘာဖြစ်လာတာတုန်းး. .""မြို့ထဲက အပြန် သက်သာအောင်လို့
မောင်းသူမဲ့ taxi စီးလာတာလေ. .ကွကိုယ်မောင်းရတော့ မမောင်းတတ်မောင်းတတ်နဲ့
ဓါတ်တိုင်ဝင်တိုက်မိတာ တော်သေးတယ် ခေါင်းမကွဲခဲ့လို့. ."
"ငင်!!အာ့ဆို ကားရော ဘာဖြစ်သွားလဲလျော်ရတော့မှာပေါ့. .""ရှေ့မီးလုံးကွဲသွားတယ်
ခေါင်းလည်း ချိုင့်ဝင်သွားတာပေါ့မပူပါနဲ့ သမီးရေလျော်သူမဲ့ ဆိုပြီး အဖေ စာကပ်ခဲ့တယ်အဟီးး. ."
ညဏ်ကောင်းပေစွ. .!!
ဆိုင်းမဆင့် ဗုံမဆင့်. .ရွာက မတင်ရွှေရဲ့ ကြီးတော်သားအမိရောက်လာသည်. .
ရောက်ရောက်ချင်း သူ့သမီးကိုထုနှက်ရိုက်ပြီး ငိုချင်းချသည်. ."မပြောချင်တော့ပါဘူးဟယ်
နင့်တူမ အဖြစ်ကိုလည်း ကြည့်ဦးကိုယ်ဝန်သုံးလ ရှိပြီးတဲ့ ဘယ်သူနဲ့ရတာလဲမေးတော့
ခုခေတ်စားနေတာ ဘာတဲ့. .ယူသူမဲ့တဲ့. .အီးးဟီးး ဟီးးကြားလို့ကောင်းကြသေးရဲ့လားအရပ်ကတို့ရဲ့. .ဟီးး ဟီးး. ."
ငလွင်လည်း ဒါမျိုးဆို မနေနိုင်ဝင်စပ်စုမိသည်. ."အာ့ဆို အာ့လူကပိုက်ဆံကို ဘယ်နားထည့်ခဲ့တာလဲငင်!!"
သူ့တို့အမျိုးကို ဒီလို ပြောရမလားဆိုပြီးယောက္ခမရယ် သူ့ကြီးတော်ရယ် မတင်ရွှေရယ် မိုးမွှန်အောင်ဆဲပြီး
သကာလ ငလွင်လည်း အိမ်ကဆင်းလာရလေ၏. .
သွားစရာနေရာက မရှိတော့ခြေလှမ်းများက လမ်းထိပ်ကရောင်းသူမဲ့ အရက်ဆိုင်ဆီကို
ဦးတည်ရတော့မည်. .လက်ထဲမှာတော့ဆိုင်ထဲက ပိုက်ဆံပုံးထဲကိုထည့်မည့်"ယနေ့အကြွေးသောက်သွားသည်. ."
လို့ ရေးထားတဲ့ စာရွက်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျှက်. .
(ရေးသူမဲ့ဟု မှတ်ယူကြပါကုန်. .)


ဆြာ လွင်

No comments:

Post a Comment